တိုက်ပွဲသတင်း

လိုင်လွမ့်အောင်ဂျာ စစ်ကောင်စီတပ်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် နမ့်ဆန်ယန်ကျေးရွာတစ်ဖက်ကမ်းရှိ လိုင်လွမ့်အောင်ဂျာ (Lailum AungJa) စစ်ကောင်စီတပ်စခန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီမနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့သိရပါတယ်။

စစ်ကောင်စီ စစ်အင်အား ၅၀ လောက်တပ်ချထားတဲ့ အောင်ဂျာတပ်စခန်းကို မနက် ၈ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရဲ့ ရှေ့တန်းသတင်းအရင်းအမြစ်တစ်ယောက်က ပြောပါတယ်။

စခန်းကို ၈ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတာနဲ့ ဂျက် ၂ စီးနဲ့ လာပြီးတော့ ဗုံးကျဲတိုက်ခိုက်နေတာဟုတ်တယ်။ ပထမအရင်လာတဲ့ တစ်စီးက ၂ ကြိမ်ဆက်တိုက်လာကျဲသွားတယ်။ နောက်ဆုံးလာတဲ့ တစ်စီးလည်း နေရာအနှံ့ဝင်ပစ်သွားတယ်” လို့ ပြောပါတယ်။

လက်ရှိ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ နှစ်ဖက်စစ်တပ် လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်နေဆဲဖြစ်တဲ့အတွက် ထိခိုက်မှုအခြေအနေကို သိရှိဖို့ရန် ခက်ခဲနေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်တဲ့နေရာကို လေကြောင်းလိုင်းနဲ့ လာရောက်ဗုံးကျဲတိုက်ခိုက်တာကို ဒီကနေ့ မနက်ပိုင်း ၈ နာရီလောက်ကနေ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေါ့ဖုန်းယန် ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။

“အသံတွေကြားရလာရတာက ၈ နာရီလောက်ကတည်းကနေ ဟုတ်တယ်။ နမ်ယန်ဘက်ကို ဖြစ်တယ်လို့ တော့ကြားတယ်။ ဒီကနေတော့ နည်းနည်းလှမ်းတော့ သေချာမသိရဘူး တိုက်ပွဲဖြစ်တာက သေချာတယ်”လို့ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ အောင်ဂျာရွာဟာ နမ်ဆန်ယန်ကျေးရွာရဲ့ ချောင်းတစ်ဖက်ကမ်းမှာဘဲ တည်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လောက်ကနေ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ စစ်ရေးတင်းမာမှု ဖြစ်ပွားလာတာဟာ ၃ လလောက်ကြာမြင့်လာခဲ့ပြီဖြစ်ပြီး မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် တစ်လျှောက်မှာလည်း ထိတွေ့တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button