စစ်ရေးတိုက်ပွဲ

ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်း လက်လွတ်လိုက်ရတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ ဝိုင်းမော်မြို့

ကချင်ပြည်နယ်  ဝိုင်းမော်မြို့နယ်ထဲက နှစ်ပေါင်း ၄၀ ကျော်ရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့နောက်ပိုင်း စစ်ရေးပိုမိုပြင်းထန်လာနိုင်တယ်လို့ ဒေသခံပြည်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်း ၁၀ ခုကျော်လောက်ကို KIA တပ်တွေက မေလ ၁၈ ရက်နေ့ကနေ   ရက်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကို မေလ ၂၁ ရက်နေ့   နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လက်ရှိ ဝိုင်းမော်မြို့ပေါ် နဲ့ အနီးကပ်ဆုံးနေရာမှာရှိတဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယာန်ပြည်သူ့စစ်တပ်စခန်း  ခုသာ ကျန်ရှိတော့တာကြောင့် တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနိုင်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုက တပ်စခန်းအကြီးဆိုလို့ ၅၈ တပ်ရင်းတစ်ခုသာကျန်ရှိတော့တာဖြစ်တဲ့အတွက် ဘယ်တော့ ပြန်ပစ်ကြမယ်ဆိုတာက မသိရဘူးလေ။ ဒါပေမယ့် ၅၈ တပ်ရင်းကို ပြန်တိုက်ပြီဆိုရင်က ဝိုင်းမော်မြို့တစ်ခုလုံးကို ယူလိုက်တာနဲ့  အတူတူပါပဲ။ KIA တပ်တွေက ဝိုင်းမော် ၅၈ တပ်ရင်းကို ပြန်တိုက်ရင်တော့ တိုက်ပွဲက ဒီထက် ပြင်းထန်လာဖို့ပဲရှိတယ်။ ဒါမှမဟုတ် ဒီအဆင့်လောက်မှာပဲ ရပ်နားထားမလားတော့မသိဘူးလို့ပြောပါတယ်။

KIA အနေနဲ့ ဝိုင်းမော်မြို့အနီးဆုံးနေရာမှာ ရှိနေတဲ့ ခလရ ၅၈ တပ်ရင်းကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာပါက ဝိုင်းမော်မြို့တစ်ခုလုံးအထိ တိုက်ပွဲတွေ အဆက်မပြတ်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။

မေလ ၂၁ ရက် မနေ့ည KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းဟာ ဗန်းမော်ဘက်ကိုတက်သွားတဲ့ ကားလမ်းမကြီးပေါ်မှာ နှစ်ပေါင်း ၄၀ ကျော် အုပ်တံတိုင်းနံရံ၊ဘန်ကာတွေနဲ့အခိုင်အမာ တပ်ချနေရာယူထားတဲ့ ခြေမြန်တပ်ရင်းတစ်ခုဖြစ်ပါတယ်။

အဲဒီတပ်စခန်းကနေ ဝိုင်းမော်မြို့နယ်တစ်ခုလုံးကို ကာကွယ်ပေးတဲ့ လုံခြုံရေးတပ်ရင်းတစ်ခုဖြစ်သလို ဗန်းမော်အရှေ့ဘက်ခြမ်းအတွက်လည်း စစ်ရေးအရအရေးပါတဲ့ ခံတပ်တစ်ခုလည်းဖြစ်ပါတယ်။

ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းအပါအဝင်  ရက်အတွင်း သိမ်းပိုက်ထားတဲ့ တပ်စခန်းနေရာတွေမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေသေးတယ်လို့လည်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ် ကားလမ်းမကြီးပေါ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတွေက ကဇူးတပ်စခန်း၊ ရင်ကွဲတောင် (Lung Zep Dap) နဲ့ မနေ့ည သိမ်းပိုက်နိုင်တဲ့ ရွှေညောင်ပင် တပ်ရင်း စတဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ အဆင့်မှာပဲရှိနေသေးတယ်လို့ပြောပါတယ်။

ရွှေညောင်ပင်တပ်ရင်းကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်တဲ့ မေလ ၂၁ ရက်နေ့   နာရီလောက်မှာ စစ်တပ်တွေတပ်တွေက မြစ်ကြီးနားမြို့ဘက်နေ အတွဲလိုက်ဒုံးများနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို KIO လိုင်ဇာမြို့ဘက်ကိုလည်း  ကြိမ်ထက်မနည်း စစ်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က ညသန်းခေါင်ယံမှာ လိုင်ဇာမြို့ဘက်ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ပြင် အနီးတဝိုက်မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုအခြေအနေနဲ့ ပတ်သက်ပြီး အတည်ပြုဖို့ ခက်ခဲနေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါပေမယ့် လိုင်ဇာအနီးတဝိုက် လေယာဉ်ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ  ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လိုင်ဇာပြည်သူ့ဆေးရုံးမှာ ဆေးကုသခံယူနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ အတွဲလိုက် ဒုံးကျည်တွေပစ်ခတ်ခံရတာကြောင့် ကျေးရွာ ရပ်ကွက်တွေမှာရှိတဲ့ လူနေအိမ်တွေထိမှန်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပေမယ့် အသေးစိတ်မသိရှိရသေးပါဘူး။

တိုက်ပွဲပြင်းထန်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်သေးတဲ့အတွက် ပြည်သူလူထုတွေအနေနဲ့ စစ်ရေးသတင်းတွေနားစွင့်ပြီး သတိထားနေထိုင်ဖို့ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဦးနော်ဘက်က သတိပေးပြောဆိုထားပါတယ်။

ရွှေညောင်ပင်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ် ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ တပ်သား ၁၀၀ ကျော်သေဆုံးမှုရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေက အတည်ပြုပြောဆိုထားပါတယ်။

စစ်တပ်က ဝိုင်းမော်မြို့နယ်ထဲက အရေးပါတဲ့ ခမရ ၃၂၁ တပ်ရင်းကို လက်လွတ်လိုက်ရတဲ့အပြင် တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေတာကြောင့် တန်ပြန်ခုခံ တိုက်ခိုက်လာနေတဲ့အတွက် ရှေ့ဆက်ပြီး တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေ သုံးသပ်ပြောဆိုနေကြပါတယ်။

လက်ရှိ ဝိုင်းမော်မြို့နယ်မှာ ဝိုင်းမော်မြို့နဲ့အနီးဆုံးမှာရှိတဲ့ ရွာပေါင်း ၂၀ အပါအဝင် ဝိုင်းမော်မြို့ခံတွေပါ ထွက်ပြေးနေကြပြီဖြစ်ပါတယ်။

ဝိုင်းမော်မြို့ဟာ မြစ်ကြီးနားမြို့ရဲ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြို့နယ်ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button