သတ်ဖြတ်ခံရမှု
-
Jan- 2026 -19 Januaryသတင်း
ကချင်ဆရာမ ၂ ဦးမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု ၁၁ နှစ်တိုင်တိုင်ရှိလာပေမယ့် အမှုမှန်ပေါ်ပေါက်ဖို့ အလှမ်းဝေးနေဆဲ
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ကစေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး ရက်စက်စွာမုဒိမ်းကျင့်သတ်ဖြတ်ခံရမှု အမှုမှန်မပေါ်ပေါက်နိုင်တာဟာ မြန်မာစစ်တပ်က သက်သေတွေကို ဖျောက်ဖျက် ဖျက်ဆီးပစ်ကာ တရားရေးလုပ်ငန်းတွေကို ထိန်းချုပ်တားဆီးလိုက်တာကြောင့်ဖြစ်တယ်လို့ ကချင်အမျိုးသမီးများအဖွဲ့အစည်းက ထောက်ပြပြောဆိုပါတယ်။ ရှမ်းမြောက် မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ် ကောင်းခါးရွာက စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး တို့ရဲ့ ကြောက်မက်ဖွယ် သေဆုံးခဲ့ရမှု ဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ ဒီနေ့မှာ ၁၁ နှစ် ပြည့်ပြီပဲ ဖြစ်ပါတယ်။ “အမှုနှင့်ပတ်သက်ပြီး အဖွဲ့အစည်းတော်တော်များ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ နှစ်ကြာလာလေ အမှုမှန်နှင့် တရားမျှတရေးဆိုတာက ပိုပြီးဝေးလေသထက် ဝေးသွားပြီ။ ဆရာမ ၂ ဦးရဲ့အမှုကိုလည်း စစ်တပ်က သက်သေတွေကို ဖျက်ဆီးပစ်တယ်၊ ဖျောက်ဖျက်လိုက်တယ်။ ဒါကြောင့် ကျမတို့ ဒါကိုအဆုံးထိ လုပ်ဆောင်နိုင်ဖို့ ခက်ခဲသွားတယ်။ ဒီလိုအမှုတွေရဲ့ သက်သေတွေကို ဖျောက်ဖျက်လိုက်တာမျိုးတွေကို စစ်တပ်က strategy တစ်ခုလို အမြဲလုပ်နေတာတွေ့ရပါတယ်။” ဟု KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ပြောပါတယ်။ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်( KBC) မှ စေလွှတ်တဲ့ ဆရာမ ၂ ဦး မုဒိမ်းပြုကျင့်သတ်ဖြတ်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တရာခံက ဘယ်သူဆိုတာကို ရှင်းလင်းပြတ်သားစွာသိရှိနေတာဖြစ်ပေမဲ့ အမှုမှန်ပေါ်ပေါက်နိုင်ဖို့နဲ့ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲလို့ ဆိုပါတယ်။ ဆရာမ ၂ နှစ်ဦး သတ်ဖြတ်ခံခဲ့ရစဉ် သက်သေအထောက်အထားများ၊ ဖြစ်စဉ် ဖြစ်ရပ်နှင့် ထင်ရှားတဲ့ လက္ခဏာများအရ ပြစ်မှုကျူးလွန်သူတွေဟာ အဲဒီတုန်းက ကောင်းခါးရွာမှာ ရောက်ရှိနေတဲ့ မြန်မာစစ်တပ်စစ်ကြောင်းထဲက စစ်သားတွေ အုပ်စုဖွဲ့မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့တယ်ဆိုတာကို KWAT မှ ထုတ်ထားတဲ့ အစီရင်စာအရလည်း တွေ့ရတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဖြစ်စဉ် ဖြစ်ပွားခဲ့စဉ်တုန်းက ကျေးရွာမှာရောက်ရှိနေတဲ့ စစ်ကောင်စီ ခမရ ၅၀၃ မှ စစ်ကြောင်းမှူးနဲ့ စစ်သားတွေကို KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီဘက်က တွေ့ဆုံမေးမြန်းဖို့ ကြိုစားခဲ့ပေမယ့် စစ်တပ်ကဘက် ခွင့်မပြုလို့ ၂၀၁၆ နောက်ပိုင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားမှုမှာ ရပ်တန့်နေခဲ့တာဖြစ်ပါတယ်။ KBC အမှုမှန်ပေါ်ပေါက်ရေးကော်မတီက အမှုနဲ့ပတ်သက်ပြီး အဓိကတာဝန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ဆုံနိုင်ဖို့ တောင်းဆိုခဲ့မှုကို စစ်တပ်ဘက်က ငြင်းဆိုခဲ့ခြင်းကြောင့် လုပ်ငန်းတွေ ဆက်လုပ်လို့ မရနိုင်တော့ပဲ ဒီကနေ့အထိ အမှုမှန်နှင့်တရားမျှတရေးက အလှမ်းဝေးသထက် ဝေးသွားတာလည်း ဖြစ်ပါတယ်။ ဆရာမ ၂ ဦးရဲ့အမှု ၁၁ နှစ်ပြည့်သည့်တိုင် အမှုမှန်မပေါ်ပေါက်နိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ကျူးလွန်တဲ့ မုဒိမ်းမှုတွေအတွက် အမှုမှန်နှင့်တရားမျှတမှု ရရှိဖို့က