သတင်း

ဖားကန့် မမုံမှာအရပ်သား ၂ ဦးသတ်ဖြတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  မမုံကျေးရွာအနီးမှာ အရပ်သား ၂ ဦးသတ်ဖြတ်ခံထားရပြီး ပါလာတဲ့လက်ဝတ်ရတနာတွေလည်းလုယက်သွားတယ်လို့သိရပါတယ်။

ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း မမုံကျေးရွာ ပန်းခြံကုန်းထဲမှာ အသက် ၂၀ ကျော်လူငယ် ၂ ဦး လက်နောက်ပြန်ကြိုးသုတ်ထားပြီး ဓားထိုးသတ်ခံထားရတဲ့ အလောင်း ၂ လောင်းကို ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNGကိုပြောပါတယ်။

နှစ်ယောက်စလုံးက ဓားထိုးဒဏ်ရာလေးချက်စီနဲ့ကြိုးသုပ်ထားပြီ လည်ပင်းဓားလှီးထားတဲ့ဒဏ်ရာတွေနဲ့သေနေတာ ကောင်လေးက ရွှေဆွဲ ကြိုး ၂ကျပ်သားကုံးတစ်ကုံးရယ် ငါးမူးသားလက်စွပ်တစ်ကုံးပါတယ်လို့ သိရတယ်။ ဆိုင်ကယ်တွေ ဖုန်းတွေပါတယ်အဲ့တာတွေဘာတစ်ခုမှမရှိတော့ဘူးလို့ အခင်းဖြစ်တဲ့နေရာမှာသွားရောက်ခဲ့တဲ့အမျိုးသားတစ်ဦးကပြောပါတယ်။

သတ်ဖြတ်ခံရသူ ၂ ဦးဟာ လက်ရှိဖားပြင်မှာနေထိုင်တဲ့ ပုလဲမြို့နယ်ထဲက ကိုနိုင်နိုင်ထွန်း အသက် ၂၄ နှစ် နှင့် ဝှေခါကျေးရွာနေသူ မစန္ဒာအောင် အသက် ၂၅ နှစ်တို့ဖြစ်ပြီး တစ်နေရာထဲမှာပဲ သတ်ဖြတ်ခံထားရတာလို့သိရပါတယ်။

ဖြစ်တာက ညကတည်းကဖြစ်သွားပုံရတယ်။ အဲ့နေရာမှာက ည ၈နာရီလောက်ဆိုလူမရှိတော့ဘူးအလောင်းကမနက်ခင်းကျမှတွေ့တာ ကောင်မလေးကတော့ မမုံထဲက ခြောက် ကောင်ဂျင်မှာအလုပ်လုပ်တာ လုယက်သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့အထက်ပါအမျိုးသားကဆက်ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကိုတော့ လူမှုကူညီရေးအသင်းကားတွေနဲ့သယ်ယူသွားတယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ အရပ်သားတွေလုယက်သတ်ဖြတ်ခံရမှုမကြာခနဖြစ်ပေါ်လျက်ရှိနေပြီး မနေ့ကဖြစ်သွားခဲ့တဲ့အဲ့ဒီမမုံပန်းခြံကုန်းမှာလည်း လွန်ခဲ့တဲ့ ၇ ရက်နေ့က အသက် ၅၀ ကျော်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button