ဆွမ်ပရာဘွမ်
-
May- 2024 -15 Mayစစ်ပြေးဒုက္ခသည်များ
KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတာကြောင့် ဒေသခံများနေရပ်ပြန်ဝင်ခွင့်မရသေး
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူများနေရပ်ပြန်လို့မရသေးဘူးလို့ ဆွမ်ပရာဘွမ်ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီး တိုက်ပွဲကာလ ၂ အတွင်းမှာ စစ်ကြွင်းစစ်ကျန် လက်နက်၊ ဗုံးများကို ရှင်းလင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်လက်ကျန်လက်နကဗုံးတွေအားလုံးရှင်းလင်းပြီးနောက် KIA ကနေရပ်ပြန်လာဖို့ပြောမှသာ ပြန်ဖို့ပြင်ဆင်ထားတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံတွေ ပြောပါတယ်။ “အခုချက်ချင်းပြန်ဖို့တော့ ခက်အုံးမယ် ၂ လလုံး အကြီးအကျယ် တိုက်ပွဲဖြစ်ထားတာဆိုတော့ ရှင်းလင်းရေးလုပ်ငန်းတွေ မပြီးမချင်း ဒေသခံစစ်ဘေးရှောင်တွေ ပြန်လာနေဖို့တော့ မရလောက်ဘူး။ သက်ဆိုင်ရာကနေမှ ပြန်လာနေလို့ရပြီဆိုပြီးပြောမှ ပြန်လာဖို့။ အခုက ဘယ်သူက ဘာမှမပြောသေးတော့ အကြောင်းစုံ သတိထားရအုံးမယ့်အနေအထားဖြစ်တယ်”လို့ဆွမ်ပရာဘွမ်ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲကာလ နှစ်လကြာမြင့်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းအပြင်းအထန်အသုံးပြုခဲ့တာကြောင့် အရပ်သားနေအိမ် ၁၀ အိမ်ထက်မနည်း ပျက်စီးသွားတဲ့အပြင် ဒေသခံပြည်သူတွေက မြို့ထဲမှာ လုံခြုံရေးအခြေအနေအရသတိထားရမယ့် အခြေနေရှိနေသေးတဲ့တွက် တောတောင်၊ ကျေရွာတွေထဲမှာပဲ ဆက်ပြီးခိုလှုံနေကြရတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်အခြေစိုက်စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်က မေလ ၄ ရက်နေ့ မနက် ၆ နာရီကစပြီး တစ်ဖန်ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူ တပ်သားတချို့ ထွက်ပြေးသွားပြီး မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ မြို့သိမ်းတိုက်ပွဲကာလ ၂ လအတွင်း စစ်ကောင်စီတပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျောအူတွေသာ စားနေရတဲ့အခြေအနေရှိတာကို တွေ့ရှိခဲ့ရသလို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် စုစုပေါင်း ၆၀ ကျော် သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာပါဝင်ခဲ့တဲ့ KIA တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “အခုအခြေအနေအရတော့ ဝမ်းသာတယ်။ ဟိုတလောကတော့ တိုက်ပွဲဝင်နေပြီ၊ စခန်းသိမ်းပွဲစနေပြီဆိုပြီး သတင်းတွေကတော့ကြားနေပေမဲ့ သိမ်းပြီ၊ နိုင်ပြီဆိုပြီး မကြားရမချင်းတော့ လည်ပင်းထဲတစ်ခုခုနင်နေသလို ခံစားရတယ်။ အခုနိုင်ပြီဆိုတဲ့နောက်ဆက်တွဲ ကျနော်တို့ အရမ်းကြိုးစားယူရမယ်လို့ မြင်တယ်။ သတိထားရမယ့်အရာတွေ လုံခြုံရေး–စတာတွေပေါ့။ နိုင်ပြီဆိုတော့ ဒေသခံပြည်သူတွေ၊ ကလေးတွေရဲ့ရှေ့ရေးအတွက် ဆက်လက်ပြီး အားစိုက်ပြီး ကြိုးစားရအုံးမယ်။ အခုတော့ ကျောင်းဖွင့်ချိန်ရောက်လာပေမဲ့ ကလေးတွေရဲ့ပညာရေးအတွက် ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး”လို့ ဆွမ်ပရာဘွမ်ဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လနီးပါးအကြာ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ် သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မြောက်ဖျားပိုင်းက စစ်ကောင်စီရဲ့သွေးကြောကြီးတစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်ဗျူဟာကုန်းကြီးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် လက်ရှိ အဲဒီဒေသက စစ်ကောင်စီတပ်စခန်းတွေကို အလွယ်တကူ တိုက်ခိုက်နိုင်မယ့်အနေအထားရှိသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ By – ဂျာဘောက်ရာ
Read More » -
13 Mayစစ်ပြေးဒုက္ခသည်များ
ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲနေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ
ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုဘက်ကနေ စစ်အင်အား ၁၀၀ ကျော်လောက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့…
Read More » -
10 Mayတိုက်ပွဲ
တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ
ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကချင်လွတ်လပ်ရေး တပ်မတော် KIA ရဲ့ ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ၅ ဦးထက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၉ ရက်နေ့ ပူတာအိုမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီနေ့…
Read More » -
9 Mayတိုက်ပွဲ
နှစ်ပေါင်း ၃၀ ကြာတပ်စွဲနေထိုင်တဲ့ ဖုန်ကျန်းတပ်စခန်းဆုတ်ခွာ
ဆွမ်ပရာဘွမ့်မြို့နယ် ဖုန်ကျန်းကျေးရွာတံတားမှာ နှစ်ပေါင်း ၃၀ အကြာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ် မေလ ၈ ရက်ညမှာ တပ်ဆုတ်ခွာသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ဒီတပ်စခန်းမှာ နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်တာမရှိပေမယ့် KIA ပူးပေါင်းတပ်ဘက်က…
Read More » -
6 Mayသတင်း
ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ
မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF၊KPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို KIA ပူးပေါင်းတပ်ဘက်က မေလ ၄ ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး ၂ ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ “စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ ၁ လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း ၂ ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ်” လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ ၄ ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ ၂ နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။ အဲဒီနောက် ည ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ ၅ ရက်နေ့ မနက် ၅ နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက် ၉ ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။ ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ၊ KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ ၂ လ နီးပါးအကြာ မေလ ၅ ရက်နေ့ မနေ့က မနက် ၉ နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။…