အလှမ်းဝေးနေဆဲဆိုတာကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ Kachin Women’s Association Thailand – KWAT ပြောရေးဆိုခွင့်ရှိသူ ဆရာမဆန်ထွယ်က ဆက်ပြောပါတယ်။ “စစ်တပ်ကျူးလွန်တဲ့အမှုတွေဟာ တရားမျှတရေးရရှိဖို့ အလှမ်းဝေးနေဆဲဆိုတာ ဒီအမှုအားဖြင့် သိသာထင်ရှားစွာ မြင်ရပါတယ်။ အဓိက တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေ အကြမ်းဖက် မဒိမ်းပြုကျင့်ခံရမှု တွေက မှန်ကန်တဲ့တရားမျှတရေးရရှိနိုင်ဖို့ အလှမ်းဝေးနေဆဲဆိုတာ မီးမောင်းထိုးပြနေတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အမျိုးသမီးတွေလည်း တော်တော်များများရှိတယ်။ လက်နက်ကိုင်တွေကြားမှာ အမျိုးသမီးတွေရဲ့ လုံခြုံရေးက ပိုစိုးရိမ်လာရတယ်။ ဒီလိုကိစ္စတွေကို တိုက်ပွဲပြီးမှ စစ်ပြီးမှ ဖြေရှင်းယူမယ်ဆိုရင် မိုပိုဆိုးရွားလာမယ့် အခြေအနေကို ရောက်ရှိလာမှာဖြစ်ပါတယ်။” ဟု ပြောဆိုပါတယ်။ ၂၀၂၂ ခုနှစ်အထိတော့ နှစ်တိုင်း ဇန်နဝါရီ ၁၉ ရက်နေ့ရောက်တိုင်း ဆရာမ ၂ ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရရှိအောင် KBC ဦးဆောင်ပြီး သတိရဆုတောင်းခြင်းအစီအစဉ်တွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း လုပ်ဆောင်နိုင်ခြင်းမရှိတော့တာကိုလည်း တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ညမှာ ဆရာမခေါန်နန်စင် (အသက် ၂၀) နဲ့ ဆရာမ မရန်လုရာ ( အသက် ၂၁ နှစ်) တို့နှစ်ဦးက အုပ်စုဖွဲ့ အကြမ်းဖက် မုဒိမ်းပြုကျင့် သတ်ဖြတ်မှုကို ခံခဲ့တာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
Sep- 2025 -23 Septemberသတင်း
မိုင်းနားရွာအနိီး အမျိုးသားတစ်ဦး ဓားအချက်ပေါင်းများစွာဖြင့် သတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရွာအနီးမှာ ဓားအချက်ပေါင်းများစွာနဲ့ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ မွန်မြတ်စေတနာလူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်(တနင်္ဂနွေ)ည ၉ နာရီအချိန် မိုင်းနားကျေးရွာအနီးရှိ ရာဘာခြံတစ်ခုမှာ သူငယ်ချင်းနှစ်ဦး အရက်အတူသောက်ရင်းစကားများရာကနေ…
Read More » -
Aug- 2025 -31 Augustသတင်း
မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦးသတ်ဖြတ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း အမျိုးသား ၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သတ်ဖြတ်ခံမှုဖြစ်စဥ်တွေက ဩဂုတ်လ ၃၁ ရက် ဒီမနက် ၇ နာရီ ၁၅ ဝန်းကျင်အချိန် ရွှေညောင်ပင်ရပ်ကွက်မှာ ဓားဒဏ်ရာ…
Read More » -
Apr- 2025 -21 Aprilသတင်း
ပိန်းခမ်းရွာအနီး အရပ်သား ၆ ဦးပစ်သတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်က တာဝန်ယူဆောင်ရွက် ပေးခြင်းမရှိသေး
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာမှာ ဒေသခံတွေပစ်သတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က အမှုပြီးစီးအောင် တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ မုံးစီးကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာအနီး ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်…
Read More » -
Mar- 2025 -12 Marchသတင်း
စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စစ်ဆေးနေဆဲလို့ဆို
လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက်အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တဲ့ တရားခံကို KIO ဘက်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိပြီး စစ်ဆေးနေတာ ၁၅ ရက်ခန့် ရှိလာပြီဖြစ်ပါတယ်။ “စစ်ဆေးနေတုန်း၊ တရားစီရင်ရေးဘက် မရောက်သေးဘူး။ စစ်ဆေးချက်အဖြေတွေလည်း မထုတ်သေးဘူး။ ဘာလို့ အခုလိုဖြစ်စေတယ်၊ အဖြေမှန်ထွက်မှ ဘယ်လိုဆုံးဖြတ် စီရင်ချက်ချမယ်ဆိုတာ လာမှာဖြစ်တယ် ဆိုတော့ အခုစစ်နေတုန်းအဆင့်ရှိတယ်။ ဘာလို့လုပ်တယ်၊ တရားခံက တစ်ယောက်တည်းလားဆိုတာတွေ စစ်ဆေးရေးအဖွဲ့တွေ လုပ်နေတုန်းပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး KIO စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ထားကာ စစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိချန်ထိ စစ်ဆေးချက်အဖြေတွေလည်း မထုတ်လာသေးဘူးလို့ ဆိုပါတယ်။ ဂျေယန်စစ်ရှောင်စခန်းက ကလေးငယ် ၃ ဦး သတ်ဖြတ်ခံရပြီးနောက် မတ်လ ၁ ရက်နေ့မှာ လိုင်ဇာမြို့အနီး ဝိုင်ကြိုင်စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စိတ်မနှံ့သူက မီးရှို့၊ ဓားလှီးသတ်ဖြတ်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အခုချိန် အဲဒီကလေးငယ်ကို သတ်ဖြတ်သူ စိတ်မနှံ့တဲ့တရားခံကိုလည်း သက်ဆိုင်ရာ KIO ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ KIO ထိန်းချုပ်နယ်မြေတွေမှာ အခုလို ကလေးသူငယ်တွေကိုသတ်ဖြတ်တဲ့ဖြစ်ရပ်မျိုး နောက်တစ်ချိန် ထပ်မံမဖြစ်ပွားဖို့ တရားခံကို စံပြအနေနဲ့ သေဒဏ်ချမှတ်စေလိုတယ်လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့အမြင်ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပါတယ်။ “ကလေးငယ် ၃ ယောက်ကို သတ်တဲ့ လူသတ်တရားခံကို သူနဲ့ထိုက်တန်တဲ့၊ သူနှိပ်စက်ပြီး သတ်လိုက်တဲ့အမှုနဲ့ ထိုက်တန်တဲ့အပြစ်ကို ပေးခိုင်းစေချင်တယ်။ ပြီးရင် တခြားသူတွေ ဒီလိုအမှုကို ထပ်မကျူးလွန်အောင် မဖြစ်လာအောင် သူ့ကို စံပြအနေနဲ့ သေဒဏ်ပေးစေချင်တယ်။ ကျမအမြင်ကတော့။” လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။ ဂျေယန်စစ်ဘေးရှောင်စခန်းက ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရသူ မိန်းကလေးငယ် ၃ ဦးဟာ မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်)၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန် ( အသက် ၁၁ နှစ်) နဲ့ မလထောက်ရွယ်ဂျီ( အသက် ၁၀ နှစ်) တို့ဖြစ်ပါတယ်။ ကလေးငယ်တွေကို တရုတ်ယွမ်ငွေ ၃ သိန်းနဲ့ အလဲအလှယ်လုပ်ပြီး လာခေါ်ယူဖို့ မိသားစုဝင်တွေဆီ တရားခံဖြစ်သူ ဦးအုန်းဆောင်းဒွဲအောင်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကလေးတွေကို တောထဲမှာတင် တစ်ယောက်ကိုတော့ ကြိုးဆွဲချသတ်ဖြတ်ထားပြီး ကျန် ၂ ယောက်ကိုတော့ ချောင်းရေထဲ ကျောက်တုံးနဲ့ဖိသတ်ထားတာကို မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတွေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်မိန်းကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ တရားခံဟာ အရင်က KIA တပ်သားဟောင်းတစ်ဦးဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့် အရေးယူခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး KIA အမှုထမ်းကနေ ထုတ်ပယ်ခံထားရသူလို့လည်း စစ်ဘေးရှောင်တွေက ပြောဆိုနေကြပါတယ်။ အဲဒါအပြင် သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးထဲက မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်) ရဲ့ ဖခင်ဖြစ်သူနဲ့ ရန်ညိုးရှိရာကနေ အခုလို့ ဖြစ်ရပ်အထိ ဖြစ်ပွားလာတဲ့ အနေအထားဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ “KIO ထိန်းချုပ်နယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် ပိုပြီးတင်းကျပ်စွာလုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။ ဒီအတောအတွင်းမှာ ပြည်သူတွေ သတ်ခံရတာ၊ ကလေးငယ်တွေ သတ်ခံရတာတွေ ဖြစ်ပွားနေတော့ ဒီလိုတွေထပ်မဖြစ်လာအောင် တရားစီရင်ရေးမှာလည်း ပိုပြီးတင်းကျပ်စွာ ထိရောက်စွာ လုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။” Kachin Human Rights…
