အိန္ဒိယ
-
Apr- 2026 -1 Aprilသတင်း
တိုက်ပွဲကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ် ရက်အကန့်အသတ်မရှိပိတ်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကို အိန္ဒိယအစိုးရက ရက်အကန့်အသတ်မရှိပိတ်ချ လိိုက်ပြီလို့ ဒေသခံတွေ KNG ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နာဂလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K ယုန်းအောင်အဖွဲ့က အိန္ဒိယ– မြန်မာနယ်စပ် နယ်စပ်မှတ်တိုင် ၁၇၂ မှာ နယ်စပ်လုံခြုံရေးယူနေတဲ့ Assam Rifelsတပ် (အိန္ဒိယစစ်တပ်ရဲ့ အရှေ့မြောက် ဘက်နယ်စပ်စောင့်တပ်)ကို ဝင်တိုက်ခိုက်တဲ့နောက် မတ်လ ၂၈ ရက်နေ့ကစပြီး အခုလိုပိတ်ချလိုက်တာလို့ ပန်ဆောင်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သွားလို့မရဘူးဗျ နယ်စပ်ဂိတ်ပိတ်ထားတယ် အိန္ဒိယဘက်ကပိတ်လိုက်တာ ဘယ်နေ့ပြန်ဖွင့်မလဲတော့မသိသေးဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပန်ဆောင်ဒေသဟာ မြန်မာပြည်မကြီးနဲ့အလှမ်းဝေးပြီးဝေးလံခေါင်ဖျားဒေသဖြစ်တာကြောင့် မြန်မာပြည်မဘက်ကနေ ကုန်စည်တွေတင်သွင်းဖို့လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဆေးဝါး၊ အခြေခံစားသောက်ကုန် လူသုံးကုန်ကအစ ပန်ဆောင်နယ်စပ်ဂိတ်ပေါက်တစ်ခုကိုပဲအားထားနေရတာဖြစ်ပါတယ်။ ဒါကြောင့် ပန်ဆောင်ဒေသတစ်ခုလုံးရဲ့တစ်ခုတည်းသော ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ ဒီနယ်စပ်ဂိတ်ကို ရေရှည်ပိတ်ထားရင် ပန်ဆောင်ဒေသအတွက် ပိုခက်ခဲသွားနိုင်ကြောင်း ဒေသခံတွေ ကဆိုပါတယ်။ “ဆန်၊ဆီ၊စားကအစ ဆေးဝါးကုတာကအစပေါ့ ဒီနယ်စပ်ဝင်ပေါက်တစ်ခုပဲထဲကိုပဲအားကိုးနေရတာ ဒီဘက်ကလူတွေစားတဲ့ ဆားတို့၊ဆီတို့ နောက်ပြီးဆေးဝါးတွေကအစ အိန္ဒိယဘက်ကနေပဲဝယ်ရတာဟုတ်တယ် ဒါ့ကြောင့်ရေရှည်ပိတ်ရင်တော့ ဒါတွေက ခက်ခဲသွားမှာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ဟာ နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြား တိုက်ပွဲကြောင့် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အိန္ဒိယ–မြန်မာ နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးကာဖို့ အိန္ဒိယဘက်ကစတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။ ဒီနယ်စပ်ခြံစည်းရိုးကာနေတဲ့လုပ်ရပ်ကို နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်တပ်တို့က အပြင်းအထန်ကန့်ကွက်နေကြပေမယ့် အိန္ဒိယအစိုးရက နာဂပြည်သူလူထုနဲ့ NSCN-K ယုန်းအောင်အဖွဲ့ကန့်ကွက်မှုကြားကနေ ခြံစည်းရိုးခတ်တာတွေအရှိန်အဟုန်မြင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ ဒါကြောင့် သတိပေးတဲ့အနေနဲ့ မတ်လ ၂၆ ရက်နေ့မှာ နယ်စပ်ခြံစည်းရိုးလုံခြုံရေးယူနေတဲ့ အာဆမ်ရိုင်ဖယ်တပ်ကို NSCN-K ယုန်းအောင်းအဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီတိုက်ခိုက်မှုမှာ အာဆမ်စစ်သားသုံးဦးသေဆုံးခဲ့ပြီး နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယဘက်က ပိတ်လိုက်တာဖြစ်ပါတယ်။ အိန္ဒိယ–မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ပန်ဆောင်မြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်မှာပါဝင်တဲ့ မြို့နယ်ခွဲ့အဆင့်မြို့ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ မြို့နယ်ခွဲအဆင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ By…
