သတင်း

ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ရုပ်အလောင်း ၁၅ လောင်းတွေ့ရှိ

မြစ်ကြီးနား – ပူတာအိုလမ်းမပေါ် ရှိ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDFKPF ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်အလောင်း ၁၅ လောင်းခန့်တွေ့ရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။

ဆွမ်ပရာဘွမ် စစ်ကောင်စီဗျူဟာတပ် ခလရ ၄၆ တပ်ရင်းကို  KIA ပူးပေါင်းတပ်ဘက်က မေလ  ရက်နေ့ မနက် ၆နာရီကစပြီး တစ်ဖန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတွေ ခုခံနိုင်စွမ်းမရှိတော့တာကြောင့် တပ်ရင်းမှူး  ဦးနဲ့အတူတပ်သားတစ်ချို့ ထွက်ပြေးသွားပြီးနောက် KIA ဘက်က မတ်လ ၅ ရက်နေ့ မနက်ပိုင်း အပြီးသတ်ဝင်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ၂လအတွင်း စစ်တပ်ဘက်က အစာရေစာရိက္ခာပြတ်လပ်ပြီး ငှက်ပျော်အူတွေသာ စားနေရတဲ့အခြေနေရှိနေတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

စစ်တပ်က အစာရေစာငတ်ပြတ်သွားပြီး သူတို့တပ်စခန်းထဲက ငှက်ပျောအူတွေကိုပဲ နုတ်စားပြီးနေကြတော့တာဆန်တွေလည်း တစ်စိမျှမရှိဘူး။ သူတို့ ရိက္ခာပြတ်ပြီး အစာငတ်ပြတ်နေတာ  လကျော်ပြီလေ။တပ်ရင်းမှူးက ကျနော်တို့ဝင်တိုက်လာတဲ့အချိန်မှာပဲ ညကြီးမိုးချူပ် သူ့တပ်သားတွေနဲ့ ထွက်ပြေးသွားတယ်။ ၄၆ တပ်ရင်းမှူးနဲ့ ၃၇ တပ်ရင်း  ယောက်ပါတယ်။ စခန်းထဲ စစ်တပ်အလောင်း ၁၅ လောင်းခုလောက်တွေ့တယ် လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

ဆွမ်ပရာဘွမ်ကို အပြီးသတ်သိမ်းပိုက်ဖို့ မေလ  ရက်နေ့ မနက်အစောပိုင်းကစပြီး KIA ဘက်က စစ်တပ်ထဲကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ အရင်ဆုံးပစ်ခတ်ခဲ့ပြီးနောက် ညနေ  နာရီခွဲမှာတော့ ခြေလျင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သူကဆက်ပြောပါတယ်။  

အဲဒီနောက်   ၁၁ နာရီလောက်မှာတော့ စစ်တပ်စခန်းထဲကို ဝင်ရောက်နေရာယူရှင်းလင်းလိုက်နိုင်ပြီး မေလ  ရက်နေ့ မနက်  နာရီကစ ဆွမ်ပရာဘွမ်ခြေကုတ်စခန်းကို အကာအကွယ်ပေးနေတဲ့ ရှေ့တန်းစခန်းငယ်အားလုံးကိုရှင်းလင်းကာမနက်  ခွဲမှာတော့ အားလုံးအပြီးသတ်ရှင်းလင်းသိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။  

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ် စုစုပေါင်း ၆၀ ကျော်သိမ်းဆည်းရမိပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆက်လက်သိရပါတယ်။

ဆွမ်ပရာဘွမ်စစ်တပ်စခန်းကို KIA ဘက်က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်ချိန် စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်သာ စခန်းထဲမှာကျန်ရှိတော့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်ကျော်ကစပြီး ဆွမ်ပရာဘွမ်ခလရ ၄၆ တပ်ရင်း ဗျူဟာမြောက်စခန်းကုန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF  KPF တပ်ပေါင်းစုတွေ စတင်တိုက်ခိုက်ခဲ့ရာ   နီးပါးအကြာ မေလ  ရက်နေ့ မနေ့က မနက်  နာရီခန့်မှာပဲ အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။

