သတင်း

မြစ်ကြီးနားမြို့ပေါ် လူငယ် ၂ ဦး ပစ်သတ်ခံရပြီး ၅ ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ်  ဦးကို ပစ်သတ်ပြီး  ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်း ရမ်ပူရပ်ကွက်ရှိ လမ်းမတစ်နေရာတွင် စစ်သားများလှည့်လည်သွားနေစဉ် အဆိုပါ လူငယ်များသည် စစ်သားများအား တွေ့ပြီး ထွက်ပြေးရာမှ ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

ကျမတို့ကြားတာကတော့ စစ်သားတွေက ကင်းလှည့်တဲ့ပုံစံသွားနေတာ အဲဒါကိုအဲလူငယ်တွေက စစ်သားကိုတွေ့ပြီး ပြေးတာတဲ့ အဲမှာတစ်ခါတည်းသေနတ်နဲ့ လိုက်ပစ်ပြီး ဖမ်းတာလို့ပြောတယ်။ ၂ ယောက်ကတော့ အလောင်းကောက်သွားတာလို့ သိရတယ်ဟုပြောသည်။

ပစ်သတ် ဖမ်းဆီးခံရသည့် လူငယ်များတွင် ခေမာသီရိရပ်ကွက်မှ လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသော်လည်း နာမည် အသေးစိတ်ကိုတော့ မသိရသေးပေ။

ထို့ပြင် ယမန်နေ့ ဖမ်းဆီး ပစ်သတ်ခံရသည့်လူငယ်များသည်  မြစ်ကြီးနားရှိ KIA/ PDF နှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း KPDF တာဝန်ရှိသူများမှ KNG ကို ပြောဆိုသည်။

ကျနော်တို့လည်း ရင်း ၁၁ ရော၊ ရင်း  ရော အကုန်စုံစမ်းပြီးပြီ ဘယ်ဘက်က လူမှ မဟုတ်နေဘူး။ ဘယ်သူတွေလည်းဆိုတာလည်း မသိဘူး။ ကျနော်တို့နဲ့ အဆက်အစပ်မရှိသူတွေဖြစ်နေတာ။ ကျနော်တို့နဲ့ ပတ်သက် ဆက်နွယ်သူတွေတော့ မဟုတ်ဘူးဟုမြစ်ကြီးနားမြို့နယ် KIA/PDF မှ တာဝန်ရှိသူတစ်ဦး KNG ကိုပြောသည်။

မြစ်ကြီးနားမြို့တွင် စစ်ကောင်စီကို သတင်းပေးသူများ ယခင်ကထက် ပိုမိုများလာပြီး တော်လှန်ရေးတွင် ပါဝင်သည့် လူငယ်များအပြင် တော်လှန်ရေးတွင် ပါဝင်ခြင်းမရှိသည့် လူငယ်များပါ မကြာခဏဆိုသလို ဖမ်းဆီးခံ သတ်ဖြတ်ခံရမှုများ ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလဆန်းတွင်လည်း မြစ်ကြီးနား ရွှေလမ်းမအနီး အဆောင်ငှားနေကြသည့် လူငယ်အမျိုးသမီးများအပါအဝင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ ဖမ်းဆီးသွားကြောင်း သိရသည်။

Show More

Related Articles

Back to top button