ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို
,
ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သည့် လီဆူပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ ထပ်တိုးတည်ထောင်ပြီး လက်ရှိ ဂိတ်စခန်းဆောက်လုပ်ကာ စစ်ဆေးရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟု ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နောက်ပိုင်းမှ စတင်ကာ ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် မကောအုပ်စု ဓာတ်ဆီ Camp ကျောင်းကုန်းကျေးရွာ ကားလမ်းမကြီးပေါ်တွင် ဂိတ်စခန်းဆောက်လုပ်ထားကာ သွားလာသည့် ကုန်တင်ကားများ၊ ဆန်၊ စက်သုံးဆီများနှင့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်လာသည်ဟု လမုန်ဒေသခံတစ်ဦး KNG ကို ပြောသည်။ “အခုက သူတို့တွေ နေရာစချပြီဖြစ်တယ်၊
ဝိုင်းမော်မြို့နယ်တွင် အပြင်းအထန် ကန့်ကွက်မှုခံနေရသော ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့သည် တနိုင်းမြို့နယ် လမုန်ကျေးရွာ (Lamung)ဘက်တွင် ပြန်လည်ရပ်တည်နိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။ လီဆူ လူမျိုးအများစုနေထိုင်သည့် လမုန်ကျေးရွာဘက်သို့ ရွှေ့ပြောင်းမည်ဟု ဦးရွှေမင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ တင်ပြတောင်းဆိုထားသည့်သတင်းကို ကြားသိရသည်မှာ တစ်လကျော်လာပြီဟု လမုန်ကျေးရွာ ဒေသခံတစ်ဦးက KNG ကို ပြောသည်။ “ဦးရွှေမင်းကို ဝိုင်းမော်ဘက်က ပြည်သူတွေ မလိုလားလို့ ကန့်ကွက်ကြတော့ မပခ ကနေ နေရာရွှေ့ပြောင်းဖို့ လုပ်လာ ကြတာထင်တယ်။ သိရသလောက်
ကချင်ပြည်နယ် နန်ဇော်ယန် တိုက်ပွဲ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ် ခေါ်ခံရသည့် ပြည်သူ့စစ် တပ်သား ၂ ဦး လမ်းပြပေးခြင်းမရှိဘဲ ထွက်ပြေးသွားသည့်အတွက် စစ်တပ် မှ လာရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံ မှ သိရသည်။ ဖမ်းဆီးခံသွားရသည့် ပြည်သူ့စစ်တပ်သား ၂ ဦးမှာ ဦးဂျီလေး နှင့် ဦးငွါးဆာတို့ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ ခမရ ၃၂၁ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်ဘက်သို့