မြေပြိုကျမှု
-
Jun- 2024 -20 Juneသတင်း
ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ
ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူး“လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာကြောင့် သေဆုံးသူတွေရဲ့အမည်စာရင်း တိတိကျကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ “ခုလောလောဆယ်က သိရသေးမှာမဟုတ် ဒီလုပ်ကွက်အားလုံးက သူတို့သားအဖတွေရဲ့လုပ်ကွက်ဘဲလေ ခုလောလောဆယ်ကရှာဖွေရေးလုပ်နေကြတာဆိုတော့ နောက် ၂ ရက် ၃ရက်လောက်မှ သိရမှာ”လို့ နောက်ထပ်ဒေသခံတစ်ဦး ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ က မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – CJ
Read More » -
18 Juneသတင်း
ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး
KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက် ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာ မြေကမ်းပါးပြိုကျခဲ့တာကြောင့် ဦးရှန်တိန့်လ( Shangting La) အိမ်နဲ့ ဦးမုတ်ရေခေါင်ဒေါင်(Mukyin Hkawng Dau) တို့ အိမ်နှစ်အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ နေအိမ်တွေထိခိုက် ပျက်စီးတာတွေဖြစ်သွားပေမယ့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတော့ မရှိခဲ့ဘူးလို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “လူကတော့ ထိခိုက်ဖို့နည်းနည်းဘဲလိုတယ် ဦး ရှန်တိန့်လ( Shangting La) လဲနေတဲ့ ခုတင်ဘေးနားက နံရံမှာလာထိ ခုတင်တောင် ရွေ့သွားတယ်”လို့ ဆိုပါတယ်။ မြေကြီးပြိုကျလာတဲ့အချိန် ဦးရှိန်းတိန့်လ (Shingting La) နေအိမ်မှာရှိနေတာဖြစ်ပြီး အိမ်ထရံဘဲ ပျက်စီးသွားတဲ့အတွက် လူထိခိုက်ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။ သို့သော် ဦးမုတ်ရေခေါင်ဒေါင်(Mawye Hkawng Dau) ရဲ့ နေအိမ်နဲ့ မီးဖိုချောင်အကုန်လုံး ပျက်စီးသွားပြီး လူမရှိတဲ့ချိန် ပြိုကျခဲ့တာလို့ ဆိုပါတယ်။…
Read More » -
Mar- 2024 -12 Marchသတင်း
မနမှော်နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရ ၄ ဦးတွေ့ရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ထဲကနွံကန်တစ်ခုပေါက်ကျမှု ဖြစ်စဥ်မှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရှိထားသူ ၄ ဦးသာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဖားကန့်မြို့အနီး မနမှော်မှာရှိထဲက ပေ ၅၀၀ ဝန်းကျင်လောက် ကျယ်တဲ့ နွမ်ကန်တစ်ခု ဒီကနေ့မနက် ၄နာရီအချိန်မှာပေါက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီနွံကန်ပေါက်ကျမှုကြောင့် နွမ်ကန်ရဲ့အောက်မှာ…
Read More » -
Aug- 2023 -14 Augustသတင်း
မြေပြိုကျမှုမှာ ပါသွားတဲ့ ရေမဆေးသမားများရဲ့ ရုပ်အလောင်းရှာမတွေ့သေးသည့်အပြင် ကယ်ဆယ်ရေးသမားများ ရှာဖွေရေးအခက်အခဲကြုံတွေ့နေရ
ဖားကန့် မနမှော်မှာရှိတဲ့ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်း မြေစာပုံဟောင်းပြိုကျမှုမှာ ရေမဆေးသမား ၃၇ ဦးပျောက်ဆုံးနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေပေမယ့် မြေစာပုံအောက်ခြေမှာ ရေစိမ့်ထွက်နေတာကြောင့် ခက်ခဲဖြစ်နေတယ်လို့ မြန်မာနိုင်ငံကလူမှုကယ်ဆယ်ရေးအဖွဲ့( ဖားကန့်) အဖွဲ့ဆီကနေ သိရပါတယ်။ “ဖြစ်စဉ်ကတော့ မနေ့ကဖြစ်တာပေါ့နော် သတင်းရတာနဲ့ကျနော်တို့ ရှာဖွေကယ်ဆယ်ရေးလုပ်တယ် ဒီနေ့အထိပေါ့…
Read More » -
Jun- 2023 -20 Juneသတင်း
မြေရှားတူးဖော်သည့် လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွား
ချီဖွေမြို့နယ် ဖရဲ(Hpare)ကျေးရွာနှင့် ပန်ဝါကြား မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီ လုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုကြောင့် လူငယ် ၂ ဦးသေဆုံးမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည် ဟုသိရသည်။ ဇွန် ၁၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း ၃၂ နယ်မြေတွင်ရှိသော ဖရဲကျေးရွာအနီးရှိ မြေရှားသတ္တုတူးဖော်သည့် လုပ်ကွက်နေရာတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖရဲဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။ “KIA တပ်ရင်း ၃၂ အနီးက လုပ်ကွက်မှာဟုတ်တယ်။ တစ်ယောက်က တရုတ်လူမျိုး၊ တစ်ယောက်က ရဝမ်လူငယ်ဟုတ်တယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိအကျပြန်မသိဘူး။ အခြား ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ အလောင်းမတွေ့သေးတာလဲရှိတယ် ကြားတာပဲ ဒါပေမဲ့အတိအကျတော့ ပြန်မသိဘူး။ အဲ့လောက်ပဲသိရတယ်” ဟု ဖရဲဒေသခံတစ်ဦးက စာဖြင့်ပြောပြသည်။ မြေပြိုကျမှုထဲတွင်ပါသွားသည့် သေဆုံးသူ လူငယ် ၂ ဦး၏ ရုပ်အလောင်းသာ…
Read More »