ကချင်မြေရှားသတ္တုတူးဖော်မှု၏ သက်ရောက်မှုများအလယ်က အမျိုးသမီးများ၏ အသံများ (အပိုင်း ၂)

English Edition Below

Myanmar Women Environmental Human Rights Defenders Networking Group စီစဉ်တင်ဆက်ထားသည်။

နာမည် – Ah Tawng၊ အသက် – ၃၀ နှစ်

အစ က ကျမ အစိုးရဝန်ထမ်းပညာရေးဌာနမှလုပ်တယ်။ အာဏာသိမ်းကာလမှာ CDM မှာပါဝင်ပြီး ပန်ဝါဘက်မှာစားသောက်ဆိုင်ဖွင့်ပြီးလေးနှစ်သွားနေခဲ့တယ်။ ၂၀၂၁ ကနေ ဒီဇင်ဘာလ၊၂၀၂၄ ထိနေထိုင်ခဲ့ပြီး ဒီချီဖွေမှာပြန်လာနေပါတယ်။

၂၀၂၅ မှစပြီး ချီဖွေမှာပြန်လာနေတယ်။ ကေအိုင်အို အစိုးရကဖွင့်ထားတဲ့ အထက်တန်းကျောင်းမှာ Volunteer ပညာရေးဝန်ထမ်းအနေနဲ့ဝင်ရောက်လုပ်ကိုင်နေတယ်။

ပြည်သူ့စစ် (နယ်ခြားစောင့်တပ်)တွေအုပ်ချုပ်တဲ့ အချိန်ကာလမှာ ဒီသတ္တူဆိုက် လုပ်တဲ့အလုပ်မှာသွားနေ ဖြစ်ခဲ့သည့် အတွက်ကြောင့်မို့ လက်တွေ့မြင်ခဲ့ရ တာတွေအများကြီးရှိတယ်။ အခုတော့ ချီဖွေမှာနေထိုင်တယ်။ ဒီချီဖွေမှာက နဘုတ်၊ ချီဖွေရဲ့ဘေးပတ်ဝန်ကျင်းရွာတွေမှာတော့ သတ္တု ပြန်လုပ်နေတာတွေ့ရတယ်။ ကျမ နေခဲ့တဲ့ အချိန် အတောအတွင်းကြည့်လိုက်မယ်ဆိုရင် လူတွေကလုပ်ငန်း၊ ကိုင်ငန်းတွေ အများကြီးရှိတယ် ဆိုပြီးမြင်ရတယ်။ ဒါပေမယ့် တကယ်တမ်း ပန်ဝါဒေသခံတွေကျတော့ သူတို့က မြေရောင်းစားသည့်ထဲမှာ ပါတယ်။ သူတို့ကြတော့တရုတ်တွေဆီမှာ သတ္တူတူးပြီးရောဂါရတဲ့ နေရာ၊ မြေပြိုပြီးသေကြေပျက်စီးရတဲ့ နေရာတွေဆီ သွားပြီးတော့ အလုပ်မလုပ်ရဘူး။ ဈေးရောင်းတယ် ၊ဘေးပတ်ဝန်ကျင်းရောင်းစားတဲ့အတွက် အေးဆေးနေလို့ရတယ်။ အဝေးက ဒီမြစ်ကြီးနားဘက်၊ အနယ်နယ်အရပ်ရပ်က အဝေးက လူတွေက ဈေးလာရောင်းစားတယ်။ ဒီထဲမှာ ကျမလဲအပါအဝင်ဖြစ်တယ်။

အဲ့ဒီမှာ အဓိက ကတော့ တရုတ်တွေက ဒီအလုပ်သမားတွေအပေါ်မှာလစာ ပေးတာက အစ ကျမတို့ဆီမှာ ခွဲခြားတာတွေရှိတယ်။ ဒီဆယ်ဘီးကားမောင်းတာတို့ စသည့် ဆိုရင်လည်းခွဲခြားပေးတာတွေရှိတယ်။

အမျိုးသမီးတွေနှင့် ပတ်သက်ပြီး နှစ်ချီ၊ တရုတ်ရဲ့မယားငယ် လုပ်ပြီးသူတို့ရဲ့ မိသားစုတစ်စုလုံးကို ထောက်ပံ့ ပေးနေတဲ့ သူတွေလည်း တွေ့ရတယ်။ တစ်ဖက်က ပြန်ကြည့်လိုက်ရင်တော့ သူတို့မိသားစုဖူလုံရေးအတွက် အခိုက်အတန့် တစ်ခုမှာတော့ အဆင်ပြေတယ်။ဆက်ပြီး မလုပ်တော့ဘူး၊ တရုတ်တွေပြန်သွားရင်တော့ နောက်ဆက်တွဲအနေဖြင့် ရောဂါက အစ တဖြည်းဖြည်းနှင့် ပိုပြီးတော့ များလာတာတွေရှိတယ်။ ဒီတရုတ်တွေ သတ္တူဆိုက်လာလုပ်တာတွေများလာသည့်အတွက်တော့တရုတ်တွေက အပျော်မယားမရှိဘဲနဲ့တော့ မနေ ကြ ဘူး။ ဒီပန်ဝါမှာ တော့ အနှိပ်ခန်းတွေရှိမယ်။ ပြည့်သဇာလုပ်တဲ့သူတွေပိုပိုပြီးများလာတယ်။ အမျိုးသမီးတွေ ပုံမှန်ထက်ကိုပိုပြီးလာလုပ်တယ်။အလုပ်လုပ်တာ ၆ လပြည်ပြီးဆိုရင်ခေါင်းက သူတို့ကိုလှယ်လိုက်ပြီး ထပ် မလုပ်ခိုင်းတော့ဘူး။ ပြန်ခိုင်းလိုက်ပြီးနောက်တစ်ဖွဲ့ပြန်လာပြီ။ အဲ့လိုလူတွေက ကျမတို့ ဖက်မှာ ပို ပိုများလာတယ်။ကျမရှိခဲ့တဲ့အချိန်မှာတော့အဲ့လိုမျိုးဖြစ်တယ်။ အမျိုးသမီး အပျိုစဉ်တွေ လူငယ်အမျိုးသမီးတွေအပါအဝင် အများကြီး၊ လူငယ်မဟုတ်ဘဲအိမ်ထောင်သည် အမျိုးသမီး တွေက အိမ်ထောင်ပြိုကွဲသည့် သူတွေပိုပြီးမှများလာတာတွေရှိတယ်။

ကျမ တစ်ဦးတစ်ယောက်အနေဖြင့်ဆိုရင် ကျမတို့ မိန်းကလေးတွေ ကျမတို့လူမျိုး မိန်းကလေးတွေ ဒီလိုမျိုး ဖြစ်နေတာက လုံးဝရင်နာစရာကောင်းတယ်။ဒါပေမယ့် ဒီအရာကို တစ်ခါတည်း  နင်တို့မလုပ်နဲ့ ဆိုပြီးတော့မှ တားလို့မရဘူး။ သူတို့ရဲ့ဝမ်စားအတွက်မူတည်ပြီးဖြစ်လာသည့်အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ကျမတို့ကရင်နာနာနှင့်ကြည့်နေရသည့်အခြေအနေမျိုးတွေဘဲဖြစ်ပါတယ်။

