ရုပ်အလောင်း
-
Nov- 2025 -6 Novemberသတင်း
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ
ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားနှစ် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။ ဒါ့အပြင် လက်ရှိ သေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က နေရာယူထားတဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖားကန့်မှာ တိုက်ခိုက်သံတွေငြိမ်သက်သွားတာ တစ်လနီးပါးခန့် ကြာမြင့်လာပေမယ့် အရပ်သားပစ်သတ်ခံရမှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဖားကန့်စစ်ရေးအခြေအနေက အရင်လို ပြင်းပြင်းထန်ထန်တော့မရှိတော့ဘူး ငြိမ်နေတာပေါ့လေ။ ပြည်သူတွေက စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ တိုက်ပွဲပဲ မဟုတ်ဘူး စုဆောင်းရေးဆွဲတဲ့အသံတွေလည်း ဒီရက်ပိုင်းက ပြန်ငြိမ်သွားတယ်။ တန်ဆောင်မုန်းလပြည့်ရက်တွေကြောင့်လားတော့မသိဘူး။ ပြည်သူတွေလည်းသွားလာကြနေတာတွေ့ရပါတယ်။ အခုလို ပစ်သတ်ခံရတာတွေတော့ ရှိနေသေးတော့ ဂရိုက်စိုက်ပြီးမှတော့ နေထိုင်ကြတာပေါ့”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ မြစ်ကြီးနားနဲ့ ဖားကန့် မြို့နှစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ည ၁၀ နာရီကနေ မနက်ပိုင်း ၄ နာရီအထိ ညမထွက်ရ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် စက်တင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးကျမှန်ပြီးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အကြောင်းမဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ ဖားကန့် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျမှန်ပြီး အရပ်သားပြည်သူ သေဆုံးတဲ့ ဖြစ်စဉ်တွေ လနဲ့ချီ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
Oct- 2025 -29 Octoberသတင်း
မြစ်ကြီးနားမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ ပိုင်ရှင်မဲ့အလောင်းတွေ့
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့ရတယ်လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။ ရမ်ပူရပ်ကွက် နယ်မြေ(၂၀)မှာ ဆေးစွဲနေတယ်လို့ယူဆရတဲ့ အမျိုးသားတစ်ဦး သေဆုံးနေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေကနေပြီးတော့ အောက်တိုဘာလ ၂၈…
Read More » -
Sep- 2025 -5 Septemberသတင်း
ဝိုင်းမော်မှာ တစ်ရက်အတွင်း လူသေအလောင်း ၂ လောင်းတွေ့
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ တစ်ရက်အတွင်း လူသေရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ သေဆုံးနေတဲ့ရုပ်လောင်းနှစ်လောင်းထဲကနေ ပထမရုပ်အလောင်းက ဝိုင်းမော်မြို့ အမှတ် (၅ )ရပ်ကွက်နေ အသက်၂၅ နှစ်အရွယ် ဦးလာမြာဝူဆိုသူဖြစ်ပြီး ဒီမနက် ၇ နာရီဝန်းကျင်အချိန်…
Read More » -
Jul- 2025 -8 Julyသတင်း
ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့
ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။ ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။ ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။ “အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။ နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။ ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၅ ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Jun- 2025 -25 Juneသတင်း
