စစ်ရေးသတင်း

ဝိုင်းမော်မှာ KIA နဲ့ ဝူယာန်ပြည်သူ့စစ်ကြားစစ်ရေးတင်းမာနေပြီး ၃ ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရ

ဝိုင်းမော်မြို့နယ်မှာ ဝူယာန် လီဆူပြည်သူ့စစ်အဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြားစစ်ရေးတင်းမာနေပြီး အပြန်လှန်နေအိမ်မီးရှို့နေတာကြောင့်   ရက်အတွင်း နေအိမ် ၁၄ အိမ်မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဧပြီလ  ရက်နေ့မှ ၇ရက်နေ့အထိ  ရက်အတွင်းမှာပဲ ဝူယန်ပြည်သူ့စစ်တပ်ချထားတဲ့ကျေးရွာအပါတစ်ဆက်တည်းရှိကြတဲ့ လမြန်၊ မုတ်ကျိတ်စတဲ့ ကျေးရွာက လူနေအိမ် ၁၄ အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဝူယာန်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

ဖြစ်တာက ရှေ့တစ်ရက်နေ့က စဖြစ်တာ။ ပထမဆုံးက ဝူယာန်ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးလောင်သွားတယ်။ နောက်တစ်ညက ရွာမရပ်ကွက်က KIA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး  အိမ်ထပ်ရှို့ခံရတယ်။ နောက်မနက်ပိုင်းက ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်ကို ၁၀ လုံးလောက် ထပ်ရှို့ခံရတယ်တဲ့လို့ပြောပါတယ်။

ဧပြီလ  ရက်နေ့ ညပိုင်းမှာ ဝူယာန်ပြည်သူ့စစ်တာဝန်ခံဖြစ်တဲ့ ဦးငွါးဟူဆာရဲ့ နေအိမ်ကို KIA နဲ့ PDF အဖွဲ့ မီးရှို့ဖျက်ဆီးပေးလိုက်ပြီးနောက်ည ၆ ရက်နေ့မှာ ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး နေအိမ်  လုံးကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေက သွားရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဧပြီလ   နေ့ မနက်ပိုင်းမှာ ထော့ဂေါ့ဆိုတဲ့ လီဆူရွာဘက်မှာ နေအိမ် ၁၀ လုံးခန့် မီးရှို့ခံရပြီး နေ့လည်ပိုင်းမှာ လမြန်ကျေးရွာက နေအိမ်တစ်လုံး ထပ်ပြီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ဒါကြောင့်  ရက်အတွင်းမှာပဲ ဝိုင်းမော်မြို့နယ်ထဲက ဝူယာန်၊ လမြန်နဲ့ မုတ်ကျိတ် စတဲ့ ကျေးရွာတွေထဲက နေအိမ် ၁၄ လုံး  ဖက်တပ်စစ်ရေးတင်းမာနေရာကနေ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ခုလို နေအိမ်တွေ မီးရှို့ဖျက်ဆီးတာတွေ မဖြစ်ပွားသေးချိန် ဝူယာန်ကျေးရွာက ပြည်သူ့စစ်တပ်စခန်းအရင်ဦးဆုံးတိုက်ခိုက်ခံရပြီးတော့ တစ်ဆက်တည်း ပြည်သူ့စစ်တာဝန်ခံရဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပါတယ်။