Read More » -
Jan- 2026 -27 Januaryသတင်း
တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားလာပြီးနောက် NSCN-K ယုန်းအောင်အဖွဲ့ကို လက်နက်ချဖို့ အန်းမိုင်းအဖွဲ့ သတိပေး
ကချင်ပြည်နယ် အနောက်ဖက်၊ အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ NSCN-K ယုန်းအောင်နဲ့ အန်းမိုင်းအဖွဲ့တွေ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်လာပြီးတဲ့နောက် ယုန်းအောင်တပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ NSCN-K အန်းမိုင်းအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။ ဒီတစ်လထဲ နာဂဒေသမှာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ NSCN-K ယုန်းအောင်နဲ့ NSCN-K အန်းမိုင်း အဖွဲ့တွေကြား တိုက်ပွဲသုံးကြိမ်တိတိ ဖြစ်ပွားပြီးတဲ့နောက်မှာတော့ အန်းမိုင်းဦးဆောင်တဲ့အဖွဲ့က NSCN-K ယုန်းအောင်ရဲ့ တပ်သားတွေအားလုံးကို လက်နက်ချပြီး မိမိရပ်ရွာ၊ မိမိနေအိမ်မှာ…
Read More » -
Dec- 2025 -16 Decemberသတင်း
KIO နဲ့ အိန္ဒိယတို့အကြား လျှို့ဝှက်စာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မှန်ကန်မှုမရှိကြောင်း KIO ပြော
မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား လျှို့ဝှက်သဘောတူညီမှုစာချုပ်ချုပ်ဆိုထားတယ်ဆိုတဲ့သတင်းဟာ မဟုတ်မမှန်တဲ့သတင်းသာဖြစ်တယ်လို့ KIO ပြောပါတယ်။ ဒီသတင်းဟာ ဒီဇင်ဘာလဆန်းပိုင်း ‘Silicon Valley Times’ ဆိုတဲ့ Website တစ်ခုကနေစတင်ပြန့်နှံ့လာပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာတော့ မြန်မာပြည်တွင်း မီဒီယာတချို့က ပြန်လည်ဖော်ပြလာကြတာဖြစ်ပါတယ်။ ဒါဟာ ကချင်ကိုအသုံးချပြီး တရုတ်နဲ့ အမေရိကန်ကြား နိုင်ငံရေးဆော့ကစားနေတာဖြစ်သလို အမေရိကန်လော်ဘီသတင်းမီဒီယာတွေရဲ့ ရေးသားခြင်းသာဖြစ်တယ်လို့ KIO ဗဟိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ခုလိုပြောပါတယ်။ “ပြင်ပက လူတွေရေးနေတဲ့သတင်းသာဖြစ်တယ် ကျနော်တို့အနေနဲ့ အဲဒါနဲ့ပတ်သက်ပြီး ဘာကတိကဝတ်ထားရှိထားတာမျိုးလည်း မရှိဘူး။ ဘယ်သူ့ကိုမှတာဝန်ပေးထားတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ဒီသတင်းကို ကျနော်တို့ KIO အနေနဲ့ ပြောချင်တာက မဟုတ် မမှန်တဲ့ သတင်းဖြစ်တယ်လို့ ပြောချင်တယ်။ သူတို့ နိုင်ငံရေး ဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ် ဆိုလိုချင်တာက တရုတ်နဲ့ အမေရိကန်ကြား ဆော့ကစားနေတာမျိုး ၊ ကျနော်တို့ ကချင်တွေကို အသုံးချပြီး ကြားမှာထားပြီး သူတို့ချင်း နိုင်ငံရေးဆော့ကစားနေတာပဲ ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ်။”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ မြေရှားလုပ်ကွက်နေရာတစ်ခုမြင်တွေ့ရပုံ Photo – CJ အိန္ဒိယနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား မြေရှားသတ္တုအတွက် လျှို့ဝှက်သဘောတူညီမှုတစ်ခုထားရှိထားတယ်ဆိုတဲ့ သတင်းကို ‘Silicon Valley Times’ ဆိုတဲ့ Website စတင်ဖော်ပြလာတာဖြစ်ပါတယ်။ ‘Silicon Valley Times’ရဲ့သတင်းဖော်ပြချက်မှာ KIA နဲ့ အိန္ဒိယအစိုးရရဲ့လျှို့ဝှက်သဘောတူစာချုပ်ဟာ မဟာဗျူဟာဆိုင်ရာမဟာမိတ်ပူးပေါင်းမှုတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမဲ့လုပ်ရပ်လည်းဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။ အိန္ဒိယရှိ အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်ကနေမှ ကချင်ပြည်နယ် ချီဖွေမြေရှားသတ္တုတူးဖော်ရေးနေရာအထိ ၃၆၅ ကီလိုမီတာရှည်လျားတဲ့ လမ်မကြီးကိုတည်ဆောက်နေတယ်လို့ ဂြိုဟ်တုကရတဲ့ပုံတွေနဲ့ နယ်စပ်ဖြတ်ကျော် ထောက်လှမ်းရေးသတင်းတွေအရ အတည်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။ ဒီလမ်းကြောင်းက အိန္ဒိယအတွက် မြေရှားသတ္တုတွေကိုရရှိစေမှာဖြစ်ပြီး အလဲအလှယ်အနေနဲ့ အိန္ဒိယက KIA ကို လက်နက်၊ ဆေးဝါး အကူအညီနဲ့ ထောက်ပို့ အကူအညီတွေပေးအပ်နိုင်တယ်ဆိုပြီး ‘Silicon Valley Times’ က ရေးထားတာဖြစ်ပါတယ်။ …
Read More » -
Nov- 2025 -18 Novemberသတင်း
နာဂဒေသမှာ နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးခတ်ဖို့ အိန္ဒိယဘက်ကလုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ပန်ဆောင်မြို့နယ်ခွဲထဲမှာ အိန္ဒိယအစိုးရဘက်က နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးခတ်ဖို့ စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ အိန္ဒိယအစိုးရဘက်က နိုဝင်ဘာ ၁၀ ရက်နေ့နောက်ပိုင်းကနေစပြီး အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်မြို့နယ်ခွဲထဲကနယ်စပ်ကျောက်တိုင်အမှတ် ၁၇၂နဲ့ ၁၇၃ မှာ ခြံစည်းရိုးခတ်ဖို့ စက်ယန္တရားကြီးတွေနဲ့စတင်လုပ်ဆောင်နေတာဖြစ်ကြောင်း…
Read More » -
Oct- 2025 -28 Octoberသတင်း
နယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ်တကြောနယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ အောက်တိုဘာလအတွင်း အိန္တိယစစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ နာဂလက် နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)အဖွဲ့ရဲ့ တည်နေရာတွေကို နှစ်ကြိမ်တိတိဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နယ်စပ်တလျှောက် အခြေအနေတင်းမာနေပြီး ဂိတ်ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG…
Read More » -
21 Octoberသတင်း
NSCN- K အရာရှိတစ်ဦးနေအိမ်အိ ဒရုန်းနဲ့တိုက်ခိုက်ခံရ မိသားစုဝင်တွေသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာရှိတဲ့ နာဂလက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အရာရှိတစ်ဦးနေအိမ်ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။ လဟယ်မြို့နယ်အနောက်ခြမ်း အိန္ဒိယ–မြန်မာနယ်စပ်ရှိ ကမ်မော်လောရီကျေးရွာထဲက NSCN-K (ယုန်းအောင်) အဖွဲ့ရဲ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်ကို မနေ့က အောက်တိုဘာ…
Read More » -
Sep- 2025 -9 Septemberသတင်း
အိန္ဒိယဘက်ခြမ်း စျေးဝယ်ခွင့် တစ်ပတ် ၆ ကြိမ်အထိခွင့်ပြုလာ
