လိုင်ဇာ

  • Feb- 2026 -
    5 February
    သတင်း

    ကချင်တော်လှန်ရေးနေ့မှာ KIA ထိန်ချုပ်နယ်မြေတွေကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်

    ကချင်တော်လှန်ရေးနေ့ (၆၅) နှစ်ပြည့်တဲ့ ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်က KIO လိုင်ဇာဌာနချုပ်အနီးတဝိုက်နဲ့ KIA တပ်မဟာနေရာတစ်ချို့ကို လေကြောင်းအပြင် ဆူဆိုက်ဒရုန်း(အသေခံ)ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဂျန်မိုင်၊ နမ်ဆန်ယန်ရဲ့ နောက်ဘက်ခြမ်း၊ လဇိန်ကုန်း(Lazing…

    Read More »
  • Dec- 2025 -
    25 December
    သတင်း

    ဗန်းမော်တိုက်ပွဲ ပြန်လည်ပြင်းထန်နေပြီး စစ်တပ်က KIO ဌာနချုပ်နဲ့ တပ်ရင်း ၁၁ တွေကို လေကြောင်းဖြင့် တိုက်ခိုက်

    ဗန်းမော်မြို့မှာ ဒီကနေ့ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာချိန် စစ်တပ်ဘက်ကလည်း KIA တပ်ရင်း (၁၁) နဲ့ လိုင်ဇာဌာနချုပ် နေရာတွေကို လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ညနေ ၄ နာရီဝန်းကျင်လောက်မှာ မြစ်ကြီးနားမြို့နယ် KIA တပ်ရင်း (၁၁) ထဲမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်။…

    Read More »
  • Nov- 2025 -
    14 November
    သတင်း

    တရုတ်ငွေစက္ကူအတု ကိစ္စ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ KIO ပြော

    တရုတ်နယ်စပ်တစ်လျှောက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တချို့မှာ တရုတ်ငွေ စက္ကူအတု တွေ့ရှိလာပြီးနောက် ကြပ်မတ် စစ်ဆေး အရေးယူဆောင်ရွက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကနေ KIO လိုင်ဇာ နဲ့ မိုင်ဂျာယန် စတဲ့မြို့တွေမှာ တရုတ်ငွေအတုတွေ ပျံ့နှံ့နေတဲ့ ဖြစ်စဉ်တွေအကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က အခုလို ပြောပါတယ်။ “တရုတ်ငွေအတု တွေ့ရှိတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး မေးမြန်းတာတွေ လုပ်နေပါတယ်။ ဘယ်ကနေ ဘယ်လို ရောက်လာတယ် ဆိုတာကို တိတိကျကျဆုံးဖြတ်ပြောဆိုတာတွေ မလုပ်သေးပါဘူး။ လုပ်ဆောင်နေတာ လုပ်ငန်း မပြီးစီး သေးတော့ ပြောဖို့ခက်ခဲနေသေးတယ်”လို့ ပြောပါတယ်။ နိုဝင်ဘာလဆန်းပိုင်းကပဲ လိုင်ဇာမှာ အမျိုးသမီးတစ်ဦးဆီကနေ တရုတ်ငွေအတု သိန်းချီ ဖမ်းမိတယ်ဆိုပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီဖြစ်စဉ်ဟာ အမျိုးသမီးဆီကနေ ဖမ်းဆီးရမိခဲ့တာမဟုတ်ပဲ အမျိုးသမီးကိုယ်တိုင်က တာဝန်သိစိတ်ဖြင့် တရုတ်အမျိုးသားတစ်ဦးဆီကနေ ရရှိထားတဲ့ ငွေကို မသင်္ကာတဲ့အတွက် သက်ဆိုင်ရာ KIO ရဲဌာနဆီ သွားရောက်ပို့ဆောင် စစ်ဆေးခံခဲ့ရာမှ ငွေအတုဖြစ်ကြောင်း…

    Read More »
  • Oct- 2025 -
    17 October
    သတင်း

    လိုင်ဇာမြို့ အသေခံဒရုန်းနဲ့တိုက်ခိုက်ံခံရ၊ တရုတ်လူမျိုးဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရ

    KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ကို စစ်တပ်က ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တရုတ်နိုင်ငံသား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အောက်တိုဘာလ ၁၆ ရက် ည ၁၂ နာရီဝန်းကျင် လိုင်ဇာမြို့ကို ဒရုန်းလွတ်ပစ်ခတ်ခဲ့ရာမှာ လိုင်ဇာစျေးတန်းနေရာမှာ ထိမှန်ပြီး စျေးရောင်းနေထိုင်တဲ့ တရုတ်လင်မယား…

    Read More »
  • Sep- 2025 -
    8 September
    သတင်း

    လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီက လုပ်အားခခေါင်းပုံဖြတ်နေ

    လိုင်ဇာ – မိုင်ဂျာယန်လမ်းလုပ်တဲ့ အလုပ်သမားတွေကို တရုတ်ကုမ္မဏီတွေက လုပ်အားခအပြည့်မပေးပဲ ခေါင်းပုံဖြတ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လိုင်ဇာနဲ့ မိုင်ဂျာယန်လုပ်ဖို့ KIO အစိုးရငှားရမ်းထားတဲ့က တရုတ်ကုမ္မဏီရဲ့လုပ်ငန်းရှင်တွေဟာအလုပ်သမားတွေကို လစာမပေးတဲ့အပြင် ကျေနပ်မှုမရှိပါက ကြိုက်တဲ့နေရာ တိုင်တန်းနိုင်ကြောင်းပြောဆိုနေတယ်လို့ လမ်းလုပ်တဲ့အလုပ်သမားတွေ KNG ကိုပြောပါတယ်။…

    Read More »
  • Aug- 2025 -
    11 August
    သတင်း

    လိုင်ဇာမှာ တစ်လအတွင်း ဒုတိယအကြိမ် ချောင်းရေကြီးမှုထပ်ဖြစ်

    KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်းကျရေကြောင့် ချောင်းရေကြီးပြီးမြို့ထဲမှာရှိတဲ့ ဆိုင်ခန်းတစ်ချို့နဲ့ဆိုင်ကယ်တစ်ချို့ ရေစီးနဲ့အတူမျှောပါသွားတာရှိတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၁ ရက် ဒီမနက်ပိုင်း ၅ နာရီဝန်းကျင် မိုးစတင်ရွာလာပြီးနောက် မနက် ၁၀ နာရီဝန်းကျင် မိုးပိုသည်းလာတဲ့အတွက်…

    Read More »
  • Apr- 2025 -
    4 April
    သတင်း

    လိုင်ဇာမှာ Positive Vibe Zone လူငယ်အဖွဲ့ဦးဆောင်ပြီး ငလျင်ဘေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအတွက် ရံပုံငွေရှာ

    ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ငလျင်ဘေးနဲ့ စစ်ဘေးသင့် ပြည်သူတွေအတွက် Positive Vibe Zone လူငယ်အဖွဲ့ကနေ ဦးဆောင်ပြီး ရံပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ တာဝန်ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ အဓိကအားဖြင့် Positive Vibe Zone လူငယ်အဖွဲ့အစည်းကနေ…

    Read More »
  • Jan- 2025 -
    31 January
    သတင်း

    လိုင်ဇာမြို့ကို စစ်တပ်က အသေခံဒရုန်း အသုံးပြု တိုက်ခိုက်လာ

    ဗန်းမော်မြို့မှာ စစ်ရေးပြင်းထန်လာချိန် စစ်ကောင်စီတပ်ဟာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်ကို အသေခံဒရုန်းအမျိုးအစားတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီ သံချပ်ကာတပ် နဲ့ အမြောက်တပ် နှစ်ခု လက်လွှတ်လိုက်ရပြီးနောက်ပိုင်း လိုင်ဇာမြို့နဲ့ ဌာနချုပ်ဟောင်း Laisin နေရာတွေကို ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လိုင်ဇာ…

    Read More »
  • Dec- 2024 -
    13 December
    သတင်း

    ကချင်ဒေသ နယ်စပ်ဂိတ်တစ်ချို့ပြန်ဖွင့်ပြီ

    ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်တစ်ချို့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်ဖွင့်လိုက်ပြီလို့ KNG က စုံစမ်းသိရှိရပါတယ်။ တရုတ်–ကချင်နယ်စပ်မှာတော့ KIO ဌာနချုပ်ရှိရာ လိုင်ဇာနယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ် ဂိတ်၊ ပန်ဝါမြို့နယ်စပ်ဂိတ်၊ ကံပိုင်တည်နယ်စပ်ဂိတ်၊ ဖီမော်နယ်စပ်ဂိတ် စတဲ့ဂိတ်…

    Read More »
  • Oct- 2024 -
    19 October
    သတင်း

    လိုင်ဇာမြို့အနီး စစ်တပ်ရဲ့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံး

    KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး လမိုင်ယန်ကျေးရွာမှာ စစ်တပ်ကဂျက်လေယာဉ်တစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိဇနီးမောင်နှံ ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ KIO ပူးပေါင်းတပ်ဖွဲ့ဘက်က ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်နေချိန် စစ်ကောင်စီဘက်ကနေပြီးတော့ KIO ဌာနချုပ် လိုင်ဇာမြို့အနီးမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဘဲ ဖြစ်ပါတယ်။ စစ်ကောင်စီလေယာဉ်တွေကို တရုတ်ဘက်ကနေပြီးတော့ သတိပေးမီးကျည်တွေပစ်ပြီး ခြောက်လန့်ခဲ့တယ်လို့  KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “ဒီမနက် ၁နာရီဝန်းကျင်လောက်မှာဟုတ်တယ်  တရုတ်နယ်စပ်ဂိတ်ဘက်က လုံခြုံရေးယူဖို့…

    Read More »
Back to top button