စစ်ဘေးရှောင်

  • May- 2025 -
    15 May
    သတင်း

    ကောလင်းမြို့ လေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အဆောက်အဦးတစ်ချို့ ထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက ကညို့အင်းရွာကို မေလ ၁၄ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက် မှာ တံတားဦးကတက်လာတဲ့…

    Read More »
  • 9 May
    စစ်ပြေးဒုက္ခသည်များ

    နေရပ်စွန့်ခွာစစ်ရှောင်တွေအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ အလှူခံ

    မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့) အဖွဲ့က ကချင်ပြည်နယ်အတွင်း တိုက်ပွဲကြောင့် ယာယီနေရပ်စွန့်ခွာနေတဲ့ စစ်ရှောင်တွေအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ အလှူခံနေတာ ဖြစ်တယ်လို့ KNG ကို ပြောပါတယ်။ အလှူငွေကောက်ခံမှုကိုတော့ မေလ ၇ ရက် မြစ်ကြီးနားမြို့…

    Read More »
  • Apr- 2025 -
    11 April
    သတင်း

    ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ချို့ သောက်သုံး‌ရေရှားပါးတဲ့ပြဿနာ ကြုံနေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတစ်ချို့မှာ သောက်သုံးရေ ရှားပါးတဲ့ပြဿနာကြုံ‌နေရတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ အဓိကအားဖြင့် ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိနောင်ချိန်း၊လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ သောက်ရေနဲ့ သုံးရေ ရှားပါးတဲ့ ပြဿနာကို ကြုံနေရတယ်လို့ KNG ကိုပြောပါတယ်။…

    Read More »
  • 9 April
    သတင်း

    တနိုင်းလီဒိုလမ်းမပေါ်ရှိ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်များ နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာ အခက်ကြုံနေ

    ကချင်ပြည်နယ် တနိုင်းလီဒိုလမ်းမပေါ်ရှိ  ဝါရာဇွပ် နဲ့ လဝါးကျေးရွာအနီး တိုက်ပွဲတွေကြောင့်တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်များ နေရာထိုင်ခင်းနဲ့စားနပ်ရိက္ခာအခက်ကြုံနေတယ်လို့ စစ်ရှောင်များထံကနေ သိရပါတယ်။ တနိုင်းလီဒိုလမ်းမပေါ် ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မင်းဇေသန့်ပြည်သူ့စစ်တပ်တို့အကြား ဇန်နဝါရီလစတင်လာတဲ့ တိုက်ပွဲကြောင့် ဝါရာဇွပ်ဒေသခံတွေအပါအဝင် ကွမ်စိုင်ယန်၊ ဒွမ်ဘန်၊ လဝါးစတဲ့ကျေးရွာတွေထဲက ဒေသခံပြည်သူအများပိုင်း‌ တောမှာ ကတုတ်ကျင်းတူးပြီး မိုးကာတဲတွေနဲ့ တိမ်းရှောင်နေသူတွေရှိသလို နမ္မတီးမြို့ပေါ် ရှိ လမ်းခွ၊ ကံလှ၊ ဝအောင်…

