သတင်း

ပူတာအိုမှာ စက်သုံးဆီနဲ့ ကုန်ပစ္စည်းပြတ်လပ်

မြစ်ကြီးနား– ပူတာအိုသွားတဲ့ ကားလမ်းပိုင်းပိတ်ထားတာတစ်လကျော်ကြာမြင့်လာတာနဲ့အမျှ ပူတာအိုမြို့မှာစက်သုံးဆီနဲ့ ကုန်စည်ပစ္စည်းတွေလုံးဝပြတ်လတ်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။

ပူတာအိုမြစ်ကြီးနားသွား ကားလမ်းပိုင်းကိုပိတ်လိုက်တဲ့နေ့ မတ်လ  ရက်နေ့နောက်ပိုင်း စက်သုံးဆီတွေကိုအကန့်အသတ်နဲ့ဝယ်ယူခွင့်ရခဲ့ပေမဲ့ ဧပြီလ ၁၀ ရက်နေ့ကစ ဆီဆိုင်တွေအားလုံးနီးပါးပိတ်ထားလိုက်ပြီဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ဆီတွေက လုံးလုံးပြတ်သွားတာပေါ့နော်၊ အရင်က ရောင်းလက်စလူတွေက လက်ကျန်လေးတွေပေါ့ တစ်ဂါလံနှစ်ဂါလံ အဲ့တာလေးတွေကို ဒီဘက်မှာတော့ ပုလင်းလေးတွေနဲ့ လီတာနဲ့ရောင်းတာမဟုတ်ဘူး ပုလင်းထဲမှာထည့်ပြီး တစ်လုံးကို တစ်သောင်း၊ တစ်သောင်းခွဲ ရောင်းပေးနေတာပေါ့၊ ကိုယ်က  ဂါလံလောက်လိုချင်တယ်ဆိုရင် လုံးဝမရဘူးလို့ပြောပါတယ်။

ပူတာအိုမြို့မှာ စက်သုံးဆီမပြတ်ခင်  တစ်ဂါလံ ၆သောင်း၊ တစ်ပုလင်းကို ၁၀၀၀၀ ကျပ်ထိရှိခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်သွားတဲ့အတွက် မြို့တွင်း ဆိုင်ကယ်၊ ကားတွေနဲ့ သွားလာသူတွေမရှိသလောက်နည်းပါးနေပြီး သွားရေးလာရေးအခက်အခဲတွေ ကြုံနေရတယ်လို့ မချမ်းဘောဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

ကျွန်တော်တို့က သွားရေးလာရေးခက်ခဲလာတယ်လေ၊ ကျွန်တော်တို့က အလုပ်လုပ်မယ်ဆိုရင်လည်း အနည်းဆုံးက ဆိုင်ကယ်စီးပြီး အလုပ်သွားရတာဖြစ်တဲ့အတွက် နေ့စားဆိုလည်း အဲ့တာနဲ့ဘဲလိုက်ရတော့ အခု ဓာတ်ဆီမရှိတော့ ဘယ်လိုပြောရမလဲ နေ့စားရတာနဲ့ ဓာတ်ဆီဈေးက မကိုက်တော့ဘူးလေ၊ အဲ့လိုဖြစ်တာပေါ့လို့ပြောပါတယ်။

 ပူတာအိုမြို့ ကားလမ်းတွေမှာဆိုရင်ဖြတ်သွားဖြတ်လာ ကား၊ ဆိုင်ကယ်တွေ ရှားပါးလာနေပြီး တစ်ချို ဒေသခံတွေဆိုရင် အိမ်မှာရှိတဲ့ စက်ဘီးလေးတွေကိုထုတ်သုံးလာကြပြီဖြစ်သလို ခုလိုစက်သုံးဆီပြတ်လပ်နေတာကြောင့် တောင်သူတွေအနေနဲ့လယ်ထွန်ဖို့ခက်ခဲနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပူတာအိုမှာ လက်ရှိ ခရမ်းချဉ်သီး တစ်လုံးတစ်ထောင်၊ ကြက်သွန်တစ်ပိဿာ  သောင်းခွဲ သုံးသောင်း၊ ဆန်တစ်အိတ်  သိန်းခွဲ၊ ကြက်ဥ သုံးလုံး  ထောင်ထိရှိနေပေမဲ့ အကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုလို စက်သုံးဆီပြတ်လပ်တာ၊ ကုန်စည်ပြတ်လပ်မှုတွေဟာ ရေရှည်ဒေသခံပြည်သူတွေအတွက် ထိခိုက်မှုတွေရှိလာတာကြောင့် ကားလမ်းပိုင်းမှာခရီသည်ကားတွေကို ဖြတ်ခွင့်မပြုရင်တောင် ကုန်ကား၊ ဆီကားတွေကိုတော့ ဖြတ်ခွင့်ပြုပေးစေလိုပြီး ကားလမ်းပိုင်းကိုလည်း အမြန်ဆုံးဖွင့်ပေးစေချင်တယ်လို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

မြစ်ကြီးနားပူတာအိုသွား ကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ၇ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးအခြေအနေတွေကြာင့် ပိတ်ထားတာဖြစ်ပြီး လက်ရှိချိန်ထိ ပူတာအိုမြို့နယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေထဲမှာ စစ်ကောင်စီ တပ်နှင့် KIAKPDF တပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button