ဂျက်ဖိုက်တာ
-
Jan- 2026 -2 Januaryသတင်း
မော်လူးမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့ ၁၂တန်းကျောင်းသူတစ်ဦးသေဆုံး ကျောင်းသူ ၂ ဦးဒဏ်ရာရ
ကချင်ပြည်နယ်နှင့် ကပ်လျှက် မော်လူးမြို့ ပဲခူးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရတယ်လို့ အင်းတော်မြို့နယ်သတင်းတွေကိုဖော်ပြပေးနေတဲ့Indaw Revolution IR အဖွဲ့က ပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်း…
Read More » -
Dec- 2025 -9 Decemberသတင်း
ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်နဲ့ ဗုံး၂လုံး အသုံးပြုကြဲချခဲ့တာဖြစ်ပြီး ကျောင်းကပိတ်ထားတာကြောင့်…
Read More » -
May- 2025 -7 Mayသတင်း
ကပ်မှော်ရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်တပ်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်
မေလကုန်အထိ အပစ်ရပ်ကြောင်းကြေညာထားတဲ့ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို မြေပြင်၊ဝေဟင်နဲ့ ထိုးစစ်ဆင်နေတာ ၂ ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAနဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေပြန်ရဖို့ စစ်တပ်က ဧပြီလ ၂၃ ရက်ကစပြီး ကားမိုင်း၊…
Read More » -
Oct- 2024 -8 Octoberသတင်း
ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ် လေကြောင်းနဲ့အပြင်းထန် ပစ်ခတ်တိုက်ခိုက်နေ
စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ လက်လွှတ်လိုက်ရတဲ့ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးအသုံးပြုပြီး လေကြာင်းပစ်ခတ်တိုက်ခိုက်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ “ခုလေယာဉ် ၄ စီးနဲ့ လာပစ်နေတယ် ၇ ကြိမ်ရှိသွားပြီ။ ပေါင် ၃၀၀ ရှ်ိတဲ့ဗုံးတွေနဲ့ချနေတယ်”လို့ ပြောပါတယ်။…
Read More » -
Apr- 2024 -29 Aprilသတင်း
ကသာမြို့နယ်က ရွာတစ်ရွာကို စစ်စီတပ်လေကြောင်းတိုက်ခိုက် စာသင်ကျောင်းနဲ့နေအိမ်တစ်ချို့ ထိမှန်ပျက်ဆီး
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်က မြိုင်သာယာဆိုတဲ့ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်ဖိုက်တာအသုံးပြုပြီးဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်တချို့ပျက်ဆီးခဲ့ရသလို နေအိမ် ၁ လုံး မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်က ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်ကဖြစ်ခဲ့တာဖြစ်ပြီး…
Read More » -
Oct- 2023 -27 Octoberသတင်း
တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ထပ်မံပစ်ခတ်
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့ ၃ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြစ်ကြီးနားကနေလာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်သာ၊ ဒိုးပင် နဲ့ မိချောင်းအိုက်ကျေးရွာတွေထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “၃ နာရီဝန်းကျင်လောက်က မြစ်ကြီးနားဘက်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်သွားတယ် ၁၅ မိနစ် လောက်ကြာမယ်ထင်တယ် ပထမဆုံးပစ်တာကတော့ ညောင်ပင်သာဆေးရုံကိုအရင်ပစ်လိုက်တာပါ နောက်ထပ် ဒိုးပင်ရွာထဲကိုတော့ ၂လုံးကျတယ် နွားနှစ်ကောင်သေတယ် ပြည်သူတစ်ယောက်လည်း ထိခိုက် တယ် ပြီးတော့ နေအိမ်၂လုံးထိမှန်ပျက်ဆီးသွားတယ်”လို့ ထီးချိုင့်ဒေသခံတစ်ယောက်ကပြောပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက ၃နာရီလောက်ကနေ နေ့လည်ပိုင်းအထိ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ရွာအနီးတစ်ဝှိုက်ကိုလည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးတော့ ထိခိုက်မှုတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ကျေးရွာနဲ့ ၁၀မိုင် လောက်အကွာအဝေးက မင်းဝံတောင်ရိုးတစ်လျှောက်ကိုလည်း Mi35 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်နေ့တည်းကို နှစ်ကြိမ်တိုင်တိုင် လေကြောင်းအသုံးပြုတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။ လက်ရှိလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာ နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ ထီးချိုင့်မြို့နယ် အနောက် တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်း စစ်ရေးလှုပ်ရှားနေသလို အရပ်သားထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။ By – အမိုး
