လုံးခင်း
-
Jul- 2023 -15 Julyသတင်း
မိုးရွာသွန်းမှုကြောင့် ကုဋေကျေးရွာက ရွာပတ်လမ်းမကြီးပြေပြိုပြီး လူနေအိမ် ၅အိမ်ပြောင်းရွှေ့ရ
ဖားကန့်မြို့ မှာ ယခုရက်ပိုင်း မိုးရွာသွန်းတာကြောင့် လုံးခင်းအုပ်စု ကုဋေကျေးရွာဧရိယာမှာရှိတဲ့ အများပြည်သူသုံးရွာပတ်လမ်းမကြီးပြိုကျပြီးပျက်စီးပြီး လူနေအိမ် ၅လုံးပြောင်းရွှေ့ပြောင်းရွှေ့ရမယ်လို့ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ ဒီလမ်းမကြီးမြေပြိုတာဟာ ကျောက်စိမ်းတူးဖော်ပြီးနောက် မိုင်းပိတ်သိမ်းတဲ့လုပ်ငန်းများ ၊ ကျောက်စိမ်းတူးဖော်တဲ့လုပ်ကွက်သိမ်းဆည်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့ချိန် အားနည်းချက်တွေကြောင့်ဖြစ်တယ်လို့ ကုဋေကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။ အဲဒီ ကျေးရွာပါတ်လမ်းမကြီးဟာ လုံးခင်း-ကုဋေ-တော်မှော်အထိ ဆက်သွယ်ထားသောလမ်းမကြီးဖြစ်ပြီး၊အများပြည်သူ အသုံးပြုအားထားရာလမ်းမကြီးတစ်ခုဖြစ်သောကြောင့် မြေပြိုပျက်စီးသွားတဲ့နေရာကို မြေဖို့ရန်လည်း စီစဉ်နေပြီဖြစ်ကြောင်း ကုဋေကျေးရွာ ရပ်မိရပ်ဖတွေက ပြောပါတယ်။ “ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေနဲ့တော့ ညှိနှိုင်းပြီး လမ်းကိုပြန်ဖို့ဖို့ အတွက်လုပ်နေကြပါပြီ”ဟု ရပ်မိရပ်ဖတစ်ဦးက ကချင်သတင်းဌာန KNGကိုပြောပြသည်။…
Read More » -
Jun- 2023 -9 Juneသတင်း
လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်ပစ်သတ်ခံရ
ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လက်ရှိ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ ယနေ့ နေ့လည် ၂ နာရီဝန်းကျင် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသည့် ဦးကျော်ဆွေသည် လုံးခင်းကျေးရွာ ရပ်ကွက် ၅ အပိုင်းရှိ သူ၏ နေအိမ်အတွင်းရှိနေစဉ်…
Read More » -
May- 2023 -29 Mayသတင်း
ဖားကန့် ဥရုခတည်းခိုခန်းတွင် ဖမ်းဆီးခံရသည့် ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာ
ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဥရုခ(Uru Hka)တည်းခိုခန်းတွင် မေလ ၂၄ ရက်နေ့ စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမျိုးသား ၅ ဦးအနက် ၄ ဦးလွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများမှ သိရသည်။ ဖမ်းဆီးခံရသည့် အမျိုးသား ၅ ဦးအနက်…
Read More » -
25 Mayသတင်း
လုံးခင်း နှစ်မျက်နှာ ဘုရားရှေ့တွင် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်များဖြင့် ငွေကြေးကောက်ခံနေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားရှေ့တွင် စစ်ကောင်စီတပ်သားများက အရပ်ဝတ်များဖြင့် ကုန်ကား နှင့် ခရီးသည်ကားများထံ ငွေကြေးကောက်ခံခဲ့ကြောင်း ဒေသခံများက ပြောသည်။ လုံးခင်း နှစ်မျက်နှာဘုရားရှေ့ တောင်ကုန်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီစစ်သားများက မေလ ၂၂ ရက်နေ့မှ စတင်ကာ လုံးခင်းအဝင်အထွက်ကားများကို ငွေကြေးကောက်ခံနေသည်ဟု လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “လွန်ခဲ့တဲ့…
Read More » -
8 Mayသတင်း
လုံးခင်းတွင် ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