အိန္ဒိယ – မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေ အိန္ဒိယဘက်ခြမ်းကို စျေးဝယ်ခွင့် ယခင်တစ်ပတ်တစ်ကြိမ်ခွင့်ပြုပေးရာကနေ ယခုတစ်ပတ်ကို ၆ ကြိမ်အထိ ခွင့်ပြုပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပန်ဆောင်မြို့နယ် နဲ့ နန်းယွန်းမြို့နယ် ပြည်သူတွေ လိုအပ်တဲ့ကုန်စည်အတွက် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာအဓိကအားထားနေရတာဖြစ်ပါတယ်။…
Read More » -
5 Septemberသတင်း
လေရှီးမြို့ အနောက်ဘက်ခြမ်း စစ်ကောင်စီ စစ်ကြောင်းထိုးနေ
အိန္ဒိယ – မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ စစ်အင်အား ၃၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာ လေရှီးမြို့ရဲ့အနောက်ဘက်ကို စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကား ၂ စီးနဲ့စစ်ကြောင်းထိုးနေတာလို့ လေရှီးမြို့ခံအမျိုးသားတစ်ဦး…
Read More » -
Mar- 2025 -11 Marchသတင်း
အိန္ဒိယ-မြန်မာနယ်စပ် ပန်ဆောင်ဂိတ်မှာ အိန္ဒိယအစိုးရဘက်က တစ်ရက်လျှင် လူဦးရေ ၂၀ သာဝင်ခွင့်ပြု
စစ်ကိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ဖွင့်ထားပေးပေမယ့် တစ်ရက်လျှင် လူဦးရေ ၂၀ ဦးသာဝင်ခွင့်ပြုထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကိုင်းတိုင်း နာဂဒေနဲ့ အာရန်နာချယ် (Arunachal Pradesh) ကြားက ပန်ဆောင်နယ်စပ်ဂိတ်ကို နာဂလက်နက်ကိုင်တပ်ဖွဲ့နှင့် ပန်ဆောင်နယ်စပ်ဂိတ်အနီးရှိ အိန္ဒိယစစ်တပ်တို့ကြားတိုက်ပွဲကြောင့် ၂၀၁၇ ခုနှစ်မှာ အိန္ဒိယဘက်က ပိတ်ထားရာကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ အိန္ဒိယ–မြန်မာ နယ်စပ်ဈေးပူးတွဲကော်မတီရဲ့ သဘောတူညီချက်နဲ့ ပြန်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလကစလို့ အိန္ဒိယအစိုးရဘက်က ခရီးသည်ဝင်ရောက်ခွင့်နဲ့ ကုန်စည်သယ်ယူခွင့်အပေါ် ကန့်သတ်ထားပြီး မြန်မာခရီးသည်တွေကို တစ်ရက်လျှင် လူဦးရေ (၂၀) ဦးအထိသာကန့်သတ်လက်ခံပြီး ဝင်ခွင့်ပေးနေတယ်လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အရင်ကတော့ တစ်ပတ်ကိုတစ်ကြိမ်ဝင်ခွင့်ပေးတယ်လေး အဲ့တုန်းက လူဦးရေအကန့်အသတ်မရှိသွားလို့ရတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမဟုတ်တော့ဘူး သွားတာကတော့ နေ့တိုင်းသွားလို့ရတယ်။ ဒါပေမယ့်တစ်ရက်ကို လူ ၂၀ ဦးပဲလက်ခံတယ်”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ၂၀၂၅ ခုနှစ်မတိုင်မှီအထိ အိန္ဒယအစိုးရဘက်က မြန်မာဘက်ကခရီးသည်တွေကို တစ်ပတ်မှာ သောကြာနေ့တစ်ရက်တည်းဝင်ခွင့်ရပေမယ့် လူဦးရေကန့်သတ်ချက်မရှိတာကြောင့် လွတ်လွတ်…
Read More » -
Feb- 2025 -19 Februaryသတင်း
အိန္ဒိယ အရိုနာချာပရာဒေ့ရှ် မှာ Shapawng Yawng မနောင်ပွဲတော် ပြုလုပ်
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အရိုနာချာပရာဒေ့ရှ် (Arunachal Pradesh) ပြည်နယ် ၊ နမ်ဆိုင်း (Namsai) ခရိုင်၊ နမ်ဂို (Namgo) ကျေးရွာမှာ India Singpho (ကချင်) လူထု ဦးဆောင်ပြီး Shapawng Yawng Manau Poi (ရှပေါင်ယောင်မနောင်ပွဲကြီး) ကို ၄ ရက်တာ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကနေ ၁၅ ရက်နေ့အထိ…
Read More »









