လမ်းပိတ်ဆို့

  • Aug- 2024 -
    29 August
    သတင်း

    တိုက်ပွဲကြောင့်ပိတ်ထားတဲ့ မြစ်ကြီးနား-မန္တလေးလမ်းဖွင့်ဖို့ကျန့်ကြာနိုင်သေးလိို့ဆို 

    စစ်ကိုင်းနဲ့ကချင်အစပ်ဒေသက တိုက်ပွဲတွေကြောင့်ပိတ်ထားရတဲ့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းပြန်ဖွင့်ဖို့  ရက်ကြာမြင့်အုံးမယ်လို့ ကားသမားတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်း အဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ အဲ့ဒီလမ်းပိုင်းစပိတ်တဲ့နေ့က ပိတ်မိနေတဲ့ ခရီးသည်ယာဥ်လိုင်းတစ်ခုရဲ့ပိုင်ရှင်ကတော့ လမ်းပိုင်းဖွင်ဖို့ကြာ အုံးမယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောလာတဲ့အတွက် ပြန်လှည့်ခဲ့ရတဲ့အကြောင်းအခုလို ပြောပြ ပါတယ်။ “မြစ်ကြီးနားလမ်းပိုင်းအခြေနေက လမ်းကပိတ်တုန်းပဲ ကျနော့ကားတွေတောင် ၁၀ ရက်လောက်စောင့် သေးတယ် ဒါပေမဲ့အခုတော့ပြန်လှည့်လာရပြီ မန္တလေးတောင်ပြန်ရောက်ပြီ ဖွင့်ဖို့အခြေနေကမရှိဘူး ကြာအုံးမယ်လို့ပြောတယ်။” ဒီနေ့အထိ အင်းတော်မြို့နယ်မှာ တိုက်ပွဲတွေကဆက်လက်ပြင်းထန်နေသလို အင်းတော်မြို့တွင်းကိုတော့ တော်လှန်ရေးအင်အားစု တွေဘက်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။ လက်ရှိတော့ အင်းတော်မြို့နားမှာရှိတဲ့ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်လှိုဏ်ဂူအမည်ရှိတဲ့ တပ်စခန်းကြီး တစ်ခုသာကျန်ရှိတော့ပြီး မြစ်ကြီးနား–မန္တလေးလမ်းပိုင်းဖွင့်ဖို့ ကြာနိုင်သေးတယ်လို့ ရှေ့တန်းရောက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “လမ်းကကြာအုံးမယ်ထင်တယ်။ အခုအင်းတော်က အကုန်လုံးရထားပြီတစ်မြို့လုံးပေါ့ ဗျူဟာကုန်းနဲ့ ဂျပန်လှိုဏ်ဂူနဲ့ဆက်နေတာ အဲ့နေရာပဲကျန်တာ အဲ့မှာကအင်အားတော်တော်များတယ်။ ဒီတစ်လမဟုတ် ရင်တောင် လဝက်လောက်ကြာအုံးမယ်ထင်တယ်။” လို့ပြောပါတယ်။ တိုက်ပွဲတွေကြောင့် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ ကချင်ပြည် နယ် တစ်ဝှမ်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဆက်တိုက်မြှင့်တက်နေပြီး မြစ်ကြီးနားမြို့နယ်မှာ ကြက်ဥတစ်လုံးကို ၁၃၀၀ အထိပေးဝယ်နေရပြီလို့ မြစ်ကြီးနားမြို့ဒေသခံတွေကပြောပါတယ်။ လက်ရှိ တပ်မ ၇၇ အထိုင်ချထားတဲ့ ဂျပန်ခေတ်ကတည်းက ဆောက်လုပ်ထားတဲ့ စစ်ဆေးရုံနဲ့ ဒေသအခေါ် ဂျပန်လှိုဏ်ဂူတို့မှာ အထိုင်ချထားတာဖြစ်ပြီးအင်းတော်မြို့ပေါ်နဲ့လည်းကပ်လျက်မှာပဲ တည်ရှိတာလို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။ ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ ကစလို့ မြို့သိမ်းတိုက်ပွဲတွေအဖြစ်စစ်ဆင်ရေးတွေလုပ်နေပြီး အင်းတော်မြို့နယ်အပါအဝင် ပင်လည်ဘူး၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့တို့မှာလည်း မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။ By – အမိုး

    Read More »
  • 28 August
    သတင်း

    နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်

    နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီ​ဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့  ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။  “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…

