အင်တာဗျူး

  • Aug- 2024 -
    12 August
    အင်တာဗျူး

    တိုက်ပွဲဒေသဖြစ်နေတဲ့ ဗန်းမော်မြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်

    ကချင်ပြည်နယ် တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့ကစ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးပြတ်တောက်သွားတာ ခုဆို ၃ ပတ်ကြာရှိလာပြီဖြစ်ပါတယ်။ ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ် လူဦး ၁ သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်နေတဲ့အတွက် ပြည်သူတွေ သတင်းအချက်လက်ရရှိဖို့ ခက်ခဲနေကြတဲ့အပြင် အထူးသဖြင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိတဲ့ ဗန်းမော်မြို့နယ်ထဲက ပြည်သူတွေဟာ အဖက်ဖက်ကနေ စိုးရိမ်မှုနဲ့နေနေကြတယ်လို့ ဗန်းမော်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စလို့ ဖုန်း၊အင်တာနက်လိုင်းအားလုံးပြတ်တောက်သွားပြီး ၃ ရက်အကြာ ဇူလိုင် ၂၄ ရက်နေ့ ဗန်းမော်မြို့နဲ့  ၇ မိုင်အကွာမှာရှိတဲ့ မိုးမောက်မြို့နယ် ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲတွင်းလက်နက်ကြီးတွေ ကျပေါက်ကွဲတာ၊ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုက်ပွဲဇုန်နဲ့အနီးဆုံးမှာရှိနေတဲ့ ဗန်းမော်မြို့အခြေနေကို ဗန်းမော်ကနေ တစ်ခြားနေရာကို ဒီမနက်ရောက်ရှိနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို KNG ကဆက်သွယ်မေးမြန်းထားပါတယ်။ မေး– အင်တာနက်ပြတ်တောက်နေချိန်တွင်း ဗန်းမော်မြို့ ပြည်သူတွေ ဘယ်လိုအဆက်သွယ်လုပ်နေကြသလဲ။ ဖြေ– ဗန်းမော်ကလူတွေ လောလောဆယ် ဗန်းမော်ဆေးရုံကုန်းလို့ ပြောလို့ရတဲ့ ညောင်ပင်ရပ်က ဆက်သွယ်ရေးရုံမှာ ၃၄ နဲ့စတဲ့ဖုန်း တစ်ယောက်ကို ၃ မိနစ်ပြောခွင့်ရနေပါတယ်။ တန်းစီစနစ်နဲ့ပြောနေရတဲ့နေထားမှာရှိပါတယ် တစ်ခြားမြို့တွေလို ပိုက်ဆံပေးပြီး သုံးလို့ရတဲ့ အင်တာနက်ဆိုင်တွေလည်းမရှိပါဘူး။ ကျနော်သိရသလောက်ဆို စစ်တပ်လက်အောက် ဆက်သွယ်ရေးရုံးက အရာရှိ ၅ ယောက်ဘဲ အင်တာနက်လိုင်းအချိန်ပြည့်သုံးလို့ရနေတယ်လို့ သိထားတယ်ဗျ။ မေး– အင်တာနက်လိုင်း ပြတ်တောက်တဲ့နောက် MEC ကဒ်လိုင်းရတယ်လို့ ပြောကြတယ် ခုရသေးလား။ ဖြေ– ဟုတ်တယ်ဗျ အစလိုင်းပြတ်ထားတဲ့ ၃ ရက်လောက်က ရသေးတယ်။ ဒါပေမယ့် မိုးမောက် ခမရ ၄၃၇ ကို KIAနဲ့ PDF တွေက ဇူလိုင်လ ၂၄ ရက်နေ့ စတိုက်တဲ့နေ့ကစပြီး ပြတ်တောက်သွားတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒီရက်မှာဘဲ နန်းတော်ဦးဖုန်းဆိုင် မှာ MEC ဖုန်းကဒ်ရောင်းလို့်ဆိုပြီး လင်မယား ၂ ယောက်ကို စစ်တပ်က ဖမ်းသွားတာလည်းရှိတယ်။ ပိုက်ဆံ သိန်း ၃၀ ပေးပြီးပြန်လွတ်လာတယ်လို့ သိရပါတယ်။ အဲဒီညနေကစပြီး MEC လည်းမရတော့ဘူး။ မေး– ပြီးတော့ ဗန်းမော်ကလေ ခုနပြောသလိုသဘဲ မိုးမောက် ခမရ ၄၃၇ တိုက်ပွဲနဲ့လည်းနီးတော့ ဗန်းမော်ဘက်ကို လက်နက်ကြီးကျပြီး အရပ်သားသေတာတွေလည်းရှိနေတယ်လို့ ကြားနေရတယ် အခြေနေလေးပြောပါအုံး။ ဖြေ– မြို့ထဲ တစ်ချို့နေရာကျတာရှိတယ် ပြီးတော့  မြို့ပြင်လို့ပြောလို့ရတယ် စီဟတ်၊ကောင်ဂျာယန် လွန်ခဲ့တဲ့ ၃ ရက်လောက်က စီဟတ်ဘက်လေကြောင်းနဲ့လာပစ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သေတယ်။ နန့်ဖား၊တာမိုင်းလုံ ဒီအရှေ့ဘက်ခြမ်းတော့ ပထမ တစ်ခေါက်ကြဲတုန်းက ထိတာတွေတော့ရှိတယ် သိမ်တော်ကြီးဘက်လည်းကျတယ် ပြောတယ်။ မေး– လက်နက်ကြီးကြောင့်ဖြစ်ဖြစ် လေယာဉ်ဗုံးကြောင်ဖြစ်ဖြစ် အရပ်သားသေဆုံးတဲ့ အခြေနေအသေးစိတ်လေး ထပ်ပြီးရှင်းပြပေးပါအုံး နေရာတိတိကျကျလေးပေါ့။ ဖြေ– ခုနပြောတဲ့ စီဟတ်ကသေတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးသေတာက လေယာဉ်ဗုံးကြောင့်လို့ သိထားတယ်ဗျ လိုင်ဇာကိုလာကြဲတဲ့ညဘဲ။ နောက်ထပ်က နမ့်ဖားဘက်မှာကျတယ် အဲမှာတစ်ယောက်သေတယ်။ ပြီးတော့ သိမ်တော်ကြီးဘက်မှာ လက်နက်ကြီးကျလို့ ၄ ယောက်ထိတယ် တစ်ယောက်သေတယ်လို့ ကြားတယ် ကလေးလည်းပါတယ်လို့ပြောတယ်။ တာမိုင်းလုံဘက်လည်း လက်နက်ကြီးကျတယ် တစ်ယောက်သေတယ်လို့ သိရပါတယ်။ မြို့ထဲမှာဆိုတော့ အောက်ချိုင့်ဘက်နဲ့ လေယာဉ်ကွင်းဘက်ကျတယ် အဲမှာလည်း လက်နက်ကြီးကျည်ထိတာ ၃ ယောက်ရှိတယ်လို့သိရတယ်။ ရက်တော့အတိအကျမမှတ်မိတော့ဘူးဗျ အားလုံးက အင်တာနက်ပြတ်နေတဲ့ချိန်ထဲမှာဘဲ  စုစုပေါင်း အရပ်သားသေတာ ၃ ယောက် ထိတာတော့ ၁၀ ယောက်လောက်ရှိမယ်။ အင်တာနက်လိုင်းတွေမရတော့ ဒီလောက်ဘဲသိရတာ ဒီ့ထက်လည်းများနိုင်ပါတယ်။ မေး– ခုလိုမြို့တွင်းမှာရော လက်နက်ကြီးတွေကျတဲ့အပြင် ခုက ဗန်းမော်ကို သိမ်းတော့မှာ ရှောင်ခိုင်းနေပြီဆိုပြီး သတင်းတွေလည်း ထွက်နေပါတယ် ရှောင်နေကြပြီလား။ ဖြေ– တိုက်ပွဲက မြို့ဘက်ကို ဥိီးတည်လာနေတာဆိုတော့ သိမ်းမှာမသိမ်းမှာတော့ ပြောမရဘူး သတင်းတွေကတော့ အဲလိုထွက်နေတာဘဲ။ ရှောင်တဲ့သူတွေကတော့ နေ့တိုင်းနီးပါးရှိတယ် မြို့ခံတွေက တော်တော်လေးတော့ရှောင်နေကြပြီ ခုဗန်းမော်မှာအများပိုင်းရှိနေတာက မံစီ၊မိုးမောက်ဘက်က စစ်ရှောင်လာတဲ့သူတွေများနေတယ်။ မေး– အဲဆို ဗန်းမော်မြို့က အရမ်းစိုးရိမ်ရမယ့်ထဲ ပါနေပြီလို့ ပြောလို့ရမလား ပြည်သူတစ်ယောက်အနေနဲ့ဘယ်လိုမြင်ပါသလဲ။ ဖြေ– စိုးရိမ်ရတဲ့အနေထားမှာတော့ ရှိပါတယ် ဘာလို့လဲဆိုရင် ခမရ ၄၃၇ ပြုတ်ရင် ဗန်းမော်လာတော့မှာလေ ဗန်းမော်မြို့ကိုလုံခြုံရေးယူပေးနေတဲ့စခန်းလို့ပြောလို့ရတယ်။ အဲဒါကို စကစက သိလို့ဘဲ အင်တာနက်လိုင်းတွေပြန်မရအောင် တမင်လုပ်နေတာလားလို့တောင် ထင်ရပါတယ်။  မေး–မြို့တွင်း သွားလာရေးအခြေနေတွေကော ဘယ်လိိုရှိသလဲ။ ဖြေ– မြို့တွင်းကတော တစ်ချို့နေရာ လက်နက်ကြီးကျတာကလွှဲလို့ အေးဆေးဖြစ်နေသေးတယ်လို့ ပြောလို့ရတယ်။ တစ်ခါတစ်လေ မြို့အဝင်အထွက် နည်းနည်းပါးပါးစစ်တာလောက်ဘဲ။အဓိကတော့ ဗန်းမော်တက္ကသိုလ်နောက်ကြောဘက်တွေ ဗန်းမော်– မြစ်ကြီးနားသွားလမ်းမပေါ်မှာရှိတဲ့ရွာတွေဘဲ ပိုစိုးရိမ်ရတာ။ မြို့တွင်းကတော့ ပုံမှန်သွားလာနေကြပါတယ် စိုးရိမ်တာတော့ လူတိုင်းရှိနေကြမှာဘဲလေ မသွားမဖြစ်လို့ သွားလာနေကြတဲ့သဘောပါဘဲ။  မေး– ကုန်စျေးနှုန်းနဲ့ စက်သုံးဆီတွေကော ပုံမှန်ဝယ်လို့ရနေလား။ ဖြေ– ဗန်းမော်က အရင်ကလို ဗန်းမော်– မန်းလေး တိုက်ရိုက်ကားသွားမရဘူးလေ။ ဗန်းမော်ကနေ ကောင်းတုံရေဆိပ် အဲကနေ ဟန်ထက်သွားရတာ ဟန်ထက်ကနေ တစ်ဆင့် စင်းခမ်းတံတားဖြတ်ပြီး ကသာ– မန်းလေး အဆင်ဆင့်သွားရတာဆိုတော့ ကုန်တွေက ဝယ်လို့ရပေမယ့် စျေးတွေက တက်နေမြဲဘဲ စက်သုံးဆီက မနေ့ကအထိ ၇၀၀၀နဲ့ ၈၀၀၀ ကြားရှိတယ်။…