မေခမြစ်မှာ ပုပ်ပွနေတဲ့ရုပ်အလောင်းတစ်လောင်းတွေ့ရှိ
ချီဖွေမြို့ မေခမြစ်မှာ ပုပ်ပွနေပြီဖြစ်တဲ့ အမျိုးသားတစ်ဦးရုပ်အလောင်းတွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေပြောပါတယ်။ ဇွန်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်းကပုပ်ပွဲပြီး ရုပ်ပျက်နေပြီဖြစ်တဲ့အတွက် မည်သူမည်ဝါဆိုတာ မသိနိုင်တော့ဘူးလို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အင်္ကျီလည်းမပါတော့ဘူး…
Read More » -
Mar- 2025 -4 Marchသတင်း
မြစ်ကြီးနားမြို့ အမှိုက်ပုံမှာ အမျိုး သမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၄ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင် အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် ၆ ကျောင်းရှေ့ရှိ အမှိုက်ပုံမှာ…
Read More » -
Feb- 2025 -6 Februaryသတင်း
ဝိုင်းမော်မြို့မှာ တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းအထိ တွေ့ရှိခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေ သိရပါတယ်။ သေဆုံးသူတွေဟာ အသက် ၃၀–၃၅ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး အများစုကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်း…
Read More » -
Dec- 2024 -17 Decemberသတင်း
ဝင်ခွင့်ပိတ်ထားတဲ့ ဖားကန့် မြေစာပုံပြိုကျတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျပြီးနောက် ဝင်ခွင့်ပိတ်ခံထားရတဲ့နေရာမှာ ရုပ်အလောင်း ၂ လောင်းပေါ်လာတယ်လို့ ကုမ္မဏီနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၁၂ နာရီဝန်းကျင် မှော်စီဆာကျေးရွာမှာရှိတဲ့ တင်အောင်ကြိုင်လုပ်ကွက်ဟောင်းတွင်း မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ပြီး ရေမဆေးသမားတစ်ချို့နဲ့ကုမ္မဏီလုပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပေမယ့် ဝင်ရောက်ရှာဖွေခွင့်ပိတ်ထားတာဖြစ်ပါတယ်။ မြေစာပုံပြိုကျမှု ဖြစ်စဉ်တစ်လကြာပြီးနောက် ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်လောင်းပေါ်လာတာဖြစ်တယ်လို့ ကုမ္မဏီနဲ့နီးစပ်တဲ့ လုံးခင်းကျေးရွာနေအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “ဘယ်သူဘယ်ဝါမှန်းကတော့မသိတော့ဘူးဗျာ။ ရုပ်အလောင်းကပုပ်ပွနေတာဆိုတော့ မနေ့ကစတွေ့တာပဲ မြေစာပြိုတဲ့ချိန်တုန်းက ဘယ်သူမှမရှာကြဘူးလေး ဝင်လို့မရတာ”လို့ သူကပြောပါတယ်။ မြေစာပုံပြိုကျတဲ့ညမှာ မြေသယ်ကားနှစ်စီးနဲ့အတူ ကုမ္မဏီလုပ်သားယာဥ်မောင်းတစ်ဦး၊ယာဥ်နောက်လိုက်တစ်ဦးနဲ့ ရေမဆေးသမားအနည်းဆုံး ၁၀ ဦးခန့်မြေစာပိသွားတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ရုပ်အလောင်းနှစ်လောင်းနဲ့ မြေသယ်ကားတစီးပြန်ပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျခဲ့တဲ့ ရေကန်ဟာ အနည်းဆုံး ပေ ၁၀၀ ကျော်နက်တာဖြစ်ပြီး လက်ရှိ ကန်ရေကျသွားတာကြောင့် ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ မြေစာပုံပြိုကျစဥ်က အခင်းဖြစ်တဲ့နေရာထဲကို ကယ်ဆယ်ရေးသမားတွေ၊ နာရေးကူညီမှုအသင်းတွေနဲ့အရပ်သားတွေဝင်ခွင့်ကို တစ်ပတ်ကျော်ရှာပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ရော၊ ဖုန်းလိုင်းပါ ဖြတ်တောက်ခံထားရတဲ့အပြင် ဆိုင်းတောင်တိုက်ပွဲနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က သတင်းထိန်းချုပ်မှုတွေလည်းရှိနေတဲ့အတွက် သတင်းအတိအကျရရှိဖို့ခက်ခဲတဲ့ဒေသလည်းဖြစ်ပါတယ်။ “ဒီမှာက ဖုန်း၊အင်တာနက်လိုင်းမရတော့ သတင်းလည်းတိတိကျကျရဖို့ခက်တယ်။ ခုအဲဒီအလောင်းကလည်း ပြီးခဲ့တဲ့အပတ် သောကြာနေ့ပေါ်တာလေ။ ကျနော်တို့သိတာက မနေ့ကမှသိရတာ သတင်းတွေလည်း အမြန်သိရဖို့အရမ်းခက်လာတယ်”လို့ နောက်ထပ် မှော်စီဇာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လအတွင်း စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAရဲ့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းအတာထိုးစစ်ဆင်တိုက်ပွဲအတွင်း ဖားကန့်မြို့နယ်အတွင်းမှာလည်း နှစ်ဖက်တပ်တွေတိုက်ပွဲတွေအပြင်းအထန်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိတော့ ဖားကန့်မြို့နယ် ၇၀ ရာခိုင်နှုန်းကို ကချင်လွတ်လပ်ရေး တပ်မ တော် KIA က နယ်မြေ စိုးမိုးထားပြီး စစ်ကောင်စီရဲ့ဖားကန့်ဗျူဟာကုန်းနဲ့ စစ်ရေးဂိတ်အနည်းအကျဉ်းသာကျန်ရှိတော့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာ နှစ်စဥ် ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားသေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လ ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ By…
Read More » -
Jun- 2024 -21 Juneသတင်း
ပန်ဝါမြို့ မြေရှားသတ္တုတွင်းလုပ်ကွက် မြေပြိုမှုမှာ အလောင်း ၁၇ လောင်းတွေ့ရှိ
ပန်ဝါမြို့ ကချင်အထူးဒေသ (၁) ဥက္ကဌ ဦးဇခုန်တိန့်ယိန်း သားအဖတို့ရဲ့ မြေရှားသတ္တုတွင်းမြေပြိုမှုမှာ ပါသွားတဲ့ ကုမ္မဏီလုပ်သား ၁၇ ဦးရဲ့ လောင်းတွေ့ရှိထားပြီလို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မြေပြိုကျခဲ့တဲ့ မြေရှားသတ္တုတွင်းမှာ ရှာဖွေရေးဆက်တိုက်လုပ်နေပြီး ဒီကနေ့ နေ့လည် ၁၂ နာရီအထိ အမျိုးသမီးတစ်ဦးအပါအဝင် လုပ်သား ၁၇ ဦးရဲ့ အလောင်းရှာဖွေတွေ့ရှိထားပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အမျိုးသမီးတစ်ယောက်ပါတယ် နာမည်က ဝါဝါအောင်ဆိုလား နေရပ်ကတော့အတိအကျမသိဘူး။ ကျန်တာကတော့ ယောင်္ကျားတွေဘဲ အညာဘက်က အလုပ်လာလုပ်တဲ့ ဗမာတိုင်းရင်သားတွေနဲ့ ကချင်ပြည်နယ်နမ္မတီးဘက်ကသူတွေ ပါတယ်လို့ ပြောတယ် ခုရှာတွေ့ထားတဲ့ထဲမှာ”လို့ ပြောပါတယ်။ လက်ရှိ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ့ရှိထားတဲ့ထဲမှာ ဝါဝါအောင်ဆိုသူ အမျိုးသမီးရဲ့ ရုပ်အလောင်းလည်းပါရှိပြီး အမျိုးသားဖြစ်သူက ဇွန်လ ၂၀ ရက်နေ့မှာ အရှင်လွတ်မြောက်လာခဲ့ပြီးတော့ လက်ရှိ…
Read More » -
Apr- 2024 -5 Aprilသတင်း
မိုးမိတ်မှာ သတ်ဖြတ်ပြီးစွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့
ရှမ်းမြောက်နဲ့ ကချင်အစပ် မိုးမိတ်မြို့နယ်မှာ မနေ့က မတ်လ ၄ ရက်နေ့ မနက်ပိုင်းက သတ်ဖြတ်ပြီး စွန့်ပစ် ထားတဲ့ အမျိုးသား၂ယောက်ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီအမျိုးသားနှစ်ယောက်ရုပ်အလောင်းကိုတွေ့ရှိချိန်မှာ နှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးနေတာဖြစ်ပြီး မိုးမိတ်မြို့အနောက်ဘက်ခြမ်း နမ့်မိတ်ချောင်းစပ်မှာတွေ့ရှိခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “အမျိုးသားနှစ်ယောက်ဗျ တစ်ယောက်ကဝတယ်…
Read More »