မြေရှားသတ္တု

  • Jun- 2024 -
    21 June
    သတင်း

    ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာ”လို့ ပြောပါတယ်။ လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက  ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ…

    Read More »
  • 20 June
    သတင်း

    ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူး“လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ လုံခြုံတင်းကြပ်ထားပြီး ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေတာကြောင့် သေဆုံးသူတွေရဲ့အမည်စာရင်း တိတိကျကျ သိရဖို့ခက်ခဲနေဆဲဖြစ်ပါတယ်။ “ခုလောလောဆယ်က သိရသေးမှာမဟုတ် ဒီလုပ်ကွက်အားလုံးက သူတို့သားအဖတွေရဲ့လုပ်ကွက်ဘဲလေ ခုလောလောဆယ်ကရှာဖွေရေးလုပ်နေကြတာဆိုတော့ နောက် ၂ ရက် ၃ရက်လောက်မှ သိရမှာ”လို့ နောက်ထပ်ဒေသခံတစ်ဦး ကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ က  မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက် မြေပြိုကျပြီး လုပ်သား ၂၀ ဝန်းကျင်သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိသလို ဒီတစ်ကြိမ်သေဆုံးမှုက အများဆုံးဖြစ်ပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက်  ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – CJ

    Read More »
  • 7 June
    သတင်း

    မြေရှားသတ္တုလုပ်ကွက်မြေပြိုမှု ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိ

    ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့လုပ်ကွတ်တစ်ခုမှာ မြေပြိုမှုမှာ ၄ ရက်မြောက်နေ့ထိ ရုပ်အလောင်း ၅ လောင်းသာရှာဖွေတွေ့ရှိထားသေးတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့ မနက် ၉ နာရီခန့်က ပန်ဝါကနေ ၅ မိုင်ခန့်အကွာမှာရှိတဲ့ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်အမှတ် ၃ ကလုပ်ကွက်တစ်ခုမှာ လုပ်ကွက်အထက်မှာရှိတဲ့ တောင်ပြိုကျလာပြီး လုပ်သား ၂၀ ဝန်းကျင်မြေစာပုံထဲပါသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ဇွန်လ ၆ ရက်နေ့ မနေ့ထိတော့ အလောင်း ၅ လောင်းသာတွေ့ရှိသေးတယ်လို့ ရှာဖွေရေးဆက်လုပ်နေသေးတယ်လို့လည်း သိရပါတယ်။  “လူ ၂၀ ကျော်ပါသွားတယ်လို့ပြောတယ် တချို့က အလောင်းတွေ့ပြီ။ အများပိုင်းတော့ အလောင်းမတွေ့သေးဘူး ၄ ရက်နေ့က မနက် ၉ နာရီလောက်မှာ ဖြစ်တာ။ ခုထိသိထားရတာက ၅ လောင်းတွေ့ပြီ။ အဲထဲမှာ တရုတ်လူမျိုး ၂ ယောက်၊ မြန်မာထဲက ၃ ယောက် ဟုတ်တယ် အများပိုင်းမတွေ့သေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဇွန် ၆ ရက်ထိ တွေ့ရှိတဲ့အလောင်းတွေထဲမှာ ဘတ်ဖောမောင်းသူ တရုတ်အမျိုးသား ၂ ဦးနဲ့ မြန်မာပြည် လုပ်သား ၃ ဦးဖြစ်တယ်လို့ သိရပါတယ်။  မြေပြိုမှုတဲ့အချိန် အနီးနားမှာ စျေးရောင်းနေတဲ့ ဆော့လော်ဘက်က အသက် ၁၉ နှစ်အရွယ် မဒေါင်နန်းဆိုသူလည်းအသက်သေဆုံးခဲ့တာဖြစ်ပြီး အဲဒီမိန်းကလေးတစ်ဦးနဲ့ ကျန်လုပ်သားအားလုံးဟာ အမျိုးသားတွေဖြစ်ပြီး လက်ရှိချိန်ထိအလောင်းတွေကို ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။  ဇွန် ၇ ရက် ဒီနေ့မနက်ထိ ပန်ဝါဒေသခံတစ်ဦး KNG သတင်းဌာနကို  Wechat မှတစ်ဆင့် အကြောင်းကြာတာကတော့ သေဆုံးသူအလောင်း ၆ လောင်းတွေ့ပြီဖြစ်ပေမဲ့ တရုတ်လုပ်ငန်းရှင်တွေဘက်က သတင်းဓါတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာတွေ၊ သတင်းပေးတာတွေ ရှိရင် ဒဏ်ငွေရိုက်တာတွေ၊ ခြိမ်းခြောက်ထားတာတွေရှိနေတယ်လို့ ဆိုပါတယ်။ မြေရှားသတ္တုတူးဖော်တဲ့ တရုတ်လုပ်ငန်းရှင်တွေဘက်ကတော့ သတင်းပေါက်ကြားမှုမဖြစ်အောင် ပိတ်ပင်တားမြစ်ထားတာတွေ ရှိနေသလို အခြားပြင်ပလူတွေကိုလည်း လုပ်ကွက်ထဲဝင်ခွင့်မပြုထားဘူးလို့ ဆက်လက်သိရပါတယ်။   အခုမြေပြိုမှုဖြစ်သွားတဲ့ လုပ်ကွက်ဟာ မြန်မာမျိုးကိုကိုကုမ္မဏီရဲ့လုပ်ကွက်ထဲမှာဖြစ်ပြီး ပြိုကျခဲ့တဲ့တောင်က ပေတစ်ထောင်ကျော်မြင့်တယ်လို့ သိရပါတယ်။  အဲဒီလုပ်ကွက်ထဲမှာ အလုပ်သမားသုံးရာကျော်နဲ့ လုပ်ကိုင်နေတဲ့လုပ်ကွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ချီဖွေ ၊ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တွေမှာ မြေပြိုပြီး ပုံမှန်လူသေဆုံးမှုဖြစ်စဉ်တွေဆက်တိုက်ရှိနေပေမဲ့ ဒီဖြစ်စဉ်ဟာ လူအသေအပျောက်အများဆုံး ပထမဆုံးဖြစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။  “ဖြစ်နိုင်ရင်တော့ မိုးရာသီမှာ ဘယ်လောက်ပဲ ခက်ခက် လုပ်ငန်းမလုပ်တာက ကောင်းတယ်လေ။ နွေရာသီ၊ ခြောက်သွေ့ချိန်ဆို နည်းနည်းခံသာသေးတယ်။ မိုးရာသီမှာက အခုလို ဘေးအန္တရာယ်ရှိတယ်။ ဒါပေမဲ့အခုက ငွေလိုတော့လည်း မရပ်မနား လုပ်ကြတာပေါ့ကွယ်။ ဒီနေရာမှာပဲမဟုတ်ဘူး။ အခြားနေရာတိုင်းမှာလည်း တောင်ပြို၊ကမ်းပြိုတာတွေရှိတယ်။ ရေကြီး ရေလျှံတယ်။ တံတားတွေ ကျိုးကျ မျှောပါသွားတာတွေရှိတယ်။ မျှောမောရွာမှာကြည့်လေ မြေရှားလုပ်ကွက်မဟုတ်လည်း ရေကြီးရေလျှံလို့ အိမ် ၁၀ အိမ်ကျော်ပါသွားတယ်။ ကျနော်တို့ဒေသမှာပဲ ကြုံတွေ့ရတယ်။ဒါက အန္တရာယ်ကြီးတယ်ဆိုတာ အစောကြီးကတည်းက ပြောနေကြပြီးသားပဲလေ”ဟုပန်ဝါဒေသခကဆက်ပြောပါတယ်။ ကမ္ဘာ့သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ စစ်ကောင်စီအောက် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေ စိုးမိုးထားတဲ့ ချီဖွေနဲ့ ပန်ဝါဒေသတွေမှာ မြေရှားသတ္တုတူးဖော်မှုဟာ ၂၀၂၁ ခုနှစ်ထက်  ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ ဒီထဲမှာ သတ္တုတူးဖော်တဲ့ လုပ်ကွက် ဆိုက်ပေါင်း သုံးရာကျော်ရှိနေပြီး၂၀၂၃ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်နိုင်ငံကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တုဟာ အမေရိကန်ဒေါ်လာ သန်း ၁၄၀၀ ကျော်ဖိုး ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 5 June
    သတင်း

