ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ဩဂုတ်လ ၂၁ ရက်နေ့တွင် KIAအဖွဲ့က လာပစ်သတ်သွားသည်ဆိုပြီး သတင်းအမှားတစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည်ကို တွေ့ရသည်။ အဆိုပါသတင်းအမှားကို “True Media” Telegram အကောင့်တွင် ဩဂုတ်လ ၂၁ ရက်နေ့က ယခုလို ရေးသားခဲ့သည်။ “ကချင်ပြည်နယ်၊ ဟိုပင်မြို့ ကြာကြီးကွင်းကျေးရွာ NLD ပါတီဝင် ကိုအမောင်ကို ယနေ့ KIAအဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ဆက်လက်တင်းမာနေသောကြောင့် နန့်ရင်းကျေးရွာပြည်သူများက စျေးဆိုင်များ ပိတ်ထားရကြောင်း သိရသည်။ ဟိုပင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းတွင် မတ်လ ၁၉ ရက်မနက်ပိုင်း နှင့် ၂၀ ရက် ည ကိုးနာရီအချိန်တွင် ပတ်ခတ်သံများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာနဲ့ နီးစပ်သည့် နန့်ရင်းကျေးရွာနေ ပြည်သူများက
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့နှင့် ၂မိုင်ခန့်အကွာသော နန့်ရင်းကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA/PDF တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသတင်းရရှိသည်။ ယနေ့နံနက် ၇နာရီဝန်းကျင်ခန့်မှ ဟိုပင်မြို့၏ အရှေ့ဘက်ခြမ်းရှိ နန့်ရင်းချောင်းအနီး KIA နှင့် PDF ရှိသည့် တိန်လုံပါဘက်သို့ စစ်ကောင်စီတပ် ၂၀၀ ခန့်ကဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA သတင်းအရင်းအမြစ်တစ်ဦးက KNG သတင်းဌာနကိုအတည်ပြုပြောဆိုသည်။ "အခုတိုက်ပွဲဖြစ်တဲ့နေရာက တိန်လုံပါမှာဟုတ်တယ်။ KIA နဲ့ PDF ရှိတဲ့ဘက်ကို စစ်ကောင်စီစစ်သားတွေဝင်လာလို့
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့ တွင် အငြိမ်းစားယူနေသည့် စစ်ကောင်စီအောက် ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီးတစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း သိရသည်။ ဖြစ်စဥ်မှာ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပစ်သတ်ခံရသူ အငြိမ်းစားပြည်သူ့စစ် ဗိုလ်ကြီး ဦးအောင်မျိုးသန့် ၎င်း၏ မိတ်ဆွေတစ်ဦးနှင့် ရွှေညီကို/ ရွှေအင်းတော်ကြီး ကားဂိတ်အနီးတွင် ကားဖြင့်ထွက်လာစဥ် လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို မျက်မြင်တွေ့သူ တစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။ ''သူက
မိုးညှင်းခရိုင် ဟိုပင်မြို့နယ် နမ်ဂျွမ့်ကျေးရွာ (Nam Jun Mare)အနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့နံနက် ၁၁နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။ ယနေ့နံနက် ၇နာရီခန့်အချိန်မှ ဟိုပင်မြို့အခြေစိုက် ခလရ ၄၀ စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်က KIA တပ်မဟာ ၈ လက်အောက်တပ်ရင်း ၄၁ နယ်မြေတွင် စစ်ကြောင်း ၂ခုဖြင့် ဝင်ရောက်ထိုးစစ်ဆင်လာသောကြောင့်
ပြည်သူများထံမှ လျှပ်စစ်မီးသုံးဆောင်ခ မတရားကောက်ခံနေသည့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှ လျှပ်စစ်ရုံးဝန်ထမ်းများက ဟိုပင်ဒေသ PDFများက သတိပေးစာထုတ်ပြန်ထားသည်။ ဟိုပင်လျှပ်စစ်ဝန်ထမ်းများသည် ၂၀၂၁ ဒီဇင်ဘာလမှ စတင်ကာ မီတာစာရွက်လာရောက်ဖတ်ခြင်းမပြုဘဲ ပြည်သူများထံမှ မီတာခမတရားကောက်ခံမှုများပြုလုပ်နေပြီး မီတာခမပေးဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်မည် ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိနေသောကြောင့်ယခုကဲ့သို့ သတိပေးစာထုတ်ပြန်ရခြင်းဖြစ်ပြီး ဟိုပင် PDF မှ တာဝန်ရှိသူတစ်ဦးက ခုလိုပြောသည်။ “အဲ့ဒီထုတ်ပြန်ထားတဲ့ကိစ္စက ကျွန်တော်တို့ကိုယ်တိုင်လည်း ကွင်းဆင်းခဲ့တဲ့မြေပြင်အခြေအနေအရ ပြီးတော့ တာဝန်သိပြည်သူတွေရဲ့သတင်းပေးချက်အရကောဒီလျှပ်စစ်ဝန်ထမ်းကနေပြီးတော့မှ မီတာ ကိုဆောင်ခိုင်းတယ် မဆောင်ရင်မီးဖြတ်မယ်လို့ပြောတယ်။အဲ့လိုခြိမ်းခြောက်မှုတွေရှိတယ်
ဟိုပင်မြို့နှင့် ၂မိုင်ခန့်ဝေးသော တဝက်ချောင်း ကားလမ်းနှင့် ရထားလမ်း ၂ခု ဧပြီလ ၂၇ရက်နေ့ ည ၁၁နာရီခန့်က မိုင်းခွဲ ခံထားရကြောင်း သိရသည်။ (more…)