ရမ်ပူရပ်ကွက်

  • Jul- 2026 -
    15 July
    မူးယစ်ဆေးဝါး

    မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ (၂၁ )အလယ် အိမ်တန်းလျားနှစ်ခုမှာ မူးယစ်ဆေးဝါး အဓိကရောင်းနေကြတယ်လို့ သိရပါတယ်။ “အဓိကတော့ အုပ်ချုပ်ရေးမှူးတွေ ရဲတွေက သိသိကြီးနဲ့ လွတ်ထားကြတာလေ။ ခုဟာက ရက်တစ်ရာစီမံကိန်းပြီးနောက် အရင်လိုပြန် ရောင်းဝယ်နေကြတာ တစ်နေကုန် လမ်းဆုံ၊လမ်းခွတွေမှာ  လူမြင်ကွင်းတွေမှာ ပုံမှန်ရောင်းဝယ်နေကြပြန်ပြီ”ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲတဲ့ ဧပြီလ ၂၀ ရက်နေ့ကနေ ရက်ပေါင်း ၁၀၀ စီမံကိန်းကို ကြေညာခဲ့ပြီး မြစ်ကြီးနားမြို့တွင်း အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့ပမေယ့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ဘူးလို့ မြစ်ကြီးနားမြို့ပြ ည်သူတွေ ထောက်ပြနေကြပါတယ်။ ဒါကြောင့် လတ်တလော ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးလက်လီလက်ကား ရောင်းသူအားလုံးပေါင်းရင် အယောက် ၃၀ ဝန်းကျင်ထိရှိလာနေတယ်လို့လည်း သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကြောင့် ရပ်ကွက်နေပြည်သူတွေ ပိုမိုထိခိုက်ပျက်စီးလာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေတယ်လို့ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေဟာ အသက် ၁၂ အရွယ်ကနေ ၁၇ နှစ်အရွယ်ထိ အသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်နေတယ်လို့ ရပ်ကွက်နေပြည်သူတွေပြောပါတယ်။ “ခုနောက်ပိုင်းက အသက်မပြည့်တဲ့ကလေးတွေကို အသုံးချပြီး ရောင်းခိုင်းနေကြတာဟုတ်တယ်။ အခြေနေတော့တော်တော်ဆိုးနေပြီ” လို့ နောက်ထပ်ရပ်ကွက်နေပြည်သူတစ်ဦး ထပ်ပြောပါတယ်။ ရမ်ပူရပ်ကွက်တာဝန်ကျ ဒုရဲအုပ်နဲ့…

    Read More »
  • 15 July
    သတင်း

    မူးယစ်ဆေးရောင်းတဲ့ အိမ်တန်းလျားတွေကိုဖယ်ရှားပေးဖို့ တောင်းဆို

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ထဲက မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တန်းလျားတွေကို ဖယ်ရှားပေးဖို့ ရပ်ကွက်နေပြည်သူတွေ တောင်းဆိုနေပါတယ်။

    Read More »
  • 14 July
    မူးယစ်ဆေးဝါး

    မြစ်ကြီးနားမှာ အသက်မပြည့်တဲ့ ကလေးငယ်များ မူးယစ်ဆေးရောင်းချနေဟုဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ မူးယစ်ဆေးဝါးရောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၁ မှာ မောင်နှမနှစ်ဦးဖြစ်တဲ့ အသက် ၁၂အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ ၁၆ ဝန်းကျင်အရွယ် မိန်းကလေးဖြစ်ကြပြီးတော့ နောက်ထပ်  ၁၆…

    Read More »
  • May- 2026 -
    23 May
    မူးယစ်ဆေးဝါး

    ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။

    Read More »
  • 19 May
    မူးယစ်ဆေးဝါး

    မူးယစ်ဒိုင်ကြီးတွေကိုပါ ဖမ်းပေးဖို့ရပ်ကွက်နေပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးခဲ့ပေမယ့် ဒိုင်တွေကဆက်ရောင်းချနေဆဲ ဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

    Read More »
  • 15 May
    သတင်း

    ရက် ၁၀၀ မူးယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း ဆက်လက်ရောင်းဝယ်နေ

    မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ စစ်အစိုးရက ရက် ၁၀၀ မူယစ်ဆေးဝါးတိုက်ဖြတ်ရေး ကြေညာသော်လည်း ပုံမှန်အတိုင်း မူးယစ်ဆေးဝါးပြန်လည် ရောင်းဝယ်နေကြတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောဆိုနေကြပါတယ်။ မေလ ၉ ရက်နေ့က မီးတပ်အဖွဲ့က လူအင်အား ၁၀ ကျော်…

