စစ်ရေးတင်းမာမှု
-
Mar- 2026 -18 Marchသတင်း
လုံးတုံရှိ ကာကင်းတစ်ချို့တိုက်ခိုက်ခံပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေ
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် KIA နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ၊ ၁၃ ရက်နေ့နောက်ပိုင်း မိုင်းနောင်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့…
Read More » -
Feb- 2026 -14 Februaryသတင်း
တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး ဖားကန့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ခုဆိုနှစ်ပတ်ကျော်ခန့်ကြာမြင့်လာတဲ့အထိ ဖြစ်ပါတယ်။ စစ်အင်အားရာနဲ့ချီရှိတဲ့ ခမရ ၃၈၁ တပ်ရင်းက ဦးဆောင်တဲ့ စစ်ကြောင်းက မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်း ခြေရင်းအောက်ပတ်လည်တွေမှာ ဝင်ရောက်နေရာယူထားသလို ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတစ်ချို့မှာလည်း ဝင်ရောက်နေရာယူလိုက်တယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲနေရာတဲ့ ထိစပ်တဲ့ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာက ပြည်သူတွေတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်က လက်ရှိနေလို့မရတော့ဘူး။ မရှီကထောင်ဆုတောင်းကုန်း ပတ်လည်တဝိုက်မှာ စစ်တပ်က နေရာယူလိုက်ပြီဖြစ်တယ်။ ပြီးရင် ဥရုဆိုင်းမော် KBC ရုံလည်း ဆုတောင်းကုန်းခြေရင်းမှာရှိတယ်။ ရုံဝန်ထမ်းတွေနေတဲ့ ရုံးအဆောက်အဦးလည်း အဲ့ဒီတောင်ရင်းမှာရှိတာဟုတ်တယ်။ အခုက အဲဒီထဲကိုလည်း စစ်တပ်က ဝင်ရောက်နေရာယူလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် KBC က လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေလည်း အကုန်ရပ်နားလိုက်ပြီ။ ဘေးပတ်ဝန်းကျင်မှာနေတဲ့ သူတွေလည်း ဘယ်သူမှနေလို့မရတော့ဘူး။ အဲ့ဒါကြောင့် အသက်ကြီးရွယ်အိုတဲ့ သူတွေအားလုံးက မြို့ပေါ် နီးစပ်တဲ့ နေရာမှာတိမ်းရှောင်ဖို့ ဆင်းသွားကြပြီ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မရှီကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ရုံးအဆောက်အဦးတွေရှိတဲ့ ပတ်လည်မှာ ကချင်လူမျိုးအများဆုံးနေထိုင်ကြပြီး တခြားလူမျိုးတွေအပါ စုစုပေါင်းအိမ်ထောင်စု ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက်တစ်ခုလုံး အိမ်ခြေထောင်ဂဏန်းရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့ ထိစပ်နေတဲ့ အိမ်ထောင်စု ၅၀ အားလုံးနီးပါခန့်က ဖားကန့်မြို့ပေါ် တိုက်ပွဲမရှိတဲ့ နေရာတစ်ချို့မှာ ယာယီတိမ်းရှောင်နေကြပြီးတော့ အများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတယ်လို့သိရပါတယ်။ အခုလို ဖားကန့်စစ်ရှောင်တွေ မြို့ပေါ်ဘက်ကို တိမ်းရှောင်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အထက်ပါ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးဆိုပါတယ်။ “အခု စစ်ရှောင်တွေရဲ့ အခက်ခဲဆုံးအရာက တိုက်ပွဲဖြစ်တဲ့လမ်းမပေါ်က လူနေအိမ်တစ်ချို့က တော်တော်အခက်တွေ့နေရပါတယ်။ ဖားကန့် နယ်မြေထဲမှာ နဂိုထဲကနေ စစ်ရှောင်တစ်ချို့က သူ့နေရာနဲ့ သူတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေလည်းအများကြီးပဲ။ အဲ့ကြောင့် ထပ်မံပြီးတိမ်းရှောင်ဖို့က နေရာလုံးဝမရှိတော့ဘူး။ မသွားရင်လည်းမရဘူး တိုက်ပွဲနေရာထဲရောက်နေတယ်။ ဆက်နေရင်လည်း အသက်အန္တရာယ်ထိခိုက်ရုံပဲရှိတော့တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ မရှီကထောင်နဲ့ ထိစပ်နေတဲ့ ဆွတ်ဂျာကောင့်ကျေးရွာမှာ အရပ်သား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေက တိမ်းရှောင်လို့မရတဲ့ အခြေအနေတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြဆဲဖြစ်တဲ့ စစ်ရှောင်တွေကို ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့တွေက အပြည့်အဝကူညီစောင့်ရှောက်ပေးဖို့ ခက်ခဲနေတဲ့အခြေအနေမှာ ယခုနောက်ပိုင်း ပြန်ပြီးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကိုလက်မခံနိုင်တော့ဘဲ စစ်ရှောင်အများစုက