စခန်းသိမ်း

  • Jan- 2024 -
    15 January
    သတင်း

    နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်

    ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အထိုင်တပ်ဖြစ်တဲ့ ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီတပ်စခန်းကို KIA က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်ကတည်းက တိုက်ခိုက်နေတာဖြစ်ပြီး ဒီမနက် ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲလောက်မှာ နမ့်ဖတ်ကာ တပ်ရင်းစခန်းထဲကို KIA က ဝင်ရောက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက လေယာဉ်နဲ့ ဆက်လက်ပစ်ခတ်နေတဲ့အတွက် နယ်မြေရှင်းလင်းဖို့ လိုအပ်နေသေးတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကို အခုလို ပြောပါတယ်။ “သတင်းကတော့ မှန်ပါတယ်။ ဒီမနက် ၅ နာရီလောက်ကနေ အပြင်းအထန်ပြန်တိုက်ပြီး ဒီမနက် ၉နာရီ ၂၄ မိနစ်မှာ သိမ်းပိုက်နိုင်ပြီ။ အပြီးစီးတော့ မဟုတ်သေးဘူးပေါ့။ စစ်တပ်စခန်းထဲ ဝင်ရောက်စီးနင်းနိုင်ပြီ သိမ်းနေဆဲအခြေအနေပေါ့ ဒါပေမဲ့အခြေအနေက မပြီးစီးသေးဘူး”လို့ KIA တပ်မဟာ ၄ ၊ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက KNG ကိုပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကြီးကို KIA အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို KNG က ဆက်သွယ်မေးမြန်းရာမှာတော့“သိမ်းပိုက်ရရှိပြီလို့ သတင်းတော့ ကျနော်တို့ဆီမှာ မရောက်လာသေးဘူး။ ပြီးခဲ့တဲ့ ရက်ကတည်းက နမ့်ဖတ်ကာမှာ တိုက်ပွဲတော်တော်ပြင်းထန်နေဆဲအခြေအနေတော့ ဟုတ်တယ်။” လို့ ပြောပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းကို KIA တပ်မဟာ ၄ ၊ တပ်မဟာ ၆ နဲ့ တပ်မဟာ ၁၀ ပူးပေါင်းတပ်ဖွဲ့တွေက ရက်ပေါင်း ၂၀ ရက်နီးပါး ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ အပြင်းအထန်လာရောက် ဗုံးကြဲခဲ့တဲ့အတွက် ဒေသခံပြည်သူ  ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေလည်း ရှိပါတယ်။ လေယာဉ်ဗုံးကျဲမှုကြောင့် နမ့်ဖတ်ကာကျေးရွာထဲက…

    Read More »
  • Dec- 2023 -
    1 December
    သတင်း

    ရွှေကူနယ်က စစ်တပ်ရဲ့ အထိုင်တပ်စခန်းတစ်ခုကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှနယ် ရွှေငြိမ်းချမ်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့တပ်စခန်း တစ်ခုကို ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်မှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြို့လှကာကွယ်ရေးတပ် ဘက်က KNG ကိုအတည်ပြုပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့ ဒီကနေ့မနက်ပိုင်း…

