သတင်း

ကိုးကန့်တပ်က ဖမ်းဆီးသွားတဲ့လူငယ်အများစု မိသားစုနဲ့အဆက်သွယ်မရသေး

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့က နေရပ်ပြန်လာရင်း ကိုးကန့်တပ် MMDAA ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တစ်ချို့တစ်လကျော်ကြာလာပေမေယ့် မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးတဲ့အတွက် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံသွားရတဲ့သူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ်အများစုဟာ နိုဝင်ဘာ ၂၅ ရက်နေ့နောက်ပိုင်း ကိုးကန့်တပ်ဘက်က နေရပ်ပြန်ဖို့လမ်းတွေပြန်ဖွင့်ပေးလိုက်တဲ့နောက် နေရပ်ပြန်လာချိန် ချင်းရွှေဟော်ဂိတ်နားမှာ ဖမ်းဆီးခံသွားရတာဖြစ်ပြီး လက်ရှိချိန်ထိ တစ်လကျော်ကြာ လာပေမယ့်လို့ အများပိုင်းက မိသားစုနဲ့အဆက်သွယ်မရတဲ့အပြင် ပြန်ပြီးလွတ်မြောက် လာတာမရှိသေးဘူးလို့ လားရှိုးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“အဖမ်းခံရတဲ့ သူကတော့ မောင်လေးဟုတ်တယ် အသက်က ၂၂လောက်ဘဲရှိသေးတယ်။ အဖေနဲ့အမေနဲ့ဆို မိုးလင်းမိုးချုပ် အဲစိတ်နဲ့ နေနေတာ သူသားပြန်လာမလာဆိုပြီးမျှော်နေကြတာတစ်ဦးတည်းသောသားဆိုတော့ မစားနိုင်မသောက်နိုင်အမေဆိုလည်းသွေးတိုးကရှိတာနဲ့ပေါ့”လို့ ပြောပါတယ်။

ကိုးကန့် MNDAA တပ်တွေဟာ နေရပ်ပြန်လူငယ်အများအပြားကို ဖမ်းဆီးသွားပေမယ့် ကျန်းမာရေးမကောင်းသူနဲ့ ဗမာတိုင်းရင်းသားတွေကိုတော့ ပြန်လွတ်ပေးတာရှိတယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။

အလားတူ လောက်ကိုင်ကပြန်လာတဲ့ နောက်ပိုင်းကိုးကန့်တပ်ဘက်ကတပ်သားစုဆောင်းဖို့ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ ဇနီးဖြစ်သူကတော့ ခုလိုပြောပြပါတယ်။

“စိုးရိမ်ပူပန်မှုကတော့ပြောမပြတတ်ရလောက်အောင်ဘဲ ဘဝမှာတစ်ခါမှမကြုံဖူးတဲ့အကြီးမားဆုံးဒုက္ခပေါ့ သေလားရှင်လားလည်းမသိရဘြ အဆက်အသွယ်မရတော့ ပိုဆိုးတာပေါ့”လို့သူမကဆိုပါတယ်။

ခုလို နေရပ်ပြန်ပြည်သူတွေကို မိမိရဲ့သဘောထားဆန္ဒမပါဘဲ လက်နက်သုံးပြီး ပြည်သူတွေကို အတင်းအဓ္ဓစုဆောင်းသွားတာဟာ လူ့အခွင့်အရေးကိုချိုးဖောက်တယ်လို့လည်း ခံစားရတယ်ဆိုပြီး သူကဆက်ပြောပါတယ်။

လက်ရှိမှာ ကိုးကန့် MMDAAဘက်ကဖမ်းဆီးခေါ်ဆောင်ထားခြင်းခံရတဲ့သူတွေထောင်နဲ့ချီ ရှိနေပြီးအမျိုးသမီးတွေလည်းပါဝင်နေတယ်လို့ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးကပြောပါတယ်။

ဒါ့အပြင်အဖမ်းခံရတဲ့သူတွေကို စစ်သင်တန်းတွေပေးနေပြီး မနေချင်ဘဲထွက်ပြေးသွားတဲ့ သူတွေကို ပြန်မိပါကဖမ်းဆီး နှိပ်စက်ထောင်ချတာတွေလည်းရှိတယ်လို့ ပြန်လည်လွတ်ြမောက်လာတဲ့ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

“ထွက်ပြေးပြီး ပြန်ဖမ်းမိလို့ရှိရင် လူအယောက်၂၀လောက်က ဝိုင်းပြီးထိုးကြိတ်ကြတာ ဖိနပ်မှာသွေးတွေတောင်အိုင်တယ် ပြီးတော့ သုံးလလောက် အပြစ်ဒဏ်ခံရမယ်ဆိုပြီးခြေထောက်ကို သံခြေကျင်းနဲ့ခတ်ထားတာ”လို့ ပြောပါတယ်။

ဒီလိုဖမ်းဆီးအကြမ်းဖက်မှုအပေါ် ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRH ရဲ့ တာဝန်ရှိသူအမျိုးသားတစ်ဦးကခုလိုဆိုပါတယ်။

“အခုလိုလုပ်ရပ်က ပြည်သူတွေရဲ့ လူ့အခွင့်အရေးကိုချိုးဖောက်တယ်လို့ မြင်တယ် အခုလိုလုပ်နေတာက အာလုံးလိုချင်တယ်ဖက်ဒရယ်ဒီမိုကရေစီကိုလျှောက်လမ်းဖို့လည်း ခက်ခဲ့မယ်လို့မြင်မိတယ်ဘာလို့လဲဆိုတော့ ပြည်သူတွေ မပါလိုရှိရင်အဲဒီအရာတွေကို တည်ဆောက်လို့မရဘူး ပြီးခုလိုလုပ်တဲ့လက်နက်ကိုင်ဘယ်အဖွဲ့အစည်းကိုမဆို ပြည်သူတွေက ကန့်ကွက်လာလိမ့်မယ်လို့ မြင်ပါတယ်”ဆိုပြီးပြောပါတယ်။

ကိုးကန့်တပ် MMDAA ရဲ့ လောက်ကိုင်ကနေပြန်လာကြတဲ့ စစ်ရှောင်တွေကို လိုအင်ဆန္ဒမပါဘဲ တပ်သားစုဆောင်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်နေမှုအပေါ် ဒီဇင်ဘာ ၂၁ရက်နေ့က Kachin Human  Right  Watch ( ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့)ကလည်း စစ်ရှောင်လာတဲ့ အရပ်သားပြည်သူတွေကို ခုလိုအတင်းဓမ္မတပ်သားစုဆောင်းဖို့ဖမ်းဆီးခေါ်ဆောင်မှုဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

By – Hope

Show More

Related Articles

Back to top button