    Read More »
  • Jul- 2024 -
    2 July
    သတင်း

    ချီဖွေမှာ မြေပြိုမှုကြောင့် လမ်းပိတ်နေပြီး လျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ချီဖွေမြို့မှာ မိုးသည်းထန်စွာရွာပြီး မြေပြိုတာတွေကြောင့် ကားလမ်းပိုင်းမှာ လမ်းပိတ်ဆို့နေတဲ့အပြင် မြို့တစ်ခုလုံးလည်း လျှပ်စစ်မီးပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မေခမြစ် ရေကြီး‌ ရေလျှံတာ၊ ချီဖွေမြို့နဲ့ နန်းဦးကျေးရွာကြားမှာ…

    Read More »
  • Jun- 2024 -
    5 June
    သတင်း

    ပူတာအို ရာသီပေါ် ဂရိတ်ဖရုသစ်သီးများ တင်သွင်းရောင်းချခွင့် မရှိတာကြောင့် ဒေသခံများ ဆုံးရှုံးမှုဖြစ်ပေါ်နေ

    မြစ်ကြီးနား – ပူတာအို ကားလမ်းပိတ်ထားတဲ့အတွက် ပူတာအိုမြို့နယ် လုံရှာယန်ဒေသခံအများစု လုပ်ကိုင်ကြတဲ့ ရာသီပေါ် ဂရိတ်ဖရုတ်သီး လုပ်ငန်းတွေ ရပ်တန့်လိုက်ရတာကြောင့် ဒေသခံတွေရဲ့ တစ်နှစ်စာ ဝင်ငွေဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ ဒေသခံအများပိုင်းက ဂရိတ်ဖရုသီး ‌‌စိုက်ပျိုး‌ရေးလုပ်ငန်းနဲ့ စားဝတ်နေရေးအတွက် အမှီအခိုပြုနေကြတာဖြစ်ပြီး…

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဗန်းမော် – မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်

    ဗန်းမော် – မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် ဗန်းမော်မြို့– မန္တလေးသွားတဲ့ ကားလမ်းကြီးပိတ်ထားတာ ခုဆိုရင် ၂ ပတ်ကျော်ကြာမြင့်လာချိန် ဗန်းမော်ဒေသခံတွေဟာ အခြေခံကုန်စည်ပစ္စည်းတွေကို ဗန်းမော်ကနေ ကောင်းတုံကျေးရွာထိစက်လှေနဲ့ သွားပြီး ရွှေကူ၊ကသာဘက်ကတစ်ဆင့် ကုန်ပစ္စည်းတွေကိုတင်သွင်းယူနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကနေ ရေလမ်းကြောင်းကိုအဓိအသုံးပြုပြီး စက်လှေနဲ့ကုန်သယ်ယူနေတဲ့ပြည်သူတွေကို စစ်တပ်ကသေနတ်နဲ့ပစ်ခတ်တာတွေလုပ်နေတဲ့အတွက် ရေလမ်းကြောင်းလည်းပြန်ပိတ်လိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “အစကတော့ ဒီဗန်းမော်မြို့ ကမ်းနားက စက်လှေဆိပ်ကနေပြီးတော့ ကောင်းတုံရွှာထိစက်လှေနဲ့သွားကြတယ်လေ။ အဲ့ကတစ်ဆင့်ရွှေကူ ကသာတွေဘက်ကို ကားတွေနဲ့ ပြန်သွားကြတာပေါ့လေ ကုန်ပစ္စည်းတွေဆိုရင်လည်း ကားလမ်းပိတ်တော့ အဲ့ကနေ နည်းနည်းပါးပါးသွင်းလို့ရသေးတာပေါ့ ဒါပေမဲ့ အခုက အဲ့ဒီရေလမ်းကိုလည်း ပိတ်လိုက်ပြီ”လို့ပြောပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ရေလမ်းကြောင်းဖြစ်တဲ့ စက်လှေဆိပ်ကို စစ်တပ်ဘက်ကတရားဝင်ကြေညာပြီး ပိတ်လိုက်တာမျိုးမဟုတ်ပေမဲ့ မြစ်တစ်ဖက်ကမ်းရောက်ချိန်လက်နက်တွေနဲ့ လိုက်လံပစ်တာမျိုးတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့လည်း မသွားရဲကြတော့တာဘဲ ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ခုလို ကုန်းလမ်း၊ ရေလမ်းပိတ်လိုက်တဲ့အတွက် ဗန်းမော်မြို့မှာ ကုန်စည်စီးဆင်းမှုပြတ်တောက်လာကာ ကုန်ဈေးနှုန်းတွေလည်း ဆက်မြင့်တက်လာနေတာကြောင့် ပြည်သူတွေစားနပ်ရိက္ခာပိုခက်ခဲလာနိုင်တယ်လို့လည်း နောက်ထပ်ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။ “အခုဆို ကုန်ဈေးနှုန်တွေဆိုရင်လည်း ကုန်သည်တွေပေါ်မှာဘဲ မူတည်နေတာ ဈေးတွေက မြင့်သထက်မြင့်လာပြီး ကုန်ပစ္စည်းတွေလည်းပြတ်လပ်လာမယ်။ နောက်ဆုံး ကျွန်တော်တို့ ဒေသခံတွေကဘယ်မှလည်းမသွားရကြားထဲမှာ ပိတ်မိပြီး ကုန်တွေလည်း ပြတ်လပ်လာ၊ ပြည်သူတွေ ဒုက္ခရောက်ကုန်တော့မယ်” လို့ပြောပါတယ်။ အခုလို ကုန်သယ်ယူနေတဲ့စက်လှေတွေကိုပစ်ခတ်တာဟာ စစ်ရေးအနေနဲ့ရေလမ်းကြောင်းအသုံးမပြုစေချင်တဲ့အတွက်ဖြစ်နိုင်ပြီး စစ်ရေးအခြေအနေကြောင့်  လုံခြုံရေးအရတင်းကြပ်နေတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဗန်းမော်မြို့မှာ မေလ ၁၀ ရက်ကနေ ကုန်တင်ကားတွေမဝင်တော့တဲ့အပြင် ရေလမ်းကြောင်းလည်းသွားလို့မရတော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA၊ ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ် ၃ ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • Nov- 2023 -
    21 November
    သတင်း

