ကချင်အစပ်

  • Jun- 2026 -
    17 June
    သတင်း

    လမ်းပိုင်းအခက်ခဲကြောင့် အင်းရွာဇက်ဆိပ်မှာ ယာဉ်များစုပုံနေ

    စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ မန္တလေး−မြစ်ကြီးနားလမ်းပိုင်းမှာ မိုးတွင်းကာလ ရောက်ရှိလာတာနဲ့အမျှ ရင်ကွဲတောင်လမ်းပိုင်း သွားလာရခက်ခဲလာတာကြောင့် အင်းရွာဇက်ဆိပ်မှာ ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ စုပုံနေတယ်လို့ လမ်းကြောင်းအသုံးပြုနေတဲ့ ကားသမားတွေက ပြောပါတယ်။

    Read More »
  • 2 June
    အင်တာဗျူး

    စစ်ကိုင်း-ကချင်အစပ် တင်းမာမှုနှင့် စစ်ယာဉ်တန်းဝင်ရောက်မှုအပေါ် KIA အမြင်ဘယ်လိုရှိလဲ

    စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေမှာ နှစ်ဖက်တပ်တွေစစ်ရေးတင်းမာနေချိန် စစ်တပ်ဘက်က ကချင်ပြည်နယ်ကို စစ်အင်အားနဲ့ ထောက်ပို့ပစ္စည်းတွေ အဆက်မပြတ် ဖြည့်တင်းနေတယ်လို့ စစ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • May- 2026 -
    28 May
    ဆောင်းပါး

    စစ်ကိုင်း–ကချင်အစပ်မှာ နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေဆဲ

    မိုးဦးဝင်စ စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသရဲ့ ကောင်းကင်မှာ စစ်လေယာဉ်တွေ နေ့တိုင်းဖြတ်ပျံနေပါတယ်။ အဲ့ဒီလေယာဉ်တွေဟာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ပြီ လို့ ကြေညာခဲ့တဲ့ ကသာ၊ အင်းတော်နဲ့ မော်လူးဘက်ကို ဦးတည် ပျံသန်းသွားတာဖြစ်တယ်လို့ ကသာဒေသခံတွေက ဒီစစ်လေယာဥ်တွေ ပျံသန်းသွားwဦးတည်ရာကိုကြည့်ပြီးခန့်မှန်းပါတယ်။ ဒါဟာတစ်ဖက်ကကြည့်ရင် မြို့တွေကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပေမယ့် မြေပြင်တိုက်ပွဲတွေ အဆုံးသတ်မသွားသေးဘဲ လမ်းပိုင်းနဲ့ မြို့ပတ်ဝန်းကျင်မှာ စစ်ရေးဖိအားတွေ ဆက်ရှိနေဆဲဖြစ်ကြောင်း…

    Read More »
  • 28 May
    အင်တာဗျူး

    စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ကချင်ဒေသစစ်ရေးဘယ်လိုပြောင်းလဲလာနိုင်မလဲ။

    အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။

    Read More »
  • 13 May
    တိုက်ပွဲ

    အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်ဖို့ ပြင်ဆင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်

    စစ်ကိုင်း-ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းလာချိန်မှာပဲ ထီးချိုင့်-ကသာလမ်းပိုင်း တစ်နေရာမှာ မေလ ၁၁ ရက်နေ့က တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 5 May
    စစ်ရေး

    မော်လူးမြို့ထဲ စစ်ကော်မရှင်တပ်များဝင်ရောက်

    စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့ကိုစစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေ ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့မနက်ပိုင်းမှာဘဲ ဝင်ရောက်သွားနိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

    Read More »
  • Apr- 2026 -
    28 April
    စစ်ရေး

    အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ

    စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။

    Read More »
  • 6 April
    စစ်ရေး

    ထီးချိုင့်ကို စစ်တပ်ကပြန်ထိန်းချုပ်ပြီးနောက် မြို့ပတ်လည်မှာ တပ်စွဲနေရာယူထား

    စစ်ကိုင်းတိုင်း ကချင်အစပ်က ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း မြို့ရဲ့ပတ်ပတ်လည်ကို တပ်သားတွေကအထိုင်ယူနေရာချထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ကမ်းနဘေးက ထီးချိုင့်မြို့ကို ၂ နှစ်နီးပါး တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကဘဲ ပြန်လည်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ လက်တလောထီးချိုင့်မြို့ကိုထိန်းချုပ်လိုက်တဲ့ စစ်ကော်မရှင်တပ်တွေကတော့ ထီးချိုင့်မြို့…

    Read More »
  • 4 April
    အင်တာဗျူး

    ကသာမြို့အခြေနေ ဆက်သွယ်မေးမြန်းချက်

    စစ်ကိုင်းတိုင်း ကချင်နဲ့အစပ်မှာရှိတဲ့ ကသာမြို့ကို တော်လှန်ရေးအင်အားစုတွေက မြို့သိမ်းတိုက်ပွဲအဖြစ် စစ်ဆင်ရေးလုပ်နေတာ ၃ လကျော်ရှိလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက် ခံပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။…