    Read More »
  • Mar- 2025 -
    12 March
    သတင်း

    စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စစ်ဆေးနေဆဲလို့ဆို

    လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက်အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တဲ့ တရားခံကို KIO ဘက်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးရမိပြီး စစ်ဆေးနေတာ ၁၅ ရက်ခန့် ရှိလာပြီဖြစ်ပါတယ်။  “စစ်ဆေးနေတုန်း၊ တရားစီရင်ရေးဘက် မရောက်သေးဘူး။ စစ်ဆေးချက်အဖြေတွေလည်း မထုတ်သေးဘူး။ ဘာလို့ အခုလိုဖြစ်စေတယ်၊ အဖြေမှန်ထွက်မှ ဘယ်လိုဆုံးဖြတ် စီရင်ချက်ချမယ်ဆိုတာ လာမှာဖြစ်တယ် ဆိုတော့ အခုစစ်နေတုန်းအဆင့်ရှိတယ်။ ဘာလို့လုပ်တယ်၊ တရားခံက တစ်ယောက်တည်းလားဆိုတာတွေ စစ်ဆေးရေးအဖွဲ့တွေ လုပ်နေတုန်းပါ”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး KIO စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ထားကာ စစ်ဆေးနေဆဲဖြစ်ပြီး   လက်ရှိချန်ထိ စစ်ဆေးချက်အဖြေတွေလည်း မထုတ်လာသေးဘူးလို့ ဆိုပါတယ်။  ဂျေယန်စစ်ရှောင်စခန်းက ကလေးငယ် ၃ ဦး သတ်ဖြတ်ခံရပြီးနောက် မတ်လ ၁ ရက်နေ့မှာ လိုင်ဇာမြို့အနီး ဝိုင်ကြိုင်စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို စိတ်မနှံ့သူက မီးရှို့၊ ဓားလှီးသတ်ဖြတ်တဲ့ဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ပါတယ်။ အခုချိန် အဲဒီကလေးငယ်ကို သတ်ဖြတ်သူ စိတ်မနှံ့တဲ့တရားခံကိုလည်း သက်ဆိုင်ရာ KIO ဘက်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။  KIO ထိန်းချုပ်နယ်မြေတွေမှာ အခုလို ကလေးသူငယ်တွေကိုသတ်ဖြတ်တဲ့ဖြစ်ရပ်မျိုး နောက်တစ်ချိန် ထပ်မံမဖြစ်ပွားဖို့ တရားခံကို စံပြအနေနဲ့ သေဒဏ်ချမှတ်စေလိုတယ်လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးကလည်း သူ့ရဲ့အမြင်ဆန္ဒကို ထုတ်ဖော်ပြောဆိုထားပါတယ်။ “ကလေးငယ် ၃ ယောက်ကို သတ်တဲ့ လူသတ်တရားခံကို သူနဲ့ထိုက်တန်တဲ့၊ သူနှိပ်စက်ပြီး သတ်လိုက်တဲ့အမှုနဲ့ ထိုက်တန်တဲ့အပြစ်ကို ပေးခိုင်းစေချင်တယ်။ ပြီးရင် တခြားသူတွေ ဒီလိုအမှုကို ထပ်မကျူးလွန်အောင် မဖြစ်လာအောင် သူ့ကို စံပြအနေနဲ့ သေဒဏ်ပေးစေချင်တယ်။ ကျမအမြင်ကတော့။” လို့ လိုင်ဇာမြို့နေ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။ ဂျေယန်စစ်ဘေးရှောင်စခန်းက ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရသူ မိန်းကလေးငယ် ၃ ဦးဟာ မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်)၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန် ( အသက် ၁၁ နှစ်) နဲ့ မလထောက်ရွယ်ဂျီ( အသက် ၁၀ နှစ်) တို့ဖြစ်ပါတယ်။ ကလေးငယ်တွေကို တရုတ်ယွမ်ငွေ ၃ သိန်းနဲ့ အလဲအလှယ်လုပ်ပြီး လာခေါ်ယူဖို့ မိသားစုဝင်တွေဆီ တရားခံဖြစ်သူ ဦးအုန်းဆောင်းဒွဲအောင်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကလေးတွေကို တောထဲမှာတင် တစ်ယောက်ကိုတော့ ကြိုးဆွဲချသတ်ဖြတ်ထားပြီး ကျန် ၂ ယောက်ကိုတော့ ချောင်းရေထဲ ကျောက်တုံးနဲ့ဖိသတ်ထားတာကို မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတွေ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်မိန်းကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ တရားခံဟာ အရင်က KIA တပ်သားဟောင်းတစ်ဦးဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့် အရေးယူခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး KIA အမှုထမ်းကနေ ထုတ်ပယ်ခံထားရသူလို့လည်း စစ်ဘေးရှောင်တွေက ပြောဆိုနေကြပါတယ်။  အဲဒါအပြင် သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးထဲက မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်) ရဲ့ ဖခင်ဖြစ်သူနဲ့ ရန်ညိုးရှိရာကနေ အခုလို့ ဖြစ်ရပ်အထိ ဖြစ်ပွားလာတဲ့ အနေအထားဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ “KIO ထိန်းချုပ်နယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိအောင် ပိုပြီးတင်းကျပ်စွာလုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။ ဒီအတောအတွင်းမှာ ပြည်သူတွေ သတ်ခံရတာ၊ ကလေးငယ်တွေ သတ်ခံရတာတွေ ဖြစ်ပွားနေတော့ ဒီလိုတွေထပ်မဖြစ်လာအောင် တရားစီရင်ရေးမှာလည်း ပိုပြီးတင်းကျပ်စွာ ထိရောက်စွာ လုပ်ဆောင်ရလိမ့်မယ်လို့ မြင်တယ်။” Kachin Human Rights…

