စစ်ဘေးရှောင်

  • Jun- 2024 -
    25 June
    သတင်း

    ကောလင်းမြို့နယ်က စစ်ဘေးရှောင်တွေ အကူညီတွေလိုအပ်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်ထဲက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ နဲ့ အမိုးအကာအကူညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့တွေဆီကသိရပါတယ်။ ဘေးလွှတ်ရာတောတောင်တွေထဲဖြစ်သလို တဲထိုးပြီးနေထိုင်နေရတဲ့ ကောလင်းစစ်ဘေးရှောင်တွေဟာ မိုးတွင်းရောက်လာတာနဲ့အတူ အကူညီတွေပိုပြီးလိုအပ်လာပြီး အစားအသောက်နဲ့ အမိုးအကာတွေက အဓိကလိုအပ်ချက်ဖြစ်တယ်လို့ ကောလင်းအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တစ်ယောက်ကပြော ပါတယ်။ “ဒီဘက်မှာက အကူညီပေးတဲ့အဖွဲ့တွေကမရောက်ခဲ့တဲ့အခါကျတော့ အကူအညီတွေကတော့ လိုအပ်ချက် တွေပဲဖြစ်နေတာပေါ့။ နောက်ဒီမှာက ဖြစ်သလိုပဲ အင်ဖက်တွေနဲ့မိုးပြီးနေရတဲ့အနေအထားဖြစ်တယ်။ ဒီနေရာမှာ စားရေးသောက်ရေးနဲ့ပတ်သက်ပြီး တကယ်ခက်ခဲတဲ့သူတွေလည်းရှိတယ် အကူညီတွေက တော်တော်ကြီးကိုလိုအပ်နေတာ”လို့ပြောပါတယ်။ ဒါ့အပြင် သောက်သုံးရေရရှိဖို့ခက်ခဲတဲ့အတွက် စစ်ဘေးရှောင်တွေ ကျန်းမာရေးထိခိုက်တာတွေအထိ ဖြစ်လာပြီး အဲ့ဒီအတွက်လည်း ဆေးဝါးအကူညီတွေလိုအပ်ချက်တွေရှိတယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ကောလင်းဒေသခံတွေဟာ မြို့နယ်အတွင်းက စစ်ကောင်စီနဲ့လွှတ်ကင်းတဲ့နေရာတွေဆီ တိမ်းရှောင်ရတာဖြစ်တဲ့အတွက် ချောင်ကျတဲ့နေရာတွေကိုတိမ်းရှောင်ကြတဲ့ဒေသခံတွေဆိုရင် အကူအညီ မရတာမျိုးတွေရှိတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကအခုလိုပြောပါတယ်။ “ကျမတို့ပြေးတဲ့နေရာကျတော့ ချောင်လည်းကျတယ်။ ကျမတို့ဘက်မှာ ဆန်တော့တစ်ခေါက် ရဖူးပါ တယ်။ တော်တော်လေးအဆင်မပြေတဲ့မိသားစုတွေရှိတယ်။ ကျမတို့လည်းပါလာတဲ့ပစ္စည်းတွေကို ဝေငှရင်းနဲ့ မမျှ နိုင်တော့ဘူး ကိုယ့်ဟာကိုယ်အနိုင်နိုင်ပေါ့။ တစ်ခြားဘက်မှာလည်းလာလှူပေမယ့် ကျမတို့ဘက်မှာကျတော့ ချောင်လည်းကျတယ် လမ်းမကောင်းတော့မရောက်ရှိသေးတာပေါ့နော်”လို့ပြောပါတယ်။ ကောလင်းမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ပထမအပတ်လောက်က KIA နဲ့ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ကာ ၃ လကြာထိန်းချုပ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ် ဆီ ပြန်လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီလို လက်လွှတ်ခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်က ကောလင်းမြို့တွင်းရပ်ကွက်နဲ့ ရွာတစ်ချို့က ကနေအိမ်တွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေဒုနဲ့ဒေးဘေးလွှတ်ရာထွက်ပြေးခဲ့ ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လက်ရှိ ကောလင်းမြို့နယ်မှာ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတဲ့ လူဦးရေ ၄ သောင်း ဝန်းကျင်လောက်ရှိပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဘေးလွှတ်ရာထွက်ပြေးနေရတဲ့ လူဦးရေ သုံးသန်းကျော်ရှိနေပြီလို့ဖော်ပြထားပါတယ်။ By – အမိုး

    Read More »
  • 24 June
    သတင်း

    ရေကြီးရေလျှံဖြစ်နေတဲ့ နောင်ဟီးကျေးရွာစစ်ဘေးရှောင်များ နေရာအခက်ခဲဖြစ်နေ

    ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာမှာစစ်ဘေးရှောင်နေတဲ့ နောင်ဟီးစစ်ဘေးရှောင်စခန်းထဲ မိုးရေဝင်ရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရာထိုင်ခင်းအခက်ခဲကြုံနေရတယ်လို့ နောင်းဟီးစစ်ရှောင်ပြည်သူတွေကပြောပါတယ်။ ဇွန်လ ၂၄ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကနေ အင်ဂန်းရွာတစ်ဝိုက်မိုသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေတွေက နောင်ဟီးပြည်သူတွေတိမ်းရှောင်နေတဲ့  စစ်ရှောင်စခန်းထဲအထိ ရေဝင်ရောက်ခဲ့တဲ့အပြင် မိုးကာတဲအမိုးကနေ မိုးရေတွေယိုစိမ့်ပြီး ထမင်းချက်စားတဲ့ နေရာအထိ ရေနစ်မြှုပ်တာတွေကြုံတွေ့နေရတယ်လို့ နောင်ဟီး စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “မိုးတွေလည်းယိုတယ် မိုးကာနဲ့ဘဲ လုပ်ထားတော့ တချို့မိုးကာတွေက အရည်အသွေးမကောင်းတော့ အသစ်ဆိုရင်တောင်ယိုတယ် ကျွန်တော်တို့မှာ လိုအပ်နေတဲ့ အရာတွေဆိုပြောလိုတောင်ကုန်မှာမဟုတ်ဘူး”လို့ ဆိုပါတယ်။ လက်ရှိ နောင်ဟီးကျေးရွာပြည်သူတွေ ဆောက်လုပ်ထားတဲ့စစ်ရှောင်စခန်းဟာ ဘောလုံးကွင်းပြင်လိုမျိုးဖြစ်နေပြီး မြေနိမ့်ပိုင်းမှာဆောက်ထားတဲ့အတွက် အခုလိုမိုးရွာသွန်းချိန်တိုင်း ရေကြီးရေလျှံမှု မကြာခဏကြုံတွေ့နေရသလို ဒီတစ်ကြိမ်ဟာအဆိုးရွားဆုံးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။  စစ်ဘေးရှောင်တွေဟာ မိုးရေတွေကြောင့် အမိုးအကာပျက်စီးတာ၊ နေရာထိုင်ခင်း၊ အစားသောက်အပြင် သောက်ရေ၊ သုံးရေကအစ ခက်ခဲနေကြတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်…

