ရုပ်အလောင်း

  • Feb- 2024 -
    19 February
    သတင်း

    မိုးမိတ်မြို့မှာ နေအိမ်တွေ ဖောက်ထွင်းခံနေရ

    ရှမ်းပြည်မြောက်ပိုင်း နဲ့ကချင်ပြည်နယ်အစပ်က စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲမှာ မြို့ခံအရပ်သားတွေအပြင် အမည်မသိတဲ့သူတွေအုပ်စုဖွဲ့ပြီး မြို့တွင်းထဲက နေအိမ်တွေကိုဖောက်ထွင်းပြီး ပစ္စည်းခိုးယူတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးပူးပေါင်း တပ်တွေပူးပေါင်းပြီးတော့ မိုးမိတ်မြို့ကိုသိမ်းပိုက်ဖို့…

    Read More »
  • 13 February
    သတင်း

    ဖားကန့်လမ်းပိုင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်းတွေ့ရှိတယ်လို့ ပြော

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် ကားလမ်းပိုင်းကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပြီး ကားလမ်းပိုင်းမှာ အမျိုသားတစ်ယောက် သေဆုံးနေတဲ့ ရုပ်အလောင်းလည်း တွေ့ရှိရတယ်လို့ ဖားကန့် ဒေသခံတွေဆီးက သိရပါတယ်။ “အလောင်းကဦးနောက်တွေပွင့်ထွက်နေတယ်ပြောတယ်။ အမျိုးသားတဲ့ အသက်က ၃၀ ဝန်းကျင်…

    Read More »
  • Jan- 2024 -
    23 January
    သတင်း

    မိုးမိတ်မြို့နယ်တိုက်ပွဲအတွင်း သင်္ဂြိုဟ်ပေးရတဲ့ ရုပ်အလောင်း ၄၀ အထိရှိလာ

    ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ် မိုးမိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ရ သူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးရတာ ရုပ်အလောင်း ၄၀ ကျော်အထိရှိလာပြီလို့ စစ်ဘေးရှောင် ကူညီနေသူတွေဆီကသိရပါတယ်။ အဲဒီရုပ်အလောင်းတွေဟာ အရပ်သားတွေချည်းမဟုတ်ပဲ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တစ်ချို့လည်းပါဝင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “ခန့်မှန်းကတော့ မနေ့ကရွှေဇာလီက တစ်ယောက်လှုပ်ရှားပေးတာကိုက ၄၀ ကျော်သွားပြီ သူသင်္ဂြိုဟ်ပေး နေတယ် ရွှေဇာလီကတစ်ယောက်ကတော့ ကျနော်တို့ အရပ်သားသေဆုံးမှုတွေကို မီးသင်္ဂြိုဟ်ပေးနေတယ် လို့လည်း ခိုင်မာတဲ့သတင်းရတယ် တပ်ကလည်းပါမယ်ထင်တယ် “လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကစလို့ KIAနဲ့ PDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေးအင်အားစု တွေ က မိုးမိတ်မြို့နယ်ထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာတော့ မိုးမိတ်မြို့တွင်းက နေအိမ်နဲ့အဆောက်အဦးတွေရဲ့ ၄ ပုံမှာ ၃ပုံလောက်က ပျက်ဆီး သွားရ ပြီဖြစ်ပြီး ပိတ်မနေတဲ့အရပ်သားတွေဆက်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်ကူညီ နေသူကဆက်ပြောပါတယ်။ “အကို ပြောရမယ်ဆိုရင် မြို့ရဲ့ ၄ ပုံမှာ ၃ ပုံလောက်ကသွားပြီထင်တာပဲ ကျနော်တို့မြို့ပေါ်လေးရပ်ကွက် ပေါ့ အဓိကက လက်နက်ကြီးနဲ့လေယာဥ်ကြောင့်ပေါ့နော် ကြားထဲမှာတော့ အရပ်သားတွေက ထွက်နိုင် တဲ့သူတွေ က ထွက်ကြတာပေါ့ အခုနောက်ပိုင်းကျန်တာကတော့ ၅၀၀ နောက်ပိုင်းကတော့ကျန်မယ် ထင်တယ် အဲ့ဒီ ပိတ်မိတဲ့သူတွေကိုကယ်ဖို့ကြတော့လည်း လိုင်းမရလို့ လုံးဝအဆက်အသွယ်မရဘူး”လို့ ဆိုပါတယ်။ မိုးမိတ်မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကိုတော့ KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး  အဲ့ဒီ ရဲစခန်းမှာ ရှိတဲ့ အချုပ်သားသေဆုံးမှုတွေရှိတယ်လို့သိရပေမဲ့ အသေးစိတ်အခြေနေကိုတော့ KNG က အတည် မပြုနိုင် သေးပါဘူး။ “ မိုးမိတ်ကတော့ ရဲစခန်းက သိမ်းပြီးပြီ အဲ့မှာကြားလိုက်တာက အချုပ်သားတွေအကုန်သေတယ်တဲ့ ဘာ့ကြောင့်သေတာတော့မပြောတတ်ဘူး ခိုင်မာတဲ့သတင်းရင်းမြစ်ဆီကတော့သိရတယ်” လို့စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။ မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့အထိကို စစ်ကောင်စီတပ်က မိုးမိတ်မြို့ပေါ်နဲ့အနီးတစ်ဝှိုက်ကို လေကြောင်း တိုက်ခိုက်မှုတွေလုပ်နေပြီး မိုးမိတ်မြို့နဲ့ ၂မိုင်အကွာလောက်က စစ်ကောင်စီရဲ့တပ်ရင်းတစ်ချို့နဲ့ဗျူဟာကုန်း တွေတော့ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့နယ်ဟာ စစ်ကောင်စီရဲ့ဗျူဟာကုန်းတည်ရှိသလို ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပြီး မိုးမိတ်ကိုသာ KIA နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်နိုင်ခဲ့ရင် မန္တလေး–တကောင်း၊ မိုးကုတ်–ပြင်ဦးလွင် လမ်းပိုင်းတွေကို ထိန်းချုပ်သွားနိုင်မယ့်အခြေနေတွေရှိတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။  By – အမိုး

