စစ်ရေးတင်းမာမှု

  • Aug- 2026 -
    25 August
    စစ်ပြေးဒုက္ခသည်များ

    စစ်ရေးတင်းမာမှုကြောင့် ပူတာအိုဘက် နေရပ်စွန့်ခွာလာသူ ပိုများလာ

    ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသဘက်မှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ပူတာအိုမြို့ဘက်ကို နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေ တစ်နေ့ထက်တစ်နေ့ ပိုများလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    Read More »
  • 18 August
    သတင်း

    မိုးမိတ်အနီး စစ်ရေးတင်းမာနေ လမ်းပိုင်းနှစ်ခု KIA ယာယီပိတ်ထား

    ရှမ်းမြောက် မိုးမိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် လမ်းပိုင်း နှစ်ခုကို ယာယီပိတ်ထားတယ်လို့ KIA တပ်ရင်း ၃၄ က ထုတ်ပြန်ထားပါတယ်။ မိုးမိတ်မြို့အနီး အထက်ရောင်နီနဲ့ အောက်ရောင်နီကျေးရွာကြားမှာ…

    Read More »
  • 12 August
    တိုက်ပွဲ

    မိုးမိတ်မြို့ပြင်မှာ စစ်တပ် နဲ့ KIA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပြင်မှာ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။

    Read More »
  • Jul- 2026 -
    29 July
    သတင်း

    တံတားတွေ ဗုံးခွဲဖျက်ဆီးခံနေရတဲ့အတွက် သွားလာရေးအခက်တွေ့

    ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း စစ်တပ်နဲ့KIA ပူးပေါင်းတပ်တို့ စစ်ရေးတင်းမာနေဆဲဖြစ်သလို တံတားတွေကိုလည်း ဒရုန်းနဲ့ ဗုံးခွဲဖျက်ဆီးနေတာကြောင့ ပြည်သူတွေ သွားလာရေး အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်မှာ ရွှေကူမြို့တွင်းကနေ ငအိုး၊ ငါးလမ်းဆုံဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာပေမယ့် KIA…

    Read More »
  • 16 July
    တိုက်ပွဲ

    ကချင်ဒေသ မြို့နယ် ၃ ခုမှာ စစ်ရေးတင်းမာ၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုရှိနေ

    ကချင်ဒေသထဲက  မြိုန့ယ် ၃ ခုမှာ ဒီရက်ပိုင်း စစ်ရေးတင်းမာမှုရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

    Read More »
  • 1 July
    သတင်း

    စစ်ရေးတင်းမာမှုကြား အရပ်သားကာကွယ်ရေး IHL စည်းမျဉ်းများ အလေးထားရန်လိုအပ်

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဇွန်လအတွင်း စစ်ရေးတင်းမာမှု အရှိန်မြင့်လာတာနဲ့အမျှ အရပ်သားတွေအပေါ် သက်ရောက်မှု လည်း ပိုမိုကြီးမားလာနေပါတယ်။ KIA ဘက်က မြို့ကိုယာယီစွန့်ခွာဖို့ သတိပေးချက်ထုတ်ပြန်ခဲ့သလို တစ်ဖက်မှာလည်းစစ်တပ်ဘက်က မြို့အတွင်း ဆက်လက် နေထိုင်ဖို့ တိုက်တွန်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။ အဲဒီအခြေအနေအောက်မှာ ပြည်သူအများစုဟာ ဘယ်ဘက်ကို…

    Read More »
  • Jun- 2026 -
    26 June
    တိုက်ပွဲ

    ရွှေကူမြို့နယ်မှာ တိုက်ပွဲအရှိန်အမြင့်ဆုံးဖြစ်နေဟု KIA ပြော

    ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ရွှေကူမြို့နယ်ဟာ တိုက်ပွဲအရှိန်အမြင့်ဆုံး ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA က ပြောပါတယ်။

    Read More »
  • Mar- 2026 -
    18 March
    တိုက်ပွဲ

    လုံးတုံရှိ ကာကင်းတစ်ချို့တိုက်ခိုက်ခံပြီးနောက် စစ်ရေးတင်းမာမှုဖြစ်နေ

    မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် KIA နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၂ ၊ ၁၃ ရက်နေ့နောက်ပိုင်း မိုင်းနောင်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့…

