စစ်ကောင်စီ၏ မြင်း ၉ကောင် သယ်ဆောင်လာသော ၁၂ ဘီးကားကို KIA မီးရှို့ ဖျက်ဆီး
,
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အနောက်ဘက်ခြမ်းကျေးရွာအများစုတွင် စစ်ကောင်စီတပ်မှ ဩဂုတ်လဆန်းပိုင်းအတွင်းမှစတင်ပြီး ဖုန်းလိုင်းများ ဖြတ်တောက်လိုက်ကြောင်း သိရသည်။ အင်းတော်မြို့နယ် အနောက်ဘက်ခြမ်း မော်တိတ်ဒေသဘက်တွင် ဇူလိုင် ၃၀ ရက်နေ့မှစတင်၍ ယနေ့ နံနက်ပိုင်းအထိ KIA ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား ၄ ရက်ကြာ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ဖုန်းလိုင်းများ အားလုံး ပျက်တောက်နေကြောင်း အင်းတော် PDF မှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။ "တိုက်ပွဲ
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့်အတွက် အင်းတော်-ဗန်းမောက်ကားလမ်းပိုင်း ခရီးသည်ယာဉ်နှင့် ကုန်တင်ကားများ သွားလာခွင့် ရက်အကန့်အသတ်မရှိပိတ်ပင်လိုက်ကြောင်း အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ အင်းတော် နှင့် ဗန်းမောက်ကြားတွင် စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ် တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်သောကြောင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်ထားသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက KNG
အင်းတော်မြို့နယ်တွင် ကားသမားများထံမှ ငွေညစ်၍ KTV ၌ အရပ်ဝတ်များဖြင့် သောက်စားနေသည့် စစ်ကောင်စီတပ်သား ၂ဦးကို KIA နှင့် PDF အဖွဲ့တို့ ဝင်ရောက်ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးကို ဖမ်းဆီးရမိကြောင်း အင်းတော် PDF အဖွဲ့ထံမှသိရသည်။ ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် ပင့်တင်ကျေးရွာတွင်ရှိသော မိဘမေတ္တာ KTV ဆိုင်တွင် စစ်ကောင်စီ တပ်သား ၂ဦးဖြစ်သည့် တပ်ကြပ် ကျော်သူရနှင့်
စစ်ကိုင်း ကသာခရိုင် ထီးချိုင့်မြို့နယ် ဘက်မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို အင်းတော်မြို့နယ်အစပ်တွင် KIA နှင့် PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက် ထိခိုက်မှုများပြီး ၅ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်မှ သိရသည်။ ဇူလိုင် ၂၆ရက်နေ့ ထီးချိုင့်မှအင်းတော်နယ်သို့ စစ်အင်အား ၇၀ကျော်ခန့်အပါ ခြေလျင်ဖြင့်ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ် မတော် KIA နှင့် ထီးချိုင့်ပြည်သူ့ကာ ကွယ်ရေးတပ် ၊ဒေသကာကွယ်ရေးအဖွဲ့များက ထီးချိုင့်နှင့်အင်းတော် နယ်စပ်ကြား
အင်းတော်မြို့နယ် မော်တိတ်တွင် စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၆ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF တာဝန်ရှိသူများထံမှ သိရသည်။ ယမန်နေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မော်တိတ် ဒေသ အင်းတော်-ဗန်းမောက် ကားလမ်းပေါ်တွင် ဖိုးဝီး ကားတစ်စီးနှင့်အတူ ခြေလျှင်တက်လာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော်
စစ်ကိုင်းတိုင်းဒေသ အင်းတော်မြို့နယ်တွင် စစ်ကြောင်း ၃ခုဖြင့် သွားလာလှုပ်ရှားသော စစ်ကောင်စီတပ်သည် အင်းတော်-ဗန်းမောက်လမ်းပိုင်း သွားလာသည့် ပြည်သူများထံမှ ဖုန်းနှင့်ငွေသား လုယူမှုများ ကြုံတွေ့နေရကြောင်းသည်ဟု ဒေသခံများထံမှသိရသည်။ အင်းတော်မြို့ ရေတွင်းကုန်းနှင့် သံဘိုရွာတွင် ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ သက္ကယ်ကျင်းရွာ၌ ကားသမားတစ်ဦး နှင့်ခရီးသည်များထံ ပိုက်ဆံတောင်းယူပြီး ဖုန်းများပါလုယူသွားကြောင်း ကြုံတွေ့ခဲ့ရသည့် ခရီးသွားပြည်သူတစ်ဦးက KNG ကိုပြောပါသည်။ "မနေ့တုန်းက သက္ကယ်ကျင်းမှာ ကားသမားတွေဆီက ပိုက်ဆံတွေဖုန်းတွေယူထားလုယူတယ်။ ကျနော်နဲ့သိတဲ့ကောင်လေးဆိုရင် သူက ကားနဲ့လာတာ။
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်သည် ကျေးရွာ ၅ခုမှ ဒေသခံအရပ်သားပြည်သူ ၁၅ဦးကို စစ်ယူနီဖောင်းဝတ်ဆင်ခိုင်းပြီး စစ်ကြောင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံ မှသိရသည်။ ဇူလိုင်လ ၁၂ ရက် ယမန်နေ့ ကသာမြို့နယ် ရာဇဂြိုလ်တောင်ဘက်မှ အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသည့် စစ်အင်အား ၁၀၀ ခန့်ပါရှိသော ခမရ ၃၀၉ တပ်ရင်းသည် စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ကျေးရွာတစ်လျှောက်ရှိသော အရပ်သားပြည်သူ ၁၅ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုရန် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အင်းတော်မြို့နယ်
အင်းတော်မြို့နယ် နန့်ကင်ရွာတွင် ထောင်ထားသည့် မိုင်းဝါယာကြိုးစဆွဲမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ဦး ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်း ၂ နာရီအချိန်တွင် နန့်ကင်ကျေးရွာမှ အမျိုးသား ၂ဦးသည် ရထားသံလမ်းအနီး နွား ကျောင်းရန်ထွက်လာစဉ် အနီးတဝိုက်ထောင်ထားသည့် မိုင်း၏ ဝါယာကြိုးစကို မသိဘဲ ဆွဲမိရာ မိုင်းပေါက်ကွဲ သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သို့ပြောသည်။ "သူတို့နှစ်ယောက်က နွားလာဆွဲတာ။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်သို့ ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့များသည် အရပ်သား ၁၀ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထိုထဲတွင် ၁၅ နှစ်အောက်ကလေးငယ် လေးဦးအထိ ပါဝင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့တွင် ဝန်းသို့မြို့နယ် နမ်းခမ်း ကျေးရွာဘက်မှ အင်းတော် ကျောင်းကုန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးလာသည် အင်အား ၆၀ ကျော်ပါ စစ်ကြောင်းသည် အင်းတော်မြို့နှင့် ကျောင်းကုန်းကြား တောလမ်းတွင်
စစ်ကိုင်းတိုင်ဒေသကြီး အင်းတော်မြို့နယ် မင်းကုန်းကျေးရွာရှိ လူနေအိမ်အလုံး ၁၀၀ ကျော်ခန့် ကို စစ်ကောင်စီတပ်က မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၂၃ ရက်နေ့က မော်တိတ်ဒေသဘက်မှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီကြောင်းက ဇွန် ၂၄ ရက်နေ့တွင် မင်းကုန်းရွာကို ဝင်ရောက်ကာ လူနေအိမ်များကို မွှေနှောက်ဖျက်ဆီးခြင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။