မြေရှားသတ္တု
- Jun- 2026 -24 Juneသတင်း

ချိီဖွေမြို့အနီး မြေရှားတူးဖော်လာမှုအပေါ် ဒေသခံတွေကန့်ကွက်
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ ဝင်ရောက်လာနေတာကြောင့် ကျေးရွာတချို့မှာ ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
Read More » - 11 Juneလူထုအသံ

ကချင်မြေရှားသတ္တုတူးဖော်မှု၏ သက်ရောက်မှုများအလယ်က အမျိုးသမီးများ၏ အသံများ (အပိုင်း ၂)
English Edition Below Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။ နာမည် – Ah Tawng၊ အသက် – ၃၀ နှစ်…
Read More » - 8 Juneအင်တာဗျူး

ကချင်မြေရှားသတ္တုတူးဖော်မှု၏ သက်ရောက်မှုများအလယ်က အမျိုးသမီးများ၏ အသံများ (အပိုင်း ၁)
English Translation Below Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။ နာမည်က အပန် ၊ အသက် ၃၃ နှစ်ရှိပါပြီ။ ကျမက ဖရဲရွာမှာ…
Read More » - May- 2026 -27 Mayအတွေးအမြင်

မြန်မာနိုင်ငံမြောက်ပိုင်းရှိ သယံဇာတထုတ်ယူမှုနှင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများ
မြန်မာနိုင်ငံမြောက်ပိုင်း၊ အထူးသဖြင့် ကချင်ပြည်နယ်သည် ယနေ့တွင် အရှေ့တောင်အာရှ ဒေသအတွင်း ပတ်ဝန်းကျင်ဆိုင်ရာ အထိအခိုက်အများဆုံးဒေသများမှ တစ်ခုဖြစ်သော်လည်း မဟာဗျူဟာအရ အရေးပါသည့် ဒေသတစ်ခုအဖြစ် ပိုမိုထင်ရှားလာနေပါသည်။ ကျောက်စိမ်း၊ ရွှေ၊ သစ်တောသယံဇာတ များနှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာစက်မှုလုပ်ငန်းများ၊ ခေတ်မီလက်နက်…
Read More » - 26 Mayသတင်း

မြေရှားစမ်းသပ်တူးဖော်မှုအပေါ် ဒေသခံများ စိုးရိမ်
ကချင်ပြည်နယ်၊ မံစီမြို့နယ် မန့်ဝိန်းကြီးဒေသဘက်တွင် မြေရှားသတ္တုတူးဖော်ရန် KIO က ပြင်ဆင်နေပြီး လက်ရှိတွင် ကျေးရွာများအတွင်း စမ်းသပ်တူးဖော်မှုများ လုပ်ဆောင်လာနေတဲ့အတွက် ဒေသခံတချို့ ကန့်ကွက်နေကြပါတယ်။
Read More » - 25 Mayသတင်း

မြေရှားလုပ်ကွက်တစ်ခုမှာ မြေပြိုပြီး လုပ်သားနှစ်ဦးသေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာဒေသ ပန်ဝါနဲ့ ဖရဲကြားက မြေရှားသတ္တု လုပ်ကွက်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦးအသက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
Read More » - Mar- 2026 -15 Marchမြေယာနှင့် သဘာဝပတ်ဝန်းကျင်

မြေရှား လုပ်သားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရမှုကို ဖြေရှင်းပေးရန် တောင်းဆို
မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကျေးရွာကြားရှိ မြေရှားသတ္တုလုပ်ကွက်ထဲက အလုပ်သမားတွေ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရမှု နှင့် လစာပုံမှန် မရရှိမှု စသည့်အခြေနေတွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေက တောင်းဆိုနေကြပါတယ်။ တရုတ်နယ်စပ် မိုင်ဂျာယန် နဲ့ အင်ခေါင်းပါကြားက မြေရှားသတ္တုလုပ်ကွက်တွေမှာ မြေရှားလုပ်သားတွေဟာ တစ်လကို တရုတ် ယွမ်ငွေ ၂,၆၀၀ ကနေ…
Read More » - Feb- 2026 -27 Februaryသတင်း