ကျမက အဲ့အချိန်မှာ ‌ဈေးရောင်းတယ့်ဆိုတော့ သတ္တူဆိုက်ကလူတွေက အမျိုးသားတွေ ၊ မိန်းကလေးတွေ ရော  လာတယ်။ စားသောက်တယ်၊ ဘီယာတွေသောက်တယ်။ အဲ့လိုမျိုးဝယ်စားတာသူတွေက ပိုများတယ်။ အယ်အချိန်မှာတော့ဝင်ငွေက တော့ရှိတယ်ဆိုပြီးမှ ဈေးသည်တိုင်းကရှိခဲ့တယ်။ ဒါပေမယ့် တစ်ဖက်ကပြန်ပြီး စဉ်စားလိုက်ရင် “ကျမတို့ အမျိုးတွေထဲက ဆိုက်မှာ အလုပ်သွားလုပ်တဲ့ မိန်းမပျိုလေးတွေ အမျိုးတွေထဲမှာ ရှိခဲ့ တယ်။ အိမ်မှာ အကြီးဆုံးဟုတ်တယ်။ သူရဲ့မောင်လေး၊ညီမလေးတွေလည်း အများကြီး ဆိုတော့ သူ့က ဆိုက်မှာ အလုပ်သွားလုပ်တယ်။ သူ့ရဲ့အဒေါ်တွေလည်းပါတယ်။ ဖြစ်ချင်တော့ သူ့အဒေါ်အရင်း (သူ့အမေရဲ့ ညီမတွေ ပါ)တွေ ပါတယ်။ သူ့အဒေါ်အရင်း တွေကိုယ်တိုင်ကိုယ်က တရုတ်ရဲ့မယားငယ်တွေပါတယ်။ ဆိုက်မှာဆိုတော့ အမျိုးသားတွေရောလူပေါင်းစုံတယ်၊ သူက ကလေးမလေးဆိုတော့ သူ့ကို တစ်ကယ်ချစ်တယ် ထင်ပြီး ဒီအမျိုးသားနဲ့အတူနေလိုက်တဲ့အချိန်ကြတော့ ကျမဆိုင်မှာ အလုပ်လုပ်ဖို့ ပြန်ခေါ်တော့ သူလာခဲ့တယ်။ ဒီကလေးမက အရမ်းလိမ္မာတယ်။ သိုသိုသိပ်သိပ်နဲ့ သူ့ဟာနဲ့သူပုံမှန်ဘဲ နေတတ် တယ်။ ရည်စားတောင်မထားတတ်ဘူးဆိုပြီးထင်ထားတယ်။ တကယ်လေးထင်တားတယ်။ တကယ်လည်း အရင်က အဲ့လိုဟုတ်တယ်။ အဲ့ဒါကို ဆိုက်မှာသွားနေတာ မကြာဘူး၊ သုံး၊လေးလဆိုတော့ပြန်ခဲ့လိုက်တယ်။ ဒီလိုနဲ့ ကျမဆိုင်မှာ အကင်ကင်ဖို့ဆိုပြီး ခေါ်ထားလိုက်တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ဗိုက်က ထွက်လာတယ်။ အဲ့ဒါတောင်မှ ကျမသူငယ်ချင်းနှင့်ကျမ ကလေး၂ ယောက်အမေတွေဟုတ်တယ်။ သူ့ကို မကြည့်တတ်သေးဘူး။ ခြေထောက်တွေပါယောင်လာတယ်။ အဲ့တော့ကျမတို့စဉ်းစားမိတာက သူ့ အူများရောင်သလားပေါ့နော။ တစ်ခုခု အသဲရောင်အသားဝါများဖြစ်တာလား၊ ခန္တာကိုယ်ထဲမှာ တစ်ခုခုဖြစ်တာလား ဆိုပြီးစစ်ဆေးရမည့်ပေါ့။ ဖြစ်ချင်တော့ဒီကောင်မလေးဟိုဆိုက်မှာ အဲ့လို မရူပ်မရှင်းရှိခဲ့တယ်ဆိုတာကို သူ့အဒေါ်တွေက သိတယ်ထင်တယ်။ ကျမ အိမ်ယာမနိုးခင် ကလေးမလေးကို မြစ်ကြီးနား ခေါ်ဆင်းခဲ့ ကြတယ်။ အဲ့အချိန် (၇) လ၊ (၈)လဗိုက်ရှိနေပြီတဲ့။ သူ့အဒေါ်အရင်းတွေက သူများကို မသိစေချင်လို့ ကိုယ်ဝန်ဖျတ်ချဖို့ဘာညာဆိုပြီးပြောတော့ ကျမနဲ့ဖုန်းပြောပြီးနောက် ကလေးကို မွေးလိုက် တယ်။ ပြောချင်တာက ဒီကလေးမက ကလေးတစ်ယောက်မွေးပြီးသွားတဲ့အချိန်မှာ သူ့ခံယူတာက သူ့ရဲ့ အပျိုစဉ် ဘဝကိုက ရစရာမရှိတော့ဘူး။ ကလေးတစ်ယောက်ရထားပြီးပြီဆိုတော့ မထူးဇတ်ခင်းတဲ့ပုံစံမျိုးနဲ့ အခုက ဆိုက်မှာ အလုပ်လုပ်တယ်။ အခုက တစ်ကယ့်ကို ရင့်ကျက်ပြီး ဒီတရုတ်တွေနဲ့အပြင် တစ်ခြား သူ့တွေနဲ့ရော၊ ယောက်ျားသားတွေနဲ့ပါ ပေါင်းသင်းဆက်ဆံပြီး အလုပ်ရှာ၊ တစ်ကိုယ်တော် သူတစ်ယောက်ထဲ အဲ့လိုမှ ပိုဆိုးသွားတယ်လို့” ကျမက မြင်တယ်။ ကျမလက်တွေ့ဘဝက အဲ့လိုမျိုးတော့ရှိခဲ့တယ်။မြင်ခဲ့တယ်။

ကျမတို့က ဒီပန်ဝါမှာ အိမ်ခန်းဌားနေတာဖြစ်လို့စိုက်ပျိုးရေးတော့ မြေမရှိလို့ မလုပ်ဘူး။ ဒါပေမယ့် ဒီပန်ဝါမှာက ကင်ဆာနဲ့သေတဲ့သူတွေ သက်ကြီးရွယ်အိုပိုင်းတွေမှာဆိုရင်လည်းအခုဒီသင်တန်းတက်လိုက်တော့ ကျမလည်းအစကတော့ ဆိုးကျိုးရှိတယ်ဆိုတာလောက်ဘဲသိခဲ့တယ်။ အခုဒီမှာ ဆရာတွေ ပြန်ပြီးပို့ချပေးတော့  အသေးစိတ်သိရတယ်။ချိတ်ဆက်ပြီးပြန်တွေးလိုက်ရင် ကျမနေခဲ့တဲ့နေရာမှာ အမျိုးတော်သည့် ဦးလေးကြီး တစ်ယောက် သူ့ကပုံမှန်ဆိုရင် အရက်သောက်တဲ့သူတော့ဟုတ်တယ်။ ဒါပေမယ့်ဒီပန်ဝါမှာ အငွေတွေပေါ့နော-ဒီမှာက အိမ်ရှိတယ်။ ကားတွေက လမ်းတွေက နေဖြတ်နေတယ်။ သတ္တူတွေ ဒီအတိုင်းသယ်တယ်၊ လမ်းတွေကနေသတ္တူတွေဒီအတိုင်းသယ်တယ်၊ ထုတ်တယ် ၊မြေဩဇာတွေထုတ်တယ်၊ အကြီးအကျယ် လုပ်တယ်။  အဲ့လိုလုပ်တဲ့အခါကြတော့ ဒီသက်ကြီးရွယ်အိုပိုင်းတွေက ဒီလေကိုရူရိုက် မိလိုများလား၊ အဲ့လိုကြောင့်ဘဲများ အသက်ရှည်ရှည်မနေရတာလို” မြင်တယ်။ ပြီးရင်အစားအသောက်ပိုင်းနဲ့လည်းဆိုင်မယ်။ ဘယ်လောက်မှ မဝေးဘူး။ ဒီမှာ ပြောင်းဖူးခင်း၊ကချင်စော်ကားသီး တွေစိုက်တယ်။ အားလူးခင်းတွေစိုက်တယ်။ အဓိက က ဒီအလုပ်တွေလုပ်တယ်။ အိမ်ခြံဆိုရင် မုန့်ညှင်းလောက်ဘဲ စိုက်စားလို့ရတဲ့မြေတွေဖြစ်ကုန်တယ်။ အစတုန်းကတော့ ခုနက ပြောသွားတဲ့အသီးအနှံ တွေစိုက်ရင် သူတို့က ကောင်းမွန်၊ အရည်အသွေးပြည်မှီသည့် အသီးအနှံတွေရတယ်။ အခုနောက်ပိုင်းဆိုရင် ကချင်စော်ကားသီးတွေဆိုရင်လည်း သေးသေးလေးတွေဘဲ ဖြစ်သွားပြီ။ အားလူးတွေဆိုရင်လည်းမကောင်းတော့ဘူး။အဲ့လိုမျိုး ဖြစ်ကိုဖြစ်လာနေပြီ။ ကျမရှိတဲ့အချိန်မှာ အဒေါ်တွေက ပြောနေတယ် “ အဲ့ဦးလေးဆုံးသွားတာ ကျမထင်ရင်တော့ သူ့ကပြည်သူ့စစ် ဖြစ်တယ်။ ပြည်သူ့စစ်တွေက ဆိုက်မှာနှစ်ချီပြီး လုံခြုံရေးတွေသွားပြီး နေရတယ်။ အဲ့တော့ အယ်လိုမျိုးကြောင့် အစားအသောက်ကြောင့်ကောဟုတ်ပြီ၊ သူတို့က ဆိုက်မှာ အက်ဆစ်တွေနဲ့ တိုက်ရိုက် ပတ်သက်နေတဲ့ အချိန်ကြာတော့ရောဂါတွေပိုပြီးဆိုးဆိုးရွားရွားထိခိုက်ပြီးဆုံးသွားတာ အဲ့လိုကြောင့်ဘဲ ဖြစ်တာနေမှာ ဆိုပြီး တွေးမိ၊ ခံစားမီတယ်။ ဒီအဒေါ်တွေက လည်းပြောတယ် အစတုန်းက ဟင်းသီးဟင်းရွက်တွေ အရမ်းကောင်းတယ်၊ အခုကမကောင်းပြန်တော့ဘူး။ အခုဆရာသင်ပေးလိုက်တဲ့အချက်တွေနဲ့ဆိုအဲ့ဒါတွေက စားလိုမရတာတွေဖြစ်နေတယ်။ နောက်ဖြစ်လာမယ့်အကြောင်းအရာတွေက ကျမတို့ မတွေးရဲစရာတွေ အများကြီးရှိတယ်။