    Read More »
  • Oct- 2023 -
    20 October
    အင်တာဗျူး

    အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ကလူငယ်တစ်ချို့ဘယ်လိုရုန်းကန်နေကြလဲ (ဆက်သွယ်မေးမြန်းချက်)

    မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှုတွေက အရင် ကထက် သိသိသာသာ လျော့နည်းလာနေတဲ့အပြင် ၂၀၂၃ ခုနှစ်အတွင်း အလုပ်လက်မဲ့နှုန်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ စီးပွားရေးဆိုင်ရာ အညွှန်းကိန်းများအတွက် လိုအပ်တဲ့ အချက်အလက်များ မျှဝေကူညီပေးနေတဲ့ အဖွဲ့အစည်း Trading economics ရဲ့ လူမူကွန်ယက်စာမျက်နှာနဲ့ဝဒ်ဆိုက်တွေမှာ ဒီနှစ်…

    Read More »
  • Sep- 2023 -
    27 September
    သတင်း

    စစ်တပ်ရဲ့သင်္ဘော ၆ စီးဆန်တက်ခဲ့ချိန် မြစ်ကမ်းတစ်လျှောက်ပြည်သူတွေ ဘာတွေကြုံခဲ့ရလဲ ကာကွယ်ရေးတပ်နဲ့တိုက်ပွဲအခြေနေ ဆက်သွယ်မေးမြန်းချက်

    အာဏာသိမ်းစစ်ကောင်စီတပ်ဟာ စစ်ကိုင်းအထက်မှာရှိတဲ့ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတင်ပို့ရာမှာ ထိခိုက်သေဆုံးမှုနည်းတဲ့ ရေကြောင်းကို သိသိသာသာအသုံးပြုလာပြီး ပြီးခဲ့တဲ့ ၂ လတာအတွင်းမှာ မန်းလေးကနေ ကချင်ပြည်နယ်ဘက်ကို စစ်လက်နက်ရိက္ခာတွေကို ၂ ကြိမ်တိတိလာရောက်ပို့ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ စစ်လက်နက်ရိက္ခာတွေပို့တဲ့ စစ်ကောင်စီတပ်ရဲ့သင်္ဘောတက်လာတိုင်း ကသာအထက်ပိုင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကနေ ဗန်းမော်ဆိပ်ကမ်းမရောက်ခင်အထိ…

    Read More »
  • 26 September
    အင်တာဗျူး

    မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းချက်

    မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ ၂ ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။ မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။ “အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁…

    Read More »
Back to top button