သတင်း

လုံးခင်းမှာ ငွေလွဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး ဆေးဆိုင်ဓားပြတိုက်ခံရ ကျပ်သိန်း ၁၀၀၀ ကျော်ပါသွား

ဖားကန့် လုံးခင်းကျေးရွာ ရပ်ကွက်()ရှိ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဂျာနူး‌ဆေးဆိုင် ဓားပြတိုက်ခံလိုက်ရပြီး ကျပ်သိန်း ၁၀၀ ကျော်ပါသွားတယ်လို့ လုံးခင်းဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၁ နာရီလောက်မှာ နှာခေါင်းစည်း mask တပ်ထားတဲ့ အမျိုး သား ၇ ဦး လင့်ခရူဇာကား(အဖြူ) ၂ စီးနဲ့ ရောက်လာခဲ့ကြပြီး ဆိုင်ထဲမှာရှိတဲ့သူတွေကို သေနတ်ချိန်ရွယ်ထားကာ ဓါးပြတိုက်သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးကပြောပါတယ်။

ဆိုင်ထဲလေးယောက်လာခဲ့တာပေါ့၊တစ်ယောက်က သေနတ်ကိုင်ထားတယ်၊ကျန်တဲ့သူတွေက ဓါးတွေနဲ့ အပြင်မှာခြေနေစောင့်ကြည့်တဲ့သူ‌ တွေလည်းပါတယ်။ သူတို့လုပ်သွားတာ မြန်တယ်ဗျ မသိလိုက်ရဘူး အခုဆိုင်လည်းပိတ်ထားတယ်လို့ ပြောပါတယ်။

ဂျာနူးဆေးဆိုင်ဟာ ဆေးဝါးပစ္စည်းများ ရောင်းချရုံသာမက ငွေလွှဲလုပ်ငန်းလည်း တွဲဖက်လုပ်ကိုင်တယ်လို့ သိရပါတယ်။

အဲ့ဒီဓားပြမှုကျူးလွန်သူတွေဟာ နှာခေါင်းစည်းတွေတပ်ထားပြီးရုပ်ဖျက်ထားတာကြောင်ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ ဒေသခံတွေ မသိရှိလိုက်ရဘူးလို့ လုံးခင်း‌ဒေသခံတွေက ပြောပါတယ်။

ဂျာနူးငွေလွဲ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းဟာ ဖားကန့်လုံးခင်းအပြင် မြစ်ကြီးနားမြို့၊ ပူတာအိုမြို့နဲ့အခြားမြို့တွေမှာလည်းဆိုင်ခွဲတွေရှိထားတယ်လို့သိရပါတယ်။

ဖားကန့် လုံးခင်းဒေသမှာ ခုနောက်ပိုင်း ဓားပြတိုက်ခံရမှု၊ လုယက်ခံရမှု၊ဖုန်းဆက်ခြိမ်းခြောက်ငွေတောင်းခံမှုတွေပိုမို ဖြစ်ပွားလာပြီး အောက်တိုဘာလ ၅ ရက်နေ့ကလည်း ဂျာနူးဆေးဆိုင်နဲ့ မျက်နှာချင်းဆိုင်ဖွင့်လှစ်ထားတဲ့ မိုးရတနာ ရွှေဆိုင်နဲ့ ရွှေပန်းထိမ်လုပ်ငန်းကိုလည်း ဓါးမြတိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

By – CJ

Show More

Related Articles

Back to top button