PSA

ပြောင်းလဲမှုတွေရှိတယ်။ ဒီအမျိုးသမီးတွေဘဲမဟုတ်ဘူး။ အမျိုးသားတွေရောစဉ်စားလိုက်ရင် လူပေါင်းစုံဖြစ်လာတော့မူယစ်ဆေးဝါးတွေ၊ ကျမအမျိုးသားက ဒီKHRNလို့ပြောတယ်။ အာရှဆိုင်ရာဒီမူယစ်ဆေးဝါးကာကွယ်ပေးတဲ့အသင်းထဲမှာသူက outreach ဝန်ထမ်းလုပ်တော့ ကျမနည်းနည်းသိတယ်။ ပန်ဝါမှာ ဒီမူယစ်ဆေးဝါးကို အုပ်ချုပ်သည့်လူကြီးတွေလည်း ဒီအတိုင်းသုံးတယ်။ သူ့ရဲ့လက်အောက်ငယ်သားဒီစစ်သားတွေက အစ သုံးတယ်။ ဖဲရုံးတွေထောင်တယ်ဆိုတော့ ဘိန်းစာတွေက ပုံ (များ)နေတယ်။ အများကြီးဘဲ ပြီးရင်ဒေသခံကသူတွေလည်းဒါမျိုးတော့သုံးတယ်။ အဲ့အချိန်ကြတော့ လုယတ်မှုတွေပိုပြီးရှိတယ်။ စကားများ၊ရန်ဖြစ်၊ဝေစုမတည့်ဘဲနဲ့လူသတ်မှုတွေ ဖြစ်ခဲ့သည့်အခြေအနေ ကျမတို့ဆိုင်ရဲ့အပေါ်ဘက်မှာဖြစ်ခဲ့တယ်။ ဒါပေမယ့်အဲ့အချိန်တုန်းက ဒီပြည်သူ့စစ်တွေဒီလူကြီးတွေက သူ့တို့ရဲ့သီးခြားနယ်မြေ၊ အထူးဒေသ(၁)ဆိုတော့ သီခြားနယ်မြေလိုမျိုးဖြစ်တာကြောင့် သတင်းဖုံးတဲ့အချိန်မှာလုံးဝကို ဒီသတင်းကဒီမီဒီယာမှာ မတက်သေးဘူး။ ဒီသတင်းဖုံးတဲ့ အခြေအနေတွေလည်းရှိခဲ့တယ်။ သတ်ခံတဲ့သူက တရုတ်ဖြစ်တော့ သူတို့တရုတ် အစိုးကရနေပြီး တခါတည်း ရောက်လာပြီးသူ့ကိုဖမ်းချုပ်ပြီးခေါ်သွားတယ်။ ကျမတို့က တော့ ဒီနေ့အထိ သူ့တို့လူကြီးပိုင်း ကတော့ သိမယ်ထင်တယ်၊ အစိုးရတွေက “သူ့ကို သတ်လိုက်လား၊ ထောင်ဘဲချလိုက်လား” အဲ့လိုမျိုးတော့ ပြောကြတယ်။ အဲ့လိုမျိုးဖြစ်ခဲ့တယ်။

ပြီးရင်ကျမတို့က ကဘရန်၊ ချီဖွေမှာဆိုတော့ ၂၀၁၂၊ ၂၀၁၃ မှာ ကဘရန်မှာဆိုတော့ ချီဖွေချောင်းကို ဖြတ်ပြီး ဒီမြို့ပေါ်မှာ စစ်ရှောင် ၁၀ နှစ်ကျော်တောင်မှ ကြာအောင်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ အတူနေသည့် အမျိုးသား တစ်ယောက်၊သူက ဟိုဘက်မှာ အလုပ်သွားလုပ်သည့် အချိန်သူ့နဲ့ကြိုက်တဲ့သူ့ရဲ့ကောင်းမလေး ဘယ်လို အရူပ်အရှင်းဖြစ်ကြလဲမသိဘူး။ အဲ့တရုတ်ကောင်ကို ရက်ရက်စက်စက်ထိုး သတ်လိုက်တယ်။ သတ်လိုက်တဲ့ သူ ကလီဆူဟုတ်တယ်။ နောက်တော့ ဒီကေအိုင်အေတွေရောက်ရှိလာပြီးဖြစ်တဲ့အတွက် သူ့ကိုကြတော့ ဒီကေအိုင်အေ တွေ ကဘဲ သတ်လိုက်ပြီးလိုပြောတယ်။ သတင်းက အစအနမရသေးဘူး။” အဲ့လိုမျိုး လူတွေ များလာတဲ့ အချိန်မှာ ဘေးပတ်ဝန်းကျင်မှာ လုံခြုမှု မရှိဘူး။ စိုးရိမ်မှုတွေအများကြီးစရိုက်ပေါင်းစုံနဲ့ ကျမတို့ ရှင်သန်ရတယ်။

ကျမ ဆီမှာကျတော့ ဒီသတ္တူဆိုက်တွေလုပ်လာတဲ့အချိန်ကြတော့ ပန်ဝါမှာ အိမ်ခန်းခ၊ ဆိုင်ခန်းခ၊ မီတာခတွေ အဆမတန်ကောက်တယ်။ ဥပမာ ကျမတို့က ချီဖွေက မို့လိုတော့ ဒီပန်ဝါ၊ချီဖွေ က မီတာခ ၅၀ ဆိုရင် မြစ်ကြီးနားက ပိုပေးရတယ်။ အခွန်ဆောင်ရတာကွာတယ်။ တစ်ကယ်နိုင်ငံခြား ရောက်နေသလို ပါပဲ။ ပြောချင်တာက ဒီအခွန်အကောက်ထည့်ဖို့က ဒီမိသားစုမှာ ရုန်းကန်ရတယ်။ ဒီမီတာခတွေ များတယ်။‌ဈေးကရောင်းသာရောင်းနေရတယ်။ နောက်တော့ မရောင်းလာရတဲ့အနေအထား အဲ့လိုမျိုး အချိန်တွေလည်း ရှိခဲ့တယ်။ ဒါပေမယ့်ဈေးသာမရောင်းရတာ၊ ကိုယ်ထည့်ရမည့်အခွန််အကောက်က ရုန်းကန်ပြီး ဘယ်လိုဘဲဖြစ်ဖြစ်ထည့်ရတယ်။ ရေခွန်၊စည်ပင်ခွန်ထည့်ရတယ်။ နည်းနည်းပါးပါး ထည့်ရတာမဟုတ်ဘူး။ ၁ပတ် ကို ယွမ် ၂၀ အဲ့လိုမျိုးကို ကောက်တာ။ ပြောချင်တာက အဲ့လိုမျိုးလုပ်လိုက်သည့်အချိန်ကြတော့ ကျမတို့လည်းဈေးရောင်းတော့ဆိုင်ခန်းခဖြတ်ရမယ်၊ မီတာခ၊ရေခွန်၊လူခွန် အစစအရာရာ တွက်ချက်ပြီး ရောင်းရတဲ့ပိုက်ဆံနဲ့အမြတ်ငွေနဲ့ ပြန်တွက်လိုက်တော့ ကုန်ဈေးနှုန်းက ပိုပြီးတော့ များလာတယ်။ အဲ့လိုမရောင်းပြန်တော့လဲဒီမှာက အခက်အခဲရှိတယ်။ သတ္တူဆိုက်မှာအလုပ်လုပ်တဲ့သူတွေဘဲဝယ်စားနိုင်တာမျိုးအဲ့လိုမျိုးတွေဖြစ်သွားတယ်။ ဒီ အခုမှဘဲတက်လာပြီး ဆိုက်မှာအလုပ်သွားမလုပ်ရသေးဘူး။လစာမရသေးတဲ့သူတွေအတွက်က ဒီထမင်းတစ်နပ် ကချင်ထမင်းထုပ်နဲ့ဟင်းထုပ် ၁ ထုပ်ဝယ်စားဖို့တောင်မှ အဆင်မပြေတဲ့အနေအထားမျိုးတွေဖြစ်တယ်။ ကျမက တော့ တခါတလေ မှာ သနားစရာလေး “စားတော့စားချင်တယ်၊ ပိုက်ဆံက မပါဆိုတော့ ပေးလိုက် တာမျိုး”  အဲ့လိုမျိုးတော့ရှိခဲ့တယ်။ ဒါပေမယ့် ဒီအခွန်အကောက် တွေကြောင့် ကျမတို့က အိမ်ခန်းဌားနေတဲ့ အခါကျတော့ တစ်လ ကို ၈၀၀ ယွမ်ပေးရတယ်။ မီတာခနဲ့ဆို ထောင်ကျော်သွားတယ်။ ပြောချင်တာက နောက်တော့ ဈေးမရောင်းတဲ့ အခါမှာ ပန်ဝါမှာ နေလို့မရတော့ဘူး။ ဘာဖြစ်လိုလဲဆိုရင် အိမ်ခွန်ထည့်ရတယ်။ သူများတွေက ကိုယ်ပိုင်ရှိတဲ့အတွက်ကြောင့်မို့လို့နေနိုင်တယ်။ ကျမတို့က အိမ်ခန်းဌားနဲ့သွားနေတာဆိုတော့ အလုပ်မလုပ်ရင် အဆင်မပြေဘူး။ ကိုယ့်ရဲ့အိမ်ကိုပြန်ဆင်းခဲ့တယ်။

ရေတွေလည်း အဲ့ကနေတော့တိုက်ရိုက်သွားပြီးမသွယ်ယူပေမယ့် ဆရာတွေပြောအရဆိုရင် မိုင် ၃၀ အကွာမှာ ကျမတို့က ရှောင်ရမယ်ဆိုတော့ ဒီသတ္တူလုပ်တဲ့နေရာနဲ့ကျမတို့က မပြောင်းရွှေ့နိုင်တဲ့အနေအထား ဟုတ်တယ်။  ဒီသတ္တူဆိုက်တွေလုပ်တဲ့ဘေးပတ်ဝန်းကျင်က နေ ရေက သွယ်နေပြီ။ရေသွယ်ပြီးဒီရေကိုဘဲ သောက်ရေအဖြစ်သုံးနေတာဖြစ်တယ်။ ဒီဒေသခံတွေက အခုထိဒီရေကိုဆက်သုံးနေတုန်းပဲ။ သို့ပေမယ့် တရုတ်တွေက သူတို့ရဲ့ တရုတ်ရေသန့်ဘဲသောက်တာ။

လုံခြုံမှုဆိုတော့ အရင်တုန်းက ဒီဒေသခံတွေက သူတို့ပန်ဝါဒေသခံတွေအတွက် က အပြည့်အဝ လုံခြုံပေးတယ်ဆိုပြီးလုပ်တယ်။ ဒါပေမယ့် ဒီအဝေးက အလုပ်သမားတွေ အတွက်က အဲ့လောက်ထိ ခွဲခြားဆက်ဆံတယ်လိုပြောရမယ်။ အဝေးက အလုပ်လာလုပ်တဲ့သူတွေ ဥပမာ ပြစ်မှုတစ်စုံ တစ်ခု ဖြစ်တယ်ဆိုရင်တောင်မှ သူတို့က ဒီဒေသခံဘက်က ပါတယ်။ ပြီးရင် သူတို့ကို ပိုက်ဆံပေးနေတဲ့အခွန်တွေ ထည့်နေတဲ့ဒီတရုတ်တွေဘက်ကပဲရပ်တည်တာများတယ်။ ငွေများမျက်နှာလိုက်တယ့်ပေါ့နော။ ပြီးရင် ကျန်းမာရေးစောင့်ရှောက်မှုလိုပြောရင် တစ်ခြားဒီပုံမှန်ရှိတဲ့ မိခင်တွေ၊အမျိုးသမီးတွေ၊ကလေးတွေဆိုရင် အဲ့ဘက်မှာ ဘာမှ မရှိဘူး။ လူငယ် တွေသင်တန်းဆိုပြီးအမြင်ဖွင့်ဆိုလိုရှိရင်လည်း အသင်းတော်က တစ်နှစ်နေရင် ဘူးဂါက နေ လုပ်ပေးတဲ့ တစ်နှစ်နေရင် ဘယ်နှစ်ခေါက် ဖခင်၊မိခင်အဖွဲ့တွေလောက်ဘဲရှိတယ်။ လူငယ်ဆိုရင်သင်တန်း၁ခေါက်လောက်ဘဲရှိတယ်။အဲ့လိုမျိုးလောက်ဘဲရှိတယ်။ တခြားအမြင်ဖွင့် သင်တန်းတွေ သွားပို့ချမယ်ဆိုရင် ကျမ အခု ကျမနေခဲ့တဲ့ဒီပန်ဝါ မှာ ဆရာပြောပြသွားတာတွေသိပ်မှန်တယ် ဆိုပြီးကိုယ့်ကိုယ်စဉ်စားမိတယ် “သဘာဝသယံဇာတတွေ ထွက်တဲ့နေရာက ကလေးတွေက ဘယ်တော့မှမဖွံ့ဖြိုးဘူး” ဆိုတဲ့စကားက တစ်ကယ်ကိုဟုတ်တယ်။ ဒီဘက်က ကလေးတွေက ပိုက်ဆံရှိတယ်။ငါတို့တွေပိုက်ဆံရှိတယ်၊ငါတို့လုပ်နိုင်တယ်။ သူတို့ရဲ့ရှေ့မှာရှိတဲ့အားလုံးရဲ့ စံပြလူတွေကလည်း ဒီပိုက်ဆံနဲ့ဘဲ ဖြေရှင်းတယ်။အဲ့ဒီတော့သူတို့စိတ်ထဲမှာလဲသူတို့ပိုက်ဆံရှိရင်ရပြီ။ အဲ့ဖက်က ကလေးတွေနဲ့ဒီဖက်က ကလေးတွေနှင့်ယှဉ်လိုက်ရင် ယှဉ်ကျေးမှုအရရော၊ပြောဆိုသည့် စကားပြော ပုံစံတွေအရပါမတူတဲ့အရာတွေကျမမြင်ခဲ့ရတယ်။ တစ်ကယ်လည်း ဒီဆရာ ပြောတာနဲ့ သိပ်ကို မှန်တယ် ဆိုပြီးကိုယ်ကို ပြန်ပြီးခံစားရတယ်။ ပြီးတော့ ဒီအမျိုးသားတွေ ဆိုလိုရှိရင်လည်း အမျိုးသား တွေဘက်ကိုပြန်ကြည့်လိုက်မယ် ဆိုရင်လည်း ပုံမှန်နေတဲ့ ဒီလူတန်းစားတစ်ရပ်အတွက်ကကြတော့ ကျန်းမာရေးတို့ ဆရာမပြောတဲ့ ဘာမှမရှိဘူး၊ဘာမှမလုပ်ပေးဘူး။

အမြင်ဖွင့်သင်တန်းတွေဆိုရင်လည်းအင်ဂျီအို (NGO)ဆိုရင်လည်းဘာမှ မဝင်ဘူး။ ဘာဆိုဘာမှမဝင်ဘူး ။အဲ့တော့သူတို့အသိပညာ၊ ဗဟုသုတတွေဆိုရင်လည်း အရမ်းလျောနည်းတယ်။ ချီဖွေနဲ့ယှဉ်ရင် ချီဖွေက ပိုက်ဆံက ဆင်းရဲ့တဲ့မြို့လေးပါ။ အစက ဗမာ့အစိုးတွေအုပ်စိုးတဲ့အချိန်ဝန်ထမ်းလေးတွေဆိုရင်ပုံမှန်ဝန်ထမ်းလစာလေးနဲ့ သွားနေတဲ့ မြို့လေး ဟုတ်တယ်။  ဒီပန်ဝါဘက်မှာကြတော့ အသင်းတော်ချင်းယှဉ်လိုက်ရင် ဟိုဘက်ကအလှူငွေများတယ်။ အများကြီးထောက်ပံ့ပေးနိုင်တဲ့အနေအထားရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု တွေရှိသလား?မရှိဘူး? ဆိုပြီးစဉ်စားလိုက်ရင် ဒီမှာက  တရုတ်တွေနဲ့ချိတ်ဆက်ပြီးလုပ်ထားတဲ့HPA အင်ဂျီအိုအဖွဲ့အစည်းတစ်ခုရှိတယ်။ သူတို့က ဌက်ဖျားရောဂါကာကွယ်တယ်၊ ဒီချီဖွေဖက်အထိကို ကျမတောင့်မှ ကလေးတစ်ယောက် မွေးပြီးသည့်အချိန်မှာ ထောက်ပံ့ငွေ အနည်းအကျဉ်းရခဲ့တယ်။ ဗိုက်ခွဲမွေးရင်ဘယ်လို၊ ရိုးရိုးမွေးရင်ဘယ်လိုဆိုပြီးတော့မှ ရှိတယ်။ ခုဏကပြောသလို ကျမအမျိုးသားလုပ်ခဲ့သည်နေရာမှာဆိုရင် အဲ့မှာ မူးယစ်ဆေးဝါးအရမ်းပေါခြင်းကြောင့် ဘိန်းဖြူအစား မက်သတုံးကို ကျွေးပြီးနည်းနည်းစီ ဖြတ်တဲ့ပုံစံမျိုးဆေးတွေ၊HIV ကူးစက်ခံရပြီးသားလူတွေ၊AIDS ရောဂါ ရတဲ့သူတွေ သူတို့ကိုစရိပ်စက ထောက်ပံ့ပေးတာတွေရှိခဲ့တယ်။ ဒီမြစ်ကြီးနားကို ဆင်းပြီးဆေးလာထုတ်စားတဲ့သူတွေကို ခရီးစရိတ်ပေးတာတွေရှိတယ်။ ပြီးရင် ဆေးထိုးတဲ့သူတွေ့ကို ရောဂါမကူးစက်အောင် ဆေးထိုးအပ်တွေလိုက်ပြီးဝေတာမျိုး၊ ပြည့်သဇာလုပ်တဲ့နေရာတွေမှာဆိုရင်လည်းအဲ့အမျိုးသမီးတွေဆီကို သွားပြီးမှ အမြင်ဖွင့်သင်တန်းလေးတွေ၊ရောဂါအကြောင်းလေးတွေပြောပြတာမျိုး၊B ပိုး၊Cပိုးစစ်ပေးတယ်။ ကာကွယ်ဆေးတွေထိုးပေးတယ်။ဒါတွေတော့ရှိခဲ့တယ်။ အခုလည်းရှိသေးတယ်။ ဒီအဖွဲ့အစည်း ၂ ခုလုံးကတော့ရှိသေးတယ်။

-ရပ်ရွာမှာက အခုကအဲ့သတ္တူဆိုက်မှာသွားလုပ်တဲ့အမျိုးသမီးတွေကကြတော့ ရပ်ရွာမှာမပါဝင်သည့်အပြင် သူတို့ရဲ့အိမ်မှာကို သူတို့မိသားစုနဲ့အတူတောင် တစ်ချို့သူတွေ မနေချင်တော့ဘူး။ အပြင်မှာဘဲနေတာများလာတဲ့ အခါကြတော့ အကျင့်စရိုက်တွေကလည်း ပြောင်းလဲသွားတယ်။ ပျက်စီးသွားတဲ့ အရာတွေလည်းရှိတယ်။ သူတို့လည်းဟိုမှာ သူတို့နေထိုင်တဲ့စရိုက်အတိုင်း ရပ်ရွာအတွက် လူငယ်တွေလိုအပ်တယ်။ ရပ်ရွာအတွက်တစ်ခုခု အကျိုးပြုမယ်ဆိုရင်တောင့်မရှိဘူး။ မနေချင်ဘူး။ မနေနိုင်ဘူး။ လာပြီဆိုရင်တောင့် ခဏလေးပဲ နေတာမျိုးတွေရှိတယ်။ အမျိုးသားတွေဆိုရင်လည်း ဆိုက်ကိုအလုပ်သွားလုပ်တယ်ဆိုရင်ရွာမှာ ဥပမာ ဒီနေ့စားသွားတယ်ဆိုရင်လည်းမသွားချင်တော့ဘူး။ အကျင့်စရိုက်ပိုင်းရောအများကြီးပြောင်းလဲပျက်စီးသွားသည့်အရာတွေအများကြီးရှိတယ်။ ဆိုက်တွေမှာက လစာများတယ်၊ဒီမှာက ဘယ်လောက်ပေးလဲ မလုပ်နိုင်ဘူး။မလုပ်ချင်ကြတော့ဘူး။

