,

Breaking News :

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆားလင်းကြီး PDF ရဲဘော် ၂ ဦးဖမ်းဆီးခံရ

ဆိပ်မူအထက်တန်းကျောင်းဝင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ပျက်စီမှုရှိ

တနိုင်းတွင် ချောင်းရေကြီးမှုကြောင့် မြို့ပေါ်ရပ်ကွက် ၃ခုတွင် ရေဝင်ရောက်မှု ကြုံတွေ့နေရ

KIO အုပ်ချုပ်နယ်မြေအချို့တွင် ငှက်ဖျားရောဂါကူးစက်မှု အဖြစ်များနေ

တိုက်ပွဲပြင်းထန်နေဆဲ အင်းတော်- ဗန်းမောက်လမ်း လုံးဝဖြတ်သန်းသွားလာခြင်း မပြုရန် အင်းတော် PDF ထုတ်ပြန်

ကသာမြို့နယ် တစ်ပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၁၀၀ ကျော် သေဆုံး

ကံသစ်တိုက်ပွဲတွင် စစ်ကောင်စီတပ် ၉တန်းကျောင်းသားတစ်ဦးကို ပစ်သတ်သွား

  1. Home
  2. အင်းတော်

Tag: အင်းတော်

သတင်း
အင်းတော်တွင်ဇနီးသည်ထံပြန်မည့်အမျိုးသား ယမ်းမှုန့်မိရာမှ စစ်ကောင်စီကသတ်ဖြတ်

အင်းတော်တွင်ဇနီးသည်ထံပြန်မည့်အမျိုးသား ယမ်းမှုန့်မိရာမှ စစ်ကောင်စီကသတ်ဖြတ်

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့တွင် ဇနီးသည်ဆီကို ပြန်ရန်ဆိုင်ကယ်စီးနှင်လာသည့်အမျိုးသားတစ်ဦးတွင် ယမ်းမိသဖြင့် စစ်ကောင်စီကသတ်ပစ်လိုက်ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ ၂၇ ရက်နေ့တွင် နေ့လယ် ၁နာရီခန့်တွင် အင်းတော်မြို့မှ ကောလင်းမြို့ရှိဇနီးသည်ထံပြန်မည့်အမျိုးသားတစ်ဦး ကိုကျောင်းကုန်းကျေးရွာ အရောက်တွင်စစ်ကောင်စီတပ်က စစ်ဆေးမိရာ ယမ်းမှုန့်များတွေ့ရှိသဖြင့် PDF ဟုထင်မှတ်၍သတ်ပစ်လိုက်ကြောင်း အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG သို့ပြောသည်။ "ကောလင်းကသူ့မိန်းမဆီကိုပြန်တာ ဆိုင်ကယ်တူးဘောက်ထဲမှာ ယမ်းပါသွားလို့ စစ်ပြီးသတ်လိုက်တာ ကျောင်းကုန်းရွာကားလမ်းဘေးမှာပဲသတ်လိုက်တာ"ဟု ၎င်း အင်းတော် PDF မှတာဝန်ရှိသူကပြောသည်။ သတ်ခံလိုက်ရသည့်ယင်းအမျိုးသားမှာ

သတင်း
ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ

ခရီးသည်တင်ကား မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ဓားပြတိုက်ခံရ

မန္တလေး-မြစ်ကြီးနား အဝေးပြေး လမ်းမကြီးပေါ်တွင် မတ် ၁၃ ရက်နေ့က သစ္စာလှိုင် ခရီးသည်တင် Express ကားတစ်စီး ဓားပြတိုက်ခံလိုက်ရပြီး ခရီးသည်များ၏ ဖုန်း၊ ပိုက်ဆံ နှင့် လက်ဝတ်ရတာများ လုယူသွားကြောင်း သိရသည်။ ယမန်နေ့ ည ၉ နာရီခွဲအချိန်ခန့် ​မန္တလေးမှ မြစ်ကြီးနားဘက်သို့တက်လာသည့် ယင်းခရီးသည်တင်ကားသည် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း စစ်ကိုင်းတိုင်းအင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာအနီးတွင် ဓါးပြတိုက်ခံရခြင်းဖြစသည်ဟု အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့ ပြောသည်။