    Read More »
  • Mar- 2026 -
    31 March
    သတင်း

    ကသာမြို့စစ်တပ်ကထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်း မှန်ကန်မှုမရှိဘူးလို့ပြော

    စစ်ကိုင်းတိုင်းဒေသကြီး တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကသာမြို့သိမ်းတိုက်ပွဲဟာ ဒီနေ့ဆို ၃ လရှိလာပြီဖြစ်ပါတယ်။  ဒါပေမယ့် မတ်လ ၂၉ ရက်နေ့မှာတော့  ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီး ကာကွယ်ရေးတပ်ဘက်က နောက်ဆုတ်သွားပြီဆိုတဲ့အကြောင်း လူမူကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပါ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကသာကာကွယ်ရေးတပ်တွေကို KNG က မေးမြန်းရာမှာ ဒီသတင်းဟာမှန်ကန်မှုမရှိဘူးဆိုတဲ့အကြောင်းနဲ့ စစ်ရေးအရ ခနတာနောက်ဆုတ်ထားရတဲ့အခြေနေမှာရှိနေတယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ “စစ်ရေးအရ ဆုတ်လိုက်တက်လိုက်ပါပဲ ဟိုလိုကြီးတပ်ဆုတ်သွားတာမရှိပါဘူး။ ဒါကသတင်းမှားသာဖြစ်တယ် ကျနော်တို့လည်း အဖက်ဖက်ကနေရင်းထားရတာလေ လွယ်လွယ်နဲ့နောက်ဆုတ်မလား မြို့သိမ်းတိုက်ပွဲရတဲ့အထိ တိုက်သွားမှာ”လို့ ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကိုပြောပါတယ်။ မတ်လ ၃၁ ရက်နေ့အထိ နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေဆဲဖြစ်သလို ကာကွယ်ရေးတပ်တွေရရှိထားတဲ့ နေရာတစ်ချို့ကို စစ်တပ်ကပြန်လည်ရယူထားတာကြောင့် ဝါဒဖြန့်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ စစ်ကိုင်း – ကချင်အစပ်မှာရှိတဲ့ ကသာမြို့ပေါ်ဟာ မြို့ပေါ် ရပ်ကွက် ၁၁ ခု မြို့နယ်အတွင်းကျေးရွာ ၂၀၀  နီးပါးရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက မြို့ပေါ်ရပ်ကွက်တွေကိုသာ စစ်တပ်ကထိန်းချုပ်ထားနိုင်ပြီး ကျေးရွာတွေအားလုံးနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတာဖြစ်ပါတယ်။  ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ပေါ်ရပ်ကွက်အချို့မှာ စစ်တပ်ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး အဲဒီနေ့မှာပဲ ကာကွယ်ရေးတပ်ဖွဲ့တွေက မြို့ပေါ်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာလည်းဖြစ်ပါတယ်။ အဲဒီနောက် မတ်လ ၂၀ ရက်နေ့မှာတော့ ကသာမြို့မှာ စစ်တပ်ရဲ့ အဓိက တပ်ရင်းဖြစ်တဲ့ ခမရ– ၃၀၉ကို ကာကွယ်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်ဟာ ကသာမြို့အမှတ်(၃)ရပ်ကွက်ထဲက စစ်ဘေးရှောင်တွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းလေးထပ်ကျောင်းကို စစ်ကောင်စီက  ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် မြို့ထဲကျန်နေသေးတဲ့ပြည်သူတွေအနေနဲ့ဖြစ်နိုင်ရင် တိမ်းရှောင်ကြဖို့ ကာကွယ်ရေးတပ်က အကြိမ်ကြိမ်သတိပေးနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂၉ ရက်ကစပြီး ကသာမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဟာ ပြည်သူတွေကို နေရပ်ပြန်လာဖို့ စစ်တပ်က တစ်ဖက်လှည့်နဲ့ခေါ်နေတာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေက ဆက်ပြောပါတယ်။ “ခုက တိုက်ပွဲကငြိမ်သွားတာမဟုတ်ဘူး ဖြစ်နိုင်ရင် ဒီလိုသတင်းတွေကို ပြည်သူယုံပြီး မြို့ထဲပြန်လာကြမှာစိုးရိမ်တယ် ဖြစ်နိုင်ရင်နေရပ်ပြန်တာတွေမလုပ်ဖို့ လိုတယ်”လို့ နောက်ထပ် ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။ စစ်ကိုင်း–ကချင်နယ်စပ်အနီး ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ကသာမြို့ဟာ ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းကနေ ဝင်ရောက်နိုင်ပြီး စစ်ရေးအရအရေးပါတဲ့မြို့ဖြစ်ပြီး တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်များ၊ ကျောင်းသားတပ်မတော်(ABSDF)၊ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။…

    Read More »
Back to top button