ကိုးကန့်တပ်

  • Jul- 2024 -
    29 July
    တိုက်ပွဲ

    လားရှိုးမြို့ထဲ ပိတ်မိနေပြည်သူတွေကို ကယ်ထုတ်ဖို့ခက်ခဲနေ

    ရှမ်းမြောက် လားရှိုးမြို့ထဲ ကိုးကန့် MNDAA တပ်ဟာ ပရဟိတအသင်းတွေကိုဝင်ခွင့်မပေးတဲ့အတွက် ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ပရဟိတအဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ လားရှိုးမြို့မှာ မြို့တွင်းကနေ လမ်းလျှောက်ထွက်ပြေးလာတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ လိုအပ်နေပေမယ့် ကိုးကန့် MNDAA က မြို့အဝင် ခါးလျှိဂိတ်မှာဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA တပ်တွေဟာ ပရဟိတအဖွဲ့ဝင်တွေ နောက်ထပ် ရောက်လာမယ်ဆိုရင်သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်နေတယ်လို့ ပရဟိတလူငယ်တစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။ “လားရှိုးမြို့ထဲ ဝင်ခွင့်မပေးဘူး ဝင်ကြိုခွင့်လည်းမပေးဘူး။ မြို့တွင်းထဲမဟုတ်ပဲ မြို့ပြင်မှာပဲ ဒုက္ခသည်တွေ လမ်းလျှောက်ပြီးထွက်လာတာကို ကျနော်တို့လှမ်းမြင်နေရပြီ အဲဒါကိုသွားကြိုခွင့်မပေးဘူး။ ပရဟိတ လိုဂို၊တံဆိပ်တွေအကုန်ပါတယ်။ အဲဒါကို ကျနော်တို့ကို လက်ခလယ်ထောင်ပြတဲ့အဆင့်ထိလုပ်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကယ်ခွင့်မပေးဘူး။ သူတို့က နောက်တစ်ခါမလာနဲ့ လာရင်ပစ်သတ်မယ်ဆိုတဲ့အဆင့်ထိ ကျနော်တို့ ခြိမ်းခြောက်ခဲ့တယ်။ ကျနော်တို့က တောင်ပိုင်းကနေ မြောက်ထိသွားတယ်ဆိုတော့လေ မလွယ်ဘူးလေဗျာ။” လို့ လက်ရှိ လားရှိုးစစ်ရှောင်တွေကို ကူညီကယ်ထုတ်နေတဲ့ ပရဟိတလူငယ်တစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ ပရဟိတအဖွဲ့ ကား ၇ စီးနဲ့ လားရှိုးမြို့ထဲကနေ လမ်းလျှောက်ပြီးပြေးလာတဲ့ ဒုက္ခသည်ပြည်သူတွေကိုကယ်ထုတ်ဖို့ တောင်ကြီးဘက်ကနေလာခဲ့ပေမယ့် လားရှိုးဝင်ခါနီးဂိတ်မှာတင် ပိတ်ပင်ခံလိုက်ရပြီး MNDAA ဘက်က ပြန်ခေါက်ခိုင်းလိုက်တယ်လို့ ပြောပါတယ်။ လားရှိုးမြို့ တိုက်ပွဲဖြစ်ပွားစဖြစ်ကတည်းက ကိုးကန့် MNDAA တပ်တွေဟာ အရပ်သားကားတွေ ဝင်ခွင့်ပိတ်ပေးလိုက်ပြီး လူမှုကယ်ဆယ်ရေးအသင်းကိုတော့ ဒုက္ခသည်ပြည်သူတွေကို ကယ်ထုတ်ခွင့်ပေးခဲ့ပေမေယ့် ဇူလိုင်လ ၂၀ ရက်နေ့နောက်ပိုင်း မြို့ထဲဝင်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။  “ကျနော်တို့ကတော့ ရှုံ့ချတယ်။ ဘာလို့ဆို တော်လှန်ရေးဆိုတာကျနော်တို့နားလည်တယ်။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ အရပ်သားတွေကိုတော့ သူတို့ကယ်ထုတ်ခွင့်ပေးသင့်တယ်။”လို့ ပရဟိတ လူငယ်ကဆက်ပြောပါတယ်။ လက်ရှိ လားရှိုးမြို့ထဲမှာ သေဆုံးနေတဲ့ပြည်သူအလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ ပရဟိတတွေမရှိတော့တာကြောင့် အကူအညီတောင်းခံတဲ့ပြည်သူတွေ လွတ်မြောက်နိုင်ဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။  လားရှိုးမြို့ထဲကနေ အရပ်သားပြည်သူ ၉၀ ရာခိုင်နှုန်း စစ်ရှောင်သွားပြီး မြို့တွင်းမှာ ပြည်သူအနည်းအကျဉ်းကျန်နေသေးသလို လက်ရှိထိ တိုက်ပွဲကြာ လမ်းလျှောက်ပြီး ဆက်လက်ထွက်ပြေးနေသူတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုးကန့် MNDAA က ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ မနက်အစောပိုင်း လားရှိုးစစ်ရှောင်ပြည်သူတွေကို ကယ်ထုတ်နေတဲ့ ကားသမားတစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။  အလားတူဘဲ စစ်ရှောင်လာတဲ့ အရပ်သားလူငယ်တွေ ကို စစ်သားစုဆောင်း ဖမ်းခေါ်တာတွေလုပ်နေပြီး စစ်ရှောင်ပြည်သူတွေရဲ့ ကား၊ ဆိုင်ကယ်တွေကို ငှားရမ်းသိမ်းယူလိုက်တဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။  ဇူလိုင် ၂၉ ဒီနေ့မနက်ထိ လားရှိုးမြို့ ပန်းခြံနဲ့ မန်ဆူဘုရားနားမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၈ မနေ့ည စစ်တပ်ဘက်က လေယာဉ်ဗုံးကြဲတာကြောင့် အရပ်သား ၅ ဦးထပ်မံသေဆုံးမှု ရှိတယ်လို့ ထွက်ပြေးလာသူ အရပ်သားတွေဆီကနေ သိရပါတယ်။ တစ်ဖက်မှာ တိုက်ပွဲကြား လားရှိုးအကျဉ်းထောင်မှာ လက်နက်ကြီး ၂ ကြိမ်လောက်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အကျဉ်းသားတွေ ထိခိုက်သေဆုံးမှုများခဲ့တဲ့အတွက် ဇူလိုင် ၂၈ ရက်နေ့မှာ အကျဉ်းဦးစီးဌာနကနေ လွတ်ရက်စေ့ပြီဖြစ်တဲ့ အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးလိုက်တယ်လို့ အကျဉ်းထောင်အမှုထမ်းတွေနဲ့ ဆက်သွယ်နေသူက ပြောပါတယ်။ လားရှိုးထဲကနေ စစ်ရှောင်လာတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ လားရှိုးကို MNDAA က အလုံးစုံထိန်းချူပ်လိုက်တဲ့ အနေအထားထိမရှိသေးပဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အပြင် အကျဉ်းထောင်ကိုလည်း သိမ်းပိုက်ထားနိုင်ပြီး အကျဉ်းသားအားလုံးကိုလွတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကလည်း မှန်ကန်မှုမရှိဘူးလို့ အကျဉ်းထောင်အမှုထမ်းနဲ့ ဆက်သွယ်နေသူတစ်ဦးက ပြောပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ လားရှိုးမြို့ထဲမှာ UWSA ၀ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ၂၀ ခန့် ဝင်ရောက်နေတာဖြစ်ပြီး လက်ရှိလားရှိုးမြို့တွင်း၊မြို့ပြင်တွေမှာ အင်တာနက်၊ ဖုန်းလိုင်းအားလုံး ပြတ်တောက်နေတာကြောင့် သတင်းအချက်အလက်အတိအကျ သိရှိနိုင်ဖို့လည်း ခက်ခဲနေပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 23 July
    တိုက်ပွဲ

    လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

    “မြို့အဝင် မုခ်ဦးနားအထိတော့တိုက်ပွဲကရောက်လာပြီပေါ့နော်။ ၄၁ တပ်ရင်းနားထိပေါ့လေ အပြန်အလှန် ပစ်ခတ်တဲ့သဘောပေါ့ ကိုးကန့်ဘက်ကလည်း မြို့နားကပ်လာတာကို ဒါ့ကြောင့်မြို့နားမှာရှိတဲ့တပ်နဲ့ တွေ့တဲ့ သဘောပေါ့”လို့ပြောပါတယ်။

    Read More »
  • Jun- 2024 -
    17 June
    ပညာရေး

    ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး  ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟိုနေ့က နှစ်ဖက်ညှိနှိုင်းကြတာ မြို့နယ်အဆင့်အနေနဲ့အဆင်မပြေလို့ ဌာနချုပ်ကိုတင်ပြထားတဲ့အခြေနေဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းလည်းမဖွင့်သေးဘူး နှစ်ဖက်စလုံးညှိနှိုင်းနေတဲ့အခြေနေဘဲမို့”လို့ပြောပါတယ်။ ကန်မိန်းကျေးရွာဟာ လားရှိုးကနေ မိုင်အားဖြင့် ၂၀၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ရွာဖြစ်ကာ ကချင်၊ရှမ်း၊တရုတ်လူမျိုးတွေနေထိုင်ကြတဲ့ရွာဖြစ်ပြီး အထက်တန်းကျောင်းဖွင့်လာတာဟာ ခေတ်အဆက်ဆက်ရှိခဲ့ပြီလို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် ၁၀၂၇ စစ်ဆင်ရေးအပြီးနောက်ပိုင်း ကချင်လူမျိုးတွေအများစုနေထိုင်တဲ့ဘက်ကို KIO/KIA အောက် အုပ်ချုပ်ရေးယန္တာရားနဲ့အုပ်ချုပ်နေပြီး တရုတ်အများစုနေထိုင်တဲ့ဘက်မှာတော့ ကိုးကန့်တပ်က အုပ်ချုပ်နေကာ ရှမ်းလူမျိုးအများစုကိုတော့ ကိုးကန့်တပ်ထဲ တပ်သားလုပ်ခိုင်းပြီး ကိုးကန့်ဘက်အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ တရုတ်အများစုနေထိုင်တဲ့ဘက်မှာ တရုတ်စာသင်ကျောင်း အလယ်တန်းအထိသင်ကြားနေတာဖြစ်ပြီး KIO/ KIA အုပ်ချုပ်တဲ့ဘက်မှာတော့ အထက်တန်းကျောင်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီ အထက်တန်းကျောင်းကို KIO/KIA နဲ့ NUG ချိတ်ဆက်ပြီး ကျောင်းဆရာ၊ဆရာမ ၁၀ ဦးခန့်ထားတဲ့အပြင် ကျေးရွာအတွင်း နဂိုရှိရင်းစွဲ CDM ဆရာမတွေနဲ့သင်ကြားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ သို့သော် ဇွန်လ ၁၁ ရက်နေ့မှာတော့ ကိုးကန့်  MNDAA တပ်ဟာ ကချင်၊ရှမ်းတွေနေထိုင်တဲ့ဘက်က အထက်တန်းကျောင်းကိုလည်း ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့  ကြိုးပမ်းလာပြီး ကျောင်းတက်ဖို့ရောက်ရှိလာတဲ့ ကျောင်းသား၊သူတွေကိုလည်း စာသင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ ကန်မိန်းဒေသခံတစ်ဦးက ခုလိုပြောတယ်။ “သူတို့က တရုတ်စာရောသင်မယ် သူတို့လက်အောက်မှာဘဲ ရှိရမယ်ဆိုတဲ့ပုံစံလုပ်နေတာ မနေ့ကတောင် ကိုးကန့်တပ်က ကျောင်းဆရာ၊မ ၉ ယောက်ကိုခေါ်လာတယ်”လို့ ပြောပါတယ်။ လက်ရှိ ကန်မိန်းအထက်တန်းကျောင်းမှာ  NUG ခန့်ထားတဲ့ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ကိုးကန့်ဘက်က ခေါ်လာတဲ့ပညာရေးဝန်ထမ်း ၉ ဦး အပြင် ရှိရင်းစွဲ CDM ဆရာ၊မတွေရှိတယ်လို့ သိရပြီး ကျောင်းမဖွင့်သေးပေမယ့် နှစ်ဖက်စလုံးက ပညာရေးဝန်ထမ်းတွေအဆင်သင့်ရှိနေပြီလို့ သိရပါတယ်။  ကန်မိန်းမှာရှိတဲ့ ကချင်လူထုအားလုံးကတော့ ကန်မိန်းအထက်တန်းကျောင်းကို  NUG နဲ့သေချာချိတ်ဆက်ပြီး ကလေးတွေကို သင်ရိုးညွှန်းတန်းတွေနဲ့အညီ ကောင်းမွန်စွာစာသင်ယူစေချင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ကျနော်တို့ကတော့ ဖြစ်နိုင်ရင် KIA နဲ့ NUG ချိတ်ပြီးသင်စေချင်တယ် ခုကိုးကန့်က အဓိကစာသင်ပေးဖို့ထက် သူတို့နေရာဦးထားချင်တဲ့သဘောဘဲ သူတို့ခေါ်လာတဲ့ကျောင်းဆရာ၊မတွေလည်း သင်ကြားရေးအပိုင်းကျွမ်းကျင်တဲ့သူတွေပါတာမတွေ့ရဘူး။ ကိုးကန့်တပ်က စာလည်းသေချာသင်ပေးနိုင်မှာမဟုတ်ဘူး ကြားမှာ ကလေးတွေ ကြားညှပ်တယ်”လို့ ပြောပါတယ်။ ကန်မိန်းရွာမှာ အာဏာမသိမ်းခင် ၁၂ တန်းအထိ သင်ကြားတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ၉ တန်းအထိသာ သင်ကြားပေးဖို့ စီစဉ်နေတာကြောင့် အထက်တန်းကျောင်းသား၊သူတွေဟာ လားရှိုးဘက်ကိုပြောင်းရွှေ့သွားကြတာရှိပြီး  ငွေကြေးမတတ်နိုင်တဲ့သူတွေက ကျောင်းဆက်မတက်ရမယ့်အခြေနေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတောင်းဆိုတာကတော့ ကန်မိန်းအထက်တန်းကျောင်းကို KIA နဲ့ NUG အောက်မှာသာ ဖွင့်စေချင်ပြီး ကျောင်းအမြန်ဆုံးဖွင့်ပေးကြဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ By – CJ

