တိုက်ပွဲသတင်း

ဆယ်ဇင်းပြည်သူတွေကို KIA အရေးပေါ်ပြောင်းရွေ့ခိုင်း

ကချင်ပြည််နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ဆယ်ဇင်းဒေသခံပြည်သူတွေကို KIA ဘက်ကအရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့ သိရပါတယ်။

ဆယ်ဇင်းကျေးရွာအဝင်မှာတပ်ထိုင်ထားတဲ့ စစ်တပ်နဲ့SAN ပူးပေါင်းတပ်စခန်းကို KIAKPDF မဟာမိတ်ပူးပေါင်းတပ်တွေ ဧပြီလ  ရက်နေ့မနက်ကနေ ထိုးဆင်နွဲတိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိတိုက်ပွဲပိုပြီးပြင်းထန်လာနေတဲ့အတွက် အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့ ဆယ်ဇင်းစစ်ရှောင်အမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

ကျွန်မတို့ မနေ့ညကတည်းက အားလုံးတိမ်းရှောင်နေကြပြီ ဒီဘက်KIA ဘက်ကနေဧပြီ ၁၁ရက်နေ့ည  နာရီနောက်ဆုံးထားပြီး အားလုံးရွေ့ရမယ်ဆိုလို့အားလုံးရွေ့လာကြပြီ။ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို အန္တာရယ်ပြုမှာစိုးရိမ်လို့ရွေ့ခိုင်းထားတာလို့ အထက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။

ဆယ်ဇင်းကျေးရွာထဲမှာတိုက်ပွဲစဖြစ်တဲ့ ဧပြီလ  ရက်နေ့မှာ တပ်စခန်းနဲ့နီးတဲ့ရပ်ကွက်  ခုသာတိမ်းရှောင်ခဲ့ကြရပြီး ညပိုင်းမှာတော့တစ်ရွာလုံးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့သိရပါတယ်။

ကျွန်မတို့က ရွာအတွင်းပိုင်းမှာကျတော့ အစပိုင်းတော့မရှောင်ဘူးမနေ့ကတစ်ရွာလုံးရှောင်ရမယ်ပြောလို့အခုရှောင်လာတာ အများစုကတော့ ဘကြီးကွင်းထဲကိုရှောင်လာတာများတယ် အခုလယ်တောတွေမှာလူတွေအပြည့်ပဲ နေရာတောင်မရှိဘူးလို့ အခြားစစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

ဆယ်ဇင်းကျေးရွာထဲမှာ အိမ်ခြေ ၄၀၀ ကျော် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိတာဖြစ်ပြီး လက်ရှိ ဒေသအခေါ် (ဘကြီးကွင်း )ဘက်နဲ့ဆယ်ဇင်း၊ ဟောင်ပါးဘက်ခြမ်းကတောတောင်တွေဘက်ကိုတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်တွေဟာ ဆယ်ဇင်းကျေးရွာထဲက ရဲစခန်းနဲ့ စစ်တပ်စခန်းကုန်းကို ဧပြီလ  ရက်နေ့မနက် အစောပိုင်းမှာ တစ်ချိန်တည်းဝင်ရောက်တိုက်ခိုက်နေပြီး ရဲစခန်းကိုတော့ စဝင်တိုက်တဲ့ မနက်အစောပိုင်းမှာပဲရဲတွေလက်နက်ချသွားတာကြောင့် သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

အလားတူ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေအနေနဲ့လည်းလက်နက်ချအညံ့ခံဖို့ သတိပေးထားပေမယ့် လက်နက်မချတာကြောင့် ဧပြီလ ၁၀ ရက်နေ့မနက်စတည်းစတင်တိုက်ခိုက်ခဲ့ရာဒီကနေ့မနက်ပိုင်းအထိတိုက်ပွဲ ဖြစ်ပွားနေဆဲလို့သိရပါတယ်။

လက်ရှိတိုက်ခိုက်သိမ်းပိုက်နေတဲ့ ဆယ်ဇင်းစစ်တပ်ကုန်းမှာ SNA နဲ့စစ်ကောင်စီပူးပေါင်းတပ်အင်အား ၅၀ ဝန်းကျင်လောက်ပဲရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

KIAKPDF ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲမှာ ဒီနှစ်အတွင်း စခန်းသိမ်းတိုက်ပွဲတွေကိုခပ်စိပ်စိပ်ဆင်နွဲလာခဲ့ရာ လက်ရှိ တာမခံ၊ဝှေခါ၊နန့်ယား စတဲ့ကျေးရွာတွေကိုထိန်းချုပ်နိုင်တဲ့အပြင်ရှေ့တန်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button