သတင်း
အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး အထိရှိလာ

အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦး အထိရှိလာ

ကချင် စစ်ကိုင်းတိုင်း နယ်စပ် အင်းတော်မြို့နယ်တွင် CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးအထိရှိလာပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီစစ်သားလည်း အများအပြားရှိနေကြောင်း အင်းတော်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။   အဆိုပါ CDM ပြုလုပ်လာသည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ မော်လူးရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် အင်းတော်မြို့နယ် မဲဇာစံပြကျေးရွာ ရဲစခန်းမှစခန်းမှူးအပါ ရဲတပ်သားနှစ်ဦး စုစုပေါင်း လေးဦးအထိရှိပြီဖြစ်ကြောင်း အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက KNG သတင်းဌာနသို့

သတင်း
အင်းတော်နယ်တွင် စစ်ကောင်စီယာဥ်တန်းကားရှစ်စီးမိုင်းဆွဲခံရ၊ တစ်စီးမိုင်းထိပျက်စီး

အင်းတော်နယ်တွင် စစ်ကောင်စီယာဥ်တန်းကားရှစ်စီးမိုင်းဆွဲခံရ၊ တစ်စီးမိုင်းထိပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင်ယနေ့ နံနက် ငါးနာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်၏ စစ်ယာဥ်တန်းကား ရှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး တစ်စီးမိုင်းထိကာ ပျက်စီးသွားကြောင်း Indaw Revolution -IR မှသိရသည်။ ထီးချိုင့်ဘက်မှ ကချင်ပြည်နယ်ဘက်သို့ စစ်အင်အားဖြည့်ရန်တက်လာသည့် စစ်ကောင်စီတပ်၏ စစ်ကားရှစ်စီးကို Indaw Revolution -IR မှ အင်းတော်နဲ့ကျောင်းကုန်းကြားတွင် လေးကြိမ်တိတိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမိုင်းထိမှန်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ကျဆုံးများနိုင်ကြောင်း Indaw Revolution -IR မှ တာဝန်ရှိသူတစ်ဦးက KNG

တိုက်ပွဲ
အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး

အင်းတော်မြို့နယ်တွင် စစ်ကောင်စီကား ၂ စီး မိုင်းဆွဲခံရပြီး သုံးပွင့်ဗိုလ်အပါ စုစုပေါင်း ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် စီပိန်းရွာ မှ နန့်စီးအောင်ဘက်သို့ တက်လာသော စစ်ကောင်စီကား ၂ စီးအား ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အင်းတော် PDF (I.PDF)တို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့ ၆နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သုံးပွင့်ဗိုလ်တစ်ဦး အပါအဝင်စုစုပေါင်း ၁၁သုံးသေဆုံးခဲ့ကြောင်း အင်းတော် PDF မှ သိရသည်။ “စစ်ကောင်စီဘက်က အင်အားလေးဆယ်လောက်ပါလာတယ်။ မော်လူးနှင့် ပေကုန်းရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဆယ့်တစ်ယောက်ကျတယ်။ ဒဏ်ရာရတာ

တိုက်ပွဲ
အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

အင်းတော် နှင့် ထီးချိုင့်အစပ်မှာ စစ်ကောင်စီတပ် ဂျက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် ပြည်သူ ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နှင့် ထီးချိုင့်နယ်အစပ်ရှိ ဂဟဲရွာဟောင်းတွင် ယ​နေ့ နေ့လည် ၁၂နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်အချို့မီးလောင်ပြီး ဒေသခံအမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ " လေယာဉ်နဲ့ ဗုံးကြဲတာ တစ်အိမ်မှာဘဲ နှစ်လုံးကျသွားတယ်လို့ သိရတယ်။ ဗုံးဆထိမှန်တာက အဲဗုံးကျတဲ့ဘေးအိမ်က အမျိုးသမီးဗုံးဆံထိမှန်လို့ ပွဲချင်းပြီး ဆုံးသွားပြီလို့ ပြောတယ်" ဟု ဒေသခံများနှင့် နီးစပ်သူတစ်ဦးက KNG ကို ပြောသည်။