    Read More »
  • 10 March
    သတင်း

    တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး…

    Read More »
  • Feb- 2025 -
    26 February
    သတင်း

    သည်းထိပ်ဖွယ် ကလေး ၃ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို KIO အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ ဒေသခံများ တောင်းဆို

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကို ထိရောက်စွာ စစ်ဆေး အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ဂျေယန့်စစ်ဘေးရှောင်စခန်းက ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်…

    Read More »
  • 14 February
    သတင်း

    တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့က စတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လ ပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဆွမ်ပီယန် ကျေးရွာမှာ စစ်တပ်ဝင်ရောက်တပ်စွဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံရွာသားတွေ ယခုချိန်ထိ နေရပ်ပြန်ခွင့် မရသေးပဲ တောထဲမှာ…

    Read More »
  • Jan- 2025 -
    18 January
    သတင်း

    ဝိုင်းမော်စစ်ရှောင် နေအိမ်များ ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံနေရ

    စစ်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့ ဝိုင်းမော် စစ်ရှောင်တွေ ကျေးရွာဝင်ခွင့် တားမြစ်ခံရပေမယ့် နေအိမ်ဖောက်ထွင်းခံရပြီး တန်ဖိုးရှိ အိမ်တွင်းပစ္စည်းများ ခိုးယူခံနေရတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်၊ ဆဒုံး – ကန်ပိုင်တည် လမ်းမပေါ်  နမ်ဝါ၊ မုတ်ကျိတ်၊ တန်ဘောင်၊ လမြန်၊ ဝူယန် စတဲ့ ကျေးရွာတစ်လျှောက်က ပြည်သူတွေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လတိုက်ပွဲ စတင်ကတည်းက ဂွေထူ၊ နောင်းချိန်း၊ အင်ဂန်း စတဲ့ ကျေးရွာတွေမှာ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီ စစ်ရှောင်ပြည်သူတွေဟာ ယခင်က နေအိမ်ကို ခွင့်တောင်းပြီး ပြန်လာခွင့်ရှိပေမယ့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း လုံခြုံရေးအခြေအနေအရ ကျေးရွာ ဝင်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေ ရွာထဲကို ဝင်ရောက်ခွင့် မရှိတော့တဲ့နောက်ပိုင်း ကျေးရွာထဲမှာ နေရာယူထားတဲ့ နှစ်ဖက် စစ်တပ်က ဒေသခံတွေရဲ့ နေအိမ်တွေကို ထွင်းဖောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူနေကြတယ်လို့ ဂွေထူဒေသမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ရွာထဲကို မဝင်ခိုင်းတာက နှစ်ဖက်စစ်တပ်ဘက်က…

    Read More »
  • 15 January
    သတင်းဖားကန့်

    ဖားကန့်ဘက်ရောက်နေတဲ့ ဟုမ္မလင်းနယ်ထဲက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်နေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေအတွက် အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်နဲ့ ဟုမ္မလင်းမြို့နယ်ထဲအစပ် ပါဟုတ်ကြီးကျေးရွာ၊ လာရာတီးကျေးရွာနဲ့ ရေပေါ်မီးကျေးထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကတည်းက SNA စစ်ကောင်စီ ပူးပေါင်းတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်ဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့ ဖားကန့်…

    Read More »
Back to top button