    Read More »
  • Nov- 2023 -
    1 November
    သတင်း

    ပန်ဆိုင်းမြို့ စစ်တပ်နဲ့ရဲစခန်း ညီနောင်မဟာမိတ်တိုက်ခိုက်သိမ်းပိုက်

    ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းကို ညီနောင်မဟာမိတ်တွေက အောက်တိုဘာ ၃၁ မနေ့ည ၈ နာရီမှာ ဝင်ရောက်တိုက်သိမ်းပိုက်ပြီး ရဲစခန်းလည်း မီးလောင်သွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီနောက်နိုဝင်ဘာလ ၁ ရက် ဒီနေ့မနက် ၈ နာရီမှာတော့ စစ်တပ်က ဂျက်လေယာဉ် တစ်စီးနဲ့ ရဲစခန်းတဝိုက်လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ ၄ ဦးထိခိုက်ထိခိုက်ဒဏ်ရာရရှိထားပြီး နေအိမ်တစ်ချို့လည်းထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည ပန်ဆိုင်းရဲစခန်းကိုတော့ ညီနောင်ကိုးကန့်တွေသိမ်းပိုက်လိုက်ပြီ။ စခန်းကိုလည်း မီးရှို့လိုက်ပြီပြောတယ်။ စစ်တပ်စခန်းကိုတော့ မသိမ်းနိုင်သေးဘူး။ ဒီမနက် ၈ နာရီလောက်မှာ လေယာဉ်နဲ့ လာပစ်သွားတယ်။ ရပ်ကွက် ၄ က နေအိမ်တစ်အိမ်ထိပြီး ပြည်သူ ၄ ဦးမှာ ထိသွားတယ်။” လို့  ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်တပ်လေယာဉ်နဲ့ဗုံးကြဲတာကြောင့်  ဒေသခံအမျိုးသား ၁ ဦး ၊ အမျိုးသမီး ၂ ဦး၊ ၇ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း ၄ ဦးထိခိုကဒဏ်ရာရရှိခဲ့ပါတယ်။  ကြူကုတ်ပန်ဆိုင်းမြို့က စစ်ကောင်စီတပ်စခန်းနဲ့ မြို့မရဲစခန်းကို ညီနောင်မဟာမိတ်အဖွဲ့ ကိုးကန့် MNDAA ၊ တအာင်း TNLA အပါအဝင် AA တို့ အောက်တိုဘာ ၃၀ ရက်နေ့ကစပြီး ဒရုန်းစစ်ဆင်ရေးနဲ့ စတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲ့ဒီလို တိုက်ခိုက်နေရာမှ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း ထွက်ပြေးသွားပြီး ရဲစခန်းကိုလည်း  မဟာမိတ်အဖွဲ့တွေဝင်စီးကာ မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ လက်ရှိထိ ပန်ဆိုင်းမြို့ထဲ ညီနောင်မဟာမိတ်အဖွဲ့တွေ ဝင်ရောက်စီးနင်းနေပြီဖြစ်သလို စစ်ကောင်စီတပ်စခန်းကိုလည်း တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။  ဒေသခံတွေ ပြောဆိုချက်အရ ပန်ဆိုင်းမြို့က အဲ့ဒီရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို သိမ်းပိုက်ရရှိပါက ပန်ဆိုင်းမြို့ကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ပြောပါတယ်။ “ပန်ဆိုင်းက အဲ့ဒီ စစ်တပ်စခန်းနဲ့ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဆိုရင်တော့ ပန်ဆိုင်းက ကိုးကန့်လက်ထဲဖြစ်ပြီ။ အခုလည်း မြို့ထဲဝင်စီးနေပြီး။ ပန်ဆိုင်းစစ်တပ်စခန်းတွေလည်း ရှိနေသေးတယ်။ ကိုးကန့်ဘက်က ဒရုန်းနဲ့အဲ့ဒီစစ်တပ်စခန်းကုန်းကို ပစ်ခတ်တိုက်ခိုက်နေတုန်း။” လို့ ဒီနေ့ ၁၁ နာရီလောက်မှာ အဲ့ဒီဒေသခံအမျိုးသားက ကချင်သတင်းဌာနကို ဖြေဆိုခဲ့ပါတယ်။ လက်ရှိမှာ ပန်ဆိုင်းမြို့က ဒေသခံပြည်သူအားလုံးနီးပါးကတော့ အောက်တိုဘာ ၃၀ ရက်နေ့ကတည်းက တရုတ်ဘက်ကို ညှိနှိုင်းတောင်းဆိုပြီး တရုတ်ဘက်ခြမ်းကို စစ်ရှောင်ခိုလှုံနေကြတယ်လို့ ဆက်လက်သိရပါတယ်။ ရှမ်းမြောက်မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ…

    Read More »
  • Sep- 2023 -
    16 September
    သတင်းထီးချိုင့်

    လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

    မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် နမ့်ဆန်ယန်ကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီမနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။ စစ်ကောင်စီ စစ်အင်အား ၅၀ လောက်တပ်ချထားတဲ့ အောင်ဂျာတပ်စခန်းကို မနက် ၈ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။ “စခန်းကို ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတာနဲ့…

    Read More »
Back to top button