ကားလမ်းပိုင်း
-
Aug- 2024 -28 Augustသတင်း
နှစ်လကျော်ကြာပိတ်သွားတဲ့ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပြန်ဖွင့်
နှစ်လကျော်ကြာပိတ်သွားတဲ့ ကချင်ပြည်နယ် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်း ဒီကနေ့ဩဂုတ်လ ၂၈ ရက်နေ့ ပြန်ဖွင့်လိုက်ပြီးလို့ သိရပါတယ်။ ဇွန်လကုန်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းမှာ ကားလမ်းမြေပြိုတာ၊ တံတားငယ်တစ်ချို့ပျက်စီးသွားတာကြောင့် ကားလမ်းပိုင်းနှစ်လနီးပါးကြာ အသွားအလာရပ်တန့်သွားတာဖြစ်ပါတယ်။ လက်ရှိ ကားလမ်းပိုင်းသွားလာခွင့် ရရှိနေပြီဖြစ်ပေမယ့် လမ်းပြုပြင်တာတွေ မပြီးစီးသေတဲ့အတွက် ကုန်ကားအသေးတွေသာသွားလာခွင့်ရရှိမှာဖြစ်တယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “ကားတွေတက်လာပြီ တစ်ချို့ကားတွေက ဒီနေ့ညနေရောက်မယ်ပြောတယ်။ ဆီကားနဲ့စားသောက်ကုန်ကားတွေ တခြားလူသုံးကုန်ကားတွေလည်းပါတယ် ဟိုလိုကားကြီးတွေတော့တက်လာလို့မရသေးဘူး ကားသေးလေးတွေပဲတက်လာလို့ရအုံးမယ်တဲ့။ ဒီကစျေးသည်တွေလည်းကားဂိတ်ကိုပစ္စည်းတင်တဲ့လူကတင်နဲ့ဆက်သွယ်နေကြပြီ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသမီးကပြောပါတယ်။ ကားလမ်းပိုင်းဆိုးဆိုးဝါးဝါးမြေပြိုသွားတဲ့နေရာဟာ ဆွမ်ပရာဘွမ်နဲ့ မြစ်ကြီးနားလမ်းပိုင်းက တယန်ဇွပ်နဲ့ အင်ထန်းဇွပ်ကြားမှာအရှည်ပေ ၃ဝဝ လောက်ကားလမ်းပြိုကျသွားတာဖြစ်ပြီး အဲ့ဒီနေရာကို လက်ရှိရာနှုန်းပြည့်မပြင်နိုင်သေးတာကြောင့်ကုန်ကားအကြီးတွေ သွားလာလို့မရသေးတာလို့ သိရပါတယ်။ “ကားကြီးတွေဖြတ်လို့မရသေးဘူးတဲ့ ကားကြီးတွေဖြတ်ရင်ထပ်ပြိုမှာပြင်နေတာမပြီးသေးတော့ကားသေးလေးတွေကိုပဲအရင်ဆုံးထွက်ခိုင်းတာ။ ပူတာအိုကားဂိတ်ကကားတွေလည်း တစ်ချို့ဆင်းသွားကြပြီဒီမနက်ပဲ”လို့ ပူတာအိုကားဂိတ်တွေနဲ့နီးစပ်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ မိုးရွာသွန်းမှုကြောင့်ပျက်စီးသွားတဲ့ ပူတာအို– မြစ်ကြီးနား ကားလမ်းပိုင်းကို သြဂုတ်လ ၈ရက်နေ့လောက်ကတည်းကစတင်ပြုပြင်ခဲ့ရာကနေ ဒီကနေ့ ကားတွေပြန်လည်သွားလာနိုင်တာ ဖြစ်ပါတယ်။ မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းပိတ်သွားတာကြောင့် ပူတာအိုဒေသအတွက်လူသုံးကုန်၊…
Read More » -
20 Augustစစ်ရေး
ဗန်းမော်- မန္တလေးကားလမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်
ဗန်းမော်– မန္တလေးလမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကစပြီး ကသာခရိုင် အင်းတော်မြို့နယ်ထဲမှာ စစ်ရေးစတင်တင်းမာလာတဲ့အတွက် စစ်ကိုင်း– ကချင်အစပ် လမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်တွေဘက်က ပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ဒေသခံတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “အင်းတော်မှာ စစ်ရေးတင်းမာလာတဲ့နေ့ကစလို့ ပိတ်လိုက်တာလို့ သိရပါတယ်။ ဒီနေ့ထိလည်း ပိတ်ထားတယ် ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရသေးဘူး အင်းတော်မှာက တိုက်ပွဲပြင်းထန်နေဆဲဆိုတော့ လောလောဆယ်တော့ ဘယ်ကားမှမထွက်ဘူး။ လမ်းကတော့ တိုက်ပွဲပေါ်မူတည်နေပါတယ်”လို့ပြောပါတယ်။ ဗန်းမော်– မန္တလေးလမ်းပိုင်းကို ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ် စစ်ဆင်ရေးစတင်လာခဲ့တဲ့နေ့ကစပြီး ကားလမ်းသွားလာခွင့်ကို လက်နက်ကိုင်နှစ်ဖက်တပ်တွေ အကန့်အသတ်နဲ့သာသွားလာခွင့်ပြုတော့တာဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြို့အတွင်းက ပြည်သူတွေဟာ ခုနောက်ပိုင်း ဗန်းမော်ကနေ စင်းခန်းအထိ စက်လှေသွားပြီး စင်းခန်းကနေတစ်ဆင့် ကသာ၊ အင်းတော်လမ်း– မဲဇာတောင်ကိုဖြတ် ဝန်းသို၊ကောလင်း၊ ကန့်ဘလူ၊ ခင်ဦ၊ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်ကိုဖြတ်ပြီး မန္တလေးသွားရတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၁၂ ရက်နေ့ကစလို့ ကသာခရိုင်ထဲမှာ အင်းတော်မြို့နယ် မဲဇာတောင်ခြေနဲ့ အင်းတော်မြို့တွင်းထဲမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်စစ်ရေးပြင်းထန်နေတာကြောင့် ကားလမ်းပိုင်းပိတ်လိုက်တာဖြစ်တယ်လို့ ဗန်းမော်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “ခုအဲဘက်မှာ တိုက်ပွဲက တော်တော်လေးပြင်းထန်နေတော့ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိရသေးပါဘူး။လောလောဆယ် ရေကြောင်းလမ်းတစ်ခုဘဲရတယ်ဗျ။ ကုန်စျေးနှုန်းတွေက ပြောမနေနဲ့တော့ မတက်တာဘာမရှိဘူး လောလောဆယ်က လိုင်ဇာဘက်ကနေ နည်းနည်းပါးပါးဝင်တာလောက်ဘဲရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ ဗန်းမော်မြို့နယ်ထဲကို မန္တလေးဘက်က ကုန်ကားအဝင်တွေမရှိတော့ဘဲ လိုင်ဇာဘက်ကနေ စင့်ကင်ဘက်ကနေ ဝင်ရောက်တဲ့ကုန်အနည်းအကျဉ်းသာရှိတော့တဲ့အတွက် အခြေခံစားသောက်ကုန်တွေစျေးအဆမတန်မြင့်တက်နေတယ်လို့ ဗန်းမော်ဒေသခံတွေကပြောပါတယ်။ လတ်တလော ဗန်းမော်မှာ ကြက်ဥတစ်လုံး ၇၀၀ ဝန်းကျင်ထိရှိလာပြီး ဆန်၊ဆီ၊ဆားတွေကလည်း စျေးနှုန်း ၂ ဆခန့်မြင့်တက်လာတဲ့အပြင် တစ်ချို့အခြေခံစားသောက်ကုန်တွေပြတ်လပ်တဲ့အထိရှိလာနေတယ်လို့ သိရပါတယ်။ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ကုန်းကြောင်း၊လေကြောင်း၊ရေကြောင်းနဲ့အချက်ချာ ကျလှတဲ့မြို့ဖြစ်ပြီး တရုတ်နယ်စပ်နဲ့ မိုင် ၄၀ ခန့်အကွာ ၊ KIO အခြေစိုက်ရာ လိုင်ဇာမြို့ကလည်း ဗန်းမော်မြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၄၀ ဝန်းကျင်မှာရှိပြီး ဗန်းမော်ခရိုင်ကို မြို့နယ် ၄ မြို့နယ်နဲ့ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ အဲဒီထဲက ဗန်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ မိုးမောက် ခမရ ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့စဉ် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ရဲ့ လက်နက်ကြီးတွေ မြို့တွင်း၊မြို့ပြင် လက်နက်ကြီးကျပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးတာလည်း ပုံမှန်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်တာ၊ အခြေခံစားသောက်ကုန် အဓိကဝင်ရောက်တဲ့လမ်းတွေလည်း ပိတ်ထားတဲ့အတွက် ပြည်သူတွေ အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
May- 2024 -21 Mayသတင်းဆောင်းပါး
စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုဒေသတစ်ခုလုံးအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာ ပူတာအို-မြစ်ကြီးနား ကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ထားတာ နှစ်လကျော် ကြာမြင့်လာတာနဲ့အမျှ ပူတာအို ဒေသမှာ စံချိန်တင် ကုန်စျေးနှုန်းမြင့်တင်ပြီး ဒေသခံတွေ အဆိုးရွားဆုံး ခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။ မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ပူတာအိုမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကားလမ်းပိတ်ခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။ နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိပါတယ်။ NLD လက်ထက်မှာတုန်းကလည်း ကြုံခဲ့ရတယ် ဒါပေမယ့်အဲ့တုန်းက အနီးစပ်ဆုံး ဆိုရင် ဓာတ်ဆီတစ်ပုလင်း ၁၂၀၀၀ အလွန်ဆုံးစျေးတက်ခဲ့တယ်။ သွားသွားလာလာရသေးတယ် အခုဟာက အထိန်းအကွပ် မရှိတော့ဘူး။…