Read More » -
2 Octoberသတင်း
KIO ဌာနချုပ်အနီး စစ်ကောင်စီတပ် တစ်ရက်ထဲ ၃ ကျော့ ဗုံးကျဲတိုက်ခိုက်
တိုက်ပွဲဒေသဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာအနီး လိုင်လွမ့် အောင်ဂျာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့ တစ်ရက်ထဲ ဂျက်ဖိုက်တာ ၃ စီးနဲ့ ၃ ကြိမ်အထက် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ အောက်တိုဘာလ ၂ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်မှာတစ်ကြိမ်၊ ၉ နာရီမှာတစ်ကြိမ်၊ ၉ နာရီခွဲလောက်မှာ တစ်ကြိမ် ၃ ကြိမ်တိတိ လာရောက်ဗုံးကျဲတိုက်ခိုက်သွားတယ်လို့ KNG ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက် KNG ကိုပြောပါတယ်။ “ဒီကနေ့ မနက်ပိုင်းလောက်မှာ ကျနော်တို့ဘက်နေ အရင်သွားတိုက်ခိုက်ခဲ့တာ။ ပြီးရင် ဒရုန်းနဲ့လည်း ဗုံးသွားချပေးတယ်။ အဲဒီအောင်ဂျာနဲ့ မဒီးယန်မှာ ပိတ်ဆို့နေတဲ့ စစ်ကောင်စီအဖွဲ့တွေ တော်တော် ထိပုံရတယ်။ အဲဒါကြောင့် KIA တွေရှိတဲ့ဘက်ကို လေကြောင်းနဲ့လာတိုက်နေတာ”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ လိုင်လွမ့်အောင်ဂျာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA က သွားရောက်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် အထက်မှာရှိတဲ့ တပ်စခန်းတစ်နေရာမှာ ထပ်မံပုန်းခိုနေတာကြောင့် အဲဒီနေရာကို KIA က ပိတ်ဆို့ပြီး နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကနေ လာရောက်ဗုံးကျဲတိုက်ခိုက်တဲ့အပြင် ခရာဘွမ့်၊ ဘွမ့်ရေဘွမ့်၊ ဟန်းဂိုင်ဘွမ် စတဲ့ စစ်တပ်နေရာတွေက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလို စစ်ကောင်စီဘက်ကနေ ဗုံးကျဲတိုက်ခိုက်နေတဲ့အပြင် ၂ ဖက်စစ်တပ် တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ KIA ဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။ ဒါ့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မိုးမောက်မြို့နယ် နွမ်လန့်ရွာအထက် ပန်ဆပ်ရွာဟောင်း အနီးမှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ယနေ့ တစ်ရက်ထဲမှာပဲ ၂ နေရာတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကနေ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားနေတာ ၄ လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။
Read More » -
Aug- 2023 -18 Augustသတင်း
ဗန်းမော်နယ် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကျေးရွာတွေကို စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ဗုံးကျဲ
ကချင်ပြည်နယ် ဗန်းမော်နဲ့ ရွှေကူ မြို့နယ်အစပ် ဗန်းမော်နယ်ထဲက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကျေးရွာတွေကို စစ်ကောင်စီတပ်က တိုက်ပွဲ မဖြစ်ပဲ ဒီကနေ့ မနက်ပိုင်းမှာ လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်က ဒီကနေ့ သြဂုတ် ၁၈ ရက်နေ့ မနက် ၄ နာရီ မိနစ်…
Read More » -
Jul- 2023 -22 Julyလူ့အခွင့်အရေးချိုးဖောက်မှု
နမ်ဆန်ယန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကျဲတိုက်ခိုက်၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုရှိ
တစ်လဝန်းကျင်ခန့်အကြာ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကျဲသွားကြောင်း သိရသည်။ “၁၁ နာရီလောက်ဖြစ်မယ် ၃ စီးနဲ့လာတိုက်သွားတယ်။ နမ်ဆန်ယန်ရွာထဲမှာကို…
Read More » -
Apr- 2023 -24 Aprilတိုက်ပွဲ
ထီးချိုင့်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ ၄ စီဖြင့် ဗုံးကျဲတိုက်ခိုက်နေ
ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ကြား ၃ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေပြီး လက်ရှိတွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ၄ စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသကာကွယ်ရေးတပ်များထံမှသိရသည်။ ဧပြီလ ၂၂…
Read More »









