သတင်း

မနမှော်နွံကန်ပေါက်ကျမှုမှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရ ၄ ဦးတွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ထဲကနွံကန်တစ်ခုပေါက်ကျမှု ဖြစ်စဥ်မှာ ရုပ်အလောင်းတစ်လောင်းနဲ့ ဒဏ်ရာရရှိထားသူ ၄ ဦးသာတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။

ဖားကန့်မြို့အနီး မနမှော်မှာရှိထဲက ပေ ၅၀၀ ဝန်းကျင်လောက် ကျယ်တဲ့ နွမ်ကန်တစ်ခု ဒီကနေ့မနက်  ၄နာရီအချိန်မှာပေါက်ကျခဲ့တာဖြစ်ပြီး အဲ့ဒီနွံကန်ပေါက်ကျမှုကြောင့် နွမ်ကန်ရဲ့အောက်မှာ ကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရေမဆေးသမား ၃၀ ဝန်းကျင်လောက်ပါသွားတာဖြစ်ပြီး အဲ့ဒီထဲက ရုပ်အလောင်းတစ်လောင်နဲ့ဒဏ်ရာရှိသူလေးဦးကိုသာတွေ့ရှိထားတယ်လို့ ရှာဖွေကယ်ဆယ် ရေးလုပ်နေတဲ့ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ရုပ်လောင်းကတစ်လောင်းပဲတွေ့တယ် ဒဏ်ရာရလေးယောက် အားလုံးကိုဆေးရုံပို့ထားတယ် ရှာတော့ရှာနေတုန်းပဲ ခဏနေဆိုနားတော့မှာမလွယ်ဘူးရှာဖို့ကလို့ အထက်ပါအမျိုးသားကပြောပါတယ်။

နွံကန်အနီးနေထိုင်တဲ့မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ နွံကန် ပေါက်ကျမှုထဲမှာ အရပ်သား ၃၀ ဝန်းကျင်နဲ့ ဘတ်ဖိုး ၁၀ စီးကျော်၊ မြေသယ်ကား ၃စီးခန့်ပါသွားတာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အရပ်သား ၃၀ ကျော်ရဲ့ရုပ်အလောင်းကိုဆက်လက်ရှာဖွေဖို့ခက်ခဲနေတဲ့အကြောင်း ရှာဖွေကယ်ဆယ်မှာပါဝင် နေတဲ့ ပရဟိတ လူငယ်တစ်ဦးက အခုလိုပြောပါတယ်။

လူကတော့  ၃၀ လောက်ပါသွားတယ် ဒါပေမယ့်အဲ့ကောင်ကရှာဖို့မလွယ်တော့ဘူး ဘတ်ဖိုးနဲ့နွံတွေကိုရှင်းပြီးရှာနေပေမယ့်မလွယ်ပါဘူး။ ပြီးခဲ့တဲ့ လူ ၃၀ တုန်းကတော့ရေဆိုတော့  ၃ရက်လောက်ဆိုပွပြီးတက်လာတာအခုဟာက နွံဆိုတော့ပြန်တက်လာစရာမရှိဘူးလေ နွံတွေ ရွံတွေနဲ့မြှပ်သွားတဲ့အခါကျတော့ဘယ်နေရာမှာရှိနေလဲဆိုတာရှာဖို့ကမလွယ်ဘူးလို့သူကပြောပါတယ်။

အရင်က ဖားကန့်မြေစာပုံပြိုကျမှုဖြစ်စဥ်တွေ ပျောက်ဆုံးသွားတဲ့ရုပ်အလောင်းတွေဟာ တစ်ရက် ၊၂ရက်အကြာ ရေပေါ်ပြန်တက်လာတာနဲ့ ရေငုပ်သမားတွေရဲ့ရေအောက်ဆင်းပြီးရှာဖွေမှုတွေကြောင့် ပျောက်ဆုံးရုပ်အလောင်းအတော်များများပြန်လည်ဖော်ထုတ်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်ဒီနေ့မနက် ဖြစ်စဥ်မှာတော့ ပေ ၅၀၀ ဝန်းကျင်ကျယ်တဲ့ရွံ့နဲ့ နွမ်တွေရောနေတဲ့ ကန်ပေါက်ကျတာဖြစ်တာကြောင့် ရုပ်အလောင်း ပြန်မပေါ်လာတာ နွံအောက်ထဲ ဆင်းပြီးရှာမရတာတွေကြောင့် ရုပ်အလောင်ဖော်ထုတ်ဖို့ခက်ခဲနေပြီး ဆက်လက်ရှာဖွေဖို့ မဖြစ်နိုင်တော့ကြောင်း ရှာဖွေကယ်ဆယ်ရေးသမားတွေကဆိုပါတယ်။

ဒီနေ့မနက် ပေါက်ကျခဲ့တဲ့ နွံကန်နဲ့ ပေ ၁၀၀ လောက်အကွာမှာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်မှာလည်း မြေစာပုံပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး သေဆုံးရုပ််အလောင်း ၃၀ အထိဖော်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖားကန့်ကျောက်စိမ်းဒေသမှာတော့ မိုးရာသီဝင်ခါစကာလနဲ့ မိုးတွင်းကာလတွေမှာ မြေစာပုံပြိုကျမှု၊ ရေကန်ပေါက်ကျမှုတွေကြောင့် အရပ်သားသေဆုံး၊ပျောက်ဆုံးမှုတွေ နှစ်စဥ်နှစ်တိုင်းရှိနေတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button