Read More » -
Mar- 2024 -28 Marchတိုက်ပွဲ
ဆွမ်ပရာဘွမ်တိုက်ပွဲ ရက်ပေါင်း ၂၀ ကျော်ကြာလာပေမယ့် စခန်းသိမ်းနိုင်ခြင်းမရှိသေး
ကချင်ပြည်နယ် မြောက်ဖျားပိုင်းတစ်ခုလုံးမှာအကြီးဆုံးတပ်စခန်းဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်က ခလရ ၄၆ စစ်ကောင်စီတပ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ရိက္ခာပြတ်လပ်နေကြပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ တိုက်ပွဲစတင်လာတဲ့နေ့ကစပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA ပူးပေါင်းတပ်ပိတ်ပင်ထားတာ ခုဆိုရင် ရက်ပေါင်း ၂၀ ရက်ကျော်ရှိမြင့်လာချိန် စစ်တပ်အတွက် ရိက္ခာပြတ်လပ်လာတဲ့အခြေနေကြုံနေရ ပြီဖြစ်တယ်လို့ မတ်လ ၂၇ ရက်နေ့ထိ ဆွမ်ပရာဘွမ်တိုက်ပွဲအခြေနေနဲ့ပတ်သက်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ယောက်ကအခုလိုပြောပါတယ်။ “သူတို့က ကတုတ်ကျင်းကို လိုဏ်ဂူလိုအခိုင်အမာဆောက်ပြီးနေနေတာကြောင့် ခက်နေသေးတယ် လေယာဥ်နဲ့က ပြန်လာပစ် သူတို့က အထဲမှာပဲအခိုင်အမာနေရာယူထားတာဆိုတော့ခက်နေတယ် ဒီစခန်းကိုမရရအောင်သိမ်းဖို့ရည်ရွယ်ချက်နဲ့တိုက်နေတယ် သူတို့ ဒီစခန်းမှာ အင်အားတော့သိပ်မရှိ တော့ဘူး ရိက္ခာတွေလည်ပြတ်နေပြီလို့သိရတယ် လေယာဥ်ကပဲလာချတာပဲလုပ်နေတယ် လေယာဥ်နဲ့ပဲ အဓိကထားပြီးလာပစ်နေတယ် ဒီစခန်းထဲမှာရှိနေတဲ့ စစ်သားတွေကလည်း ငတ်ပြတ် နေကြပြီ သူတို့အထက်အမိန့်မရတာကြောင့်ပဲ လက်မလွှတ်တာတစ်ခုပဲရှိတော့တယ်။” လို့ပြောပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေအကြား ကျဆုံးမှုတွေလည်းများနေတယ်လို့သိရသလို တပ်စခန်းအတွင်း စစ်ကောင်စီဘက်က အင်အား ၉၀ ဝန်းကျင်ရှိနေသေးတယ်လို့ဆိုပါတယ်။ ဒီစစ်တပ်စခန်းကို KIA နဲ့ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ နီးပါးကြာမြင့်လာပြီ ဖြစ်ပြီး တိုက်ပွဲစဖြစ်တဲ့ မတ်လ ၉ ရက်နေ့တည်းက ထွက်ပြေးနေရတဲ့ ဆွမ်ပရာဘွမ်ဒေသကအရပ်သားတွေဟာလည်း အခက်အခဲများစွာကြုံနေရပါတယ်။ ထွက်ပြေးနေရသူတွေထဲ ကိုယ်ဝန်ဆောင်၊သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေကအများဆုံး ဖြစ်ပြီး အကူညီ တစ်စုံတစ်ရာမရရှိကြဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ “ကျနော်တို့လည်းအခက်အခဲတွေကအများကြီးပါပဲ ဆန်လည်းမလုံမလောက်ဖြစ်နေတယ် ပြီးတော့ မိုးကလည်းရွာတော့ နေစရာလည်းအခက်ဖြစ်တယ် ကလေးနဲ့အသက်ကြီးတဲ့သူက အများကြီးဆိုတော့ အခက်အခဲကအများကြီးပါ။ အကူညီဆောင်ရွက်ပေးတာကလည်း မရှိသလောက်ပါပဲ အကူညီကတော့ကောင်းကောင်းဘာမှမရသေးပါဘူး” လို့ပြောပါတယ်။ တစ်ဖက်မှာ ကြာမြင့်လာတဲ့တိုက်ပွဲနဲ့အတူ တောင်ထဲတောင်ထဲ ဖြစ်သလိုပဲနေထိုင်နေရတဲ့ စစ်ရှောင်တွေဟာ နာမကျန်းဖြစ်တာတွေပါရှိလာတဲ့အတွက် ဆေးဝါးအကူညီတွေပါ လိုအပ်နေပြီလို့ဆိုပါတယ်။ အခုလို KIA ဘက်ကလည်း နေ့စဥ်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ခလရ ၄၆ တပ်ရင်းဟာ ဆွမ်ပရာ ဘွမ်မြို့ရဲ့ တစ်ဝက်လောက်ထိကြီးမားတဲ့ တပ်ရင်းကြီးဖြစ်ပြီး မြစ်ကြီးနား–ပူတာအိုလမ်းမကြီး ပေါ်ရှိတဲ့ တပ်ရင်းကြီးလည်းဖြစ်တဲ့အတွက် စစ်ရေးအရ အရေးကြီးတဲ့တပ်စခန်းကြီးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ ဆွမ်ပရာဘွမ် ခလရ ၄၆ တပ်ရင်းကိုတော့ ပူတာအိုကနေ တိုက်ရိုက်ကွပ်ကဲပြီး ဆွမ်ပရာဘွမ် အထက်ဘက် ကားနဲ့ဆို ၄ နာရီလောက်သွားရတဲ့ မချမ်းဘော့မြို့နယ်ထဲ က စစ်ကောင်စီတပ်စခန်း တစ်ခုက စစ်ကောင်စီတပ်သားတွေလည်း ပူတာအိုဘက် စခန်းစွန့်ခွာသွားကြတယ်လို့ သိရပါ တယ်။ တစ်ဖက်မှာ ဆွမ်ပရာဘွမ်တိုက်ပွဲကြောင့် မြစ်ကြီးနား–ပူတာအိုလမ်းပိုင်းကို KIA နဲ့ပူးပေါင်းအဖွဲ့က ပိတ်ထားတဲ့ အတွက် ပူတာအိုဒေသဘက်ကိုပါ တိုက်ပွဲအရှိန်ကရိုက်ခတ်လာပြီး စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်စပြုလာပြီလို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်နေပြီး ရက်ပေါင်း ၂၀ ကျော်အတွင်း စခန်းကြီးငယ် ၄၀ ကျော်သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။ By – အမိုး
Read More » -
25 Marchတိုက်ပွဲ
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေဆဲ
မြို့သိမ်းတိုက်ပွဲဆက်နွှဲနေတဲ့ ဆွမ်ပရာဘွမ့်မြို့ပေါ်မှာ ၁၀ ရက်ကျော်ကြာလာတဲ့အထိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ်ဘက်လည်း နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို KIA တပ်တွေက မတ်လ ၉…
Read More » -
20 Marchစစ်ပြေးဒုက္ခသည်များ
ဆွမ်ပရာဘွမ်ဒေသ စစ်ဘေးရှောင်တွေတွက် အစားသောက်နဲ့ နေရာထိုင်ခင်းပြင်ဆင်ပေးဖို့ကူညီလိုအပ်နေ
ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတစ်ထောင်ကျော်တွက် နေရာထိုင်ခင်းနဲ့အစားသောက်ကူညီထောက်ပံ့ဖို့လိုအပ်နေတယ်လို့ ဆွမ်ပရာဘွမ်ဒေသခံအသင်းတော်တာဝန်ရှိသူတွေက ပြောပါတယ်။ မတ်လ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ဆွမ်ပရာဘွမ်မြို့စခန်းသိမ်းတိုက်ပွဲအတွင်း ဒေသခံပြည်သူစုစုပေါင်း ၁၃၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတာ ခုဆိုရင် ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပြီး ဆေးဝါးနဲ့အစားအသောက်လိုအပ်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ “တချို့က တောတောင်တွေထဲ တိမ်းရှောင်နေတယ်။ တချို့က ကျေးရွာတွေထဲ တိမ်းရှောင်နေတယ်။ အခုအရေးပေါ်က ရက်ကြာလာတာတော့ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်။ အခုက ရွာတွေထဲရှိတဲ့ စျေးဆိုင်တွေကနေပဲ ဖြစ်သလို ဝေစားမျှစားဖြေရှင်းနေတယ်။ ကားလမ်းလည်းပိတ်ထားတော့ အချိန်ကြာလာတာနဲ့ တော်တော်ဒုက္ခရောက်မဲ့ အနေအထားဖြစ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီး ပိတ်ထားတဲ့အတွက် မြို့ဘက်ကနေကူညီမှုတွေ ပို့ပေးနိုင်ဖို့လည်းခက်ခဲနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဆွမ်ပရာဘွမ်မြို့ဒေသခံပြည်သူတွေထဲက တော၊တောင်တွေထဲ တိမ်းရှောင်နေသူ ၂၀၀ ကျော်ရှိပြီး မြစ်ကြီးနားအဆင်းဘက် ကားလမ်းမတစ်ကြောကျေးရွာတွေမှာ အများအပြားတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ် – မြစ်ကြီးနား ကားလမ်းမတစ်ကြောရှိ ဆူယာန်(Su Yang) ၊ မိုင်ထောင်း( Mai Htawng) ၊ ခဂရန်းယန်(Hka garan Yang)၊ အင်တားဂလိုကျေးရွာ( Nta galu