Read More » -
Mar- 2024 -12 Marchသတင်း
ပူတာအိုမြို့မှာ ကုန်စျေးနှုန်း အဆမတန်ထိုးတက်
ပူတာအို–မြစ်ကြီနား ကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေအဆမတန်စျေးတက်နေပြီး ကြက်ဥ ၁ လုံးကို ကျပ် ၅၀၀ ကျပ်အထိပေးဝယ်နေရတယ်လို့ မြို့ခံ တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပူတာအို KPDF ၊ ခါကာဘို PDF…
Read More » -
9 Marchသတင်း
တိုက်ပွဲကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းရက်အကန့်အသတ်မရှိ ပိတ်ထား
မြစ်ကြီးနား–ပူတာအို ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ် နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပူတာအို –မြစ်ကြီးနားကားလမ်းပိုင်းကို မနေ့ညပိုင်းကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ပူတာအိုမြို့ ဂိတ်မှူးတစ်ဦးက KNG ကို ပြောပါတယ်။ “ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းမှာမနေ့ညကစပြီး သေနတ်သံတွေစကြားရတာပဲ မနေ့ညပိုင်းကနေ လမ်းပိတ်မယ်လို့ ပြောတယ်။ အဲ့ကြောင့် ဒီနေ့တော့ မြစ်ကြီးနားဆင်းမယ့် ကားဆရာတွေကို မဆင်းခိုင်းတော့တာ…
Read More » -
Feb- 2024 -6 Februaryတိုက်ပွဲ
နမ်တိန့် – ဖားကန့်လမ်းပိုင်း အချိန်ကန့်သတ်နဲ့သွားလာခွင့်ပြု
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ထိန်းချုပ်ထားတဲ့ နမ်တိန့်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် ဖားကန့်–နန့်တိန်းကြားလမ်းပိုင်း သွားလာခွင့်ကို အချိန်ကန့်သတ်ထားတယ်လို့သိရပါတယ်။ “မနက်ခင်းပိုင်းဖွင့်တယ် မနက် ၁၀ နာရီ ၁၁ နာရီ တော့အဆင်းကားတွေကော အတက်ကားတွေကောသွားခွင့်ပေးတယ်။ ၁၂…
Read More » -
Aug- 2023 -19 Augustသတင်း
ဗန်းမော် – လွယ်ဂျယ် ကားလမ်းပိုင်း ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ထားဆဲဖြစ်တဲ့အတွက် ပြည်သူများအခက်တွေ့နေ
ဗန်းမော် – လွယ်ဂျယ်ကားလမ်းမကြီးကို စစ်ကောင်စီတပ်က စားသောက်ကုန်များနဲ့ အခြားကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်ဆို့ထားတာ ၂ ပတ်ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်တဲ့အတွက် လွယ်ဂျယ်ဘက်မှာ ရှိတဲ့ပြည်သူတွေမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်ကနေ ဗန်းမော်ဘက်က အဓိကတင်သွင်းနေတဲ့ ဆန်၊ ဆီ၊…
Read More » -
Jun- 2023 -27 Juneသတင်း
ကားလမ်းပိုင်းပျက်စီး နေသည့်အတွက် နောင်မွန်းနှင့်ခေါင်လန်ဖူးဒေသ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအို – နောင်မွန်း ကားလမ်းပိုင်းတွင် မြေပြိုမှုဖြစ်ပွားနေသည့် တစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ပြုပြင်မှုမပြီးစီးသေးသည့်အတွက် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ကုန်စျေးနှုန်းများအဆမတန် မြင့်တက်သောကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။ ဇွန်လ ၁၀ ရက်နေ့ခန့်မှ စတင်ကာ…
Read More »