    Read More »
  • Feb- 2026 -
    14 February
    စစ်ပြေးဒုက္ခသည်များ

    တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး ဖားကန့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ ခုဆိုနှစ်ပတ်ကျော်ခန့်ကြာမြင့်လာတဲ့အထိ ဖြစ်ပါတယ်။ စစ်အင်အားရာနဲ့ချီရှိတဲ့ ခမရ ၃၈၁ တပ်ရင်းက ဦးဆောင်တဲ့ စစ်ကြောင်းက မရှီကထောင်အနောက်ဘက်ခြမ်း ဆုတောင်းကုန်း ခြေရင်းအောက်ပတ်လည်တွေမှာ ဝင်ရောက်နေရာယူထားသလို ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ရုံးဝင်းနေရာတစ်ချို့မှာလည်း ဝင်ရောက်နေရာယူလိုက်တယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။ လက်ရှိမှာ တိုက်ပွဲနေရာတဲ့ ထိစပ်တဲ့ မရှီကထောင်ရပ်ကွက်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာက ပြည်သူတွေတစ်ချို့ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်က လက်ရှိနေလို့မရတော့ဘူး။ မရှီကထောင်ဆုတောင်းကုန်း ပတ်လည်တဝိုက်မှာ စစ်တပ်က နေရာယူလိုက်ပြီဖြစ်တယ်။ ပြီးရင် ဥရုဆိုင်းမော် KBC ရုံလည်း ဆုတောင်းကုန်းခြေရင်းမှာရှိတယ်။ ရုံဝန်ထမ်းတွေနေတဲ့ ရုံးအဆောက်အဦးလည်း အဲ့ဒီတောင်ရင်းမှာရှိတာဟုတ်တယ်။ အခုက အဲဒီထဲကိုလည်း စစ်တပ်က ဝင်ရောက်နေရာယူလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် KBC က လုပ်နေတဲ့ လုပ်ငန်းတာဝန်တွေလည်း အကုန်ရပ်နားလိုက်ပြီ။ ဘေးပတ်ဝန်းကျင်မှာနေတဲ့ သူတွေလည်း ဘယ်သူမှနေလို့မရတော့ဘူး။ အဲ့ဒါကြောင့် အသက်ကြီးရွယ်အိုတဲ့ သူတွေအားလုံးက မြို့ပေါ် နီးစပ်တဲ့ နေရာမှာတိမ်းရှောင်ဖို့ ဆင်းသွားကြပြီ”လို့ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ မရှီကထောင်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းနဲ့ ရုံးအဆောက်အဦးတွေရှိတဲ့ ပတ်လည်မှာ ကချင်လူမျိုးအများဆုံးနေထိုင်ကြပြီး တခြားလူမျိုးတွေအပါ စုစုပေါင်းအိမ်ထောင်စု ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။ မရှီကထောင်ရပ်ကွက်တစ်ခုလုံး အိမ်ခြေထောင်ဂဏန်းရှိပြီး လက်ရှိမှာ တိုက်ပွဲနဲ့ ထိစပ်နေတဲ့ အိမ်ထောင်စု ၅၀ အားလုံးနီးပါခန့်က ဖားကန့်မြို့ပေါ် တိုက်ပွဲမရှိတဲ့ နေရာတစ်ချို့မှာ ယာယီတိမ်းရှောင်နေကြပြီးတော့ အများပိုင်းက မိုးကောင်း၊ နမ္မတီးနဲ့ မြစ်ကြီးနားမြို့ပေါ်ဘက်ကို တိမ်းရှောင်လာကြတယ်လို့သိရပါတယ်။ အခုလို ဖားကန့်စစ်ရှောင်တွေ မြို့ပေါ်ဘက်ကို တိမ်းရှောင်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အထက်ပါ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးဆိုပါတယ်။ “အခု စစ်ရှောင်တွေရဲ့ အခက်ခဲဆုံးအရာက တိုက်ပွဲဖြစ်တဲ့လမ်းမပေါ်က လူနေအိမ်တစ်ချို့က တော်တော်အခက်တွေ့နေရပါတယ်။ ဖားကန့် နယ်မြေထဲမှာ နဂိုထဲကနေ စစ်ရှောင်တစ်ချို့က သူ့နေရာနဲ့ သူတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေလည်းအများကြီးပဲ။ အဲ့ကြောင့် ထပ်မံပြီးတိမ်းရှောင်ဖို့က နေရာလုံးဝမရှိတော့ဘူး။ မသွားရင်လည်းမရဘူး တိုက်ပွဲနေရာထဲရောက်နေတယ်။ ဆက်နေရင်လည်း အသက်အန္တရာယ်ထိခိုက်ရုံပဲရှိတော့တယ်”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ မရှီကထောင်နဲ့ ထိစပ်နေတဲ့ ဆွတ်ဂျာကောင့်ကျေးရွာမှာ အရပ်သား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်သူတွေက တိမ်းရှောင်လို့မရတဲ့ အခြေအနေတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ၊ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲကြောင့် စစ်ရှောင်နေကြဆဲဖြစ်တဲ့ စစ်ရှောင်တွေကို  ဖားကန့် စစ်ရှောင်ကူညီရေးအဖွဲ့တွေက အပြည့်အဝကူညီစောင့်ရှောက်ပေးဖို့ ခက်ခဲနေတဲ့အခြေအနေမှာ ယခုနောက်ပိုင်း ပြန်ပြီးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကိုလက်မခံနိုင်တော့ဘဲ စစ်ရှောင်အများစုက မြို့ပေါ်ဘက်ကို တိမ်းရှောင်လာခဲ့ကြတာဖြစ်တယ်လို့ ဆက်သိရပါတယ်။ ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ ဆိုင်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်ဝင်ရောက်ဖို့ လေကြောင်းအကူအပါ ခေတ်မှီဒရုန်း၊ လက်နက်ကြီးတွေပစ်ခတ်ပြီး တိုက်ခိုက်နေတဲ့အတွက် ကြာမြင့်တဲ့တိုက်ပွဲဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားတာတွေရှိပါတယ်။ အခုလိုတိုက်ပွဲဧရိယာကျယ်ပြန့်လာတာနဲ့အညီ တိုက်ပွဲရှောင်ပြည်သူတွေက ဆက်ပြီးများပြားလာနိုင်ပြီး ပြည်သူတွေဆက်ပြီး ရပ်တည်ရှင်သန်လာနိုင်ဖို့ ပိုပြီးခက်ခဲလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့က စတင်လိုက်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ဟာ နှစ်ပတ်အတွင်း ရှေ့ကိုမတိုးနိုင်ဘဲ မရှီကထောင်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တယ်လို့ နောက်ထပ် ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လက်ရှိ စစ်ရေးအခြေအနေပြောရမယ်ဆိုရင် စစ်တပ်ကလည်း ရှေ့မတိုးနိုင်ဘူး။ မြို့နားကိုတောင်ပြန်ကပ်လာတဲ့အခြေအနေမှာ ပြန်ဆုတ်သွားတဲ့သဘောတောင်ရှိတယ်။ လေယာဉ်တွေလည်းလာပြီး မြို့နားကပ်ပြီးလာကြဲသွားတဲ့ပုံစံမျိုးဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်လာလိုက် ပြန်ရပ်သွားလိုက်နဲ့ ဖြစ်နေတာပေါ့လေ”လို့ပြောပါတယ်။…

    Read More »
  • Jan- 2026 -
    22 January
    တိုက်ပွဲ

    မချမ်းဘောမြို့နယ်မှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ဆို

    "အဲ့ဘက်က စစ်ရေးတော်တော်လေးတင်းမှာနေတယ်ဗျ အချိန်မရွေးတိုက်ပွဲကဖြစ်နိုင်တယ် စကမ(စစ်ကော်မရှင်တပ်)တွေက ဒီဘက်ကိုစစ်ကြောင်းဝင်နေတာ"လို့သူကပြောပါတယ်။

    Read More »
Back to top button