ပန်ဝါနယ်စပ်ဂိတ်ပိတ်လိုက်ပြီး မြေရှားလုပ်ကွက်တွေမှာ တရုတ်အလံလွှင့်ထူထား
KIO/KIA ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက် တရုတ်ဘက်က နယ်စပ်ဂိတ်ပိတ်လိုက်ပြီလို့ ဒေသတွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက်ပိုင်းကစပြီး ဆန်၊ ဆီ၊ ဆားကုန်စိမ်းတွေတင်သွင်းနေတဲ့ ပန်ဝါနယ်စပ်ဂိတ်တံခါးကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပန်ဝါဒေသထဲမှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာလည်း တရုတ်ကုမ္ပဏီတွေက တရုတ်နိုင်ငံ အလံတွေ လွှင့်ထူထားတယ်လို့ သိရပါတယ်။ “နယ်စပ်တံခါးလည်း ပိတ်လိုက်ပြီ၊ ကုန်စိမ်းတွေလည်း မဝင်တော့ဘူး။ ဆန်တွေလည်း မဝင်တော့ဘူး မနေ့က နေ့လည်ကစပြီး ပိတ်လိုက်တယ်ပြောတယ်။ တရုတ်တွေကတော့ လေယာဉ်လာမယ်ဆိုလို့တဲ့ အဲဒါပဲပြောတယ်။ လုပ်ကွက်တွေမှာ ရိက္ခာချွေတာဖို့ ပြောနေတယ်။ လုပ်ကွက်တချို့မှာ တရုတ်အလံတွေထောင်ထားတာ လေယာဉ်လာမယ်ဆိုတဲ့သတင်းကြောင့်တဲ့။” လို့ ပန်ဝါမှာရှိတဲ့ လုပ်သားတစ်ဦးက ပြောပါတယ်။ လတ်တလော ပန်ဝါအနီးတစ်ဝိုက်မှာရှိတဲ့ မြေရှားလုပ်ကွက်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက လုပ်သားတွေကို ရိက္ခာချွေတာဖို့ ပြောဆိုထားတာတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ပန်ဝါမြေရှားလုပ်ကွက်တွေမှာ စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲမယ်ဆိုလည်းသတင်းလည်းထွက်ပေါ်လာတဲ့နောက် တရုတ်လုပ်ငန်းရှင်တွေဟာ မြေရှားလုပ်သားတွေကို ဗုံးခိုကျင်းတူးခိုင်းထားတာတွရှိသလို မနေ့ကစပြီး လုပ်ကွက်နေရာတွေမှာအလံလွှင့်ထူတာလာတာဖြစ်တယ်လို့ မြေရှားလုပ်ကွက်မှာလုပ်ကိုင်နေသူတွေပြောပါတယ်။ ဒါ့အပြင် မြေရှားလုပ်ငန်းဆိုဒ်တစ်ချို့ ရပ်နားလိုက်တာတွေ ရှိနေတယ်လို့သိရပြီး အလားတူ ဒီအပတ်အတွင်းမှာပဲ မြစ်ကြီးနား – ချီဖွေ – ပန်ဝါလမ်းလည်း ပိတ်လိုက်ပြီလို့သိရပါတယ်။ ခုလို လုပ်ငန်းပိတ်၊လမ်းတွေပိတ်လိုက်တဲ့အတွက် ပန်ဝါထဲမှာရှိနေတဲ့သူတွေ အဖက်ဖက်ကနေခက်ခဲလာနေတယ်လို့ ပန်ဝါမှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးလည်း အခုလို ပြောပါတယ်။ “မြစ်ကြီးနားပြန်မယ် လုပ်ထားတာ လမ်းလည်းပိတ်သွားပြီ။ ပန်ဝါမှာလည်း အလုပ်လည်းအဆင်မပြေ၊ အလုပ်လည်းမရလို့ အရမ်းခက်နေတယ်။ အခြေအနေမကောင်းလို့ ကားလမ်းပိုင်းလည်း ပိတ်လိုက်ပုံပဲ။ ကားတွေလည်း မတက်တော့ဘူး။ တရုတ်တွေက ဆိုဒ်တစ်ချို့ပိတ်လိုက်ပြီ။ ဆိုဒ်တစ်ချို့မှာ သူတို့နဲ့ တရုတ်အလံတွေ လွှင့်ထူထားတယ်။” လို့ ပြောဆိုပါတယ်။ လက်ရှိ ပန်ဝါမြို့အနီးတစ်ဝိုက် လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းတွေ ဆက်တိုက်ပျံ့နှံ့နေပြီး တရုတ်ဘက်မှ တရုတ်ကုမ္ပဏီတွေကို ကြိုပြောထားတဲ့အခြေနေဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။ ခုလိုမြေရှားလုပ်ကွက်တချို့ပိတ်လိုက်တဲ့အပြင် ကားလမ်းတွေလည်းပိတ်လိုက်တာကြောင့် ပန်ဝါမှာပိတ်မိနေတဲ့ သူတွေလည်းရှိနေသလို လေယာဉ်ဗုံးကြဲမယ်သတင်းကြောင့် အားလုံးစိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှာ တရုတ်အစိုးရဟာ KIO နဲ့ တွေ့ဆုံမှုတစ်ခုရှိခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် တရုတ်နှင့် KIO ဆွေးနွေးမှု နောက်ဆက်တွဲအခြေအနေကိုမသိရသေးတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ လက်ရှိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်အကောင်အထည်ဖော်ဖို့ တရုတ်နဲ့သဘောတူထားပြီး KIO ကို ဝိုင်းဖိအားပေးနေတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။ By – ဂျာဘောက်ရာ
Read More » - 7 Februaryဆောင်းပါး