    Read More »
  • 17 June
    သတင်း

    နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာ သုံးပုံတစ်ပုံလောက်က ဝမ်းလျှောနေကြတယ် အချို့ အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။ နောင်ဟီးကျေးရွာ  စစ်ရှောင်ပြည်သူတွေဟာ  အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။ အင်ဂန်ကျေးရွာရောက်နေတဲ့ စစ်ရှောင်တွေနေထိုင်ဖို့အတွက် အဆောင်တွေဆောက်ထားပေမယ့်လည်း အိမ်သာနဲ့ ရေတွင်းတွေဆောက်လုပ်နေဆဲဖြစ်တာကြောင့် ရွာမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေမှာဘဲ လူခွဲပြီးနေနေကြတယ်လို့ သိရပါတယ်။ လက်ရှိ စစ်ရှောင်ပြည်သူတွေဟာ ဧရာဝတီမြစ်ရေကိုသာ သောက်ရေ၊သုံးရေအဖြစ်အသုံးပြုဖို့ ကျိုချက်ပြီးအသုံးပြုနေတဲ့ကြားက  ဝမ်းပျက်ဝမ်းလျှောဆက်ဖြစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ဝမ်းပျက်ဝမ်းလျှာ ရောဂါဖြစ်ပွားတာနဲ့ ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှ တော့ အဓိကအားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ သောက်ရေသုံးရေ မသန့်ရှင်းတဲ့အတွက် ဖြစ်ပွားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် မြစ်ရေတွေကို ကျိုချက်လိုက်တဲ့အခါ ရေထဲမှာပါတဲ့ ရောဂါပိုးတွေကို သေစေနိုင်ပေမယ့်လည်း ရေထဲမှာပါတဲ့ ဓာတုအဆိပ်ကိုတော့ မပျောက်ပျယ်နိုင်ဘူးလို့ ပြောပါတယ်။  အခုလို မြစ်ရေထဲမှာ ဓာတုအဆိပ်တွေ များပြားနေတာဟာ ရွှေတူးတဲ့အခါ အသုံးပြုတဲ့ ပြဒါးတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။  ဒါကြောင့်  ကောင်းမွန်ပြီး သန့်ရှင်းတဲ့သောက်ရေသန့်ကို ရရှိဖို့အတွက်  ကျောက်မီးသွေး၊ကျောက်ခဲ ၊သဲကျောက်၊ သဲ နဲ့ဖွဲကြမ်းလို ဟာမျိုးတွေကို အသုံးပြုပြီး  အနည်းဆုံး အဆင့် ငါးဆင့်လောက်ထိရေကို စစ်ထုတ်နိုင်ပါက ပိုပြီး အန္တရာယ်ကင်းနိုင်တယ်လို့ သူက အကြုံပြုပါတယ်။ ဒါအပြင် ဝမ်းပျက် ဝမ်းလျှောဖြစ်တဲ့ အခါတွေမှာလည်း အဓိကအားဖြင့် ရေဓာတ်ခမ်းခြောက်တာဖြစ်တဲ့ အတွက် ဓာတ်ဆားကိုအဓိက သောက်သုံးပေးပြီး ဓာတ်ဆားမရှိပါက  ဆား၊ သကြားနဲ့ ရေကို အသုံးပြုလို့ ရတယ်လို့ သူက ဆက်ပြောပါတယ်။ “အဖျားမတက်ဘူးဆိုရင် အဓိကတော့ ဓာတ်ဆားရေ များများသောက်ဖို့ လိုတယ် ဒါမမဟုတ် အဖျားတက်ပြီး ဝမ်းလျှောပြီဆိုရင် သေချာပြီး ဗိုက်မှာ ပိုးဝင်တာ ဖြစ်တဲ့ အတွက် ပိုးသတ်ဆေးတွေ သောက်ဖို့ လိုပြီး သေချာဆေးရုံမှာ ကုသဖို့ လိုတယ်”လို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့က ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ တစ်ပိုင်တစ်နိုင်ဆေးပေးခန်းတွေ ရှိနေပေမယ့်လည်း  လူဦးရေများပြားတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ အရမ်းလိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ KIA  တပ်အကြား တိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်က နောင်ဟီး၊စန်းကားကျေးရွာတွေအပါအဝင် ရွာပေါင်း ၃၀ ဝန်းကျင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပြီး မိုးတွင်းကာလရောက်နေတာကြောင့် ဖျားနာသူတွေများလာနေတာဘဲဖြစ်ပါတယ်။ By – Hope