မြို့ပေါ်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်ဖို့ လေကြောင်းအကူအပါ ခေတ်မှီဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး တိုက်ခိုက်နေတဲ့အတွက် ကြာမြင့်တဲ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာတွေရှိပါတယ်။ အခုလိုတိုက်ပွဲဧရိယာကျယ်ပြန့်လာတာနဲ့အညီ တိုက်ပွဲရှောင်ပြည်သူတွေက ဆက်ပြီးများပြားလာနိုင်ပြီး ပြည်သူတွေဆက်ပြီး ရပ်တည်ရှင်သန်လာနိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်လိုက်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ဟာ နှစ်ပတ်အတွင်း ရှေ့ကိုမတိုးနိုင်ဘဲ မရှီကထောင်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လက်ရှိ စစ်ရေးအခြေအနေပြောရမယ်ဆိုရင် စစ်တပ်ကလည်း ရှေ့မတိုးနိုင်ဘူး။ မြို့နားကိုတောင်ပြန်ကပ်လာတဲ့အခြေအနေမှာ ပြန်ဆုတ်သွားတဲ့သဘောတောင်ရှိတယ်။ လေယာဉ်တွေလည်းလာပြီး မြို့နားကပ်ပြီးလာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်လာလိုက် ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေတာပေါ့လေ”လို့ပြောပါတယ်။…
Read More » -
Jan- 2026 -22 Januaryသတင်း
မချမ်းဘောမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆို
"အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေးတိုက်ပွဲကဖြစ်နိုင်တယ် စကမ(စစ်ကော်မရှင်တပ်)တွေက ဒီဘက်ကိုစစ်ကြောင်းဝင်နေတာ"လို့သူကပြောပါတယ်။
Read More » -
Mar- 2025 -17 Marchသတင်း
ဆားမှော်ရွာအနီး စစ်ရေးတင်းမာနေတာကြောင့် တောင်သူများစိုက်ပျိုးရေးလုပ်ကိုင်ဖို့အခက်တွေ့
ကချင်ပြည်နယ် မိုးကောင်းမြို့ ဆားမှော်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးတင်းမာမှုရှိနေတာကြောင့် ဆားမှော်ဒေသခံတောင်သူများ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေပြောပါတယ်။ ဆားမှော်ကျေးရွာက ဒေသခံပြည်သူတွေဟာ များသောအားဖြင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြသူတွေဖြစ်ပြီး ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက်မှာရှိတဲ့ ကချင်အခေါ် နင်ခရွတ်(Nhkrut Pa)၊ အင်ဖရင်း( Nhpring Pa)၊ ကျန်ခ( Chyanghka Pa)၊ ဘန်စိုင်း( Ban Sai)၊…
Read More » -
Oct- 2024 -7 Octoberသတင်း
ဝိုင်းမော်နဲ့ ရွှေညောင်ပင်လမ်းမကြီး စစ်တပ်က အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ရွှေညောင်ကျေးရွာ သွားတဲ့ကားလမ်းကြီးကို စစ်ကောင်စီတပ်က ပိတ်ထားပြီး အကန့်သတ်နဲ့သွားလာခွင့်ပြုနေတယ်လို့ ဝိုင်းမော်နယ်ခံတွေဆီကနေ သိရပါတယ်။ ဝိုင်းမော်မြို့နယ် နေရာတစ်ချို့မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေတဲ့အတွက် ဝိုင်းမော်မြို့တွင်း ပြည်သူ့ဆေးရုံရှေ့နဲ့ မြို့အကျော် မုဒ်ဝလွှဲလမ်းဆုံမှာအဓိကပိတ်ထားတယ်လို့ ဝိုင်းမော်မြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပြည်သူ့ဆေးရုံထိတော့သွားလို့ရတယ်လေး ဆေးရုံကိုကျော်ပြီးတော့ဟိုဘက်တော့သွားမရဘူးကြာပိတ်လမ်းပိတ်ထားတာ ဟိုဘက်ကလည်းလာလို့မရ ဒီမြို့ထဲကလည်းဟိုဘက်ကိုသွားလို့မရအခက်တွေ့နေကြတယ် မပိတ်ထားသင့်ဘူး”လို့ အသက် ၃၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ရွှေညောင်ပင်တပ်စခန်းအပါအဝင် မြို့အနီးဝန်းကျင်ရှေ့တန်းစခန်းအားလုံးနီးပါး လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဝိုင်းမော်ပြည်သူ့ဆေးရုံနဲ့ ရဲစခန်းအကျော် မြို့အထွက်နေရာ၊ ခတ်ချို၊မုတ်လွှဲလမ်းဆုံနေရာတွေမှာ ပေပါပုံး၊သံဆူးတွေနဲ့ပိတ်ထားပြီး အကန့်သတ်နဲ့သာသွားခွင့်ပြုနေတယ်လို့ ကားသမားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ပုံမှန်သွားခွင့်တော့ မရှိဘူး အချိန်ပိုင်းခနတစ်ဖြုတ်ဖွင့်ပေးတယ် နေ့လည်လောက်ဆို ခနတစ်ဖြုတ်ဖွင့်တယ် ဝိုင်းမော်ကနေ မုတ်လွှဲလမ်းခွဲမှာ အထိုင်ချထားတယ်။ အဲမှာဆို မှတ်ပုံတင်စစ်သလားမမေးနဲ့ မှတ်ပုံတင်မပါတဲ့သူဆို ရွာဘက်တွေဝင်လို့မရဘူး။ ပြီးတော့ မိန်းမတွေဆိုအဲလောက် မစစ်ဘူးစစ်ကောင်စီဘက်က ခုလိုလမ်းပိတ်ထားပြီး အကန့်သတ်နဲ့သာသွားလာခွင့်ပြုနေတဲ့အပြင် ရွှေညောင်ပင်၊ စန်းကား၊ခတ်ချို၊ နောင်ဟီး၊အောင်မြေ ၁ စတဲ့ကျေးရွာနေပြည်သူတွေဟာ မိမိရပ်ရွာကို ခနတစ်ဖြုတ်ပြန်သူတွေကိုလည်း မှတ်ပုံတင်ပါမှ ဝင်ခွင့်ပြုတယ်လို့”သူကဆက်ပြောပါတယ်။ ခုလို ဒေသခံတွေအဓိကသွားလာနေတဲ့ လမ်းမကြီးတွေကို ပိတ်ထားတဲ့အတွက် သွားရေးလာရေးအခက်ကြုံနေကြရသလို စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်ဧရာဝတီမြစ်ကူးတံတားမှာလည်းပုံမှန်ထက် အစစ်အဆေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ရှေ့တန်းစခန်းတွေအားလုံးကို KIA၊KPDF ပူးပေါင်းတပ်တွေက ဇွန်၊ဇူလိုင်လတုန်းက ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ဝိုင်းမော်မြို့စောင့်တပ် ခလရ ၅၈ နဲ့ ဝူယန်ပြည်သူ့စစ်ဂိတ်သာကျန်ရှိတော့တာကြောင့် မြို့ဝင်မြို့ထွက်ကို တင်းကြပ်နေတာ ဖြစ်ပါတယ်။ လတ်တလော စစ်တပ်ကပိတ်ထားတဲ့ လမ်းမကြီးဟာ ဝိုင်းမော်– လိုင်ဇာ– ဗန်းမော်သွားလမ်းမကြီးဖြစ်ပြီး ရွှေညောင်ပင်ကျေးရွာဟာ မြို့အစွန်မှာရှိတဲ့ရွာဖြစ်ပြီး ကျေးရွာနေပြည်သူတွေအများပိုင်းက မတ်လ ၇ ရက်နေ့နောက်ပိုင်း တစ်ခြားနေရာတွေမှာ တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
1 Octoberသတင်း
ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်
ကချင်ပြည််နယ် ဖားကန့် – မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။ “လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့ အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။ မြစ်ကြီးနား–ဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း) ၊ ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀ ( နှစ်သိန်းငါးသောင်း) အထိရှိတယ်လို့ သိရပါတယ်။ ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။ “ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။ လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနား–မန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း ၉ ခုထက်မနည်းကို KIA၊KPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
May- 2024 -22 Mayစစ်ရေး
ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့
ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ ၃ ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း ၂ ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့ အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူး”လို့ပြောပါတယ်။ KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင် ၃ ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်”လို့ပြောပါတယ်။ ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း ၃ ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။ တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။ ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။ စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။ လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။ ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။…
Read More » -
Apr- 2024 -16 Aprilသတင်း
မြစ်ကြီးနား-ဖားကန့်လမ်းပိုင်းစစ်ရေး အခြေအနေကြောင့်ပိတ်ထားဆဲ
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် မြစ်ကြီးနား– ဖားကန့်ကားလမ်းပိုင်းပိတ်ထားဆဲလို့ ကာကွယ်ရေးတပ်က သိရပါတယ်။ မြစ်ကြီးနား–ဖားကန့်ကားလမ်းပိုင်းမှာရှိတဲ့ နန့်ယားစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိအချိန်ထိ ယင်းလမ်းပိုင်းမှာ စစ်ရေးတင်းမာမှုတွေရှိနေဆဲဖြစ်တာကြောင့် ဖားကန့်–မြစ်ကြီးနားကားလမ်းပိုင်း…
Read More » -
8 Aprilသတင်း
ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ
ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့် ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့မှ ၇ရက်နေ့အထိ ၃ ရက်အတွင်းမှာပဲ ဝူယန်ပြည်သူ့စစ်တပ်ချထားတဲ့ကျေးရွာအပါတစ်ဆက်တည်းရှိကြတဲ့ လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာက လူနေအိမ် ၁၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင်သွားတယ်။ နောက်တစ်ညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ၃ အိမ်ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့”လို့ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ညပိုင်းမှာ ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်တဲ့ ဦးငွါးဟူဆာရဲ့ နေအိမ်ကို KIA နဲ့ PDF အဖွဲ့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက်ည ၆ ရက်နေ့မှာ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး နေအိမ် ၃ လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဧပြီလ ၇ နေ့ မနက်ပိုင်းမှာ ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်မှာ နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး နေ့လည်ပိုင်းမှာ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်ပြီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါကြောင့် ၃ ရက်အတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ဝူယာန်၊ လမြန်နဲ့ မုတ်ကျိတ် စတဲ့ ကျေးရွာတွေထဲက နေအိမ် ၁၄ လုံး ၂ ဖက်တပ်စစ်ရေးတင်းမာနေရာကနေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ခုလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မဖြစ်ပွားသေးချိန် ဝူယာန်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းအရင်ဦးဆုံးတိုက်ခိုက်ခံရပြီးတော့ တစ်ဆက်တည်း ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၃ လုံးဟာ ဝူယာန်ကျေးရွာ နယ်မြေ(၂) ရွာမရပ်ကွက်ရှိ ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ ဦးလဂန်ခေါင်ဇေ စတဲ့ နေရာအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံရတဲ့ ထော့ဂေါ့ ဆိုတဲ့ လီဆူရွာဘက်မှာလည်း နေအိမ်မီးရှို့မှုမဖြစ်ခင် မနက်ပိုင်းမှာစစ်ကောင်စီတပ်အပါ ဝူယန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းမှာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့မှာပဲ ဝါးရှောင်(Washawng Mare)ကျေးရွာအထက် ဝရှဂါးဘွမ့်(ဒေသအခေါ်) ဘက်မှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် နေ့လည် ၁၂ နာရီလောက်မှာ KIA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်နေ ဂျက်လေ ၂ စီးအပြင် Y – 12 လေယာဉ်အမျိုးအစား အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်းရှိခဲ့ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်တပ် ၂ ဖက်စလုံး နေအိမ်မီးရှို့တာတွေ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆက်သိရပါတယ်။ ဝိုင်းမော်ဒေသမှာ တစ်ဖန်ပြီး ၂ ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ဝိုင်းမော်မြို့နယ်ထဲမှာ အခိုင်အမာရှိနေတဲ့ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမှာကို စစ်တပ်ဘက်က စိုးရိမ်နေတဲ့အပြင် KIA က တိုက်ခိုက်လာရင်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ မြင်တွေ့ရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုနေပါတယ်။ “အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကတိုက်ခိုက်လာဆိုပြီး စိုးရိမ်နေတာရယ်။ ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာဖြစ်အောင်ရယ်၊ ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်”လို့ပြောပါတယ်။…
Read More » -
Feb- 2024 -19 Februaryသတင်း
ဆင်ဘိုမှာ စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်
မြစ်ကြီးနားမြို့နယ် ဆင်ဘိုမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ ၁၄၁ တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေ နီးစပ်ရာကျေးရွာတွေနဲ့တောတောင်တွေမှာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဆင်ဘိုမြို့တပ်စခန်းကို KIA,KPDF ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီလ ၁၀…
Read More »









