ဝိုင်းမော် သပိတ်တွင် ဖမ်းဆီးခံရသော ဆရာမ အပါ ၂ ဦးကို တွေ့ခွင့်မပြု
,
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာရှိ ကျောင်းသား ၂ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေဆုံးသွားသည့်အတွက် အဆိုပါအမှုကို ညှိနှိုင်းရန်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသူ ကျောင်းသား ၂ဦး၏ မိဘများထံမှ သိရသည်။ အဆိုပါအမှုကို ဇူလိုင်လ ၂၄ရက်နေ့တွင် ညှိနှိုင်းရန် ကျေးရွာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်လာရောက်ကမ်းလှမ်းထားကြောင်း သေဆုံးသွားသည့် ကျောင်းသား ၂ဦးအနက် မောင်သန့်ဇင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ကြည်ကြည်ခင်က ကချင်သတင်းဌာန KNG ကို ပြောသည်။ “ကျမတို့ကလေးက…
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဂိုင်ဒေါ်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ၅ လောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ဦးကို KIO ဗန်းမော်မြို့နယ်တရားရုံးတွင် စစ်ဆေးပြီးနောက် အရှေ့ပိုင်းခရိုင်တရားရုံးတွင် ထပ်မံစစ်ဆေးရန် ပြင်ဆင်နေကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူထံမှ သိရသည်။