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ

    ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang) လဘန်ရွာစတဲ့ရွာတစ်လျှောက်မှာ ထွက်ပြေးခိုလုံနေကြတာဘဲဖြစ်ပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ သယ်ယူလာတဲ့အစားအသောက်တွေလည်း ပြတ်လပ်လာတဲ့အပြင် စစ်ရေးတင်းမာနေဆဲချိန်ဖြစ်တာကြောင့် အလုပ်အကိုင်တွေရရှိဖို့လဲခဲယဉ်းတဲ့အတွက် စားဝတ်နေရေးစိုးရိမ်ပူပန်နေရတယ်လို့ ခကွမ်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “စားနပ်ရိက္ခာတွေကတော့ အရင်ကတည်းက အိမ်ကအနည်းယူလာတဲ့ဟာတွေကို စားနေကြတာပေါ့။ အဲတာတွေကုန်ရင်တော့ ဒုက္ခရောက်ပြီပေါ့ အိမ်ကိုလည်း သွားသွားလာလာလုပ်လို့မရ  စိုးရိမ်ရတော့ရှိနေတဲ့ ဆန်တွေတောင်မသွားယူရဲဘူးပေါ့”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုစစ်ရှောင်နေတဲ့စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာပြတ်လပ်လာရုံသာမက နေရာထိုင်ခင်းတွေလည်း ဝါး၊ မိုးကာတွေနဲ့သာဆောက်လုပ်ပြီးနေထိုင်နေတာဖြစ်တဲ့အတွက် မိုးသက်လေပြင်းကျရောက်ချိန်တိိုင်း နေရာ၊ထိုင်ခင်းအဆင်မပြေဖြစ်ရတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “အဆောင်တွေဆိုရင်လည်း မိုးကာတွေနဲ့ဘဲ တစ်ချို့ဆိုရင်နံရံတွေမှာ ဘာမှမကာထားဘူး မိုးရွာပြီဆိုရင် မိုးတွေယိုတယ်။ မိုးကာတွေကလည်း လှန်တော့ အဆင်မပြေဘူး”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ နေရာထိုင်ခင်းအဆင်မပြေမှုတွေနဲ့အတူ တစ်ဖက်မှာလည်း သောက်ရေသုံးရေ၊အိမ်သာအခက်အခဲနဲ့ ခြင်တွေပေါ်များမှုကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတစ်ချို့ ဝမ်းလျှောဝမ်းပျက်ဖြစ်ပြီး ဖျားနေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ပြည်သူတွေ ဆီကနေ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ ယာယီဆေးပေးခန်းတွေရှိပေမယ့် လူဦးရေများတဲ့အတွက် ဆေးဝါးလုံလောက်မှုမရှိဘဲ ဆေးဝါးလိုအပ်ချက်‌တွေရှိနေတယ်လို့ သိရပါတယ်။ စစ်ရှောင်တွေရဲ့ ဆေးဝါးလိုအပ်ချက်‌နဲ့ပက်သက်ပြီး ကချင်တောင်ပေါ်ဒေသက ပြည်သူတွေရဲ့ကျန်းမာရေးအတွက် လှည့်လည်ဆေးကုသပေးနေတဲ့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့(Kachin Backpack) အဖွဲ့ရဲ့တာဝန်ရှိသူကို မေးမြန်းကြည့်ရာမှာတော့ အခုလိုပြောပါတယ်။ “မနေ့လောက်ကတည်းကနေ ကျွန်တော်တို့လည်းဆေးဝါးတွေပြတ်သွားပြီ အကူအညီတောင်းလာတဲ့သူတွေကိုရော ရှိသလောက်ကူညီပေးလိုက်တော့  ဆေးကပြတ်သွားပြီ။ donorတွေ ကျွန်တော်တို့ကို ဆေးဝါးတွေ ပြန်ကူညီပေးတဲ့ချိန်မှဘဲ ကူညီပေးနိုင်တော့မယ်ထင်တယ်”လို့ ဆိုပါတယ်။ ဒါ့အပြင် အခုလက်ရှိစစ်ရှောင်ပြည်သူတွေမှာ ကလေးငယ်လေးတွေ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအဖြစ်များနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ လက်ရှိ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding Jayang)၊ နဲ့ လဘန် ကျေးရွာ ဒေသတစ်လျှောက်မှာ ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ ဟာ အိမ်ခြေ ၅၀၀ ကျော်ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီကနေ သိရပါတယ်။ အလားတူဘဲ ဝူယန်ကျေးရွာပြည်သူတွေကလည်း  ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကနေ KIA/KPDF တွေနဲ့ ဝူယန်ပြည်သူ့စစ်တွေကြား တိုက်ပွဲစတင်ဖြစ်လာချိန်ကတည်း  နီးစပ်ရာကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်ပါတယ်။…