-ရိုးရာယဉ်ကျေးမှုပိုင်းကလည်း သူတို့ကဟိုဖက်မှာသွားပြီးအနေများတော့ တစ်ချို့ တွေက သူတို့နဲ့အနေများသည့်တရုတ်တွေရဲ့ယဉ်ကျေးမှုကဘဲအမှန်ဟုတ်တယ်။ တစ်ချို့က ဟိုကိုလိုက်သွား၊အိမ်ထောင်ကျ ပြီးကလေး၂ယောက်ရ။ ကျမတို့အသိ တစ်ယောက် အိမ်ထောင်ကျသွားပြီး ဆိုပြီးကြားရတယ် နောက်တစ်နှစ်၊နှစ်နှစ်နေရင် ကလေးထားခဲ့ပြီးဒီကိုပြန်လာ။အဲ့လိုမျိုးတွေ များလာတဲ့အခါကြတော့ ကျမတို့ ရိုးရားအရရော၊ယဉ်ကျေးမှုအရရော အကျိုးပါဝင်တဲ့နေရာတွေမှာ မပါဝင်တော့ဘူး။ ရိုးရာယဉ်ကျေးမှုအတွက်တစ်ခုခုလုပ်တယ်ဆိုရင် သူတို့အတွေးထဲမှာ ဒါက ဘာမှမဟုတ်ဘူး။ ငါတို့မလုပ်ရင်လည်းရတဲ့ဆိုတဲ့အဲ့လိုမျိုးလူမျိုးတွေကပိုပိုပြီးများလာတယ်။ ကျမတို့ အမျိုးသမီးတွေမှာ လည်း ပိုများလာတယ်။ ဥပမာတစ်ခုခုလုပ်ရင် တရုတ်တွေ သူတို့လုပ်တာက မှန်သေးတယ် ဆိုတာမျိုးတွေ ဖြစ်လာတယ်။ဘုရားတရားလည်းမေ့လာတယ်။

-ကျမ ပြောပြခဲ့သလိုဘဲ ကျမဆိုင်မှာနေသွားသည့်ကလေးမလေးဆိုရင် သူတို့အသိုင်းအဝိုင်းက သူတို့ဒီပတ်ဝန်းကျင်ထဲမှာ အဲ့သတ္တူဆိုက်သွားပြီးဆိုရင်အဲ့လိုဘဲ။ သူ့ကိုကိုယ့်ချင်းစားပြီးမှ သူလည်း အဲ့လိုမျိုးကြောင့်ဖြစ်သွားတာနေမာ။ ကျမတို့က ကလေးတွေ အဲ့လိုမဖြစ်အောင် မိဘတွေအနေနဲ့ အရင်ပြောမယ်ဆိုရင် ကလေးတွေကို ပညာသင်နိုင်အောင်၊လုံခြုံမှုရှိအောင်၊ ဘယ်လိုတွေဆက်ပြီးမှ လုပ်ပေးမယ် ဆိုတာမျိုးကို မတွေးမိဘူး။ ပြောချင်တာက သူတို့က သူလည်းရွလို့၊သူ့ကိုယ့်တိုင်ကိုယ်က လိုတာ၊ တဖက်သားရဲ့အခြေအနေကို ဘာလဲဆိုတာကို နားမလည်ပေးတဲ့အရာတွေပိုပြီးများတယ်။ ပြောချင်တာက အဲ့လိုနားမလည်ပေးလေလေ၊အမျိုးသမီးတွေက ပိုပြီးတော့မှ မထူးဇတ်ခင်းလာတယ်။ အဲ့ငါကိုအဲ့လိုထင်တယ်၊ ငါဘာမှသုံးစားလို့မရတော့ဘူး။ အဲ့တော့ ငါ ဒီလိုဖြစ်သွားပြီ၊ငါက အဲ့လိုဖြစ်သွားပြီဆိုတဲ့ အတွေးနဲ့ ပိုပြီးမှပြောင်းလဲချင်တဲ့သူတွေရှိရင်တောင့်မှ ငါဒီလိုပြောင်းလဲလိုက်ရင်လည်း ငါကို ဘယ်သူ့မှအသိအမှတ်ပြုမှာ မဟုတ်ဘူး” ဆိုတဲ့စိတ်နဲ့ ပိုပိုပြီးမကောင်းတဲ့ဘက်ကို တွန်းပို သွားတာတွေလည်း ရှိတယ်။ သူတို့ကိုနားမလည်ပေးခြင်းအားဖြင့် အခက်အခဲကြားကို တွန်းပို့တဲ့ဖြစ်စဉ်တွေဖြစ်နေတယ်။

-အခုထိတော့ဘာမှတော့မရှိသေးဘူး။ ပါဝင်ခွင့်မရှိရသေးဘူး။ ဘာဖြစ်လိုလဲဆိုရင် ကျမတို့ဆီမှာ ဒီလိုမျိုးနဲ့ပတ်သက်ပြီးကျမတို့ဆီမှာ ဘာအစည်းအဝေးမှမရှိဘူး။ အစည်းအဝေးကိုက မရှိတာကြောင့် အခုကတော့ ကျမတို့သွားပြီးဆရာတွေနဲ့တိုင်ပင်၊နေရာဒေသအသီးသီးက သတ္တူဆိုက်တွေလုပ်နေတဲ့ နေရာဒေသစုံကပါတယ်ဆိုတော့ချိတ်ဆက်ပြီး အခုမှဘဲစပြီးလုပ်ဆောင်သွားရမှာဖြစ်တယ်။ အရင်တုန်းက တော့အခုလိုမျိုးမပြောနဲ့ အခုဒီကေအိုင်အေအစိုးရခေတ်မှာက ဒီသတ္တူဆိုက် ရပ်ရွာအနေနဲ့ ရွာသူ၊ရွာသားတွေရဲ့ခွင့်ပြုချက်မရရင့်လုပ်ပိုင်ခွင့်မရှိဘူး”ဆိုတဲ့ အချက်လောက်တော့ကျမတို့သိခွင့်ရလာတယ်။ အရင်တုန်းက အဲ့လိုမျိုးလေးမသိခဲ့ရဘူး။ သူတို့ ဒီအစိုးရနဲ့ပေါင်းတယ်၊ လူပဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်၊ သူတို့ရဲ့အဖွဲ့တစ်ဖွဲ့နှင့်ဘဲ ဒီစစ်ကောင်စီနဲ့ပေါင်းတယ်။ ပြီးရင်အစိုးရကိုတင်တယ်။ အခွန်ထည့်တယ်။ ဘယ်လောက်ထည့်မှန်းလဲကျမတို့မသိဘူး။အခုဆိုရင် နည်းနည်းလေးပွင့်လင်းမြင်သာမှုလည်းရှိလာတယ်။ အခုက ရွှေတူးတယ်ဆိုရင်ဒီတစ်ဆိုက်တစ်နေရာလုပ်မယ်ဆိုရင် ၃ ကျပ်ထည့်ရမည်။ ပြီးရင်ဆီလည်းသတ်မှတ်ချက်အတိုင်းပေးရမည်။ သုံးပုံးခွဲပြီး အစိုးရအတွက် ၁ ပုံ၊လုပ်ငန်းပိုင်ရှင်တွေအတွက် ၁ ပုံ၊ရပ်ရွာဒေသခံစားခွင့်၁ ပုံ အဲ့လိုမျိုးတွေအနည်းငယ်နည်းနည်းလေးသိလာတဲ့ အဆင့်လောက်ဘဲ ရှိသေး တယ်။ အရင်တုန်းက ဆွေးနွေးတိုင်ပင်တာတွေ မရှိခဲ့ဘူး။ ဒီအတိုင်း သူတို့လုပ်ချင်တာတွေ လုပ်သွားတယ်။ အမျိုးသမီးအချင်းချင်းလည်း ဒီသတ္တူတူးသည် အကြောင်းအရာနှင့်ပတ်သက်ပြီး ဆွေးနွေး တိုင်ပင်တာတွေ ဘာမှမရှိဘူး။

-အချင်းချင်းပံ့ပိုးကူညီတာတွေလည်းမတွေ့ရဘူး။ သူတို့ရဲ့ဒီဒေသခံက လူငယ်တွေမလုပ်ဘူးဆိုရင် အဝေးက လာလုပ်တဲ့သူတွေကိုတောင့်နှိမ်ချင်သလိုလိုတော့ရှိတယ်။ အဲ့လိုမျိုးဘဲကျမတွေ့ခဲ့ရတယ်။ ဒီအမျိုးသမီးအချင်းချင်းကူညီထောက်ပံ့ခက်ခဲ့မှုတွေကိုကူညီဖြေရှင်းတာမျိုးအရင်ကဒီလုပ်ခဲ့တဲ့ကာလမှာကျမ ဒီအရာတွေဘာမှမသိခဲ့ရဘူး။ ဒီကေအိုင်အေ ချီဖွေမှာ အခုတလောဘဲကေ့စ်တစ်ခုဖြစ်သွားတယ်။ အဘွားတစ်ယောက် အဓမ္မပြုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ ဒီအမျိုးသမီးအဖွဲ့ကနေ ဆေးရုံသွားပြီး ပြပေး၊ ဒီအမျိုးသမီးဘက် မာမာမတ်မတ်ရပ်တည်ပေးတယ်။ အမျိုးသမီးရေးရာအဖွဲ့တွေကတော့ စပြီးဒီအမျိုးသမီးအတွက် ရပ်တည်ပေးတာ အမှုတွေ ဖြစ်လာရင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ မရှိအောင်ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေလုပ်လာပြီ။ အရင်တုန်းက မရှိခဲ့ဖူးဘူး။

