စက်သုံးဆီ
-
Jun- 2024 -17 Juneသတင်း
မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး ဖွင့်တဲ့ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာရောင်းချနေတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ ဇွန်လ ၁၆ ရက်နေ့ မနေ့ကစပြီးတော့ စက်သုံးဆီဆိုင်တွေအတော်များများပိတ်သွားတာဖြစ်ပြီး ဖွင့်တဲ့ ဆီဆိုင်တွေကလည်း ပါဆယ်မရောင်းချတော့ပဲအကန့်အသတ်တွေနဲ့သာဝယ်ယူနေရတယ်လို့ မိုးကောင်းမြို့ က ဒေသခံတစ်ယောက်ကပြောပါတယ်။ “မိုးကောင်းတစ်မြို့လုံးမှာ ဆိုင်က…
Read More » -
May- 2024 -29 Mayသတင်း
ပူတာအိုမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၁၀၀၀၀ စျေးနဲ့ရောင်းချနိုင်ဖို့ ရှိန်းခေါင်ဘက်ကနေ သယ်ယူပေမယ့် စစ်တပ်ကအဝင်မခံပဲဖမ်းဆီးထား
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဓာတ်ဆီပြတ်တောက်နေပြီး တစ်ပုလင်းကျပ် ၇၀၀၀၀ ကျော်ဖြစ်နေချိန် လုပ်ငန်းရှင်တစ်ချို့ကတစ်ပုလင်းကိုကျပ် ၁၀၀၀၀ စျေးနှုန်းနဲ့ရောင်းချနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်လမ်းကြောင်းကနေသယ်ယူနေပေမယ့် စစ်ကောင်စီတပ်က ရီဒမ်းကျေးရွာဂိတ်ကနေ ဖြတ်သန်းခွင့်မပေးပဲ ဖမ်းဆီးတားမြစ်ထားတယ်လို့ ပူတာအိုသခံတွေဆီကေန သိရပါတယ်။ ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ ၃ လနီးပါးကြာမြင့်လာချိန် ပူတာအိုမြို့တွင်းမှာ ဓာတ််ဆီတွေပြတ်တောက်နေတာဖြစ်ပြီး လက်ရှိ ဆီပန့်ဆိုင်ကြီးတွေမှာ ဓာတ်ဆီတစ်ပုလင်း ကျပ် ၇၀၀၀၀ နှုန်းရောင်းချနေတာကြောင့် ဒီအခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရိုန်းခေါင်– ခေါင်လန်ဖူးလမ်းကြောင်းကနေ ပူတာအိုမြို့ထဲထိသယ်ယူဖို့စီစဥ်နေပေမယ့် စစ်ကောင်စီတပ်ကအဝင်မခံပဲ ရီဒမ်းစစ်တပ်ဂိတ်ကနေ ဖမ်းဆီးနေတယ်လို့ NUG အစိုးရအဖွဲ့ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးက KNG ကိုပြောပါတယ်။ “တရုတ်ပြည််နယ်စပ် မှတ်တိုင် (၃၁) ရှိန်းခေါင်ရွာလမ်းကြောင်းကနေ ဆိုင်ကယ်တွေ ကားတွေနဲ့ ညီဝါးကျေးရွာထိသယ်လာတယ်အဲ့ကနေတဆင့် ခေါင်လန်ဖူးမြို့ကိုတော့မဝင်တော့ပဲနဲ့ ညီဝါးရွာကနေ လားနဲ့တင်ပြီးတော့ပူတာအိုမြို့ထဲကိုတိုက်ရိုက်သယ်လာတာဒါပေမယ့် ရီဒမ်းကြိုးတံတားစကစ ဂိတ်ကနေအဝင်မခံတော့ဘူးဗျအကုန်ဖမ်းထားလိုက်တယ်”လို့ ဝန်ကြီးကပြောပါတယ်။ ခေါင်လန်ဖူး၊ရှိန်းခေါင်ဖက်က ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်တွေဟာ ပူတာအိုမြို့နယ်ထဲ ဓာတ်ဆီပြတ်တောက်မှုနဲ့စျေးအဆမတန်မြင့်တက်နေတာကိုဖြေရှင်းနိုင်ဖို့ တရုတ်နယ်စပ် ရှိန်းခေါင်ကနေ ညီဝါးကျေးရွာထိကားလမ်းအတိုင်း ဆိုင်ကယ်၊ကားနဲ့ သယ်ယူကာ ညီဝါးကျေးရွာကနေတစ်ဆင့် ဂျန်အောင်းတောင်ကြားလမ်းအတိုင်းလားနဲ့သယ်ယူပြီး ပူတာအိုမြို့ထဲဝင်ဖို့သယ်လာတဲ့ဆီတွေကို