စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရန် NUG မှ လျှို့ဝှက် ကမ်းလှမ်း ဟူသော သတင်းအမှား
,
ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းသွားလမ်း လီဒိုလမ်းတစ်လျှောက်ပေါ်တွင် စစ်ကောင်စီတပ်မှ အကြောင်းမဲ့ စစ်ရဟတ်ယာဉ် ၁စီးဖြင့် ၂ရက်ဆက်တိုက် လာရောက်ပျံသန်းမှုကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။ အောက်တိုဘာလ ၆၇ရက်မှ ယနေ့ ၇ရက်နေ့အထိ ၂ရက်ဆက်တိုက် နေ့လည် ၁၂နာရီဝန်းကျင်တွင် မြစ်ကြီးနားဘက်မှ စစ်ရဟတ်ယာဉ် ၁စီး ဒွန်ဘုန်း၊ လဝါး၊ ဒွမ်ဘန်နှင့်နောင်းမီ ကျေးရွာအထိ လာရောက်ကြည့်ရှု့သွားသည်ဟု လဝါးကျေးရွာဒေသခံ အမျိုးသားတစ်ဦး KNG ကိုပြောသည်။ “အခုတလောက စစ်ရေးကငြိမ်နေတယ် ဒါပေမယ့် လေယာဉ်ပျံသန်းတာက
ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးတွင် ကားလမ်းမကြီး ဆိုးရွားစွာပျက်စီးနေမှုကြောင့် ကုန်ကားများ သွားလာရခက်ခဲသဖြင့် ကားမထွက်ပဲ နားနေရသည်ဟု ကားသမားများထံမှ စုံစမ်းသိရှိရသည်။ မြစ်ကြီးနား-တနိုင်း လီဒိုလမ်းပိုင်းတွင် သြဂုတ်လ ၂၀ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရှဒူးဇွပ်ကျေးရွာ နှင့် နောင်းမှီကျေးရွာကြား ၁၀ မိုင်ခန့်အထိ မြေသားလမ်းပျက်စီးနေပြီဟု ကားသမားတစ်ဦးက KNG ကို ပြောဆိုသည်။ ''ရှဒူးဇွပ် ပတ်ချာလည်မှာဆိုးတာလမ်းက မိုးရွာလို့ဆိုးတာ ဗွက်တွေအရမ်းထူတယ်ဗျ။ ကားသေးလေး တွေဆိုရင် ဗွပ်နစ်တယ် ကားလည်းမသွားနိုင်ဘူး။ ကားကြီးကားသေး သွားလာရတော့ခက်ခဲတယ်။ တွန်းရဆွဲရ လုပ်နေရတာ လမ်းကတော့။ အတော်ကိုဆိုးတယ် ၊ လမ်းမကောင်းတာ တစ်လနီးပါးရှိတော့မယ်ဗျ'' ဟု ကားသမားတစ်ဦးက ပြောသည်။ ယခုကဲ့သို့ လမ်းပိုင်းပျက်စီးနေမှုကြောင့် ကားပျက်စီးမှာကို စိုးရိမ်သဖြင့် ကားသမားများ
တနိုင်းသွာလမ်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး အများပြည်သူသွားလာသောနေရာများတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ မှ မိုင်းထောင်ထားသောကြောင့် မိုင်းနင်းသဖြင့် ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၂ဦးအထိ ရှိလာပြီဟု သိရသည်။ ရှဒူးဇွပ် (Jahtu Zup) ပြည်သူ့စစ်အဖွဲ့သည် ဇွန်လ ၁ ရက်နေ့မှစတင်ပြီး စံပြ၊ အောင်ရာ ဘန်ကောက် စသော ကျေးရွာ ၃ ခု၏ အနောက်ဘက်ခြမ်းရှိ KIA တပ်ရင်း ၁၄ ရှိရာ ရွှေမှော် သွားလမ်း
တနိုင်း - ရှင်ဗွေယန် လမ်းမကြီးပေါ် ရှိ လဂျားဘွမ့် (Laja Bum) ကျေးရွာတွင် စစ်အင်အားတိုးချဲ့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့် လဂျားဘွမ့်ဘက်သို့ တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာ၏ ရွာထိပ်ပိုင်းရှိ ဒခမ်ခ ( Da Hkam Hka) တံတားအနီးတွင်