    Read More »
  • Oct- 2023 -
    24 October
    သတင်း

    ကောလင်းမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း၂လောင်းတွေ့

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ မနေ့က အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားရုပ်အလောင်း ၂ လောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ အင်အား ၁၀၀ နီးပါးရှိတဲ့စစ်ကြောင်းဖြစ်ပြီး…

    Read More »
  • 23 October
    သတင်း

    မူဆယ်မှာ သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ကျင်စန်းဂျော့ဂိတ်သွားရာလမ်း လမ်းဘေးအမှိုက်ပုံတစ်ခုမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က သတ်ဖြတ်ခံထားရတဲ့ရုပ်အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ အဲ့ဒီရုပ်အလောင်း ၃ လောင်းဟာ သားအဖတော်စပ်သူ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်အလောင်းတွေဖြစ်တယ်လို့ လက်ဖက်ညွန့်လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါ…

    Read More »
  • 23 October
    သတင်း

    ဝက်လက်မှာ မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၆ လောင်းတွေ့

    စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သုံးဆင့်ကန့်ကျေးရွာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ကမီးရှို့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းတစ်လောင်းအပါအဝင် ရုပ်အလောင်း ၆ လောင်းတွေ့ရှိခဲ့ တယ်လို့ ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တွေဆီကသိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ မန္တလေး–မြစ်ကြီးနားရထားလမ်းဘေးက သုံးဆင့်ကန်၊ သာလိုင်း၊ရုံးသာ နဲ့ အနီးတစ်ဝှိုက်တွေကို စစ်ကြောင်းထိုးတာတွေဆက်တိုက်လုပ်ခဲ့ပြီးတော့…

    Read More »
  • 23 October
    သတင်း

    ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာအပိုင်မှာရှိတဲ့ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ကျင်းဟောင်းကမ်းပါးပြိုကျရာမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးရဲ့ ရုပ်အလောင်းပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲဒီရုပ်အလောင်းကို အောက်တိုဘာလ ၂၂ ရက်နေ့မ‌ နေ့က ဆယ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ ရှာ ဖွေကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။ “အခုက တစ်ယောက်ရဲ့…

    Read More »
  • 12 October
    သတင်း

    ဂျေယန်ချောင်းမှာသေဆုံးနေတဲ့  ‘ဝ’ အမျိုးသမီးတစ်ဦးအလောင်းမျောလာ

    လိုင်ဇာမြို့  ဖွန်လွမ်ယန်ကျေးရွာ နယ်မြေ ၂ ဂျေယန်ချောင်းမှာ ဒီမနက်က အမျိုးသမီးအလောင်း ရေစီးနဲ့မျှောပါလာတယ်လို့ ဖွန်လွမ်ယန် ဒေသခံတွေဆီကနေ သိရပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကတော့  ဝ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တရုတ်ပြည်ဘက်ကနေ မြန်မာဘက်ခြမ်းကူးလာရင်း ရေနစ်မြုပ်သေဆုံးပြီး ရေစီးနဲ့ မျှောပါလာတာ ဖြစ်နိုင်တယ်လို့ ဖွန်လွန်ယန် ဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။ “သူရဲ့ကိုယ်မှာတွေ့တာတော့ မှတ်ပုံတင်နဲ့…

    Read More »
  • Sep- 2023 -
    21 September
    သတင်း

    ဖားကန့်မှာ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

    ဖားကန့်မြို့ ဆိပ်မူ–ဝှေခါ ကျေးရွာသွားတဲ့ လမ်းမပေါ်ရှိ တာဝါတိုင်ကုန်းအဆင်း ရေတွင်းနားမှာ  ပုပ်ပွသေဆုံးနေတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ‌ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ သေဆုံးသူနှစ်ဦးဟာ အသက် ၃၀ အရွယ်ရှိ အမျိုးသား နှစ်ဦးဖြစ်ပြီး သေဆုံးနေတာ အနည်းဆုံး ၁၀…

    Read More »
  • Aug- 2023 -
    16 August
    သတင်း

    မနမှော်မြေပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူရုပ်အလောင်း ရှစ်လောင်း ထပ်မံတွေ့ရှိ

    ဖားကန့်ကျောက်စိမ်းမှော်ဒေသ မနမှော်မြေပြိုကျမှုတွင် ရေထဲမျောပါပျောက်ဆုံးနေသူများထဲမှ ရုပ်အလောင်း ရှစ်လောင်းထပ်မံရှာဖွေရရှိတယ်လို့ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေထံမှ သိရပါတယ်။ မြေပြိုကျပြီး ပျောက်ဆုံးနေသူ ၄၂ ဦးစာရင်းအနက် သြဂုတ်လ ၁၅ ရက်နေ့တွင် ၂၅ ဦး၊ဒီနေ့ သြဂုတ်လ ၁၆ ရက်နေ့တွင် ၈ဦး၊စုစုပေါင်း ၃၃ ဦး၏ ရုပ်အလောင်းအား…

    Read More »
Back to top button