ဖားကန့်မြိုနယ် လုံးခင်းကျေးရွာအုပ်စု လယ်ပြင်ကျေးရွာမှ ကားဝပ်ရှော့ပြင်ဆရာတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ‘ကိုဖိုးသား’ကားဝပ်ရှော့ဆိုင်မှ အသက် ၃၀ နှစ်ရွယ် ကားပြင်သည့် အမျိုးသားကို စစ်ကောင်စီတပ်က မေ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားသည်ဟု လုံးခင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။ “ဖမ်းသွားတဲ့လူက နာမည်အရင်းတော့မသိဘူး။ အများကခေါ်တာတော့ ကိုဖိုးသား လို့ပဲခေါ်တော့ဖိုးသားလို့ပဲသိရတယ်။ မနေ့က ရုတ်တရက်ဝင်ဖမ်းတာ သေနတ်တွေဘာတွေပစ်ဖောက်ပြီးဝင်ဖမ်းတာ”ဟုပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားကို စစ်ကောင်စီတပ်မှ လုံးခင်းယမ်းတိုက်ဘက်သို့ ဖမ်းဆီးခေါ်သွားသည်ဟု သိရသော်လည်း လက်ရှိအချိန်အထိ…
Read More » -
Apr- 2023 -17 Aprilသတင်း
လုံးခင်းတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် တစ်ရက်အတွင်း အိမ်စီးကား လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများမှ သိရသည်။ အဆိုပါ လုယက်ခံရမှုသည် ဧပြီ ၁၆ ရက်နေ့ည ၈ နာရီအောင်ရာနှင့် မဇွပ်ယန် ကျေးရွာကြားတွင် တစ်စီး နှင့်…
Read More » -
17 Aprilသတင်း
အမှိုက်များစွန့်ပစ်ရန်အတွက် အမှိုက်ကန်များထားရှိရန် လိုအပ်နေကြောင်း လုံးခင်းကျေးရွာ ဒေသခံများပြော
လုံးခင်းကျေးရွာတွင် နေ့စဥ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များကို အမှိုက်ကန်များထားရှိ၍ စနစ်တကျစွန့်ပစ်ရန် လိုအပ်နေကြောင်း ဒေသခံများ ပြောသည်။ ယခုအခါ အဆိုပါ လုံးခင်းကျေးရွာမှ နေ့စဥ်ထွက်ရှိနေသည့် စွန့်ပစ်အမှိုက်များအားလုံးနီးပါးသည် ဥရုချောင်းအနီးသို့သာ လာရောက်စွန့်ပစ်နေကြကြောင်း ဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဥရုချောင်းက အမှိုက်ပစ်တဲ့နေရာလို ဖြစ်နေပြီ၊ချောင်းကို သွားလာလို့ရမဲ့ လမ်းသွယ်၊လမ်းကြားမကျန် အကုန်လုံး…
Read More » -
Mar- 2023 -21 Marchသတင်း
ဖားကန့်တွင် နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် မျောက်ကုန်းကျေးရွာတွင် ပြည်သူများပြန်လည်နေထိုင်
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မျောက်ကုန်းကျေးရွာတွင် ကျေးရွာနေပြည်သူများကို ရပ်ကွက်အတွင်းသို့ ဝင်ရောက်နေထိုင်ခွင့် ပိတ်ဆို့ခံထားရသည့် ၃ ရက်ခန့်အကြာမှ ပြန်လည်နေထိုင်ခွင့် ပြုထားကြောင်းသိရသည်။ ပြီးခဲ့သော မတ်လ ၁၈ ရက်နေ့ မှစကာ လုံးခင်းသာသနာ့နယ်မြေ မျောက်ကုန်း(ဒေသခေါ်)နေရာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်…
Read More » -
20 Marchသတင်း
လက်နက်ကြီးကျည်ထိမှန်ထားသည့် သားအမိနှစ်ဦးအတွက် ဆေးကုရန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေ
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်ခဲ့သည့် သားမိနှစ်ဦးအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း မိသားစုနှင့် နီးစပ်သူများမှ သိရသည်။ မတ်လ ၁၈ ရက်နေ့ ည ၆ နာရီအချိန်တွင် လုံးခင်းအုပ်စု သာသနာ့နယ်မြေ (ဒေသအခေါ် မျောက်ကုန်း) အနီး ရဲကားတစ်စီးကို KIA နှင့် PDF ပူးပေါင်းတပ်မှ…
Read More » -
19 Marchသတင်း
တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာအနီးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်း
ဖားကန့် လုံးခင်းကျေးရွာအနီး သာသနာ့နယ်မြေ(ဒေသအခေါ် မျောက်ကုန်း)နှင့် ဆက်စပ်နေသည့် ကားကြီးကွင်းဘေးရှိ နေအိမ်များအား စစ်တပ်မှ ဘူဒိုဇာနှင့် ဖယ်ရှားရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “နေအိမ် သုံးဆယ်ကျော်လောက်တော့ ဖျက်ပြီးသွားပြီ၊ထပ်ပြီးဖျက်ဖို့လည်း လုပ်နေကြတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။ ဖျက်ဆီးခံရတဲ့…
Read More »