မမုံ သပိတ်ခေါင်းဆောင်နှင့် ဟိုပင်လွှတ်တော်ကိုယ်စားလှယ် ၂၁ မိုင် ဂိတ်တွင် ဖမ်းခံရ
,
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာရှိ ကျောင်းသား ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားသည့်အတွက် အဆိုပါအမှုကို ညှိနှိုင်းရန်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသူ ကျောင်းသား ၂ဦး၏ မိဘများထံမှ သိရသည်။ အဆိုပါအမှုကို ဇူလိုင်လ ၂၄ရက်နေ့တွင် ညှိနှိုင်းရန် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသွားသည့် ကျောင်းသား ၂ဦးအနက် မောင်သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ကချင်သတင်းဌာန KNG ကို ပြောသည်။ “ကျမတို့ကလေးက