ခေါင်လန်ဖူးမြို့နယ်ထဲက ရီဒမ်းစစ်တပ်ဂိတ်ကနေဖမ်းဆီးနေတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ရီဒမ်းစစ်တပ်ဂိတ်ကနေ ဓာတ်ဆီတွေကိုပုံမှန် ဖြတ်သန်းခွင့်ပြုမယ်ဆိုရင် လက်ရှိပူတာအိုဒေသခံတွေလိုအပ်နေတဲ့ စက်သုံးဆီလိုအပ်မှု ၂၀ ရာခိုနှုန်းလောက်ကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ဝန်ကြီးက ဆက်ပြောပါတယ်။ “ညီဝါးကျေးရွာကနေဒီဘက်ထိဆိုရင်တော့ လားနဲ့ပဲသယ်ရမှာလားတစ်ကောင်က နဂါးပုံးသုံးပုံးသယ်နိုင်တယ် တချို့အားနည်းတဲ့လားဆိုရင်တောင် နှစ်ပုံးတော့သယ်နိုင်တယ် အဲ့တော့လမ်းကြောင်းအခြေအနေအရ ညီဝါးရွာကနေ ပူတာအိုမြို့အထိတစ်ကျော့ကိုလေးရက်တော့ကြာမယ် ပူတာအိုမြို့ရဲ့ဓာတ်ဆီလိုအပ်မှု ၂၀ ရာခိုင်နှုန်းလောက်တော့ဖြေရှင်းပေးနိုင်တာပေါ့”လို့ ပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် ပူတာအို– မြစ်ကြီးနားကားလမ်းပိုင်းကို မတ်လ ၈ ရက်နေ့က KIAနှင့်စစ်ကောင်စီ နှစ်ဖက်တပ်တွေကပိတ်ထားခဲ့တာဖြစ်ပေမယ့် ကားလမ်းပိတ်ထားချိန် ၁ လကျော်ကြာမြင့်လာတဲ့ ဧပြီ လကုန်ပိုင်းမှာ KIAဘက်က ကားလမ်း ဖွင့်ကိုစစ်ကောင်စီတပ်နဲ့ညှိနှိုင်းခဲ့ပေမယ့် စစ်ကောင်စီဘက်က ခွင့်မပြုပဲ ယနေ့ထိပိတ်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပူတာအို–မြစ်ကြီးနားကားလမ်းပိုင်းကိုပိတ်ထားပြီးတော့ ဒေသခံတွေလိုအပ်နေတဲ့ အခြေခံစားသောက်ကုန်နဲ့ လယ်ယာထွန်းယက်ဖို့အရေးပေါ်လိုအပ်နေတဲ့ ဒီဇယ်ဆီတွေကိုတော့ လေကြောင်းနဲ့သယ်ယူကာ သတ်မှတ်စျေးနှုန်းနဲ့ရောင်းပေးနေပြီး ဓါတ်ဆီကိုတော့ လုံးဝသယ်ယူပေးတာမရှိပါဘူး။ “ဓာတ်ဆီတော့လုံးဝကိုမတင်ပေးတာ ဒီဇယ်ကလည်းဒေသခံတွေတင်ပြကြလို့လယ်ထွန်းဖို့လိုနေလို့တင်ပေးဒါပဲရှိတယ်။ လယ်ထွန်ဖို့မဟုတ်ရင်မရဘူး မရောင်းပေးဘူး စက်သုံးဆီတွေကလုံးဝကိုပိတ်ပင်ထားတယ် အခုခြေခံစားသောက်ကုန်တွေတော့တင်ပေးတယ်လေယာဥ်နဲ့ သူတိုဂိုဒေါင်သူတို့စာရေးနဲ့ရောင်းပေးနေတယ်စျေးကတော့ ပုံမှန်ထက်ကြီးတယ်”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိပူတာအို မြို့ပေါ်က ဆီလက်ကျန်သိုလောင်ရောင်းချနေသူတွေဟာ ဓာတ်ဆီ တစ်ပုလင်းကျပ် ၇၀၀၀၀ ကနေ ကျပ် ၁၀၀၀၀၀ ၊တစ်ပေပါ ကျပ်သိန်း ၁၀၀ ကျော်အထိစျေးတင်ရောင်းနေတာဖြစ်ပါတယ်။ ပူတာအိုမှာအခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေလည်း မေလ လဆန်းပိုင်းကတည်းကနေပြတ်တောက်နေပြီး လက်ရှိ အော်ရီဒူးလိုင်းတစ်ခုသာရရှိပြီးကျန်တဲ့ဖုန်းလိုင်းတွေလုံးဝပြတ်တောက်နေတယ်လို့သိရပါတယ်။ မတ်လ ၈ရက်နေ့က စတင်လိုက်တဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဟာ ပူတာအိုမြို့သိမ်းတိုက်ပွဲအထိ ဦးတည်လာပြီး ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ချန်းကျေးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ပြင် စစ်ကြောင်းဟာလက်ရှိ ဆွမ်ပီယန်အထိရောက်နေပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