-အရင်တုန်းကတော့ သူတို့အမျိုးသမီးတွေ အဖွဲ့ဖွဲ့တော့ဖွဲ့စည်းထားတယ်။ သူတို့ရဲ့ ဒေသခံခွဲခြားတဲ့ နေရာမှာဘဲ ရောက်နေတယ်။ ဒေသခံအမျိုးသမီးတွေက ဒီခက်ခဲ့တဲ့အရာတွေကို သူတို့က မရင်ဆိုင်ရဘူး၊ ရင်ဆိုင်ကြုံတွေ့ရတာတွေမရှိဘူး။အဲ့ဒီတောသူတို့က ဖာသိဖာသာနေနိုင်တယ်။ တစ်ခြားနေရာ ကနေ လာပြီးအလုပ်လာလုပ်တဲ့သူတွေဘဲဒီအခက်အခဲ့တွေကိုရင်ဆိုင်ကြုံတွေရတာ။ ဒါကြောင့် သူတို့က အဲ့လောက်အရေးမယူဘူး။ နှိမ်သိမ့်ပေးမှုတွေလည်းဘာမှမရှိဘူး။

-အများကြီးပါ။ ဒီသင်တန်းလာတက်ပြီးနောက်ကျမပိုပြီးစိုးရိမ်လာတယ်။ အစတုန်းကတော့ အများကြီးပျက်စီးသွားပြီနော်ဆိုပြီးပဲ ဒီဆော်လော်လမ်းက အခုလက်ရှိအစိုးရတဲ့ဝင်လာမှဘဲ ဖွင့်လိုက်တာဟုတ်တယ်။ အစတုန်းက ကျမတို့စစ်ရှောင်တွေနှစ်ချီ ချီဖွေကနေဆော်လော်ကိုသွားတဲ့လမ်းက ပိတ်ထားတာဟုတ်တယ်။ အခုဖွင့်လိုက်တဲ့အချိန်ကြတော့ ကျမတို့ဖြစ်စေချင်တာက ဒီအရင်တုန်းက အများကြီးတိုးသွားတဲ့ အခါကြတော့ ရေကြီးမှုတွေ၊မြေပြိုမှုတွေရော စပြီး ကျမတို့တွေကြုံတွေ့ခံစားနေရပြီ၊  အဲ့တော့အခုလက်ရှိတာဝန်ယူနေတဲ့အစိုးရကို ကျမတို့က ဒီအရာတွေကို မလုပ်စေချင်တော့ဘူး။ လုပ်ရင်ပိုပြီး ပျက်စီးသွားမည့်အရာတွေရှိတယ်။ ဒါပေမယ့် ဒီအစိုးရဘက်ကလည်း ငါတို့က တော်လှန်ရေးကာလမို့ ဒါလေးတွေကို ရောင်းပြီးမှဘဲ ဒီတော်လှန်ရေးရှင်သန်၊ ပြောချင်တာက အခွန်အကောက် စီးပွားရေးအတွက်အစိုးရတောင့်ခံနိုင်ဖို့အတွက် ဒီအရာတွေရောင်းပြီး  တောင့်ခံနေတဲ့ ဆိုတဲ့အသံတွေကိုလည်းကျမတို့ကြားရတယ်။ အဲ့လိုကြောင့်ဘဲလုပ်နေရတာမျိုးပါဆိုပြီးပေါ့။ ဒါပေမယ့် ကျမတစ်ခု စဉ်စားမိတာက  အစတုန်းက လုပ်ခဲ့တဲ့အဖွဲ့က ကြတော့ ဒီစစ်ကောင်စီဆိုတော့ တရုတ်ကိုအောက်လမ်းအနေနဲ့ဈေးကိုနှိမ့်ပြီးအောက်လမ်းအနေနဲ့ရောင်းတယ်။

အခုဒီကေအိုင်အေက အရင်ထက်စာရင် သတ္တူဈေး၊ လျော်ကြေးငွေတွေဆိုရင်လည်းအစတုန်းက ထက်စာရင်ပိုပြီး ခံစားခွင့်တွေမြင့်လာအောင်၊ များလာအောင်၊သတ္တူတန်ဖိုးလည်းမြင့်လာအောင်လုပ်လာတာ တွေ့တယ်။ အစတုန်းက ဆိုရင် သူတို့ တိုင်ပင်တာတွေတောင် မရှိဘူးဆိုတော့ ဘာမှလည်းမသိ၊သိခွင့်လဲမရဘူး။ သူတို့ဘာသာ ဒီဗမာ့အစိုးရနဲ့စစ်ကောင်စီနဲ့ပေါင်းပြီးလုပ်စားသွားတယ်၊ ဒီလောက်ဘဲအားလုံးကမြင်တယ်။ အခုက ခံစားခွင့်တွေတော့နည်းနည်းစီပေး ၊အဲ့လိုမျိုးလေးတွေလုပ်နေတဲ့အချိန်ကြတော့ ဒီအရာတွေကို ဆက်ပြီးကျမတို့က မလုပ်ခိုင်းစေချင်ဘူး။ အခု “ဒီကားလမ်းဖောက်သွားတဲ့နေရာတွေက တောက်လျှောက် ရွှေတွေ တူးလာပြီးလုံးဝနောက်ကြသွားပြီးဆိုတဲ့ပုံစံနဲ့ကိုတူးလာလိုက်တာ၊ အရင်တုန်းက မတူးခဲ့ရပါလား” ဆိုတဲ့ ပုံစံ အခုမှဘဲလုပ်စားခွင့်ရတယ် ဆိုသလို ဒူကဘာတွေရော၊ salang kaba တွေရော တရုတ်တွေနဲ့ ပေါင်းပြီးနာမည်က သူတို့နာမည်၊ ပြီးရင် ပိုင်ရှင်တွေကလည်း သူတို့ကိုယ်တိုင်က အစိုးရကိုထည့်ပြီး ဧကလိုက်၊ ပြောချင်တာ ဒီအစိုးရနဲ့မဆိုင်ဘူး ဒီဒူကဘာတွေ တစ်ဦးတစ်ယောက်အနေနဲ့ ဧက တွေအများကြီးလာပြီးမှ ရွှေတူးတာတွေ အများကြီးရှိတယ်။ ဒီဒေသခံကျမတို့က အခုအာဏာပိုင်တွေအားလုံးက လုပ်နေကြတော့ ငါတို့သွားပြောရင်လည်း ရတော့မှာ မဟုတ်ဘူးဆိုသည့်အနေအထားမှာရှိတယ်။ ဖြေရှင်းဖို့နည်းလမ်းလည်း အခုချိန်ထိရှာတာလဲ လူကြီးတွေ မတွေသေးဘူး။ ဒီချီဖွေမေခမြစ်နားမှာ တူးဖို့တောင် ပြောလာကြတယ်။ ဒီလောက်နီးတဲ့ နေရာတောင် တူးဖို့ပြောလာသည့်အတွက် ကျမတို့က “နင်တို့လာမတူးကြနဲ့ဆိုပြီး” ကေအိုင်အို အထက်ရုံးချုပ်အထိ တိုင်တန်းတာတွေလုပ်ပြီးကန့်ကွက်နေတာရှိတယ်။

မိသားစုနှင့် ကလေးတွေအတွက် စိုးရိမ်မှုက အပြည့်ပါ။ လေ၊မြေ၊ရေအားလုံး ပျက်စီးပြီးတိုင်ပြည်၊ လူမျိုးပါ ပျောက်ဖို့အနေအထားဖြစ်လာတယ်။ တိုင်းရင်လူမျိုးတစ်ယောက်အတွက်က သူ့နေရမည်နေရာ၊ မြေ၊ရေအကုန်လုံး၊ ဒီသင်တန်းမှာ သင်သွားသလိုအားလုံးရှိရမည်ဖြစ်တယ်။

