တိုက်ပွဲသတင်း

ဒုံးတပ်နဲ့ အမြှောက်တပ်ရှိတဲ့ နွမ့်လန့်နဲ့ နောင်ကွန်တပ်စခန်းကြီး ၃ ခုကို KIA တိုက်ခိုက်နေ

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်ရဲ့ ဒုံးတပ်အပါ အမြှောက်တပ်တည်ရှိတဲ့ တပ်စခန်း  နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မတ်လ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်း  နာရီဝန်းကျင်ကနေ တပြိုင်နက်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ နွမ်လန့်ဒေသခံတွေဆီကနေ သိရပါတယ်။

KIA ဘက်က ဒီမနက်တိုက်ခိုက်နေတဲ့ စခန်းတွေဟာ ဒေါ့ဖုန်းယန်မြို့မရောက်မှီ ၁၀ မိုင်လောက်အကွာ နွမ့်လန့်ကျေးရွာမှာရှိတဲ့ ခလရ ၄၃၈ တပ်ရင်း၊ ခလရ ၆၁၆ ဒုံးတပ် နဲ့ နောင်ကွန်မြှောက်တပ်စတဲ့ တပ်စခန်းကြီး  နေရာဖြစ််််််််တယ်လို့ နွမ်လန့်ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုခုလိုပြောပါတယ်။

နွမ်လန့်မှာ အခု ၁၁ နာရီအထိ တိုက်ပွဲပြင်းထန်နေတုန်းပဲ။  ဖက်တပ်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်နေကြတယ်။ နောင်ကွန်မှာက ခဏလေးမှာတင် လေယဉ်နဲ့ လာပစ်တာ  ခါရှိသွားပြီ။ လေယာဉ်က ကင်းထောက်နဲ့ပစ်တာ။ ကုန်းလောစစ်တပ်ကလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေတာလို့ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ နွမ်လန့်နဲ့ နောင်ကွန် ကျေးရွာမှာ စစ်ကောင်စီဘက်ကနေ တပ်စခန်းလက်မလွတ်ရအောင် ဒီကနေ့ မနက်ပိုင်း  နာရီဝန်းကျင်မှာ တိုက်ခိုက်ခံနေရတဲ့စခန်းတွေကို လေကြောင်းနဲ့ တစ်လှည့်စီ ပြင်းပြင်းထန်ထန် လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ညနေပိုင်း  နာရီဝန်းကျင်အထိ တပ်စခန်း  နေရာကို KIA က သိမ်းဆည်းနိုင်ခြင်းမရှိသေးသလို   ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေဖြစ်နေပြီး တိုက်ပွဲအခြေအနေကို အသေးစိတ်သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

နောင်ကွန်မြှောက်တပ်နေရာဟာ နွမ့်လန့်ကျေးရွာရဲ့ အနောက်ဘက်ခြမ်း  မိုင်လောက်အကွာမှာရှိတဲ့ မြှောက်တပ်တစ်ခုဖြစ်ပြီး အဲဒီအမြှောက်တပ်နေရာကနေ ဒေါ့ဖုန်ယန်နဲ့ နွမ်လန့်အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတစ်ခုဖြစ်ပါတယ်။

နွမ်လန့်တပ်စခန်းကတော့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်မှာရှိပြီး တပ်စခန်း ဧရိယာ ၁၃၀၀ ကျော်လောက်ကျယ်ဝန်းတဲ့ နေရာမှာ တပ်ရင်းနဲ့ အမြှောက်တပ်တစ်ဆက်တည်း နေရာယူထားတဲ့ တပ်စခန်းကြီးဖြစ်တာကြောင့် စစ်တပ်ရဲ့ အလွန်အရေးပါတဲ့ တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့မှာ KIA က သိမ်းပိုက်ထားတဲ့ ဒါဆိုင်းစစ်ကောင်စီတပ်စခန်းရဲ့ အထက်မှာရှိတဲ့ စခန်းနေရာတွေဖြစ်ပြီး ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကြားမှာ အနှစ် ၂၀ ဝန်းကျင်လောက် သက်တမ်း ကြာမြင့် တပ်စခန်း  ခုအထက်ကျန်ရှိနေသေးတာဖြစ်ပါတယ်။

KIA တပ်တွေက ဒေါ့ဖုန်းယန်နဲ့ ဒါဆိုင်းကျေးရွာကို သိမ်းပိုက်ထားတဲ့နောက်ပိုင်း အဲဒီတစ်ကြောမှာ ကျန်ရှိနေသေးတဲ့ နွမ်လန့်၊ ကုန်းလော၊ မြို့သစ်၊ စီဟတ်နဲ့ နောင်ကွန် စတဲ့ တပ်စခန်းနေရာတွေကို ပြန်လည်သိမ်းပိုက်ဖို့ တစ်ဆက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ်မှာ မတ်လ  ရက်ကနေစတင်ခဲ့တဲ့တိုက်ပွဲမှာ ဒေါ့ဖုန်းယန်အပါအဝင် KIA လိုင်ဇာအနီးတဝိုက်ရှိမှာတဲ့ နှစ်ရှည်တပ်စွဲထားတဲ့ အရေးကြီးတဲ့ တပ်စခန်းကြီး ၁၀ ခုကျော်နဲ့ ရှေ့တန်းတပ်စခန်းအငယ် စုစုပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပြီဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

မြစ်ကြီးနား – ဗန်းမော်လမ်းပေါ်မှာ ဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ရဲ့ စခန်းအားလုံး ၃၀ ကျော်လောက် သိမ်းပိုက်ထားနိုင်ပြီ။ အဲထဲမှာ စစ်တပ်ရဲ့ အရေးကြီးတဲ့ တပ်စခန်းအကြီး ၁၀ ခုကျော်ပါတယ်။ အဲဒီတပ်စခန်းအကြီးတွေကို လုံခြုံရေးယူပေးနေတဲ့ တပ်စခန်းတွေနဲ့ပေါင်းရင် ၃၀ ကျော်လောက်ရှိပြီ။ အခုလည်း ဆက်သိမ်းနေတာဖြစ်တဲ့အတွက် တိုက်ပွဲကရှိနေဆဲဖြစ်တယ်လို့မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

မတ်လ  ရက်နေ့စကပြီး ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် KIO လိုင်ဇာ အနီးတဝိုက်နဲ့ ဖားကန့်၊ ဆွမ်ပရာဘွမ့်နဲ့ ဝိုင်းမော်ဒေသတွေမှာ နေ့တိုင်းလိုလို KIA က စခန်းသိမ်းတိုက်ပွဲဆင်းနွှဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတာ ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button