    Read More »
  • 22 May
    သတင်း

    မြစ်ကြီးနားမြို့ခံများ အိမ်ငှားရမ်းခစျေးလျော့ပေးကြဖို့ စစ်ရှောင်အရေးကူညီပေးနေသူများတောင်းဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် ဝိုင်းမော်မြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေဟာ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မြစ်ကြီးနားမြို့ဘက်ကိုအဓိကထွက် ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ စစ်ဘေးရှောင်တစ်နေ့ထက်တစ်နေ့မြင့်တက်နေတဲ့ မြစ်ကြီးနားမြို့မှာ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ ငှားရမ်းထားတဲ့စျေးအတိုင်း ငှားနိုင်ပေမယ့် တစ်ချို့စစ်ရှောင်တွေဟာ ငွေကြေးမတတ်နိုင်တာကြောင့် မြို့ခံတွေအနေနဲ့ စစ်ရှောင်တွေကို လူသားချင်းစာနာသောအားဖြင့် သက်သက်သာသာနဲ့ငှားရမ်းပေးကြဖို့လို မြစ်ကြီးနားမြို့မှာနေထိုင်တစ်ချို့ကလည်း သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့တွင်း နေစရာငှားရမ်းခတွေက ဈေးနှုန်းမြှင့်တက်သွားတာမျိုးတော့မရှိပေမဲ့ လက်ရှိဈေးနှုန်းကို စစ်ဘေးရှောင်တွေကတတ်နိုင်မှာမဟုတ်တဲ့အတွက် ဈေးလျော့ပေးတာဖြစ်ဖြစ် တတ်နိုင်ရင် အခကြေးမယူပဲနဲ့ကူညီသင့်ကြောင်း စစ်ရှောင်တွေကို ကူညီပေးနေတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးကပြောပါတယ်။ “ဈေးနှုန်းတွေကတော့မြှင့်တက်သွားတာတော့မဟုတ်ဘူး ပုံမှန်ဈေးနှုန်းနဲ့ငှားရမ်းနေတာတော့ဟုတ်တယ်။ စစ်ရှောင်တွေနဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေအတွက်တော့မလွယ်ဘူးလေ တစ်ယောက်နဲ့တစ်ယောက် လူသားချင်းစနာပြီးတော့ ဒုက္ခရောက်တဲ့အချိန်တွေမှာတော့ အိမ်ငှားခလက်ရှိဈေးနှုန်းကိုတစ်ဝက်လောက် ချပြီး ငှားစေချင်တာပေါ့”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တစ်ချို့ဟာ နေရာထိုင်ခင်းအခက်အခဲတွေရှိနေသေးတာကြောင့် မြစ်ကြီးနားမြို့ခံတွေအနေနဲ့ တတ်နိုင်ပါက အိမ်ငှားရမ်းခစျေးလျော့ပေးတာ၊ အခကြေးငွေမယူပဲကူညီပေးကြဖို့အတွက် ဒေသခံတစ်ချို့ကတောင်းဆိုနေကြပါတယ်။ တစ်ဖက်မှာတော့ အခုလို မြစ်ကြီးနားဘက်ကို စစ်ဘေးရှောင်တွေများပြားလာတဲ့အတွက် ခရစ်ယာန် ဘာသာရေးကျောင်း၊ ဘုန်းကြီးကျောင်းတွေဘက်ကလည်း လာရောက်တည်းခိုလို့ရကြောင်း ကြေညာနေတာတွေလည်းရှိပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်က ဒေသခံတွေအများစုဟာ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ နဂိုရှိပြီးသား စစ်ဘေးရှောင်စခန်းတစ်ချို့နဲ့နီးစပ်ရာဆွေမျိုးတွေဆီမှာ အဓိကတိမ်းရှောင်နေကြတယ်လို့ ဝိုင်းမော်မြို့ကနေ မြစ်ကြီးနားဘက်စစ်ဘေးရှောင်နေရတဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မြစ်ကြီးနားဘက်ကိုရှောင်ကြတာပိုများပါတယ်။ သူတို့ကတော့ အရင်တုန်းကတည်းက ရှိတဲ့ camp တွေ ပေါ့အဲ့မှာနေကြတယ် တစ်ချို့တွေကတော့ ကိုယ့်ဆွေမျိုးအိမ်တွေမှာနေကြတယ်။ စစ်ရှောင်တွေကိုကူညီပေး ကြပါလို့ပြောချင်တယ်။ အိမ်ငှားတဲ့သူတွေအနေနဲ့လည်း ဈေးနှုန်းအတတ်နိုင်ဆုံးလျော့ပေးဖို့ပေါ့ ကူညီတဲ့ အနေနဲ့ပေါ့ သူတို့ကလည်း အကြာကြီးရှောင်မှာမဟုတ်ဘူးလေနော်”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ် အိမ်ဌားခနဲ့ပတ်သက်ပြီး အိမ်အမျိုးအစားပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိနေတဲ့အပြင် အိမ်ငှားခကို အနည်းဆုံး ၆ လစာအပြတ်ပေးပြီးချုပ်ဆိုကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေအနေနဲ့ ငွေအလုံးအရင်း စာချုပ်နိုင်ဖို့အဆင်မပြေတာတွေကြောင့် တစ်လချင်းပေးချုပ်စေတာမျိုးလည်း ကူညီပေးကြဖို့ တောင်းဆိုနေကြတာပါ။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစတင်လို့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ပြည်သူ့စစ်တပ်စခန်းတွေကို တကျော့ပြန်တိုက်ခိုက်နေတာ ဖြစ်ပြီးတော့ မနေ့ည မေလ ၂၁ ရက်နေ့ကပဲ ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ် ခမရ ၃၂၁ ကို အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီတပ်ရင်းနဲ့ တပ်စခန်းတွေကို သိမ်းပိုက်တဲ့တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ နှစ်ဖက်တပ်တွေက အသုံးပြုတဲ့လက်နက်ကြီးနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေလည်းရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲ့ဒီတိုက်ပွဲတွေကြောင့် ဝိုင်းမော်မြို့က အရပ်သားတွေလည်း မြစ်ကြီးနားမြို့အပြင် ဘေးလွှတ်ရာနေရာတွေကိုတိမ်းရှောင်နေကြပြီး ဝိုင်းမော်မြို့ပြင်မှာရှိတဲ့ ရွာပေါင်း ၂၀ ကျော် ဘေးလွှတ်ရာ မှာထွက်ပြေးနေကြပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 21 May
    သတင်း

    ဝိုင်းမော်မြို့မကျန် ကျေးရွာ ၂၀ ကျော်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဝိုင်းမော်မြို့ပါမကျန် ကျေးရွာနဲ့ ရပ်ကွက်တွေမှာရှိတဲ့ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြပြီး တိမ်းရှောင်ကြတဲ့ ရွာပေါင်း ၂၀ ကျော်ရှိပြီလို့သိရပါတယ်။ ချီဖွေနဲ့ ဆဒုံးသွား ကားလမ်းမပေါ်မှာရှိတဲ့ မဒိန်၊ ခကွမ်၊ ဝူယာန်၊ မုတ်ကျိတ်၊ လမြန်၊…

