တိုက်ပွဲသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ထီးချိုင့်ဒေသကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ထပ်မံပစ်ခတ်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာ ၂၇ ရက်နေ့  နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂လုံး ပျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မြစ်ကြီးနားကနေလာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်သာ၊ ဒိုးပင် နဲ့ မိချောင်းအိုက်ကျေးရွာတွေထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

 နာရီဝန်းကျင်လောက်က မြစ်ကြီးနားဘက်ကနေလာတဲ့ ဂျက်ဖိုက်တာနှစ်စီးနဲ့လာပစ်သွားတယ် ၁၅ မိနစ် လောက်ကြာမယ်ထင်တယ် ပထမဆုံးပစ်တာကတော့ ညောင်ပင်သာဆေးရုံကိုအရင်ပစ်လိုက်တာပါ နောက်ထပ် ဒိုးပင်ရွာထဲကိုတော့ ၂လုံးကျတယ် နွားနှစ်ကောင်သေတယ် ပြည်သူတစ်ယောက်လည်း ထိခိုက် တယ် ပြီးတော့ နေအိမ်၂လုံးထိမှန်ပျက်ဆီးသွားတယ်လို့ ထီးချိုင့်ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက ၃နာရီလောက်ကနေ နေ့လည်ပိုင်းအထိ KIA+PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ရွာအနီးတစ်ဝှိုက်ကိုလည်း ဗုံးကြဲတိုက်ခိုက် ခဲ့ပြီးတော့ ထိခိုက်မှုတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိချောင်းအိုက်ကျေးရွာနဲ့ ၁၀မိုင် လောက်အကွာအဝေးက မင်းဝံတောင်ရိုးတစ်လျှောက်ကိုလည်း Mi35 ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တစ်နေ့တည်းကို နှစ်ကြိမ်တိုင်တိုင် လေကြောင်းအသုံးပြုတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။

လက်ရှိလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာ နဲ့ တိုက်ပွဲဖြစ်နေတဲ့နေရာတွေဟာ ထီးချိုင့်မြို့နယ် အနောက် တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းနှစ်ကြောင်း စစ်ရေးလှုပ်ရှားနေသလို အရပ်သားထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar ကအောက်တိုဘာ၁၂ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၁ဒသမ ၆သန်းကျော်ရှိပြီး အဲ့ဒီထဲမှာ စစ်ကိုင်းတိုင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ အရပ်သား ၈သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထား ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button