    Read More »
  • Apr- 2026 -
    30 April
    သတင်း

    ရမ်ပူမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ရပ်ကွက်နေပြည်သူတွေ နှောက်အယှက်ဖြစ်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်မှာ မိုးလင်းပေါက်မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကြောင့် ရပ်ကွက်နေသူတွေ နေ့စဉ်လူမှုဘဝနေထိုင်မှုမှာ အဆင်မပြေမှုကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုံမှန်ဆိုရင် နေ့ဘက်မှာသာရောင်းဝယ်ကြတာများပေမယ့်၊ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ မီးပျက်ပြီးနောက်ပိုင်း ညဘက်ကနေ မိုးလင်းအထိဆက်တိုက်ရောင်းဝယ်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မူးယစ်ဆေးဝါးရောင်းဝယ်လာဝယ်သူတွေရဲ့ ကားသံ၊ ဆိုင်ကယ်သံတွေကြောင့် တစ်ရပ်ကွက်လုံး ဆူညံနေပြီး  အိပ်မရတဲ့အထိဖြစ်နေတယ်လို့ ဆိုပါတယ်။ ရပ်ကွက်နေသူတစ်ဦးကတော့“အိမ်ရှေ့ကနေ တစ်ညလုံး ဖြတ်သွားနေတာပဲ။ ဆူညံသံတွေနဲ့ မီးလည်းပျက်၊ ပူလည်းပူတော့ အိပ်လို့မရဘူး”လို့ ပြောပါတယ်။ မူးယစ်ဆေးရောင်းသူတွေဟာ အရင်လို လမ်းကြားတွေမှာသာမဟုတ်တော့ဘဲ လမ်းမကြီးဘေးတစ်လျှောက် အိမ်တိုင်ရာရောက်ရောင်းနေကြတယ်လို့ သိရပြီး အဆိုးဆုံးက နယ်မြေ ၂၂ နဲ့ ၂၃ အပိုင်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ထို့အပြင် ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်ထဲကသက်ဆိုင်ရာအာဏာပိုင်တချို့၊ ရဲတပ်ဖွဲ့တွေဘက်က ဆက်ကြေးယူပြီး ရောင်းဝယ်ခွင့်ပေးထားတဲ့အတွက် တိုင်ကြားဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေတွေကြောင့် ရပ်ကွက်ထဲမှာ လုံခြုံရေးလည်းမရှိတော့သလို၊ ခိုးဆိုးလုယက်မှုတွေ မကြာခဏ ဖြစ်နေပြီး မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူတွေကလည်း တစ်လကို ပျမ်းမျှ တစ်ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။ ရမ်ပူရပ်ကွက်ဟာ ယခင်က  ငြိမ်းချမ်းတဲ့နေရာတစ်ခုဖြစ်ပြီး လုံလုံခြုံခြုံ သွားလာလို့ရတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာ တိုင်းပြည်အခြေအနေမတည်မငြိမ် ဖြစ်လာပြီး ရွှေ့ပြောင်းနေထိုင်သူတွေများလာတာနဲ့အမျှ မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။ ရမ်ပူရပ်ကွက်မှာ နယ်မြေ ၂၄ ပိုင်းရှိပြီး အပိုင်းတစ်ခုစီမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး အိမ်ငှားတန်းလျားတွေများတဲ့နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှု စတင်ပျံ့နှံ့လာတာကတော့ အပိုင်း ၂၁ ကနေ ဖြစ်ပြီး၊ အဲ့ဒီအပိုင်းမှာ သုံးပုံတစ်ပုံလောက်က ရောင်းဝယ်နေကြတယ်လို့ ဆိုပါတယ်။ By – Hope

    Read More »
  • 25 April
    သတင်း

    မြစ်ကြီးနားမှာ ဈေးသည် ၇ ဦးဖမ်းခံရ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး တစ်ချို့ကိုတော့ ခံဝန်ကတိတွေထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖြစ်စဉ်သိတဲ့ မိုးမလင်းဈေးသည်တွေဆီကနေ သိရပါတယ်။ ဧပြီလ ၂၅ ရက် ဒီမနက် ၃ နာရီဝန်းကျင် ရမ်ပူ၊ရွှေညောင်ပင်…

    Read More »
  • Mar- 2026 -
    23 March
    သတင်း

    မြစ်ကြီးနားမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုတွေ့

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ အာဟာရပြတ်ပြီးသေဆုံးနေတဲ့ ပိုင်ရှင်မဲ့ရုပ်အလောင်းတစ်ခုကိုတွေ့ရှိခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို မတ်လ ၂၂ ရက် မနေ့ည မနက် ၈နာရီ ၄၅မိနစ်အချိန် ရမ်ပူရပ်ကွက် နယ်မြေ ၂၁ က…

    Read More »
  • 18 March
    သတင်း

    ဆေးထိုးအပ်တွေကို စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် ရမ်ပူရပ်ကွက်နေ ပြည်သူတွေအခက်တွေ့နေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာဆေးထိုးအပ်တွေ စည်းကမ်းမဲ့စွန့်ပစ်ထားကြတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဟာ လူသွားလူလာနေရာတွေ၊ ကလေးတွေ ဆော့ကစားတဲ့ ကွင်းပြင်လို နေရာမျိုးတွေမှာ မူးယစ်ဆေးဝါးတွေသုံးစွဲနေကြပြီး သုံးပြီးသား ဆေးထိုးအပ်တွေကိုတော့ အဲဒီနေရာတွေမှာဘဲ စွန့်ပစ်ထားကြတယ်လို့ ဆိုပါတယ်။ “အပ်တွေဆို…

    Read More »
Back to top button