အမြှောက်တပ်

  • Mar- 2024 -
    21 March
    သတင်း

    ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ

    မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း ၃ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။ KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး ၃ နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။ “နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။ ၂ ဖက်တပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယဉ်နဲ့ လာပစ်တာ ၂ ခါရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာ”လို့ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ နွမ်လန့်နဲ့ နောင်ကွန် ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်းလက်မလွတ်ရအောင် ဒီကနေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ တိုက်ခိုက်ခံနေရတဲ့စခန်းတွေကို လေကြောင်းနဲ့ တစ်လှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ညနေပိုင်း ၁ နာရီဝန်းကျင်အထိ တပ်စခန်း ၃ နေရာကို KIA က သိမ်းဆည်းနိုင်ခြင်းမရှိသေးသလို  ၂ ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။ နောင်ကွန်မြှောက်တပ်နေရာဟာ နွမ့်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း ၅ မိုင်လောက်အကွာမှာရှိတဲ့ မြှောက်တပ်တစ်ခုဖြစ်ပြီး အဲဒီအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နဲ့ နွမ်လန့်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။ နွမ်လန့်တပ်စခန်းကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိပြီး တပ်စခန်း ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ နေရာမှာ တပ်ရင်းနဲ့ အမြှောက်တပ်တစ်ဆက်တည်း နေရာယူထားတဲ့ တပ်စခန်းကြီးဖြစ်တာကြောင့် စစ်တပ်ရဲ့ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတဲ့ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းရဲ့ အထက်မှာရှိတဲ့ စခန်းနေရာတွေဖြစ်ပြီး ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကြားမှာ အနှစ် ၂၀ ဝန်းကျင်လောက် သက်တမ်း ကြာမြင့် တပ်စခန်း ၅ ခုအထက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။ KIA တပ်တွေက ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားတဲ့နောက်ပိုင်း အဲဒီတစ်ကြောမှာ ကျန်ရှိနေသေးတဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နဲ့ နောင်ကွန် စတဲ့ တပ်စခန်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာ မတ်လ ၇ ရက်ကနေစတင်ခဲ့တဲ့တိုက်ပွဲမှာ ဒေါ့ဖုန်းယန်အပါအဝင် KIA လိုင်ဇာအနီးတဝိုက်ရှိမှာတဲ့ နှစ်ရှည်တပ်စွဲထားတဲ့ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုကျော်နဲ့ ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်းအားလုံး ၃၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီ။ အဲထဲမှာ စစ်တပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းအကြီး ၁၀ ခုကျော်ပါတယ်။ အဲဒီတပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတွေနဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိပြီ။ အခုလည်း ဆက်သိမ်းနေတာဖြစ်တဲ့အတွက် တိုက်ပွဲကရှိနေဆဲဖြစ်တယ်လို့”မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။ မတ်လ ၇ ရက်နေ့စကပြီး ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် KIO လိုင်ဇာ အနီးတဝိုက်နဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ့်နဲ့ ဝိုင်းမော်ဒေသတွေမှာ နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲဆင်းနွှဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • 12 March
    သတင်း

    နောင်ကောန်(Nawng Kawn)တပ်မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ရှမ်းအမျိုးသမီးငယ် ၃ ဦးသေဆုံး

    မြစ်ကြီးနား – ဗန်းမော်လမ်းမကြီးပေါ် နွမ်လန့်ကျေးရွာအနီးမှာရှိတဲ့ နောင်ကောန်(Nawng Kawn) အမြှောက်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် နန်းအီ(Nang Ei) ကျေးရွာမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ တာလီ(Tar Li)ဒေသခံ ရှမ်းအမျိုးသမီးငယ် ၃ ယောက် အသက်သေဆုံးမှုရှိခဲ့တယ်လို့…

    Read More »
  • Jul- 2023 -
    11 July
    သတင်း

    သံချပ်ကာနဲ့ အမြှောက်တပ်တွေပါမယ့် စစ်တပ်စခန်းကို တနိုင်းမြို့အနီးမှာ စတင်ဆောက်လုပ်နေ

    လီဒိုလမ်းမပေါ်  တနိုင်းမြို့အဝင် နမ့်ဖျက်ကျေးရွာနဲ့ ကပ်လျက် ဧက ၂၀ ကျော်မှာ စစ်ကောင်စီတပ်ရဲ့ သံချပ်ကာတပ် ၊ အမြောက်တပ်တွေစခန်းချမယ့် တပ်စခန်းကြီးတစ်ခုကို စစ်တပ်က တည်ဆောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်ရင်း ၄ ခုလောက်စခန်းချနိုင်မယ့် အဲဒီစစ်တပ်အတွက်…

    Read More »
Back to top button