mare) စတဲ့ ကျေးရွာ ၄ ခုမှာ အများပိုင်းတိမ်းရှောင်နေတယ်လို့ သိရပါတယ်။ စစ်ရှောင်နေတဲ့ လူဦးများတဲ့အတွက် ကျေးရွာတွေထဲပျံ့ကြဲပြီး တိမ်းရှောင်နေသူတွေအတွက်လည်း ရက်ကြာလာရင်အဆင်မပြေသလို တောထဲတွေမှာ ထွက်ပြေးတိမ်းရှောင်နေသူတွေအတွက်လည်း နေရာသတ်မှတ်ပြီး နေရာထိုင်ခင်း ပြင်ဆင်ပေးဖို့လိုအပ်နေတယ်လို့ သိရပါတယ်။ “မြို့မှာက အခုဘယ်သူမှမရှိတော့ဘူး။ ဆွမ်ပရာဘွမ်မြို့ထဲ ရှိရှိသမျှပြည်သူအားလုံး တိမ်းရှောင်နေတယ်။ တောထဲတိမ်းရှောင်နေသူတွေက ကိုယ်သိသလို မိုးကာတဲတွေ၊ ဝါးတဲတွေ ထိုးပြီး နေနေတယ်။ ကျေးရွာတွေထဲ တိမ်းရှောင်နေသူတွေက အသိအိမ်တွေ ၊ မိတ်ဆွေတွေရဲ့ အိမ်တွေထဲ နှစ်အိမ်ထောင်၊ ၃ အိမ်ထောင်အဲ့လို ကြပ်ပြွတ်ပြီး နေနေတယ်။ ဒါကြောင့် အခုရက်ကြာလာရင်တော့ သူတို့အတွက် နေရာသတ်မှတ်ပြီး နေရာထိုင်ခင်းပြုလုပ်ပေးဖို့ လိုအပ်နေတယ်”လို့ ဆွမ်ပရာဘွမ်ဒေသ အသင်းတော်တာဝန်ရှိသူ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကစပြီး ဆွမ်ပရာဘွမ်မြို့နယ် မလိယာန်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဆွမ်ပရာဘွမ်မြို့မှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်ရင်း ခလရ ၄၆ တပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲပြင်းထန်နေတာ ၁၀ ရက်ကျော်လာပြီဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းလက်မလွတ်ရေးအတွက် လေယာဉ်နဲ့ နေ့တိုင်းနီးပါး အပြင်းအထန်ဗုံးကြဲတိုက်ခိုက် ကာကွယ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာတော့ စစ်ကောင်စီဘက်က စစ်ကူတွေ လေကြောင်းနဲ့အပါအဝင် မြေပြင်နဲ့ပါစစ်အင်အားထပ်ဖြည့်နေပြီး စစ်ရေးတင်းမာလျက်ရှိနေတာကြောင့် တိုက်ပွဲအတွင်း KIA ဘက်ကလည်း ထိခိုက်ကျဆုံးသူတွေရှိနေသလို စစ်ကောင်စီဘက်ကလည်း အများအပြားသေဆုံးမှုရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မြစ်ကြီးနား – ပူတာအိုကားလမ်းမကြီးပိတ်ထားတာလည်း တစ်ပတ်ကျော်လာပြီဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ထဲက ဒေသခံပြည်သူ တစ်ဦးမကျန် ဘေးလွတ်ရာတွေတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
15 Marchတိုက်ပွဲ
ဆွမ်ပရာဘွမ့်မြို့တွင်း တိုက်ပွဲပြင်းထန်နေ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ် ခလရ ၄၆ တပ်ရင်းကို လက်မလွတ်ရေးအတွက် စစ်တပ်ဘက်ကနေ မတ်လ ၁၅ ရက် ဒီကနေ့ မနက်ပိုင်းမှာတင် ဂျက်လေယာဉ်နဲ့ ၇ ကြိမ်အထက် အသွားအပြန် လာရောက်ပစ်ခတ်နေတယ်လို့ ဆွမ်ပရာဘွမ့်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကို ပြောပါတယ်။
Read More » -
9 Marchတိုက်ပွဲ
ဆွမ်ပရာဘွမ့်မြို့တွင်းတပ်အပါအဝင် တပ်စခန်း ၃ နေရာကို KIA တပြိုင်နက် KIA ဝင်ရောက်တိုက်ခိုက်
ဆွမ်ပရာဘွမ် – ကချင်ပြည်နယ် ဆွမ်ပရာဘွမ့် (Sumpra Bum) မြို့တွင်းအခြေစိုက် ခလရ ၄၆ တပ်ရင်းအပါအဝင် ရှေ့တန်းတပ်စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တပ်ရင်းမဟာ ၁ ၊ တပ်ရင်း ၇ တို့က မနေ့က တပြိုင်နက် ဝင်ရောက်တိုက်ခိုက်နေပြီး တပ်စခန်းတစ်ချို့ သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။…
Read More »