ဝူယာန်ကျေးရွာက KIA နဲ့ ဆက်နွယ်ပတ်သက်မှုရှိတယ်ဆိုပြီး မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်  လုံးဟာ ဝူယာန်ကျေးရွာ နယ်မြေ(ရွာမရပ်ကွက်ရှိ ဦးမန်ဒေါင်ဟောင်းဒန်နေအိမ်၊ ဦးမာဟော်ဟောင်းဇေ၊ ဦးလဂန်ခေါင်ဇေ စတဲ့ နေရာအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နေအိမ် ၁၀ လုံးခန့် မီးရှို့ဖျက်ဆီးခံရတဲ့ ထော့ဂေါ့ ဆိုတဲ့ လီဆူရွာဘက်မှာလည်း နေအိမ်မီးရှို့မှုမဖြစ်ခင် မနက်ပိုင်းမှာစစ်ကောင်စီတပ်အပါ ဝူယန်ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နေ့လည်ပိုင်းမှာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဧပြီလ  ရက်နေ့မှာပဲ ဝါးရှောင်(Washawng Mare)ကျေးရွာအထက် ဝရှဂါးဘွမ့်(ဒေသအခေါ်ဘက်မှာ စစ်ကောင်စီတပ်အပါ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား ၅၀ ဝန်းကျင် စစ်ရေးလှုပ်ရှားသွားလာနေတာကြောင့် နေ့လည် ၁၂ နာရီလောက်မှာ KIA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်နေ ဂျက်လေ  စီးအပြင် Y – 12 လေယာဉ်အမျိုးအစား အဆက်မပြတ်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဝရှဂါးဘွမ့် တိုက်ပွဲဖြစ်တဲ့နေရာဘက်ကို ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မုတ်ကျိတ်ကျေးရွာ ခရစ်ယာန်ဓမ္မသက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေလည်းရှိခဲ့ပါတယ်။

အခုလို စစ်တပ်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ၊ စစ်တပ်  ဖက်စလုံး နေအိမ်မီးရှို့တာတွေ အပြန်အလှန် လုပ်ဆောင်နေတာကြောင့် ဝူယာန်၊ မုတ်ကျိတ်နဲ့ လမြန် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆက်သိရပါတယ်။

ဝိုင်းမော်ဒေသမှာ တစ်ဖန်ပြီး  ဖက်စစ်တပ်က စစ်ရေးတင်းမာမှုဖြစ်နေတဲ့အခြေအနေမှာ ဝိုင်းမော်မြို့နယ်ထဲမှာ အခိုင်အမာရှိနေတဲ့ ခလရ ၅၈ တပ်ရင်း တိုက်ခိုက်ခံရမှာကို စစ်တပ်ဘက်က စိုးရိမ်နေတဲ့အပြင် KIA က တိုက်ခိုက်လာရင်ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ပိုမိုလုပ်ဆောင်ဖို့ မြင်တွေ့ရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ယောက်က သုံးသပ်ပြောဆိုနေပါတယ်။

အခုအခြေအနေက ဝိုင်းမော် ၅၈ တပ်ရင်းကို KIA ကတိုက်ခိုက်လာဆိုပြီး စိုးရိမ်နေတာရယ်။ ပြည်သူ့စစ်နဲ့ လော်ဝေါ်လူမျိုးတွေကြားမှာ လူမျိုးရေးပြဿနာဖြစ်အောင်ရယ်၊ ဝိုင်းမော်ဆိုတာက မပခနဲ့ အလွန်နီးကပ်လာတဲ့အခြေအနေမှာ စိုးရိမ်တာရယ်၊ ဒီထက်ပိုဆိုးလာရင် တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမယ်ဆိုတဲ့ သဘောနဲ့ လုပ်ဆောင်နေတယ်လို့ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ  ရက်အတွင်း  ဖက်တပ်စစ်ရေးတင်းမာမှုကြောင့် ထိတွေ့တိုက်ပွဲတွေ၊ နေအိမ်မီးရှို့တာတွေ ဆက်လက်မဖြစ်ပွားဖို့  ဖက်တပ် တာဝန်ရှိသူတွေရဲ့ ညှိနှိုင်းမှုတွေကြောင့် ဒီကနေ့ မတ်လ  ရက်နေ့မှာ အခြေအနေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဝိုင်းမော်ဒေသခံတွေက လက်ရှိ နေအိမ်မီးရှို့ခံရတဲ့ လမြန်၊ မုတ်ကျိတ်နဲ့ ဝူယာန်အပြင် ဝိုင်းမော်မြို့နဲ့ ထိစပ်တဲ့ ကျေးရွာအားလုံးနီးပါး တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button