,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား

လီဒိုလမ်းမပေါ်

တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ် ရှိ လဂျားဘွမ့် (Laja Bum) ကျေးရွာတွင် စစ်အင်အားတိုးချဲ့လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ယနေ့ နံနက်ပိုင်းတွင် မိုင်းဆွဲခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၈၀ ခန့် လဂျားဘွမ့်ဘက်သို့ တက်လာခဲ့ရာ လဂျားဘွမ့်ကျေးရွာ၏ ရွာထိပ်ပိုင်းရှိ ဒခမ်ခ ( Da Hkam Hka) တံတားအနီးတွင် KIA က ၃ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု KIA ၏ ရှေ့တန်း သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။
“တိုက်ပွဲ စဖြစ်တာက နံနက်ပိုင်း ၇ နာရီလောက်ကနေ စဖြစ်တယ်။ ကျနော်တို့ KIA ဘက်ကနေ ၃ ကြိမ်လောက် အရင်မိုင်းဆွဲတိုက်တယ်။ ပြီးမှ ၂ဖက်စလုံး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတယ်။ အခုချိန်ထိတော့ ထိခိုက်မှုကို အသေးစိတ်မသိရသေဘူး” ဟု ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ထိုနေရာတွင် နေ့လည် ၁နာရီဝန်းကျင်အထိ ၂ဖက်တပ် စောင့်ကြည့်ကာ အပြန်အလှန် ပစ်ခတ်မှု ဆက်လက်ဖြစ်ပွားနေသည်ဟုလည်း သူက ဆက်ဆိုသည်။
လက်ရှိအချိန် တနိုင်း – ရှင်ဗွေယန်လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ​တရုန်ကျေးရွာအဝင်တွင် သွားလာသည့် ခရီးသည်ယာဉ်များလည်း ပိတ်ဆို့နေကြောင်းသိရသည်။
KIA ၏ မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့မှာ ယမန်နေ့က တနိုင်းမြို့ဘက်ကနေ တက်လာသည့် အဖွဲ့ဖြစ်ပြီး ယနေ့နံနက် အစောပိုင်းကတည်းက ရှိန်လုံကျေးရွာမှ ​ခြေကျင်ဖြင့် လဂျာဘွမ့်ဘက်သို့ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။
တနိုင်း – ရှင်ဗွေယန် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က KIA ၏ မိုင်းခွဲတိုက်ခိုက်မှုများကိုမကြာခဏကြုံတွေ့နေရပြီး KIA မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ပြီးခဲ့သော အောက်တိုဘာလ အတွင်း ၁ ပတ်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

Read Previous

မုံး‌ကိုး ဖောင်းဆိုင် တိုက်ပွဲကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာ ပြင်းထန်ပြီး ၁ ဦး သေဆုံး

Read Next

TNLA ငွေတောင်းခံလို့ နမ့်ခမ်းမြို့မဈေးသူဈေးသားများ ၅ ရက်ကြာ ဆိုင်ပိတ် ဆန္ဒ‌ဖော်ထုတ်ရန် စီစဉ်နေ