16 Mayသတင်း
NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ မုံရွာ၊ ကျွန်းလှနဲ့ တစ်ခြားမြို့နယ်တွေကနေ ဟုမ္မလင်းမြို့နယ်ထဲကိုသယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားတဲ့နယ်မြေအတွင်းမှာပဲ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။ NUG စိုးမိုးနယ်မြေမဟုတ်ပဲ ပိတ်ပင်ထားတဲ့နယ်မြေတွေမှာ စက်သုံးဆီကိုသယ်ယူရောင်းချရင်တော့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆိုပြီး သယ်ယူရောင်းချခွင့်ရှိတဲ့နေရာတွေကိုလည်း အခုလိုထုတ်ပြန်ထား ပါတယ်။ “သယ်ယူရောင်းချခွင့်ရှိသော ဂိတ်ဆုံးနယ်မြေများမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆိုလျှင် ရွှေပြည်အေး မြို့ အထိ ကုန်းလမ်းကြောင်းဆိုပါက အောင်ပင်ကျေးရွာအထိသာ သယ်ယူရောင်းချခွင့်ပြုပါမည်။ ကန့်သတ်ထားတဲ့ နယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။ ခုလို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာ စက်သုံးဆီ သယ်ယူရောင်းချခွင့် တားမြစ်ခြင်းဟာထုတ်ပြန်ချက်ထုတ်တဲ့ မေလ ၁၅ ရက်နေ့ကစပြီး အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေနေနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။ ဒါကြောင့် ဟုမ္မလင်းမြို့နယ်ကာကွယ်ရေးတပ်ဘက်ကို KNG က ဆက်သွယ်ခဲ့ပေမဲ့ အခုလို စက်သုံးဆီသယ်ယူ ရောင်းချခွင့်တားမြစ်ချက်ဟာ ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တာဖြစ်တဲ့အတွက် သူတို့နဲ့မဆိုင်ဘူး လို့အကြောင်းပြန်ပါတယ်။ “ဟုတ်ကဲ့ဒါက ပအဖဘက်ကလုပ်ဆောင်တဲ့ကိစ္စပါ သူတို့ကိုပဲမေးပါဗျ။ ကျနော်တို့နဲ့မဆိုင်ပါဘူးဗျ” စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့တွေနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား မကြခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့ဒေသဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီနေ့အထိမြို့ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း ဟုမ္မလင်းမြို့နယ်အနီး ဖောင်းပြင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပူစောထီး ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကာကွယ်ရေးတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Apr- 2024 -29 Aprilစစ်ရေး
ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်
ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ဧပြီ…
Read More » -
11 Aprilသတင်း
ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်
မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပူတာအို–မြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က ၅ ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူး”လို့ပြောပါတယ်။ ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင် တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ကျွန်တော်တို့က သွားရေးလာရေးခက်ခဲလာတယ်လေ၊ ကျွန်တော်တို့က အလုပ်လုပ်မယ်ဆိုရင်လည်း အနည်းဆုံးက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဖြစ်တဲ့အတွက် နေ့စားဆိုလည်း အဲ့တာနဲ့ဘဲလိုက်ရတော့ အခု ဓာတ်ဆီမရှိတော့ ဘယ်လိုပြောရမလဲ နေ့စားရတာနဲ့ ဓာတ်ဆီဈေးက မကိုက်တော့ဘူးလေ၊ အဲ့လိုဖြစ်တာပေါ့”လို့ပြောပါတယ်။ ပူတာအိုမြို့ ကားလမ်းတွေမှာဆိုရင်ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်တွေ ရှားပါးလာနေပြီး တစ်ချို ဒေသခံတွေဆိုရင် အိမ်မှာရှိတဲ့ စက်ဘီးလေးတွေကိုထုတ်သုံးလာကြပြီဖြစ်သလို ခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် တောင်သူတွေအနေနဲ့လယ်ထွန်ဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် ပူတာအိုမှာ လက်ရှိ ခရမ်းချဉ်သီး တစ်လုံးတစ်ထောင်၊ ကြက်သွန်တစ်ပိဿာ ၂ သောင်းခွဲ သုံးသောင်း၊ ဆန်တစ်အိတ် ၁ သိန်းခွဲ၊ ကြက်ဥ သုံးလုံး ၅ ထောင်ထိရှိနေပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလို စက်သုံးဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်မှုတွေဟာ ရေရှည်ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာတာကြောင့် ကားလမ်းပိုင်းမှာခရီသည်ကားတွေကို ဖြတ်ခွင့်မပြုရင်တောင် ကုန်ကား၊ ဆီကားတွေကိုတော့ ဖြတ်ခွင့်ပြုပေးစေလိုပြီး ကားလမ်းပိုင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။ မြစ်ကြီးနား–ပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIA၊KPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။ By – Bu Bu
Read More » -
Aug- 2023 -11 Augustသတင်း
တနိုင်းမှာ စက်သုံးဆီသယ်ခွင့်ပိတ်လိုက်တဲ့နောက် ဒေသခံတွေ သွားလာရေးအခက်အခဲကြုံနေ
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲထဲမှာ စစ်ကောင်စီတပ်က စက်သုံးဆီ သယ်ယူခွင့် ၂ လနီးပါးကြာပိတ်ထားတဲ့အတွက် ဒေသခံတွေအဓိကသွားရေးလာရေး ခက်ခဲလာတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ တနိုင်းမြို့နယ်နှင့်ရှင်ဗွေယန်နယ်တွေထဲ စက်သုံးဆီသယ်ယူခွင့်ကို ဇွန်လ တတိယ ပတ်ကတည်းက တားမြစ်ပိတ်ပင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ စက်သုံးဆီပြတ်လပ်နေသလို ဆီလက်ကျန်ရောင်းသူတွေကလည်း…
Read More » -
1 Augustသတင်း
နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ
စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။ နန်းယွန်း–ရှင်ဗွေယန်ကားလမ်းပိုင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကားလမ်းမြေပြိုမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ ကားလမ်းပိုင်းသေချာပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင်ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်နှင့်စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်သွားတာလို့ နန်းယွန်းမြို့နေ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ကုန်ကားကြီးတွေကမဝင်သေးဘူးဗျလမ်းကတံတား အဆင်မပြေသေးဘူးကြာအုံး မယ်ကြားတယ်။ဓာတ်ဆီကတော့တစ်ဂါလံ ၂၀၀၀၀ ကျော်သွားပြီး ဓာတ်ဆီတက်မှတော့ တခြာစားသောက်ကုန်လည်း ပြောစရာမလိုတော့ဘူးပေါ့ အကုန်တက်တယ်”လို့ ပြောပါတယ်။ ကားလမ်းစပြိုပြီးနောက်တစ်ပတ်အတွင်း ဆန်တစ်အိတ် ကျပ်…
Read More » -
Jul- 2023 -11 Julyသတင်း
တနိုင်းတွင် စစ်ကောင်စီတပ်က သိုလှောင်ထားသည့် စက်သုံးဆီများရောင်းချပြီး ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီစျေးနှုန်းအဆမတန်မြင့်တက်နေ
တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က စက်သုံးဆီသယ်ယူခွင့်ကို ၁၀ ရက်ကျော်ခန့်အကြာအထိ ပိတ်ဆို့ထားပြီး ၎င်းတို့ သိုလှောင်ထားသည့် စက်သုံးဆီများကို ပြန်လည်ရောင်းချကာ ဝင်ငွေရှာနေသည့်အတွက် စက်သုံးဆီများ အဆမတန်စျေးနှုန်မြင့်တက်နေသည်ဟု သိရသည်။ ပြီးခဲ့သော ဇွန်လကုန်ပိုင်း ၂ ပတ်ခန့်မှစတင်ကာ တနိုင်းမြို့နယ်တွင် စက်သုံးဆီးများ၊…
Read More » -
Apr- 2023 -13 Aprilသတင်း
နန့်ယားစစ်တပ်ဂိတ်တွင် စက်သုံးဆီများ ထပ်မံပိတ်ဆို့ထားသည့်အတွက် စက်သုံးဆီပြတ်လပ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ တင်သွင်းမည့် စက်သုံးဆီကားများကို နန့်ယားစစ်တပ်ဂိတ်တွင် သွားခွင့်ပိတ်ဆို့ထားသည့်အတွက် ဖားကန့်မြို့တွင် စက်သုံးဆီများပြတ်လပ်မှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှသိရသည်။ နန့်ယားစစ်တပ်ဂိတ်တွင် ပြီးခဲ့သော ၄ ရက်နေ့နောက်ပိုင်း ဖားကန့်ကို တင်သွင်းမည့် ဓာတ်ဆီ၊ ဒီဇယ် တင်ကားများကိုတားမြစ်ထားသောကြောင့် ဧပြီလ…
Read More » -
Feb- 2023 -17 Februaryသတင်း
ဖားကန့်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီ စျေးအဆမတန်မြင့်တက်နေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုတစ်ပတ်အတွင်း ဆန်နှင့် စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်လာသည်ဟု ဒေသခံများပြောသည်။ ယခင်အပတ်က ဧရာမင်း၊ ငွေတိုးစသည့် ဆန်အမျိုးအစားများ တစ်အိတ်လျင် ကျပ် ၇၀၀၀၀ ကျော်မှ ၇၅၀၀၀ ကျပ် ၊ ပေါဆန်းမွှေးတစ်အိတ်လျှင် ကျပ် ၈၀၀၀၀…
Read More »