လူငယ်
-
သတင်း
ဝက်လက်တွင် လူငယ်တစ်ဦး ခေါင်းဖြတ် မီးရှို့သတ်ခံရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နဘဲပင်ကျေးရွာတွင် အသက် ၂၃ နှစ်အရွယ် ဒေသခံလူငယ်တစ်ဦး ခေါင်းဖြတ်မီးရှို့ သတ်ဖြတ်ခံရကြောင်း Wetlet သိရသည်။ သတ်ဖြတ်ခံရသူသည် စစ်ကောင်စီတပ်ဖွဲ့များ နဘဲပင်လှကျေးရွာကို စစ်ကြောင်းထိုးလာသဖြင့် ဘေးလွှတ်ရာသို့ ထွက်ပြေးရင်း စစ်ကြောင်းနှင့် တိုးကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု Wetlet Informational Network မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “၃ ရက်နေ့က နဘဲပင်လှကို…
Read More » -
သတင်း
မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ် ၂ ဦးကို ပစ်သတ်ပြီး ၅ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်း ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများလှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ပုံစံသွားနေတာ အဲဒါကိုအဲလူငယ်တွေက စစ်သားကိုတွေ့ပြီး ပြေးတာတဲ့ အဲမှာတစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့…
Read More » -
သတင်း
ဥရုချောင်းတံတားထိပ်တွင် လူငယ်လေးဦး PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ် ပိတ်ဆို့ဖမ်းဆီး
ဖားကန့်မြို့တွင်း ဥရုချောင်းတံတားလမ်းထိပ်နေရာတွင် လူငယ်အမျိူးသား ၄ ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ PDF ဖြစ်သည်ဟု စွပ်စွဲကာ ပိတ်ဆို့ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ မေလ ၁၀ ရက်နေ့ ည ၄ နာရီအချိန်တွင် ငှက်ပျောတောရပ်ကွက်ဘက်မှလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသား…
Read More » -
ဆောင်းပါး
လွတ်လပ်တဲ့ငှက်တွေဟာ စိတ်ဒဏ်ရာတွေကိုယ်စီ
အာဏာမသိမ်းခင်တုန်းက အားလုံးသောလူငယ်တွေဟာ ရည်မှန်းထားတဲ့ အိမ်မက်တွေကို အသက်သွင်းဖို့ ကြိုးစားရုန်းကန် နေကြတာပါ။ လူငယ်တစ်ဖွဲ့ဆိုရင် ကဗျာပြပွဲလုပ်ဖို့ စီစဉ်ထားခဲ့ကြပေမဲ့ အာဏာသိမ်းလိုက်တော့ သူတို့ စိတ်ကူးတွေကို တစ်စုံတယောက်က အပိုင်းအစတွေဖြစ်အောင် မစ်ဇိုင်းဒုံးကျည်နဲ့ ပစ်ခွဲလိုက်သလို ခံစားရတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းကာလကြာလာတာနဲ့အမျှ…
Read More » -
သတင်း
ဖားကန့်ဒေသ အမျိုးသမီး နှင့် လူငယ်များ ကွန်ပျူတာလေ့လာသင်ယူနိုင်မည့် အလုပ်ရုံစင်တာ ဖွင့်လှစ်
ဖားကန့်မြို့ မှော်စီဆာကျေးရွာတွင် ဒေသတွင်း အမျိုးသမီများ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန် လေ့လာသင်ယူနိုင်သည့် ကွန်ပျူတာစင်တာ (Computer Learning Center) တစ်ခု ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ ဖားကန့် ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Wunpawng Amyusha Zinlum Hpung) အမျိုးသမီးကော်မတီ ဦးဆောင်ပြီး အမျိုးသမီးနှင့်…
Read More » -
သတင်း
နန်းမား လူငယ် ၃ ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို စစ်ကောင်စီိအဖွဲ့က ဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုလိုက်ကြောင်းသိရသည်။ လူငယ် ၃ ဦးသည် မတ်လ ၇ ရက်နေ့ ဖမ်းဆီးခံလိုက်ရပြီး…
Read More » -
သတင်း
နန်းမားတွင် ရွှေ့ပြောင်းလုပ်သား လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီဖမ်းဆီးထား
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားအုပ်စု လက်ပံတန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့က လူငယ် ၃ ဦးကို PDF ဖြစ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်းသိရသည်။ မိုးညှင်းနှင့် နန်းမားမြို့မှ ခလရ ၁၅ ၊ ခလရ ၄၀၊…
Read More » -
လူ့အခွင့်အရေးချိုးဖောက်မှု
စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားသည့် ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးတို့ဖြင့် အဆက်အသွယ် မရသေး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာတွင် ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသော ကားသမားတစ်ဦး နှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးကို ယနေ့ထိ ဆက်သွယ်၍မရသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ လုံးခင်းကျေးရွာ ဥရုပန်းချီစားသောက်ဆိုင်ရှေ့တွင် ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲ ၄…
Read More » -
သတင်း
ကသာမြို့တွင် ရဲကားဖြင့် လိုက်လံပစ်ခတ်သဖြင့် လူငယ် ၁ ဦးသေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့ အထက (၃) ကျောင်းလမ်းတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို ကင်းပတ်နေသည့် စစ်ကောင်စီ ရဲကားမှ လိုက်လံပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသခံများမှ သိရသည်။ နိုဝင်ဘာလ ၂၄ ရက် ည ၇ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူမှာ ဒဏ်ရာရရှိထားပြီး…
Read More »