သတင်း

ကားလမ်းပိုင်းပျက်စီး နေသည့်အတွက် နောင်မွန်းနှင့်ခေါင်လန်ဖူးဒေသ ကုန်စျေးနှုန်းအဆမတန်မြင့်တက်နေ

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပူတာအိုနောင်မွန်း  ကားလမ်းပိုင်းတွင် မြေပြိုမှုဖြစ်ပွားနေသည့် တစ်ပတ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း ပြုပြင်မှုမပြီးစီးသေးသည့်အတွက် နောင်မွန်နှင့် ခေါင်လန်ဖူးဒေသတွင် ကုန်စျေးနှုန်းများအဆမတန် မြင့်တက်သောကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ခန့်မှ စတင်ကာ နောင်မွန်မြို့နယ်အတွင်းရှိသော ရပ်ဘော့နှင့် ကဆမ်ဒမ်း ကျေးရွာကြားမှ လမ်းအရှည်ပေ ၁၀၀ ကျော်ပြိုကျပျက်စီးနေပြီး တံတားငယ်များလည်း ကျိုးကျပျက်စီးသွားသည့်အတွက် ကုန်ကားအဝင်များ ရပ်နားထားရသောကြောင့် ဒေသခံများအခက်တွေ့နေသည်ဟု နောင်မွန်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

ကားထွက်လာလို့မရတော့နော် ပစ္စည်းလည်း ရှားလာတယ် ကုန်စျေးနှုန်းလည်းတအားတက်တယ် စားဆီတစ်ပိသာက တစ်သောင်းကျော်သွားပြီ။ ဆန်ကလည်း ၈သောင်းခွဲ ၊၉ သောင်း တစ်သိန်းနီးပါးထိတက်တယ်။ အဲ့တာတောင် အိတ်လျှော့ အိတ်အပြည့်မဟုတ်ဘူးဟုပြောသည်။

ခေါင်လန်၊ နောင်မွန်ဒေသတွင် လမ်းပိုင်းပျက်စီ ပိတ်ဆို့နေသောကြောင့် ကုန်တင်ကားမျးအစား ဆိုင်ကယ်များဖြင့်သာ ခက်ခက်ခဲခဲသွားလာရေကြောင်းနှင့် လက်ရှိတွင် ကုန်ပစ္စည်းများလည်း ပြတ်တောက်လာသည့်အထိ ကြုံတွေ့နေရကြောင်း ဆက်ဆိုသည်။

အဝင်ကလုံးဝကိုမရှိတာပစ္စည်းကပြတ်တာတော့ပြတ်တယ်။ အခုက အရင်က ဆိုင်မှာရောင်းကြတဲ့လက်ကျန်လေးတွေပဲရှိတော့တာ။ဆန်လည်းပစ္စည်းပြတ်တယ် ဒီမှာဆိုများများစားစားလောင်ဖို့ကမရှိဘူးလေ အရင်က ၂ထောင်တန်မုန့်က အခု ၃၀၀၀ ပေးဝယ်ရတယ်ဟုပြောသည်။

ယခုကဲ့သို့ ကုန်ကားအဝင်များမရှိတော့သည့်အတွက် ခေါင်လန်ဖူးဒေသတွင် ဆန်တစ်အိတ် ၉ သောင်းခွဲမှ တစ်သိန်းလေးသောင်း၊ နောင်မွန်တွင် ၈ သောင်းခွဲမှ တစ်သိန်း ၂ သောင်းအထိ မြင့်တက်နေပြီး စားသုံးဆီ တစ်ပိသာ တစ်သောင်းနှစ်ထောင် အထိမြင့်တက်သွားကြောင်း ဒေသခံများထံမှသိရသည်။

အလားတူး ယခင်က ဓာတ်ဆီတစ်ဂါလံ ၁၅၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ် အထိစျေးမြင့်တက်နေကြောင်းသိရသည်။

လက်ရှိတွင် ပူတာအိုနှင့် နောင်မွန်ကြားတွင် လမ်းပျက်စီးနေသောကြောင့် ပြုပြင်နေဆဲဖြစ်သည်ဟုသိရသည်။

လမ်းက ရပ်ဘော့ဒီဘက် ကဆမ်ဒမ်းကနေ တစ်ဖာလုံ၊ ၂ဖာလုံလောက်ဝေးတဲ့ နေရာမှာဟုတ်တယ်။ အပေါ်ကနေလမ်းပြိုတဲ့အတွက်ကြောင့်မိုးလို့ အပေါ်ကိုကြည့်လိုက်ရင် တော့ရေကတော့အရမ်းကိုစိမ့်တယ် နေရာတကာကနေ ရေတွေအရမ်း ကျလာ တယ်တဲ့အဲ့တာကြောင့်မြေတွေအရမ်းပျော့ပြီးမှ ပြိုတာဟုနောင်မွန် မြို့နေ အသက် ၄၅ နှစ်အရွယ်ရှိအမျိုးသမီးတစ်ဦးကပြောသည်။

ပူတာအိုဒေသတွင် လယ်ယာလုပ်ငန်းများ မဖြစ်ထွန်းသည့်အတွက် ဒေသခံပြည်သူများသည် တောထွက်ပစ္စည်းများ၊ ဆေးမြစ်များ၊ ဟင်းခတ်အမွှေးအကြိုင်များ စိုက်ပျိုးကာ တရုတ်ပြည်သူသို့ ရောင်းချကာ စားသောက်ကုန်များဝယ်ယူစားသုံးကြရပြီ ယခုလမ်းပိုင်းပြတ်တောက်နေသောကြောင့် ဒေသခံများ အခက်ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။

Show More

Related Articles

Back to top button