    Read More »
  • May- 2024 -
    3 May
    ဖမ်းဆီးခံရမှု

    ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား 

    ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတာ ၃ ရက်ကြာလာပေမယ့် ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။ မေလ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ကိုးကန့် MNDAA…

    Read More »
  • Apr- 2024 -
    10 April
    လူ့အခွင့်အရေးချိုးဖောက်မှု

    MNDAA ထိန်းချုပ်မှုအောက် ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံနေရ

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်းရေးနဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ရည်ရွယ်ပြီးစတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ရဲ့ “ ၁၀၂၇” စစ်ဆင်ရေးမှာ ရှမ်းမြောက်မှာ မြို့ပေါင်း ၈ မြို့နယ်အပါအဝင် စခန်းပေါင်း ၄၀၀ ကျော်သိမ်းပိုက်ခဲ့ကြပြီး အုပ်ချုပ်ရေးစနစ်စတင်နေကြပြီ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊…

    Read More »
  • 3 April
    သတင်း

    ကိုးကန့်တပ် စစ်ဆေးရင်းလက်လွန်ပြီးသေဆုံးသွားသူအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ ကိုးကန့်တပ်က အကြောင်းပြန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့်တပ် MNDAA က စစ်ဆေးရင်းလက်လွန်ပြီး သေဆုံးသွားတဲ့ စိတ်မနှံ့သူအမျိုးသားအတွက် နစ်နာကြေးမပေးနိုင်ဘူးလို့ကိုးကန့်တပ်ဘက်က အကြောင်းပြန်တယ် လို့ ဒေသခံတွေကပြောပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ သတ်ဖြတ်ခံရသူဟာ သူနေထိုင်ရာ ကွတ်ခိုင်မြို့နယ်…

    Read More »
  • Mar- 2024 -
    7 March
    အင်တာဗျူး

    ကိုးကန့်တပ်ဖွဲ့၏ ထိန်းချုပ်မှုအောက်မှာ ပန်ဆိုင်းဒေသခံတွင် ဘယ်လိုအခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။

    “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သည့် မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းနှင့် အခြားမြို့နယ်များကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။ ကြူကုတ်၊ ပန်ဆိုင်းဒေသကို ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ…

    Read More »
  • Feb- 2024 -
    12 February
    သတင်း

    ကိုးကန့်တပ်ဟာ KIA နဲ့ SSA အဖွဲ့ကိုကြူကုတ်ပန်ဆိုင်းထဲ လုံးဝ ဝင်ခွင့်မပြုကြောင်းပြောဆို

    ရှမ်းမြောက် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မ‌တော် KIO/KIA နဲ့ ရှမ်းပြည်တပ်မတော် SSPP / SSAကို လုံးဝ ဝင်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ပန်ဆိုင်းဒေသခံတွေကို ခေါ်ယူပြီး အစည်း အဝေးကျင်းပခဲ့တယ်လို့ ဒေသခံတွဆီကနေ သိရပါတယ်။ ‌က်ိုးကန့်…

    Read More »
  • Dec- 2023 -
    25 December
    သတင်း

    ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့လူငယ်အများစု မိသားစုနဲ့အဆက်သွယ်မရသေး

    ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က နေရပ်ပြန်လာရင်း ကိုးကန့်တပ် MMDAA ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ချို့တစ်လကျော်ကြာလာပေမေယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံသွားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ အဖမ်းခံရတဲ့ လူငယ်အများစုဟာ နိုဝင်ဘာ ၂၅ ရက်နေ့နောက်ပိုင်း ကိုးကန့်တပ်ဘက်က နေရပ်ပြန်ဖို့လမ်းတွေပြန်ဖွင့်ပေးလိုက်တဲ့နောက် နေရပ်ပြန်လာချိန် ချင်းရွှေဟော်ဂိတ်နားမှာ ဖမ်းဆီးခံသွားရတာဖြစ်ပြီး လက်ရှိချိန်ထိ တစ်လကျော်ကြာ လာပေမယ့်လို့ အများပိုင်းက မိသားစုနဲ့အဆက်သွယ်မရတဲ့အပြင် ပြန်ပြီးလွတ်မြောက် လာတာမရှိသေးဘူးလို့ လားရှိုးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “အဖမ်းခံရတဲ့ သူကတော့…

    Read More »
Back to top button