ထောင်ဒဏ်

  • Apr- 2024 -
    17 April
    သတင်း

    KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်လွတ်မြောက်လာ

    ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်က မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျဉ်းသား ၃ ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ပေးတဲ့ထဲမှာ မြစ်ကြီးနားအကျဉ်းထောင်ထဲ အကျဉ်းကျခံနေရတဲ့ ဒေါက်တာခလမ်ဆမ်ဆွမ်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်က ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၅၀၅(က)နဲ့ ပုဒ်မ ၅၂(က) စတဲ့ ပုဒ်မ ၃ ခုအတွက် ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ထောင်ဒဏ် ၆ နှစ်ချမှတ်လိုက်တာဖြစ်ပြီး အကျဉ်းကျခံရတဲ့ တစ်နှစ်နဲ့ ၄ လ အကြာမှာ လွတ်မြောက်လာတာဖြစ်တယ်လို့ မိသားစုဝင်တွေက KNG ကိုပြောပါတယ်။  “ဒီကနေ့လွတ်မြောက်လာတဲ့ထဲမှာပါလာပြီ။ အခုလိုလွတ်မြောက်လာတာက ဘုရားရဲ့ကျေးဇူးတော်ကြောင့်သာဖြစ်တယ်။ တစ်နှစ်နဲ့ ၄ လ မှာ လွတ်မြောက်လာတာဖြစ်ပါတယ်။ အကျဉ်းကျခံထားရတဲ့ သူတွေ အားလုံးလွတ်မြောက်ဖို့လည်းမျှော်လင့်ပါတယ်”လို့ပြောပါတယ်။  အခုလို ဆရာဆမ်ဆွမ်လွတ်မြောက်လာဖို့ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ရဲ့ ညှိနှိုင်းကြိုးစားလုပ်ဆောင်မှုတွေကြောင့် တစ်နှစ်ကျော်အကြာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာဖြစ်တယ်လို့လည်းသိရပါတယ်။ လွတ်မြောက်လာတဲ့ ဆရာခလမ်ဆမ်ဆွမ်ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နဲ့အတူ ဘာသာရေးဆရာတစ်ချို့နဲ့ သွားရောက်ကြိုဆိုခဲ့ကြတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဆရာခလမ်ဆမ်ဆွမ်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားဖို့ မန္တလေး လေဆိပ်မှာ လေယာဉ်စီးဖို့ စောင့်ဆိုင်းနေတဲ့ အချိန် စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒေါက်တာခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာ KIO/KIA ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ ဗိုလ်ချုပ်ကြီးဂွမ်မော်တွေ့ဆုံးမှု၊ အာရှအတွင်းက လူငယ်တွေရဲ့ ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ အသုံးနှုန်းတွေပြောဆိုမှု၊ NUG အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့ တွေ့ဆုံမှု စတဲ့ စွပ်စွဲချက်တွေကြောင့် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Aug- 2023 -
    18 August
    သတင်း

    အင်းတော်မှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသားနှစ်ဦး ထောင်ဒဏ်တစ် သက်တကျွန်းချမှတ်ခံရ

    စစ်ကိုင်းဒေသကြီး အင်းတော်မြို့မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်တကျွန်းချမှတ် လိုက်ကြောင်းသိရပါတယ်။ အင်းတော်မြို့ ပူတာတိုက်တန်းအနီးက စားသောက်ဆိုင်တစ်ခုမှ ဇွန်လ က PDF ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ကမ်းနီရွာက အမျိုးသားနှစ်ဦးက ဖမ်းဆီးခံရပြီးနောက် ၁လ ကျော်အကြာမှာ…

    Read More »
  • Apr- 2023 -
    7 April
    သတင်းRev.Dr Hkalam SamSon

    ဆရာတော် ခလမ်ဆမ်ဆွန် ပုဒ်မ ၃ ခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

    ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ ဟောင်း သိက္ခာတော်ရ ဆရာတော် ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုထားသည့် ပုဒ်မ ၃ ခုအတွက် ယနေ့ နံနက်ပိုင်း မြစ်ကြီးနားမြို့ အကျဉ်းထောင်တရားရုံမှ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း…

    Read More »
  • 5 April
    သတင်း

    အင်းတော်တွင် အမျိုးသမီး ၃ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် ဧပြီလ ၃ ရက်နေ့တွင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်တစ်ကျွန်းထပ်မံ ချမှတ်လိုက်ကြောင်း သိရသည်။ အင်းတော်ဒေသခံ CDM ကျောင်းဆရာမ ဒေါ်သိန်းလှ အသက် ၄၀ နှင့် စျေးသည် ဒေါ်ခင်ပြည့်ပြည့်ထွန်း၊ ဒေါ်အေးအေးတို့ကို အင်းတော်မြို့နယ် စစ်ခုံရုံမှ အကြမ်းဖက်ပုဒ်မတို့ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း…

    Read More »
  • 4 April
    သတင်း

    အင်းတော် ဒေသခံတစ်ဦး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

    ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့နယ် နတ်မဟုတ် ကလေးကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် PDF ထောက်ပို့ဟုဆိုကာ စစ်ကောင်စီတပ်ဖမ်းဆီးထားသော ဒေသခံတစ်ဦးကို စစ်ကောင်စီက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း သိရသည်။ အသက် ၂၄ နှစ်အရွယ် ကိုအေးမင်းထွန်းသည် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့ အရပ်ဝတ်ဖြင့် ကျေးရွာသို့…

    Read More »
  • Mar- 2023 -
    1 March
    သတင်း

    အင်းတော်တွင် PDF ဟုစွပ်စွဲခံရ အမျိုးသား ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ဖြစ်သည်ဟု စွပ်စွဲဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီအဖွဲ့မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ကမ်းနီရွာသားတစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ်ရှိ ဦးမင်းမင်းဦး(ခ)ကိုလမင်း​ခေါ်သူကို စစ်ကောင်စီိအဖွဲ့က PDF ဖြစ်ကြောင်းဖမ်းဆီးခဲ့ပြီး ရက်ပေါင်း ၂၀…

    Read More »
  • Dec- 2022 -
    30 December
    သတင်း

    ဖားကန့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော ကိုဇော်မင်းဦးအား ထောင်ဒဏ် ၁၆ နှစ် ၆လချမှတ်

    ကချင်ပြည်နယ် ဖားကန့်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုဇော်မင်းဦးကို စစ်တပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ၁၆ နှစ် ၆ပြစ်ဒဏ်ချမှတ်ခဲ့ရကြောင်းသိရသည်။ ပုဒ်မ ၅၀၅ က ၊ ပုဒ်ပ ၅၀ ည တို့ဖြင့် တရားစွဲဆိုခံထားရသည့်…

    Read More »
Back to top button