တစ်ကယ်လို ကျမတို့နိုင်ငံဆင်းရဲလို့ တစ်ခြားနည်းလမ်းနဲ့မရဘူး၊ ဒီအရာတွေကိုတူးဖော်ပြီးမှပဲ အသက်ရှင်ဖို့ ကျမတို့ ကေအိုင်အေက ဒီတော်လှန်ရေးကို မဖြစ်မနေ အဲလိုသွားရမည်ဆိုရင်တောင့်မှ ပြန်လည်ပြီး ပြုပြင် နိုင်မည့် နည်းလမ်းတွေ ဥပမာ- သစ်ပင်တစ်ပင် ခုတ်လိုက်ရင် သူ့မှာ အစားထိုးပြီး ပြန်လုပ်တာတွေ အတတ်နိုင်ဆုံး  ဒါနောက်ဆုံးအဆင့်လုပ်ပေးစေချင်တယ်။ ရွှေကိုလည်းအများကြီး စက်ကြီးတွေသုံးပြီး မတူးပဲနဲ့ပေါ့။ ကျမကိုယ်တိုက်ရောက်ခဲ့တယ်။ အခုက ရွှေကြောတွေ တောက်လျောက် ရှိပြီး ၁ ရက်ကို ၁၀ လုံးကျော်ကျော်ရတယ်။အကုန်ကုန်ပြီ။ စက်ကြီးတွေနဲ့မတူးဘဲနဲ့ တနိုင်တပိုင်တူးပြီး ပြည်သူ့တွေရဲ့ စီးပွားရေးအတွက် ပြည်သူ့တွေ လုပ်ငန်းကိုင်ငန်းတွေရဖို့ တူးရမည့်ဆိုရင်တောင်မှ တနိုင်တပိုင် နည်းလမ်းလေးတွေနဲ့လုပ်သွားမည်ဆိုရင် ကျမတို့အတတ်နိုင်ဆုံးကာကွယ်တာဖြစ်ပြီ။ ဒီနည်း အတိုင်းဘဲ ဆက်သွားမည် ဆိုလိုရှိရင် သယံဇာတလည်းကုန်၊နောက်ဆုံး နေရာမြေ လည်းမရှိ၊ နောင်မျိုးဆက်တွေအတွက် ဆရာပြောသွားသလို နှစ် (၅၀) ဆိုရင် အခု ၁၀ နှစ်ကျော်ပြီ၊နောက်ထပ်နှစ် ၃၀ ကျော်က ဒီမြေတွေပြန်ကောင်းဖို့အတွက် ကျမတို့ တစ်ဆက်ပြီးတစ်ဆက်ဆိုကျိုးတွေကို ပိုပြီး ခံစားသွားရဖို့ ပဲ ရှိတယ်။ ဘာမှလည်းစိုက်စားလို့မရ၊ သဘာဝသောက်ရေလည်းမရ ဆိုတော့ အကုန်လုံးကိုပြောချင်ပါတယ်။

ကျမတို့က ဒီသတ္တူတွေ၊ရွှေတွေ၊ သဘာဝသယံဇာတတွေကို အခုလို တူးလိုက်ခြင်း အားဖြင့် ဘယ်လောက်ထိ ဆိုးကျိုးရှိတယ် ဆိုတာကို လူတိုင်းကိုသိစေချင်တယ်။ ကျမနှင့် နီးစပ်တဲ့သူတိုင်းကိုတော့ ကျမကတော့ ပြောပြမှာြဖစ်တယ်။ ဒါပေမယ့် အခုလိုမျိုး အမြင်ဖွင့် သင်တန်းတွေ အခုချက်ချင်းလုပ်ပေးဖို့ အများကြီး လိုအပ်တယ်။ ဘာလိုလဲဆိုရင် လူတိုင်းက ပိုက်ဆံရှိရင် တစ်နှစ်တစ်နှစ် နှစ်တိုင်းခြောက်လရောက်ရင် မြေရောင်းစားတဲ့ပြည်သူ့တွေကို ခံစားခွင့်တွေ ပေးနေတာ ရှိတယ်။သူတို့က အဲ့တာကိုဘဲ မြင်ပြီးပိုက်ဆံလိုချင်တာကိုပဲသိတယ်။ ပြီးရင်ဒီလောက်အထိ ဆုံးရှုံးနစ်နာမယ့် ဆိုတာသူတို့မသိဘူး။ ကျမတို့တောင့်မှ သိတယ့်ဆိုရင်တောင့်မှ အနည်းငယ်ပဲသိတယ်။ အခု ဒီရောက်မှဘဲ ပိုပြီးသိလာတယ်။

လက်တွေ့မှာ ကျမတို့အားလုံးစည်းလုံးပူးပေါင်းပြီး လုပ်နိုင်မယ့်ဆိုရင် ဒီအရာကို ပပျောက်အောင် မလုပ်နိုင်ရင်လည်း လျော့ချအောင် လုပ်သွားနိုင်မယ် ဆိုပြီး အသိတွေ၊ ခွန်အားတွေ ရလာတယ်။ သူတို့ကိုလည်း အသိအမြင်လေးတွေ ဖွင့်ပေးတာမျိုး၊ သွားပြီးမှပြောပြပေးတာမျိုးဆိုလိုရှိရင် ရွာသူ၊ရွာသားအားလုံးက သဘောပေါက်လာပြီ ဆိုရင် ကျမတို့ရဲ့လုပ်ငန်း ရည်ရွယ်ချက် သဘာဝတရားကို ထိန်းသိမ်းဖို့ အဆင်ပြေမည်၊လုပ်ဆောင်နိုင်မည့်ဆိုပြီးမြင်ပါတယ်။ အခုလက်ရှိမှာ ဆိုရင် ပိုက်ဆံပဲမြင်ပြီး ရွာ တစ်ရွာမှာ တစ်ဖွဲ့ကလက်မှတ်ထိုးပေး၊တစ်ဖွဲ့က လက်မှတ်မထိုးပေးဖြစ်နေတယ်။ သူတို့က ဒီလက်မှတ် ထိုးပေးသည်အဖွဲ့ကို စည်းရုံးပြီးပိုပြီးလုပ်ဖြစ်နေတာတွေဖြစ်နေတယ်။ အခုလက်ရှိမှာလည်း မျိုးနွယ်စုဆိုရင် သူတို့မျိုးနွယ်စုအလိုက်လာပြီးလက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်။ တစ်ကယ်လို့ ရွာသူ၊ရွာသားတွေက ဒီအသိအမြင်တွေအားလုံးသိရင်က အားလုံးမထိုးပေးပဲ ပါဝင်မယ်ဆိုရင် တစ်စုတစ်စည်းတည်း ကာကွယ် ထိန်းသိမ်းနိုင်မယ်လို့ မျော်လင့်တယ်။

Women’s storytelling on the impact of Rare Earth Mining Area Episode 2

Nick Name – Ah Tawng, Age – 30

Before the coup, I worked as government staff in the Education Department. In 2021, I joined the Civil Disobedience Movement (CDM) and moved to Pang Wa to open a restaurant. I lived in Chiphwe from 2021 until December 2024.

In 2025, I returned to Chiphwe again and became a volunteer teacher at a school under the KIO government. I witnessed the situation here while working in rare earth mining, which was controlled by the Militia (Border Guard Force). Now I am living in Chiphwe. Mining operations have resumed in Na Buk and around Chiphwe.

Before, when I was there, people had many job opportunities. However, local people in Pang Wa began selling their land for rare earth mining. Those who sold their land no longer needed to work in risky areas, such as contaminated or landslide-prone zones operated by Chinese mining companies. Instead, they received training and money from selling their land, allowing them to live more stably.

Some people, including myself, came from faraway places like Myitkyina to sell goods. Unfortunately, there is discrimination and unequal pay for workers by the Chinese operators, especially truck drivers.

KanBaYang (ကံဘယန် ရပ်ကွက်) Quarter, Chiphwe is located just across the Chiphwe Stream by a bridge from the Pang Wa mining site. Taung La Village is currently under investigation and testing as a potential mining site. It is situated along the road to Sawlaw.

Regarding the situation of women, some have become wives (Mistress) of Chinese men and supported their families. On the other hand, this arrangement only temporarily improved their families’ circumstances. When these women stopped being wives or returned home, they faced serious health problems. Such health-related cases have been increasing. Nearly all Chinese men in the rare earth mining area have temporary wives.

In Pang Wa, massage shops have appeared, and the number of sex workers has been increasing than usual. These sex workers are only allowed to work for six months before being replaced by a new group chosen by the leaders. Prostitution has been rising during I was there. Many of these sex workers are young girls, women, and even married women, which has led to broken families.

All the men and women from the rare earth mining site came to me while I was selling food and goods. Most of them were eating and drinking beer. At that time, they had income, so many traders also came here.

But on the other hand, I thought about my relatives. Young girls were also working at the mining site. One of them, my niece, had to work there because she was the eldest child in her family and needed to take care of her younger brothers and sisters. Even her aunt was there, living as the wife of a Chinese man.

At the site, there were many different kinds of people. My niece was still young, so she believed that a man truly loved her and stayed with him. Later, I called her to work at my shop. She was clever and introverted. I even thought she didn’t have a boyfriend—but of course, she had before.

After a few months at the mining site, she returned. I asked her to help at my shop, making barbecue. Gradually, her belly grew larger, but even my siblings and I didn’t notice at first. Her legs were swollen. We thought it might be caused by hepatitis B or some other illness, so we planned to take her for a health check.

Later, her aunt discovered the truth about her story at the mining site and took her to Myitkyina. By then, she was seven or eight months pregnant. Her aunt called me, suggesting abortion so that others wouldn’t know, but eventually she gave birth.

I want to point out that she lost her sense of value about virginity after giving birth. Later, she decided her life was no longer the same, so she returned to the site. This time, she was involved not only with Chinese men but also with other men, having sexual relations. It became worse because of loneliness.

This was one of the painful experiences I witnessed in my life. We rented a house in Pang Wa because we do not have any farmland. Many elderly people in the area have died from cancer. At first, I only knew this was somehow linked to mining, but through this training I have learned much more. It reminded me of my uncle, who used to drink alcohol. He lived in Pang Wa, where the air is polluted due to the constant passage of trucks carrying chemicals and rare earth materials. I believe this pollution, along with contaminated food, has shortened the life expectancy of many elderly people.

My aunt told me that my uncle had worked as a militia soldier, serving as a security guard in the mining area for many years. She believes his death was caused by direct exposure to acids and chemicals over time.

There are many farms nearby producing corn and potatoes, which are the main livelihood of the community. However, the soil has become so degraded that only mustard can grow. Before mining began, fruits were large, juicy, and of good quality. Now, even potatoes and other vegetables are small and poor in quality, often unsuitable for consumption. I am deeply concerned about the future.