    Read More »
  • 15 May
    သတင်း

    စစ်ဘေးရှောင်စခန်းက ကလေးငယ်တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်းချိန်းကျေးရွာအုပ်စု လဘန်ရွာမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေထဲက ကျောင်းသား/သူတွေ တစ်ချို့ ကျောင်းနားရမယ့် အခြေနေကြုံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေဆီကသိရပါတယ်။ လဘန်ရွာက စစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လက ဖြစ်ပွားခဲ့တဲ့ ဝိုင်းမော်မြို့နယ်…

    Read More »
  • 15 May
    သတင်း

    KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် ဒေသခံများနေရပ်ပြန်ဝင်ခွင့်မရသေး

    မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများနေရပ်ပြန်လို့မရသေးဘူးလို့ ဆွမ်ပရာဘွမ်ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး တိုက်ပွဲကာလ ၂ အတွင်းမှာ  စစ်ကြွင်းစစ်ကျန် လက်နက်၊ ဗုံးများကို ရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်လက်ကျန်လက်နကဗုံးတွေအားလုံးရှင်းလင်းပြီးနောက်  KIA ကနေရပ်ပြန်လာဖို့ပြောမှသာ ပြန်ဖို့ပြင်ဆင်ထားတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတွေ ပြောပါတယ်။ “အခုချက်ချင်းပြန်ဖို့တော့ ခက်အုံးမယ် ၂ လလုံး အကြီးအကျယ် တိုက်ပွဲဖြစ်ထားတာဆိုတော့ ရှင်းလင်းရေးလုပ်ငန်းတွေ မပြီးမချင်း ဒေသခံစစ်ဘေးရှောင်တွေ ပြန်လာနေဖို့တော့ မရလောက်ဘူး။ သက်ဆိုင်ရာကနေမှ ပြန်လာနေလို့ရပြီဆိုပြီးပြောမှ ပြန်လာဖို့။ အခုက ဘယ်သူက ဘာမှမပြောသေးတော့ အကြောင်းစုံ သတိထားရအုံးမယ့်အနေအထားဖြစ်တယ်”လို့ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲကာလ နှစ်လကြာမြင့်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းအပြင်းအထန်အသုံးပြုခဲ့တာကြောင့် အရပ်သားနေအိမ် ၁၀ အိမ်ထက်မနည်း ပျက်စီးသွားတဲ့အပြင် ဒေသခံပြည်သူတွေက မြို့ထဲမှာ လုံခြုံရေးအခြေအနေအရသတိထားရမယ့် အခြေနေရှိနေသေးတဲ့တွက် တောတောင်၊ ကျေရွာတွေထဲမှာပဲ ဆက်ပြီးခိုလှုံနေကြရတာဖြစ်ပါတယ်။  ဆွမ်ပရာဘွမ်အခြေစိုက်စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်က မေလ ၄ ရက်နေ့ မနက် ၆ နာရီကစပြီး တစ်ဖန်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူ တပ်သားတချို့ ထွက်ပြေးသွားပြီး မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲကာလ ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျောအူတွေသာ စားနေရတဲ့အခြေအနေရှိတာကို တွေ့ရှိခဲ့ရသလို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၀ ကျော် သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာပါဝင်ခဲ့တဲ့ KIA တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “အခုအခြေအနေအရတော့ ဝမ်းသာတယ်။ ဟိုတလောကတော့ တိုက်ပွဲဝင်နေပြီ၊ စခန်းသိမ်းပွဲစနေပြီဆိုပြီး သတင်းတွေကတော့ကြားနေပေမဲ့ သိမ်းပြီ၊ နိုင်ပြီဆိုပြီး မကြားရမချင်းတော့ လည်ပင်းထဲတစ်ခုခုနင်နေသလို ခံစားရတယ်။ အခုနိုင်ပြီဆိုတဲ့နောက်ဆက်တွဲ ကျနော်တို့ အရမ်းကြိုးစားယူရမယ်လို့ မြင်တယ်။ သတိထားရမယ့်အရာတွေ လုံခြုံရေး–စတာတွေပေါ့။ နိုင်ပြီဆိုတော့ ဒေသခံပြည်သူတွေ၊ ကလေးတွေရဲ့ရှေ့ရေးအတွက် ဆက်လက်ပြီး အားစိုက်ပြီး ကြိုးစားရအုံးမယ်။ အခုတော့ ကျောင်းဖွင့်ချိန်ရောက်လာပေမဲ့ ကလေးတွေရဲ့ပညာရေးအတွက် ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး”လို့ ဆွမ်ပရာဘွမ်ဒေသခံကဆက်ပြောပါတယ်။  ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လနီးပါးအကြာ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မြောက်ဖျားပိုင်းက စစ်ကောင်စီရဲ့သွေးကြောကြီးတစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်ဗျူဟာကုန်းကြီးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် လက်ရှိ အဲဒီဒေသက စစ်ကောင်စီတပ်စခန်းတွေကို အလွယ်တကူ တိုက်ခိုက်နိုင်မယ့်အနေအထားရှိသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။  By – ဂျာဘောက်ရာ