Read More » -
10 Marchအင်တာဗျူး
မြစ်ကြီးနား၊ ဝိုင်းမော်မှာ အရပ်သား သတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာတဲ့အတွက် ဘယ်လိုအခြအနေ ရှိနေလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့မှာ တစ်လအတွင်းအရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိပြီး အဲဒီထဲမှာအမျိုးသမီး ၄ ဦးပါဝင်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ်၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ်အလောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် မြစ်ကြီးနားမြို့ ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦးရန်ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကို ပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေဖော်ဝါရီ ၂၈ ရက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် အမျိုးသမီးတစ်ဦး ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက်…
Read More » -
Feb- 2025 -26 Februaryသတင်း
သည်းထိပ်ဖွယ် ကလေး ၃ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို KIO အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ ဒေသခံများ တောင်းဆို
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကို ထိရောက်စွာ စစ်ဆေး အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ဂျေယန့်စစ်ဘေးရှောင်စခန်းက ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်…
Read More » -
Jan- 2025 -3 Januaryသတင်း
ကောလင်းမြို့နယ်ရဲ့ သယံဇာတကော်မတီအတွင်းရေးမှူး လုပ်ကြံသတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG သယံဇာတ ကော်မတီအတွင်းရေးမှူး ဆရာအရိန္ဒာမာ ဇန်နဝါရီလ ၂ ရက်နေ့မှာ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။ လုပ်ကြံခံရသူ ဆရာအရိန္ဒာမာ ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးအရာရှိ CDM တစ်ဦးဖြစ်ပြီး တော်လှန်အစိုးရအတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ဝန်ကြီး ဒေါက်တာတူးခေါင်က သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာက…
Read More » -
Apr- 2024 -13 Aprilသတင်း
ဖားကန့် မမုံမှာအရပ်သား ၂ ဦးသတ်ဖြတ်ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မမုံကျေးရွာအနီးမှာ အရပ်သား ၂ ဦးသတ်ဖြတ်ခံထားရပြီး ပါလာတဲ့လက်ဝတ်ရတနာတွေလည်းလုယက်သွားတယ်လို့သိရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း မမုံကျေးရွာ ပန်းခြံကုန်းထဲမှာ အသက် ၂၀ ကျော်လူငယ် ၂ ဦး လက်နောက်ပြန်ကြိုးသုတ်ထားပြီး ဓားထိုးသတ်ခံထားရတဲ့…
Read More » -
Feb- 2024 -12 Februaryသတင်း
မေခမြစ်အထက်မှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မြစ်ဆုံတစ်ဖက်ကမ်း မေခမြစ်အထက် မယ်တော်ဂူအနောက်ဘက် ၁ မိုင်အကွာသဲသောင်ပြင်တစ်နေရာမှာ အမျိုးသမီးတစ်ဦးသတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ တန်ဖရဲရွာ နေအိမ်တစ်အိမ်မှာလာရောက်တည်းခိုနေတဲ့ ဗမာတိုင်းရင်းသားတစ်ဦးကို သူမတို့လုပ်ကိုင်နေတဲ့ ခဘာရွှေမှော်ဘက်…
Read More »