လက်ရှိမှာတော့ မြို့တွင်းလိုအပ်တဲ့ ရှင်းလင်းရေးတွေ လုပ်ဆောင်နေပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။  

ဆွမ်ပရာဘွမ်ကို မနေ့က အပြီးသိမ်းလိုက်ပြီ။ မြို့ဘက်ကိုတော့ မတ်လကတည်းက ဝင်နေရာယူထားပြီးသားဖြစ်တယ်။ အခုမြို့ထဲမှာလိုအပ်တဲ့ ရှင်းလင်းရေးတွေလုပ်ဆောင်နေတယ်။” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်တပ်ဘက်က စခန်းလက်မလွတ်ရေးအတွက် တိုက်ပွဲပြင်းထန်ခဲ့တဲ့ မေလ  ရက်နေ့က ညသန်းခေါင်အထိ ဂျက်ဖိုက်တာ၊ Y12 စတဲ့တိုက်လေယာဉ်တွေနဲ့ ဗုံး အလုံး ၈၀ ထက်မနည်း ကြဲခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေပြောပါတယ်။

ဒါ့အပြင် စခန်းသိမ်းပြီး မနေ့ညအထိ စစ်တပ်ဂျက်ဖိုက်တာတွေ လာရောက်ပျံဝဲသေးတာကြောင့် လေကြောင်းသတိထားရသေးတဲ့အနေအထားမှာရှိနေသေးတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်းက စစ်ကောင်စီရဲ့ သွေးကြောကြီးတစ်ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်ဗျူဟာကုန်းကြီးကို သိမ်းပိုက်လိုက်နိုင်တာကြောင့် လက်ရှိအဲဒီဒေသက စစ်တပ်စခန်းတွေကို အလွယ်တကူတိုက်ခိုက်နိုင်မဲ့ အနေအထားရှိသွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ကဆက်ပြောပါတယ်။

အခုက လေကြောင်းကို သတိထားရအုံးမယ်။ သိမ်းပိုက်ပြီးတဲ့အချိန် မနေ့ကတောင် ဂျက်ဖိုက်တာလာသေးတယ် ပစ်တော့မပစ်ဘူး လာပျံဝဲသွားတယ်။ ဆိုတော့ ကျနော်တို့ဘက်က ဆွမ်ပရာဘွမ်ကို  သိမ်းပိုက်လိုက် နိုင်တာ ကျနော်တို့အတွက်တော်တော်အကျိုးအမြတ်ကြီးဖြစ်တယ်။  စစ်တပ်ရဲ့ အဓိက သွေးကြောကြီးတစ်ခုကို ခြေမှုန်းလိုက်နိုင်ပြီဆိုတော့ အခြားဘက်လှုပ်ရှားတိုက်ခိုက်ဖို့ လွယ်ကူသွားပြီ။လို့ ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

ဆွမ်ပရာဘွမ်စခန်းသိမ်းတိုက်ပွဲပြီးစီးပြီဖြစ်ပေမဲ့ တိုက်ပွဲစတင်ဖြစ်ပွားလာကတည်းက ပိတ်ထားတဲ့ မြစ်ကြီးနား – ပူတာအို ကားလမ်းမကြီးကိုတော့ ဖွင့်မယ်၊ မဖွင့်ဘူးဆိုတာ အတိအကျမသိသေးဘူးလို့ သူကပြောပါတယ်။

လက်ရှိ ဆွမ်ပရာဘွမ်မြို့နဲ စစ်တပ်စခန်းအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲကျန်စစ်လက်နက်ပစ္စည်းတွေ ရှင်းလင်းနေဆဲဖြစ်ပြီး သတိထားရမဲ့အနေအထားမှာရှိနေသေးတာကြောင့် အရပ်သားတွေလည်း ပြန်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။  

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မေလ  ရက်နေ့ တစ်နေ့ထဲမှာ စစ်ကောင်စီရဲ့ အဓိက စခန်းကြီးတွေအပါအဝင် စခန်းအားလုံးပေါင်း ၁၀ ခုကျော်တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အပြင် မတ်လ ၇ ရက်နေ့က စတင်လာတဲ့စစ်ဆင်ရေးကာလ ၂ လအတွင်း စခန်းကြီးငယ် ၈၀ ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button