    Read More »
  • 13 May
    သတင်း

    ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲ‌နေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုဘက်ကနေ စစ်အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့…

    Read More »
  • Apr- 2024 -
    19 April
    သတင်း

    စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဟုမ္မလင်းစစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ဝင်ခွင့်မပြုသေး

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ကျေးရွာတစ်ချို့မှာတိုက်ပွဲဖြစ်တာမရှိတော့ ပေမယ့် စစ်တပ်ရဲ့လေကြောင်းရန်ကိုစိုးရိမ်နေရဆဲဖြစ်တာကြောင့် ဒေသခံတစ်ချို့နေရပ်ပြန်ဝင် ခွင့်မပြုသေးဘူးလို့ ဟုမ္မလင်းကာကွယ်ရေးတပ်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ်အနောက်ဘက် ဟုမ္မလင်းနယ်နဲ့ဖောင်းပြင်နယ်ကြား PDF တွေထိန်းချုပ်ထားတဲ့ ကျွန်းကုန်း၊ မနော်သာ၊ အင်ကြင်းမော်ကျေးရွာတွေမှာ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမယ့် စစ်ဘေးရှောင်ပြည်သူတွေကိုတော့ နေရပ်ပြန်ဝင်ခွင့်မပေးထားသေးဘူးလို့ ဟုမ္မလင်း PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲကတော့ငြိမ်နေတာကြာပြီ ကျွန်းကုန်းသိမ်းလိုက်တဲ့နောက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေမရှိတော့ဘူး။ ဒါပေမယ့် ဒေသခံတွေကိုတော့ကျွန်တော်တို့(ဟုမ္မလင်း PDF)ဘက်ကနေဝင် ခွင့်မပေးသေးတာဗျ ဘာလို့ဆိုသူတို့က ဆုံးရှုံးထားတဲ့နေရာတွေကို တစ်လ နှစ်လကြာတဲ့ပြီးတဲ့အထိကိုလေကြောင်းနဲ့ပြန်ပြီးလာတိုက်ခိုက်တာတွေရှိတယ်။ အဲ့ကြောင့်ပြည်သူတွေထိမှစိုးရိမ်လို့မဝင်ခိုင်းသေးတာ”လို့ ကပြောပါတယ်။ ဟုမ္မလင်းနယ်အနောက်ဘက် ကျွန်းကုန်းကျေးရွာစခန်းကို ဟုမ္မလင်းကာကွယ်ရေးပူးပေါင်း တပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၈…

    Read More »
Back to top button