မြေရှားကြောင့် ဆိတ်သုဉ်းလာတဲ့ဒေသခံဘဝများ
“ဒီကထွက်တဲ့ရှောက်ကောတွေ စျေးနှိမ်တယ် တစ်ချို့ဆိုဝယ်တောင်မဝယ်ကြဘူး” လို့ လုတ်ဝမ်ရွာခံ ဦးဝူလေး (အမည်လွှဲ) ကပြောပါတယ်။ ချိီဖွေမြို့ကနေ ၁၅ မိုင်အကွာမှာရှိတဲ့ လုတ်ဝမ်ကျေးရွာဟာ တောတောင် လျှိုမြှောင်တွေကြား၊ တောင်စောင်းပေါ်မှာတည်ရှိတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ ကချင်မျိုးနွယ်စုထဲက လီဆူမျိုးနွယ်စုဝင် ၄၉ အိမ်ထောင်စုနေထိုင်တဲ့ ဒီရွာမှာ ရှောက်ကောနဲ့သစ်ကြားသီးကို အဓိကအသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ အေးမြခြောက်သွေ့တဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားစားပင်၊ သီးပင်စိုက်ပျိုးလို့ မရနိုင်တဲ့ ဒီဒေသမှာ ရှောက်ကောနဲ့ သစ်ကြားသီးဟာ ဒေသခံတွေအတွက် “ရွေးချယ်စရာ” မဟုတ်ဘဲ “မဖြစ်မနေ” စိုက်ပျိုးကြရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေခံအသက်မွေးဝမ်းကျောင်းတွေဟာ ၂၀၁၅ ခုနှစ်ဝန်းကျင်က စတင်လာတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့်တဖြည်းဖြည်း ခြေချော်ကျလာနေပါတယ်။ တောင်တန်းတစ်ခုမကျန် မြေရှားတူးဖော်(၂၀၂၅ ခုနှစ်…
Read More » - Jan- 2026 -26 Januaryသတင်း

မြေရှားသတ္တုကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေမည့် နည်းလမ်းဖြင့် တူးဖော်ဖို့ ညှိနှိုင်းထားတယ်လို့ KIO ပြော
တရုတ်ကုမ္ပဏီတွေဘက်ကတော့ တောင်တစ်တောင်ကို မြေရှားတူးပြီးနောက် အမှိုက်အိတ်တွေကို နိုင်သမျှ သိမ်းစည်း သွားတာကလွဲပြီး ပတ်ဝန်းကျင်ကို ပြန်လည်မွမ်းမံပြင်ဆင်ပေးတာ မရှိသေးဘူးလို့ လုပ်သားတွေက ပြောပါတယ်။
Read More »