    မြေရှားသတ္တုလုပ်ကွက်မြေပြိုမှုမှာ လုပ်သား ၁၂ ဦးဝန်းကျင်ပျောက်ဆုံးနေဆဲ

    ပန်ဝါမြို့အနီးမှာရှိတဲ့ လုပ်ကွက်နံပါတ် အမှတ် ၃ မှာ  မြေရှားသတ္တုကုမ္မဏီလုပ်ကွက်တစ်ခုမြေပြိုမှုဖြစ်ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံသား၂ ဦးရဲ့ရုပ်လောင်းရှာဖွေတွေ့ရှိထားပေမယ့် နောက်ထပ် ၁၂ ဦးခန့်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ပန်ဝါ‌ဒေသခံ‌တွေ ပြောပါတယ်။ ဒီဖြစ်စဉ်က ဇွန်လ ၄ ရက်နေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကနေ့ထိ ရှာဖွေရေးဆက်တိုက်လုပ်နေဆဲဖြစ်ပေမယ့် တရုတ်နိုင်ငံသားလုပ်ငန်းရှင် ၂ ဦးရဲ့ရုပ်အလောင်းနဲ့ မြန်မာပြည်သား ၂ ဦးရုပ်အလောင်းသာရှာတွေ့သေးတယ်လို့ သိရပါတယ်။ “ခုထိတော့ ၄ လောင်းဘဲရှာ‌တွေ့သေးတယ်လို့ သိရတယ်။ အဲမှာတရုတ်နိုင်ငံသား ၂ ယောက်ရဲ့အလောင်းက တရုတ်ဘက်ပို့လိုက်ပြီလို့ကြားတယ် ရှာ ဖွေရေးက ဆက်လုပ်နေတုန်းဘဲ“လို့ ပန်ဝါဒေသခံတစ်ဦးက ပြောပါတယ်။ မြေပြိုကျလို့ သေဆုံးသွားတဲ့ထဲမှာ မြေရှားသတ္တုလုပ်ငန်းခွင်မှာအလုပ်လာရောက်လုပ်ကိုင်နေတဲ့ မြန်မာပြည်နေရာအနှံ့က အလုပ်လာရောက်လုပ်ကိုင်တဲ့ လုပ်သားတွေအပါအဝင် ဈေးရောင်းတဲ့ အမျိုးသမီးငယ်တစ်ချို့လည်းပါဝင်တယ်လို့ သိရပေမယ့် မည်သူမည်ဝါတွေဖြစ်တယ်ဆိုတာ ရှာဖွေရေးလုပ်နေဆဲမို့ တိတိကျကျပြောဖို့ခက်နေသေးတယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီမြေပြိုမှုဟာ မြေရှားသတ္တုလုပ်ငန်းခွင်ရဲ့အထက်မှာရှိတဲ့ ရေလှောင်ကန်ပြိုကျရာကနေ လုပ်ငန်းခွင်ထဲရောက်နေသူအားလုံးနီးပါး မြေပိသေဆုံးတာဖြစ်တယ်လို့ပြောဆိုနေကြပေမယ့် ဖြစ်စဉ်အသေးစိတ်ကိုတော့ KNG သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ အလားတူ ဇွန်လ ၁ ရက်နေ့မှာလည်း  ချီဖွေမြို့နယ် ဇုတ်လန်ရွာအနီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခု မြေပြိုကျခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ကိုဒိုင်ခေါင်ဆိုသူလုပ်သားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာလည်း ချီဖွေမြို့နယ် ပန်ဝါဒေသက မြေရှားသတ္တုလုပ်ငန်းခွင်တစ်ခုမှာ မြေပြိုတဲ့အထဲ အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ် ချီဖွေမြို့နယ်အပါအဝင် ကချင်အထူးဒေသ ၁ နယ်မြေဖြစ်တဲ့ ပန်ဝါမြို့တွေမှာ မြေရှားတူးဖော်မှုပိုမိုဆိုးရွားလာနေတဲ့အပြင် မြေရှားသတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့မှုအကြီးအကျယ်မြင့်တက်နေတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးစောင့်ကြည့်တဲ့အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Global Witness အဖွဲ့က မေလ ၁၇ ရက်နေ့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်မှာ တရုတ်သို့မြေရှားတင်ပို့တဲ့ပမာဏဟာ ၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တန်ရှိပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ တန်ချိန် ၄၁၇၀၀ အထိ မြင့်တက်လာတာကြောင့် တင်ပို့မှုပမာဏဟာ ၂ ဆကျော်ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ

    Read More »
  • Feb- 2024 -
    19 February
    သတင်း

    မြေရှားတူးဖော်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ့တစ်ချို့ ခံဝန်ကတိနဲ့လွတ်မြောက်

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေနဲ့ KIA ကြားပြဿနာဖြစ်ပွားရာမှာ ဖမ်းဆီးသွားတဲ့ အရပ်သား ၄၄ ဦးထဲက ၁၀ ယောက်ကျော်ကို ပြန်လွှတ်ပြီဖြစ်ပေမဲ့ တက်ကြွလှုပ်ရှားသူ ၃၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဖရဲဒေသခံပြည်သူတွေပြောပါတယ်။

    Read More »
  • Apr- 2022 -
    13 April
    သတင်း

    မြေရှားတူးဖော်ရေးအစီစဉ် ကန့်ကွက်သူကို ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးထား

    ကချင်ပြည်နယ် ချီဖွေမြို့နယ် ချန်းမော်ခုန်းဒေသ ထွန်းရှိန်ကျေးရွာတွင် မြေရှားသတ္ထု (Rare Earth) တူးဖော်ရန် ကန့်ကွက်သည့် ဒေသခံ ဆယ်အိမ်မှူး အမျိုးသားတစ်ဦးကို ဌာနယ်ပြည်သူ့စစ်အဖွဲ့က ဧပြီလ ၁၁ ရက်နေ့ နံနက် ၉နာရီဝန်းကျင်ခန့်တွင် လက်ထိပ်ခတ် ရိုက်နက်ကာ…

    Read More »
Back to top button