    ကချင် – စစ်ကိုင်းသွားလမ်း ပြည်ထောင်စုလမ်းမကြီးကို စစ်ရေးအရပိတ်ဆို့ထားဟုဆို

    စစ်ရေးတင်းမာနေတဲ့ ကချင် – စစ်ကိုင်းအစပ်ဘက်ကို စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မဝင်ရောက်နိုင်ဖို့  ပြည်ထောင်စုကားလမ်းကြီးကို စစ်ရေးအရယာယီပိတ်ဆို့ထားခြင်းဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ သူတွေဆီကနေ သိရှိရပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ကနေ ကချင်– စစ်ကိုင်းအစပ်မှာရှိတဲ့ ကသာခရိုင် ထီးချိုင့်မြို့နယ်၊အင်းတော်မြို့နယ်တွေမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေဆဲလည်းဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးအရ…

    Read More »
  • 17 November
    သတင်း

    ကချင် – စစ်ကိုင်း ပြည်ထောင်စုလမ်းမကြီး ၂ ဖက် စစ်တပ် သွားလာခွင့်ပိတ်ဆို့ထား

    ကချင်ပြည်နယ်ကနေ စစ်ကိုင်းဘက်ကိုဆင်းတဲ့ ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက် စစ်တပ်ဂိတ်နေရာနဲ့ ကျေးရွာတစ်ချို့နေရာတွေမှာ လက်နက်ကိုင်အဖွဲ့  ၂ ဖွဲ့စလုံးက နိုဝင်ဘာလ ၁၆ ရက်နေ့စပြီး သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက ပင်ဝယ်၊ နဘား၊ မော်လူးတစ်လျှောက် ဖြတ်သန်းသွားလာခွင့်ပိတ်ဆို့ထားလိုက်ပြီးနောက်  ညနေပိုင်း စစ်ကောင်စီတပ်ဘက်ကနေ…

    Read More »
  • Feb- 2023 -
    13 February
    သတင်း

    အင်းတော် – ဖားကန့်လမ် စစ်ကောင်စီ ပိတ်ဆို့ထားသည့်အတွက် သွားလာရေးအခက်တွေ့နေ

    ကချင်ပြည်နယ် မိုးညှင်းနှင့် ဖားကန့် မြို့နယ် ၂ ခုကို ဆက်သွယ်ထားသည့် အင်းတော် – ဝှေခါလမ်းပိုင်းအား စစ်ကောင်စီအဖွဲ့မှ ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားသဖြင့် ထိုလမ်းပိုင်းကို အသုံးပြုနေသည့် အင်းတော်ဒေသခံပြည်သူများက သွားလာရေးအခက်အခဲဖြစ်နေကြောင်းသိရသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ…

    Read More »
Back to top button