There have been significant changes affecting not only women but also men. Many of these issues are linked to drug problems, as people have migrated from different places. Even my husband reported this to KHRN. He works as an outreach staff member for the Asia Anti-Drug Organization, so I have learned about it through him. Even administrative leaders and their soldiers use drugs in Pang Wa. There is a casino there, and many drug users, including local people. This has led to robbery, fighting, killings, and other crimes.

This area was once very isolated when it was designated as Special Region (1) for militia and armed leaders, so the media could not report on it. All the news was hidden. At one point, a Chinese man was killed, and when Chinese authorities came, they arrested the killer. Whether he is still alive or was executed, no one knows, except perhaps the leaders.

In Kabrang and Chiphwe, there have already been 10 years of internally displaced persons (IDPs) between 2012 and 2023. In one case, a man who had a girlfriend from the mining site fought with a Chinese man. The Lisu man was killed by the Chinese man. When the KIA arrived, they announced that they had killed the man, but no news was released.

There is no security in this environment because of these kinds of people. We have been living among constant fear and instability. When I worked in rare earth mining area, all the house rental, shop rental fee and electric bill are very high. For example, here in Pang Wa and Chiphwe we have to pay more 50 for the electric bill than Myikyina. We have to pay more tax like we have been in foreign country. Families are struggling for taxes like electric bills, utilities bill, municipal taxes and selling tax. We had time that did not well selling but we had to pay twenty Yun for a week. When we calculated all the cost and profit, we had seen that very high living cost.

If we do not sell, we face trouble. Our trading depends entirely on rare earth mining workers. It is very difficult for new workers who have not yet received a job or newcomers in this mining area to afford even one meal. Sometimes I am asked, “I want to have a meal, but I don’t have money,” so I feed them for free out of kindness.

Our living cost is eight Yuan (equivalent to 120 USD) per month due to tax payments. The electricity bill is over one thousand for one unit. We cannot afford to live without trading, so we have to return home. Some people manage because they own houses here.

The water source is about 30 miles away, but we have managed to get water from there. We do not need to move away from this rare earth mining area. We have to collect water from near the mining sites, which is used for both drinking and daily needs. Until now, the local people are still using this water. However, the Chinese people only drink purified water.

Local people are under security protection, but the outsiders have been discrimination. When there has occurred, authority are always side to local people and only stand for Chinese businesses men as they paid taxes to them. A side only money.

There has no health assist for mothers, women and children like other region has. The empowerment trainings are for youth, Fathers and Mothers groups by district church. For youth training happens once in year. There has no other training. The training of trainer said that the children from the natural extracting area are never developed. Which quote is true. The children from here have money so they do not need other, we have money and afford to do. All the elder generation showed that everything solved wit money. In their mind “Money is the most important”. We can see that the different those children with other areas in speaking, characters. I felt what trainers saying is truth.

Men are only listening to what men says. There has nothing for ordinary people what about health as trainer mentioned. And also, there has no even have training which conducted by NGOs. No at all.

In fact, their knowledge and education levels are very low. Let’s compare this with Chiphwe, which is a poor town. During the junta government, government staff lived on very low salaries before. In Pang Wa, however, churches received more donations, so they were able to provide greater support.

To your question about whether there is any health support. No, there is none. Most activities here relate to China. There is one NGO, HPA, which helps with malaria prevention in Pang Wa and Chiphwe. When I gave birth, I received a small amount of cash support. They had specific amounts allocated for natural births and cesarean sections.

As I mentioned before, my husband’s organization works on anti-drug programs. They help drug users who are struggling with heroin and other drugs. They also support users to stop by providing methadone treatment, assist those who have contracted HIV/AIDS, and distribute clean needles and syringes to drug users. They even cover transportation fees so patients can travel to Myitkyina city to get medicine. At the same time, they raise awareness among sex workers about sexually transmitted diseases, Hepatitis B and C, and provide testing. These two organizations are still active in the area.

Most young girls do not want to participate in community or social activities, and they do not even want to stay with their families in this mining area. They prefer to live away from their families and change their character and behavior. The community needs them, but there is little interest in participation. When they return home, they only stay for a short time. Young men are also working at the mining site. For example, they do not want to work for daily wages. Since they are paid well at the rare earth mining site, they no longer want to work elsewhere.

In terms of customary practices and traditions, some people believe that Chinese culture is correct because they have become accustomed to it where they live. Some women follow Chinese men and have children with them. One of my friends also married a Chinese man and had children. After two years, she left her two children and returned home. Similar cases are increasing, and traditional practices are no longer being followed. Many women think that culture and traditions are unnecessary or have no value. For example, when they believe that the Chinese are always right, they forget about God.

As I mentioned about the girl who worked at my shop, she has been driven into that situation by her society in the rare earth mining area. Parents must send their children to school for security, so they will not think like her or end up like her.

Most people speak without understanding their situation, saying things like those who are “hot” and want to be it. If we do not understand them, they will become more like her or keep moving forward to fight a losing battle. We are nothing, useless anymore. I am becoming a useless person, and even if we change our life, no one will accept or recognize us.” These feelings drive them to work in those sectors. Not understanding them becomes the force that pushes them.

Until now, there has been nothing, no participation. Because we did not have this kind of meeting before. I will go and talk with our teacher about having a meeting. From now onward, I would like to work with all the different areas as a network where rare earth mining exists.

I have heard that before, local people and villagers had no chance to get permission, as everything was under KIA control. In the past, information was not accessible; only individual businessmen or groups cooperating with the Junta government could engage in mining. They directly asked for permission and paid taxes, but we did not know how much they had to pay.

Nowadays, there is at least a little transparency. For example, you have to pay 3 kyats (1 Kyat Thar = 16.3293 grams) for one mining site. All mining owners must pay this. KIO reallocates it: one share for local people, one for the landowner, and one for KIO as the governing authority. Before, nothing like this happened, there was no discussion. They just did whatever they wanted. Even among women’s groups, there was no discussion about rare earth mining issues

In reality, I did not see people supporting each other. They looked down on outsiders who came to help, because those activities were not organized by their own youth. This is what I observed. While I was there, I did not see any support or cooperation among women.

In the KIA-controlled area, there was one case of rape against an elderly grandmother. A women’s organization stood up for her and sent her to the hospital. These women’s organizations have begun to take a stand against sexual abuse and discrimination. At the same time, they have started working toward elimination of such issues, which had not been addressed before.

Before women’s organizations were established, the wives of local authorities were considered representatives. However, they were often assigned to other villages where their duty stations were located, so they never directly faced the situations that local women experienced. As a result, they were able to remain separate from these struggles.

Women who came from other areas also faced the same challenges as those in the local villages. Yet, no action was taken to assist them, not even words of consolation.

A lot has changed. My fear grew even bigger after the training. In the beginning, I was very depressed because the Salaw road had just been opened under this government. Before, the road was blocked since many IDPs were using it. Now the road is open, but many incidents have occurred, such as flooding and landslides, which we have experienced ourselves.

Therefore, I do not want this government to continue all this mining. If they do, there will be more destruction and damage. But the government says they must continue and sell resources for the revolution. They claim they need to collect taxes from businesses to sustain the revolution or the government that is what I have heard. Previously, militia groups sold resources to China at very low prices. The KIO sold natural resources at higher prices and provided compensation for social welfare, getting better prices for minerals. Yet, we were never consulted or given the right to know about it. The militia and junta government benefited, while ordinary people did not. Now we receive a little benefit, but under these circumstances, we do not want them to continue.

Currently, they are building roads along the way and conducting gold mining at the same time. They believe they were left behind, so now they are working together with high-ranking officials Du Kaba, Salang Kaba (administrative officers) and Chinese businessmen under their names. There are many acres involved. In reality, these projects are not directly connected to the government but only to high-ranking majors and officers. Local people say these governors are responsible. There are no alternative solutions being considered. They are even planning to mine near the May Kha River. We, the local people, sent a complaint letter to the Central Committee asking them not to proceed.

Families and children are deeply worried because the land, water, and air are polluted. The next generation will almost disappear. What I have learned is that every race and ethnic group has land tied to its identity.

If our country is poor and there is no alternative solution, then natural resource extraction may seem like the only way to survive or continue the revolution. However, they must think about how we can repair the damage for example, by replanting after logging. At the very least, programs like that should be implemented.

They should not extract with heavy machinery. In the area I visited, there were more than ten heavy machines, and everything was destroyed. Extraction should be done on a small scale, not with heavy machines, even if it is for economic or job opportunities. That would be a way of protecting our environment.

Otherwise, if they continue in the same way, all the natural resources and land will be gone. As the trainer mentioned, in the next fifty years and already ten years have passed, it will be nearly impossible to rehabilitate those lands for the next generation within thirty years. We will face even more negative consequences. There will be nothing left to plant, and no clean water to drink.

I would like to learn from other people about the impact of natural resource extraction. I have shared my thoughts with those closest to me. However, trainings like this are necessary for the community, because many people only notice that those who sold their land for mining have received benefits from businessmen. The local people see only these benefits and desire them, rather than understanding the negative impacts.

In reality, when we are united, we can overcome challenges, or at least reduce them, and this knowledge makes me feel empowered. If we raise awareness about sustainable development and provide environmental training, people will gain understanding and help us achieve our objective of protecting the environment.

Now, many people only focus on money. This has created two groups: those who sign contracts to sell their land and those who refuse. The signing group often pressures the non-signing group, sometimes even using ethnic ties to persuade them to agree.

Show More

Leave a Reply

Back to top button