သတင်း

မိုးရတနာရွှေဆိုင် ဓါးမြတိုက်ခံရ 

ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ မိုးရတနာရွှေဆိုင် ဒီ‌က‌ နေ့ နေ့လည် ၂ နာရီလောက်မှာ ဓါးပြတိုက်ခံရတယ်လို့ ဆိုင်တာဝန်ရှိသူကနေ  သိရပါတယ်။

ဖြစ်စဉ်မှာ အသက် ၂၅ နှစ်အရွယ်လူငယ်လေးဦးဟာဆိုင်ကယ် ၂ စီးနဲ့ဆိုင်ထဲ ဝင်ရောက်လာပြီး ကောင်တာထိုင်နေတဲ့ ဆိုင်ဝန်ထမ်းနဲ့ ဝန်ထမ်းတွေအားလုံးကို ကလစ်ကြိုးတွေနဲ့ ချည်ထားပြီး ဓါးမြတိုက်သွားတာ ဖြစ်တယ်လို့ ဆိုင်တာဝန်ခံက KNG ကို ပြောပါတယ်။

ရွှေတစ်ပိသာနီးပါး ပါသွားတာပေါ့၊ကျောက်မျက်တွေနဲ့ဆို ကာလတန်ဖိုး သိန်းခြောက်ထောင် လောက်ရှိပါတယ်ဟု မိုးရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိုးရတနာပန်းတိမ်ဆိုင်ဟာ ရွှေထည်တွေအပြင် ကျောက်မျက်လုပ်ငန်းပါ လုပ်တဲ့ဆိုင်ဖြစ်တာကြောင့် ရွှေအပ်ထည်တွေအများအပြား ပါသွားတယ်လို့လည်း သိရပါတယ်။

ဓါးမြတိုက်သူတွေဟာ အသက် ၂၅ နှစ်အရွယ်လူငယ် လေးဦဖြစ်ပြီး၊အကျီအနက်၊ဘောင်းဘီ အနက်၊ပွိုင့်ဖိနပ်များအား စီးထားပြီး မျက်နှာမှာ မက်စ်များ ဖုံးအပ်ထားကြတာ‌ကြောင့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရဘူးလို့ သူက ဆက်ပြောပြပါတယ်။

ဒါ့အပြင် ဓါးမြတိုက်သူတွေဟာ ဓါးမြတိုက်ယူပြီးနောက် လုံးခင်းရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်နှစ်စီးနဲ့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ဖားကန့်မှာ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က လည်း ဖားကန့်မြို့ရှိ စင်ကြယ် ရွှေဆိုင် ဓါးမြအတိုက်ခံရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button