သတင်း

ရှေ့တန်းသို့ လမ်းပြရန် ငြင်းဆန်သည့် ပြည်သူ့စစ် တပ်ဖွဲ့ဝင်  ၂ ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးကာ စစ်ကြောရေးပို့

ကချင်ပြည်နယ် နန်ဇော်ယန် တိုက်ပွဲ ရှေ့တန်းနယ်မြေသို့ လမ်းပြအဖြစ် ခေါ်ခံရသည့် ပြည်သူ့စစ် တပ်သား ၂ ဦး လမ်းပြပေးခြင်းမရှိဘဲ ထွက်ပြေးသွားသည့်အတွက် စစ်တပ် မှ လာရောက်ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်ထားကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံ မှ သိရသည်။

ဖမ်းဆီးခံသွားရသည့် ပြည်သူ့စစ်တပ်သား ၂ ဦးမှာ ဦးဂျီလေး နှင့် ဦးငွါးဆာတို့ဖြစ်‌ကြောင်း သိရသည်။

စစ်ကောင်စီ ခမရ ၃၂၁ တပ်ရင်းသည် တိုက်ပွဲဖြစ်ပွားရာ နန်ဇော်ယန်ဘက်သို့ လမ်းပြပေးရန်အတွက် အဆိုပါ ပြည်သူ့စစ် တပ်သား ၂ ဦးကို ခေါ်ဆောင်သွားသော်လည်း လမ်းပြပေးခြင်းမရှိဘဲ လမ်းခုလတ်မှ ထွက်ပြေးကာ အောင်မြေ ၁ ပြည်သူ့စစ် စခန်းတွင် လာရောက်နေထိုင်စဉ် ယမန်နေ့ နံနက်ပိုင်း စစ်ကောင်စီမှ ဖမ်းဆီးကာ စစ်ကြောရေးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

” သူတို့ကို နန်ဇော်ယန်ဘက် လမ်းပြဆိုပြီး ခေါ်သွားတာ အဲဒါလမ်းမပြပေးချင်လို့ ထွက်ပြေးလာတာတဲ့ ပြီးတော့ အောင်မြေ ၁ မှာရှိတဲ့ သူတို့ရဲ့စခန်းမှာ လာနေတာ မနေ့က မနက်ပိုင်းမှာ ဖမ်းသွားတယ်လို့ သိရတယ်” ဟု ဒေသခံ တစ်ဦး က ပြောသည်။

လက်ရှိ နန်ဇော်ဘက်သို့ ထိုးစစ်ဆင်နေသော စစ်ကြောင်းတွင် ဦးရွှေမင်း ၏ ပြည်သူ့စစ်၊ စစ်ကောင်စီ တပ်သားတို့ပါဝင်ပြီး ပြီးခဲ့သည့် တိုက်ပွဲများတွင် ပြည်သူ့စစ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု သိရသည်။

Show More

Related Articles

Back to top button